အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ရုရှား developer က ဘိုးအင်း ၇၃၇ ဂျက်လေယာဉ်ကြီးကို ဇိမ်ခံစံအိမ်ကြီး အဖြစ် ပြောင်းလဲမွမ်းမံ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ရုရှား developer က ဘိုးအင်း ၇၃၇ ဂျက်လေယာဉ်ကြီးကို ဇိမ်ခံစံအိမ်ကြီး အဖြစ် ပြောင်းလဲမွမ်းမံ - Property News in Myanmar from iMyanmarHouse.com
27 Feb 2024 1:10 pm တွင် တင်ခဲ့သည်
830 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၏ ချောက်ကမ်းပါးတစ်ခု၏ထိပ်၊ ပင်လယ်ရေမျက်နှာပြင်မှ ပေ ၁၅၀ အမြင့်တွင် အံဖွယ်ဂျက်လေယာဉ်အိမ်ကြီးတစ်ခု တည်ရှိနေသည်။

တွဲလောင်းဆွဲ ပန်းဥယျာဉ်များလည်း ပါဝင်သော လေယာဉ်အိမ်ကြီးသည် ဘိုးအင်း ၇၃၇ ဂျက်လေယာဉ်ကြီးကို လူနေအိမ်အဖြစ်ပြောင်းလဲထားသောအိမ်များအနက် ကမ္ဘာပေါ်တွင် အလှပဆုံးဖြစ်နိုင်သည်။

အသုံးမပြုတော့သော လေယာဉ်များကို အခြားနည်းလမ်းပြောင်းလဲအသုံးပြုကြသည်မှာ အသစ်အဆန်း မဟုတ်ချေ။

လေယာဉ်ကြီးများကို လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ ပြတိုက်များအဖြစ် ပြောင်းလဲအသုံးပြုခြင်းများကို တွေ့ဖူးကြပြီးဖြစ်သည်။

ဘာလီကျွန်းတွင် လေယာဉ်ကြီးကို လူနေအိမ်အဖြစ် ပြောင်းလဲထားမှုမှာမူ ယခင်က မရှိခဲ့ဖူးသေး။

ရုရှားအိမ်ခြံမြေ developer ဖြစ်သူ Felix Demin က ဘာလီကျွန်း၏ ကမ်းရိုးတန်းကို စီးမိုးတွေ့မြင်ရသည့် ချောက်ကမ်းပါးတစ်ခုထိပ်တွင် ကြီးမားလှသော လေယာဉ်ကြီးကို အိပ်ခန်း ၂ ခန်းပါ luxury လူနေအိမ်အဖြစ် ပြောင်းလဲခဲ့သည်။

လေယာဉ်ကြီးကို ချောက်ကမ်းပါးထိပ်အထိ သယ်ယူခြင်းအပါအဝင် လူနေအိမ်အဖြစ် ပြောင်းလဲနိုင်ရန် ၃ နှစ် ကြာ အချိန်ယူခဲ့ရသည်။

Felix သည် အခက်အခဲ အတားအဆီးများကို ကျော်လွှားနိုင်ခဲ့ပြီး ယနေ့အခါတွင် Private Jet Villa by Hanging Gardens ဟု အမည်ပေးထားသော လေယာဉ်အိမ်ကြီးသည် ဘာလီကျွန်းတွင် လူကြိုက်အများဆုံး တည်းခိုစရာနေရာများ၌ ပါဝင်နေသည်။

တစ်ညတာ တည်းခိုခမှာမူ မြင့်မားလှသည်။

 

(ဓာတ်ပုံ- Private Jet Villa by Hanging Gardens)

 

Mandala လေကြောင်းလိုင်းမှ အသုံးမပြုတော့သော လေယာဉ်ကြီးဖြစ်ပြီး Felix မဝယ်ယူမီ ယခင်ကတည်းက ဘာလီကျွန်းပေါ်တွင် တည်ရှိနေခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိနေရာသို့ ကြီးမားလှသည့် လေယာဉ်ကြီးကို သယ်ယူရမည့် အခက်အခဲရှိနေသည်။

Felix သည် ဘိုးအင်းကုမ္ပဏီနှင့် တိုင်ပင်ပြီးနောက် ထိုလေယာဉ်ကြီးကို တစ်စစီဖြုတ်ယူသယ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဘာလီကျွန်း၏ လမ်းများမှာ အလွန်ကျဉ်းမြောင်းလှရာ လေယာဉ်ကြီးကို ၂ လခန့် အချိန်ယူကာ သယ်ယူခဲ့ရသည်။

 

(ဓာတ်ပုံ- Private Jet Villa by Hanging Gardens)

“ကျွန်တော်တို့ ဘိုးအင်းကုမ္ပဏီနဲ့ ဆွေးနွေးကြည့်ပြီးနောက်ပိုင်း တစ်စစီ ဖြုတ်ခဲ့ပါတယ်။ မူလီအလုံးပေါင်း ၅၀၀၀၀ လောက် ဖြုတ်ခဲ့ရတယ်” ဟု ရုရှားလုပ်ငန်းရှင် Felix က ပြောသည်။

“ဘာလီကျွန်းရဲ့ လမ်းတွေက အရမ်းကျဉ်းမြောင်းပြီး ဝါယာကြိုးတွေကလည်း ခပ်နိမ့်နိမ့် သွယ်တန်းထားကြ တယ်။ ကျွန်တော်တို့အဖွဲ့က အထူးလုပ်ထားတဲ့ ပစ္စည်းတွေသုံးပြီး လေယာဉ်နဲ့ ကြိုးတွေ မချိတ်မိအောင် မ,ပြီး သယ်ခဲ့ရပါတယ်”

 

(ဓာတ်ပုံ- Private Jet Villa by Hanging Gardens)

 

(ဓာတ်ပုံ- Private Jet Villa by Hanging Gardens)

 

Private Jet Villa by Hanging Gardens ကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

Balitecture က ရိုက်ကူးခဲ့သော ဗွီဒီယိုဖိုင်တစ်ခုကြောင့် ဤလေယာဉ်အိမ်ကြီးအကြောင်းမှာ လူမှုကွန်ရက်တွင် မကြာသေးမီက နာမည်ကြီးပျံ့နှံ့ခဲ့သည်။

တစ်ညတာ တည်းခိုခမှာ ကန်ဒေါ်လာ ၁၆၀၀ မှစသည်။

သို့သော် package များဖြင့်ဆိုလျှင် ဒေါ်လာ ၇၀၀၀ ခန့်အထိ ကျသင့်နိုင်သည်။

သင့်အနေဖြင့် တည်းခိုခ တတ်နိုင်မည်ဆိုပါက တမူထူးခြားသော အတွေ့အကြုံကို ခံစားနိုင်မည် ဖြစ်သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russian Developer Transforms Boeing 737 Jet into a Stunning Luxury Villa (odditycentral)

Photo: Private Jet Villa by Hanging Gardens

 

 

[Zawgyi]

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္းတြင္ ရုရွား developer က ဘိုးအင္း ၇၃၇ ဂ်က္ေလယာဥ္ၾကီးကို ဇိမ္ခံစံအိမ္ၾကီး အျဖစ္ ေျပာင္းလဲမြမ္းမံ

 

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္း၏ ေခ်ာက္ကမ္းပါးတစ္ခု၏ထိပ္၊ ပင္လယ္ေရမ်က္ႏွာျပင္မွ ေပ ၁၅၀ အျမင့္တြင္ အံဖြယ္ဂ်က္ေလယာဥ္အိမ္ၾကီးတစ္ခု တည္ရွိေနသည္။

တြဲေလာင္းဆြဲ ပန္းဥယ်ာဥ္မ်ားလည္း ပါဝင္ေသာ ေလယာဥ္အိမ္ၾကီးသည္ ဘိုးအင္း ၇၃၇ ဂ်က္ေလယာဥ္ၾကီးကို လူေနအိမ္အျဖစ္ေျပာင္းလဲထားေသာအိမ္မ်ားအနက္ ကမၻာေပၚတြင္ အလွပဆံုးျဖစ္ႏိုင္သည္။

အသံုးမျပဳေတာ့ေသာ ေလယာဥ္မ်ားကို အျခားနည္းလမ္းေျပာင္းလဲအသံုးျပဳၾကသည္မွာ အသစ္အဆန္း မဟုတ္ေခ်။

ေလယာဥ္ၾကီးမ်ားကို လူေနအိမ္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ျပတိုက္မ်ားအျဖစ္ ေျပာင္းလဲအသံုးျပဳျခင္းမ်ားကို ေတြ႔ဖူးၾကျပီးျဖစ္သည္။

ဘာလီကၽြန္းတြင္ ေလယာဥ္ၾကီးကို လူေနအိမ္အျဖစ္ ေျပာင္းလဲထားမႈမွာမူ ယခင္က မရွိခဲ့ဖူးေသး။

ရုရွားအိမ္ျခံေျမ developer ျဖစ္သူ Felix Demin က ဘာလီကၽြန္း၏ ကမ္းရိုးတန္းကို စီးမိုးေတြ႔ျမင္ရသည့္ ေခ်ာက္ကမ္းပါးတစ္ခုထိပ္တြင္ ၾကီးမားလွေသာ ေလယာဥ္ၾကီးကို အိပ္ခန္း ၂ ခန္းပါ luxury လူေနအိမ္အျဖစ္ ေျပာင္းလဲခဲ့သည္။

ေလယာဥ္ၾကီးကို ေခ်ာက္ကမ္းပါးထိပ္အထိ သယ္ယူျခင္းအပါအဝင္ လူေနအိမ္အျဖစ္ ေျပာင္းလဲႏိုင္ရန္ ၃ ႏွစ္ ၾကာ အခ်ိန္ယူခဲ့ရသည္။

Felix သည္ အခက္အခဲ အတားအဆီးမ်ားကို ေက်ာ္လႊားႏိုင္ခဲ့ျပီး ယေန႔အခါတြင္ Private Jet Villa by Hanging Gardens ဟု အမည္ေပးထားေသာ ေလယာဥ္အိမ္ၾကီးသည္ ဘာလီကၽြန္းတြင္ လူၾကိဳက္အမ်ားဆံုး တည္းခိုစရာေနရာမ်ား၌ ပါဝင္ေနသည္။

တစ္ညတာ တည္းခိုခမွာမူ ျမင့္မားလွသည္။

 

(ဓာတ္ပံု- Private Jet Villa by Hanging Gardens)

Mandala ေလေၾကာင္းလိုင္းမွ အသံုးမျပဳေတာ့ေသာ ေလယာဥ္ၾကီးျဖစ္ျပီး Felix မဝယ္ယူမီ ယခင္ကတည္းက ဘာလီကၽြန္းေပၚတြင္ တည္ရွိေနခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ လက္ရွိေနရာသို႔ ၾကီးမားလွသည့္ ေလယာဥ္ၾကီးကို သယ္ယူရမည့္ အခက္အခဲရွိေနသည္။

Felix သည္ ဘိုးအင္းကုမၸဏီႏွင့္ တိုင္ပင္ျပီးေနာက္ ထိုေလယာဥ္ၾကီးကို တစ္စစီျဖဳတ္ယူသယ္ေဆာင္ရန္ ဆံုးျဖတ္ခဲ့သည္။ သို႔ေသာ္ ဘာလီကၽြန္း၏ လမ္းမ်ားမွာ အလြန္က်ဥ္းေျမာင္းလွရာ ေလယာဥ္ၾကီးကို ၂ လခန္႔ အခ်ိန္ယူကာ သယ္ယူခဲ့ရသည္။

(ဓာတ္ပံု- Private Jet Villa by Hanging Gardens)

“ကၽြန္ေတာ္တို႔ ဘိုးအင္းကုမၸဏီနဲ႔ ေဆြးေႏြးၾကည့္ျပီးေနာက္ပိုင္း တစ္စစီ ျဖဳတ္ခဲ့ပါတယ္။ မူလီအလံုးေပါင္း ၅၀၀၀၀ ေလာက္ ျဖဳတ္ခဲ့ရတယ္” ဟု ရုရွားလုပ္ငန္းရွင္ Felix က ေျပာသည္။

“ဘာလီကၽြန္းရဲ႕ လမ္းေတြက အရမ္းက်ဥ္းေျမာင္းျပီး ဝါယာၾကိဳးေတြကလည္း ခပ္နိမ့္နိမ့္ သြယ္တန္းထားၾက တယ္။ ကၽြန္ေတာ္တို႔အဖြဲ႔က အထူးလုပ္ထားတဲ့ ပစၥည္းေတြသံုးျပီး ေလယာဥ္နဲ႔ ၾကိဳးေတြ မခ်ိတ္မိေအာင္ မ,ျပီး သယ္ခဲ့ရပါတယ္”

(ဓာတ္ပံု- Private Jet Villa by Hanging Gardens)

(ဓာတ္ပံု- Private Jet Villa by Hanging Gardens)

Private Jet Villa by Hanging Gardens ကို ၂၀၂၃ ခုႏွစ္၊ ဧျပီလတြင္ စတင္ဖြင့္လွစ္ခဲ့သည္။

Balitecture က ရိုက္ကူးခဲ့ေသာ ဗြီဒီယိုဖိုင္တစ္ခုေၾကာင့္ ဤေလယာဥ္အိမ္ၾကီးအေၾကာင္းမွာ လူမႈကြန္ရက္တြင္ မၾကာေသးမီက နာမည္ၾကီးပ်ံ႕ႏွံ႔ခဲ့သည္။

တစ္ညတာ တည္းခိုခမွာ ကန္ေဒၚလာ ၁၆၀၀ မွစသည္။

သို႔ေသာ္ package မ်ားျဖင့္ဆိုလွ်င္ ေဒၚလာ ၇၀၀၀ ခန္႔အထိ က်သင့္ႏိုင္သည္။

သင့္အေနျဖင့္ တည္းခိုခ တတ္ႏိုင္မည္ဆိုပါက တမူထူးျခားေသာ အေတြ႔အၾကံဳကို ခံစားႏိုင္မည္ ျဖစ္သည္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Russian Developer Transforms Boeing 737 Jet into a Stunning Luxury Villa (odditycentral)

Photo: Private Jet Villa by Hanging Gardens

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service