ဒူဘိုင်းတွင် ဒေါ်လာ ၅ သန်းတန် အိမ်များကို ရာနှင့်ချီသော ဝယ်လက်များ ညအိပ်စောင့်ဆိုင်း တန်းစီကာ ကြိတ်ကြိတ်တိုး ဝယ်ယူခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များပင် ချထားခဲ့ရပြီး ရဲကားများ ကင်းလှည့်ပေးခဲ့ရ

ဒူဘိုင်းတွင် ဒေါ်လာ ၅ သန်းတန် အိမ်များကို ရာနှင့်ချီသော ဝယ်လက်များ ညအိပ်စောင့်ဆိုင်း တန်းစီကာ ကြိတ်ကြိတ်တိုး ဝယ်ယူခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များပင် ချထားခဲ့ရပြီး ရဲကားများ ကင်းလှည့်ပေးခဲ့ရ - Property News in Myanmar from iMyanmarHouse.com
27 Feb 2024 12:57 pm တွင် တင်ခဲ့သည်
930 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဒူဘိုင်းတွင် ပင်လယ်ရေပြင်အတွင်း အုန်းပင်ပုံသဏ္ဍာန် လူလုပ်ကျွန်းတုများပေါ် ဆောက်လုပ်ထားသော အိမ်များကို ရာနှင့်ချီသော ဝယ်လက်များ ညအိပ်စောင့်ဆိုင်း တန်းစီကာ ကြိတ်ကြိတ်တိုး ကြိုပွိုင့် ဝယ်ယူခဲ့ကြသည်။

အဆိုပါစံအိမ်များ၏ လက်ရှိ ရောင်းချနေသော ဈေးနှုန်းမှာ စီမံကိန်းစတင်ချိန်က ရောင်းချခဲ့သောဈေးထက် ၁၀ ဆခန့် ဈေးပေါက်နေသည်။

ပွဲစားများနှင့် ဝယ်လက်များသည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ မနက် ၆း၃၀ မှစပြီး အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် (၃၈ ဒီဂရီ ဆဲစီးယပ်) အောက်တွင် Nakheel PJSC ရုံးရှေ့တွင် တန်းစီ စောင့်ဆိုင်းခဲ့ကြသည်။

Nakheel သည် အစိုးရကျောထောက်နောက်ခံပြု developer ဖြစ်ပြီး Palm Jabel Ali စီမံကိန်းရှိ အိပ်ခန်း ၅ ခန်းမှ ၇ ခန်းအထိ ပါဝင်မည့် နေအိမ်များကို ရောင်းချပေးခဲ့ခြင်းဖြစ်ကာ အိမ်များမှာ မဆောက်လုပ်ရသေးချေ။

စီမံကိန်းတည်နေရာမှာ ဒူဘိုင်းမြို့လယ်မှ ၅၀ ကီလိုမီတာခန့်အကွာတွင် ရှိသည်။

 

 

ဈေးနှုန်းမှာ Dirhams ငွေ ၁၈ ဒသမ ၇ သန်း (ကန်ဒေါ်လာ ၅ ဒသမ ၁ သန်း) မှ စသည်။

မြေကွက်များအနေဖြင့် ဈေးအသက်သာဆုံးမှာ Dirhams သန်း ၄၀ ခန့် ဖြစ်သည်။

ချက်လက်မှတ်စာအုပ်များကိုင်ထားသော အိမ်ခြံမြေအကျိုးဆောင်တို့သည် Nakheel ၏ လုံခြုံရေးထူထပ်စွာ ချထားသော ရုံးအတွင်း ဝင်ခွင့်ပြုရန် ဝန်ထမ်းတို့အား တောင်းဆိုကြသည်။ အဆိုပါ အကျိုးဆောင်အများစုမှာ ရုရှားနှင့် အိန္ဒိယမှ ဝယ်လက်များအတွက် ကြိုးပမ်းပေးနေကြခြင်း ဖြစ်သည်။

Nakheel ၏ ရုံးမှာ ဒူဘိုင်း၏ ပထမဆုံး လူလုပ်ကျွန်းဖြစ်သော Palm-Jumeirah တွင် တည်ရှိသည်။

Nakheel ၏ ဝန်ထမ်းတစ်ဦးက တန်းစီနေသော လူအုပ်ကြီးကို ရေဘူးနှင့် တစ်သျှူးစက္ကူများ လိုက်လံ ဝေငှပေးသည်။

Palm Jabel Ali စီမံကိန်းကို နှစ်ပေါင်းများစွာ ရပ်ဆိုင်းထားခဲ့ပြီးနောက် ဒူဘိုင်းအစိုးရက ယခုအခါ ပြန်လည် အသက်သွင်းလာခြင်းလည်း ဖြစ်သည်။

ဒူဘိုင်းတွင် အိမ်ခြံမြေဈေးများ ၇ နှစ်ခန့် ကျဆင်းခဲ့ပြီးနောက် ယခုအခါ ဒူဘိုင်းသည် ဒေါ်လာ ၁၀ သန်းအထက် အိမ်ခြံမြေအရောင်းအဝယ်များတွင် ကမ္ဘာ့အဆင့်၌ ထိပ်တန်းတွင် ရပ်တည်နေကြောင်း အိမ်ခြံမြေ အတိုင်ပင်ခံ ကုမ္ပဏီ Knight Frank ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Nakheel သည် Palm Jebel Ali ရှိ high-end ကမ်းခြေအိမ်များကို ၂၀၀၃ ခုနှစ်မှ စတင်ရောင်းချခဲ့ပြီး ထိုစဉ်က dirhams ၁ ဒသမ ၈ သန်းမှ ၅ ဒသမ ၆ သန်းကြား ရောင်းချခဲ့သည်။

ယင်းနောက် အုတ်တစ်လုံးမျှပင် မချရသေးသော အိမ်များကို အကြိမ်ပေါင်းများစွာ လက်လွှဲလက်ပြောင်း ရောင်းချခဲ့ကြသည်။

ထိုစဉ်က အရောင်းကြော်ငြာစာများတွင် Palm Jebel Ali ကို အဌမမြောက် ကမ္ဘာ့အံ့ဖွယ်ဟု Nakheel က ရည်ညွှန်းခဲ့သည်။

ဝယ်ယူမည့်သူတို့သည် အိမ်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေရမည်ဖြစ်ကာ ဆောက်လုပ်နေစဉ် ကာလအတွင်း ၄၀ ရာခိုင်နှုန်း ထပ်မံ ပေးချေရမည်ဖြစ်ပြီး ကျန်ငွေကို ၂၀၂၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးချိန်၌ ပေးချေရမည်ဟု ဆိုသည်။

“ဝယ်လက်တွေက နေပူထဲမှာ ရပ်ပြီး တန်းမစီနိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့က စာရွက်စာတမ်းတွေရယ်၊ dirhams ၂၀၀,၀၀၀ ပါတဲ့ ခရက်ဒစ်ကတ်ရယ်ယူလာပြီး တန်းစီပေးကြပါတယ်။ ကျန်တဲ့ငွေကို သူတို့ ဘဏ်ကနေ လွှဲမှာ ဖြစ်ပါတယ်” ဟု La Capitale အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Ajay Singh က ပြောသည်။

Nakheel က ရောင်းချပေးမည့် အိမ်များကို ဝယ်ယူမည့် ရင်းနှီးမြှုပ်နှံသူများနှင့် အိမ်ခြံမြေအကျိုးဆောင်တို့သည် အရောင်းဌာနရုံးရှေ့တွင် တညလုံး ကြိုတင်တန်းစီ စောင့်ဆိုင်းခဲ့ကြသည်။

စောင့်ဆိုင်းသော လူအုပ်ကြီးမှာ ရာနှင့်ချီသောကြောင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလာယူကြသည့်အပြင် ထိုဒေသ ဝန်းကျင်တွင်လည်း ရဲကားများ ကင်းလှည့်ခဲ့ကြသည်။

တိုကင်ရသော အကျိုးဆောင်များကိုသာ နောက်နေ့မနက်တွင် ပြန်လာရန် ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hundreds of Buyers Queue Up for Dubai's $5 Million Palm-Island Homes (businesstimes)

Photo Credit:  Nakheel

 

 

 

  [Zawgyi]

ဒူဘိုင္းတြင္ ေဒၚလာ ၅ သန္းတန္ အိမ္မ်ားကို ရာႏွင့္ခ်ီေသာ ဝယ္လက္မ်ား ညအိပ္ေစာင့္ဆိုင္း တန္းစီကာ ၾကိတ္ၾကိတ္တိုး ဝယ္ယူခဲ့ၾကရာ ရဲတပ္ဖြဲ႔ဝင္မ်ားပင္ ခ်ထားခဲ့ရျပီး ရဲကားမ်ား ကင္းလွည့္ေပးခဲ့ရ

 

ဒူဘိုင္းတြင္ ပင္လယ္ေရျပင္အတြင္း အုန္းပင္ပံုသ႑ာန္ လူလုပ္ကၽြန္းတုမ်ားေပၚ ေဆာက္လုပ္ထားေသာ အိမ္မ်ားကို ရာႏွင့္ခ်ီေသာ ဝယ္လက္မ်ား ညအိပ္ေစာင့္ဆိုင္း တန္းစီကာ ၾကိတ္ၾကိတ္တိုး ၾကိဳပြဳိင့္ ဝယ္ယူခဲ့ၾကသည္။

အဆိုပါစံအိမ္မ်ား၏ လက္ရွိ ေရာင္းခ်ေနေသာ ေစ်းႏႈန္းမွာ စီမံကိန္းစတင္ခ်ိန္က ေရာင္းခ်ခဲ့ေသာေစ်းထက္ ၁၀ ဆခန္႔ ေစ်းေပါက္ေနသည္။

ပြဲစားမ်ားႏွင့္ ဝယ္လက္မ်ားသည္ ျပီးခဲ့ေသာ ဗုဒၶဟူးေန႔ မနက္ ၆း၃၀ မွစျပီး အပူခ်ိန္ ၁၀၀ ဒီဂရီ ဖာရင္ဟိုက္ (၃၈ ဒီဂရီ ဆဲစီးယပ္) ေအာက္တြင္ Nakheel PJSC ရံုးေရွ႕တြင္ တန္းစီ ေစာင့္ဆိုင္းခဲ့ၾကသည္။

Nakheel သည္ အစိုးရေက်ာေထာက္ေနာက္ခံျပဳ developer ျဖစ္ျပီး Palm Jabel Ali စီမံကိန္းရွိ အိပ္ခန္း ၅ ခန္းမွ ၇ ခန္းအထိ ပါဝင္မည့္ ေနအိမ္မ်ားကို ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ကာ အိမ္မ်ားမွာ မေဆာက္လုပ္ရေသးေခ်။

စီမံကိန္းတည္ေနရာမွာ ဒူဘိုင္းျမိဳ႕လယ္မွ ၅၀ ကီလိုမီတာခန္႔အကြာတြင္ ရွိသည္။

ေစ်းႏႈန္းမွာ Dirhams ေငြ ၁၈ ဒသမ ၇ သန္း (ကန္ေဒၚလာ ၅ ဒသမ ၁ သန္း) မွ စသည္။

ေျမကြက္မ်ားအေနျဖင့္ ေစ်းအသက္သာဆံုးမွာ Dirhams သန္း ၄၀ ခန္႔ ျဖစ္သည္။

ခ်က္လက္မွတ္စာအုပ္မ်ားကိုင္ထားေသာ အိမ္ျခံေျမအက်ဳိးေဆာင္တို႔သည္ Nakheel ၏ လံုျခံဳေရးထူထပ္စြာ ခ်ထားေသာ ရံုးအတြင္း ဝင္ခြင့္ျပဳရန္ ဝန္ထမ္းတို႔အား ေတာင္းဆိုၾကသည္။ အဆိုပါ အက်ဳိးေဆာင္အမ်ားစုမွာ ရုရွားႏွင့္ အိႏိၵယမွ ဝယ္လက္မ်ားအတြက္ ၾကိဳးပမ္းေပးေနၾကျခင္း ျဖစ္သည္။

Nakheel ၏ ရံုးမွာ ဒူဘိုင္း၏ ပထမဆံုး လူလုပ္ကၽြန္းျဖစ္ေသာ Palm-Jumeirah တြင္ တည္ရွိသည္။

Nakheel ၏ ဝန္ထမ္းတစ္ဦးက တန္းစီေနေသာ လူအုပ္ၾကီးကို ေရဘူးႏွင့္ တစ္သွ်ဴးစကၠဴမ်ား လိုက္လံ ေဝငွေပးသည္။

Palm Jabel Ali စီမံကိန္းကို ႏွစ္ေပါင္းမ်ားစြာ ရပ္ဆိုင္းထားခဲ့ျပီးေနာက္ ဒူဘိုင္းအစိုးရက ယခုအခါ ျပန္လည္ အသက္သြင္းလာျခင္းလည္း ျဖစ္သည္။

ဒူဘိုင္းတြင္ အိမ္ျခံေျမေစ်းမ်ား ၇ ႏွစ္ခန္႔ က်ဆင္းခဲ့ျပီးေနာက္ ယခုအခါ ဒူဘိုင္းသည္ ေဒၚလာ ၁၀ သန္းအထက္ အိမ္ျခံေျမအေရာင္းအဝယ္မ်ားတြင္ ကမၻာ့အဆင့္၌ ထိပ္တန္းတြင္ ရပ္တည္ေနေၾကာင္း အိမ္ျခံေျမ အတိုင္ပင္ခံ ကုမၸဏီ Knight Frank ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

Nakheel သည္ Palm Jebel Ali ရွိ high-end ကမ္းေျခအိမ္မ်ားကို ၂၀၀၃ ခုႏွစ္မွ စတင္ေရာင္းခ်ခဲ့ျပီး ထိုစဥ္က dirhams ၁ ဒသမ ၈ သန္းမွ ၅ ဒသမ ၆ သန္းၾကား ေရာင္းခ်ခဲ့သည္။

ယင္းေနာက္ အုတ္တစ္လံုးမွ်ပင္ မခ်ရေသးေသာ အိမ္မ်ားကို အၾကိမ္ေပါင္းမ်ားစြာ လက္လႊဲလက္ေျပာင္း ေရာင္းခ်ခဲ့ၾကသည္။

ထိုစဥ္က အေရာင္းေၾကာ္ျငာစာမ်ားတြင္ Palm Jebel Ali ကို အဌမေျမာက္ ကမၻာ့အံ့ဖြယ္ဟု Nakheel က ရည္ညႊန္းခဲ့သည္။

ဝယ္ယူမည့္သူတို႔သည္ အိမ္တန္ဖုိး၏ ၂၀ ရာခိုင္ႏႈန္းကို လက္ငင္းေပးေခ်ရမည္ျဖစ္ကာ ေဆာက္လုပ္ေနစဥ္ ကာလအတြင္း ၄၀ ရာခိုင္ႏႈန္း ထပ္မံ ေပးေခ်ရမည္ျဖစ္ျပီး က်န္ေငြကို ၂၀၂၇ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခ်ိန္၌ ေပးေခ်ရမည္ဟု ဆိုသည္။

“ဝယ္လက္ေတြက ေနပူထဲမွာ ရပ္ျပီး တန္းမစီႏိုင္ဘူးေလ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က စာရြက္စာတမ္းေတြရယ္၊ dirhams ၂၀၀,၀၀၀ ပါတဲ့ ခရက္ဒစ္ကတ္ရယ္ယူလာျပီး တန္းစီေပးၾကပါတယ္။ က်န္တဲ့ေငြကို သူတို႔ ဘဏ္ကေန လႊဲမွာ ျဖစ္ပါတယ္” ဟု La Capitale အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Ajay Singh က ေျပာသည္။

Nakheel က ေရာင္းခ်ေပးမည့္ အိမ္မ်ားကို ဝယ္ယူမည့္ ရင္းႏွီးျမွဳပ္ႏွံသူမ်ားႏွင့္ အိမ္ျခံေျမအက်ဳိးေဆာင္တို႔သည္ အေရာင္းဌာနရံုးေရွ႕တြင္ တညလံုး ၾကိဳတင္တန္းစီ ေစာင့္ဆိုင္းခဲ့ၾကသည္။

ေစာင့္ဆိုင္းေသာ လူအုပ္ၾကီးမွာ ရာႏွင့္ခ်ီေသာေၾကာင့္ ရဲတပ္ဖြဲ႔ဝင္မ်ား လံုျခံဳေရးလာယူၾကသည့္အျပင္ ထိုေဒသ ဝန္းက်င္တြင္လည္း ရဲကားမ်ား ကင္းလွည့္ခဲ့ၾကသည္။

တိုကင္ရေသာ အက်ဳိးေဆာင္မ်ားကိုသာ ေနာက္ေန႔မနက္တြင္ ျပန္လာရန္ ခြင့္ျပဳခဲ့သည္ဟု ဆုိသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Hundreds of Buyers Queue Up for Dubai's $5 Million Palm-Island Homes (businesstimes)

Photo Credit:  Nakheel

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service