ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ - Property News in Myanmar from iMyanmarHouse.com
21 Feb 2024 11:42 am တွင် တင်ခဲ့သည်
496 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကရင်ပြည်နယ် ဘားအံမြို့ ပေါ်နှင့် အနီးတစ်ဝိုက်အတွင်း ကျပ်သိန်း (၁၀၀) ဝန်းကျင်ရှိသော ခြံမြေများသာ လတ်တလောကာလ၌ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ကရင်ပြည်နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်ကပင် တန်ဖိုးမြင့်အိမ်ခြံမြေများ ရောင်းအားတက်ခဲ့ပြီးနောက် ယခုနှစ်ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်ပြီး ကရင်ပြည်နယ် ဘားအံမြို့နှင့် အနီးတစ်ဝိုက်ရှိ အိမ်ခြံမြေများ၏ အဝယ်ဈေးကွက်မှာ အနည်းငယ်တည်ငြိမ်သွားကြောင်း သိရသည်။
‘ အခုလက်ရှိအခြေအနေမှာတော့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်က အနည်းငယ်အေးနေပါတယ်။ တန်ဖိုးမြင့်အိမ်ခြံမြေတွေက အဝယ်အရောင်း တန့်နေပြီး တန်ဖိုးအသင့်အတင့်ရှိတဲ့ အိမ်ခြံတွေကတော့ အနည်းငယ်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။” ဟု NSK အိမ်ခြံမြေအကျိုးဆောင် ဦးကျော်သူဝင်းက ပြောသည်။
လက်ရှိတွင် ဘားအံမြို့နှင့်အနီးတစ်ဝိုက်ရှိ ဝယ်သူအကြိုက်ဖြစ်နေသော မြေနေရာများမှာ တောင်ကလေး တောင်ဝိုင်းအနီးရှိ တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာ၊ လှာကမြင်အိမ်ရာစီမံကိန်းမြေနေရာ၊ တောင်ကလေးဈေးမသွယ်ကျေးရွာအုပ်စုဝင် အိမ်ခြံမြေတို့ဖြစ်ကြောင်း သိရသည်။
ဘားအံမှာတော့ ဝယ်ကိုင်တဲ့လူတွေက ရွှေနဲ့မြေကို ကစားကြတာများတယ်။ ရွှေဈေးတက်လာရင် မြေအဝယ်က အိမ်ဆောက်နေမယ့် လူလောက်ပဲလာဝယ်ကြတယ်။ ရွှေဈေးကျရင် ရွှေရောင်းပြီး မြေဘက်မှာလာပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။ ရွှေဈေးအတက်အကျပေါ်မူတည်ပြီး အိမ်ခြံမြေဈေးကွက်က လှုပ်နေတာပါပဲ။ လတ်တလောမှာ အိမ်ခြံမြေဝယ်ရောင်းဈေးကွက်အခြေအနေမှာဆိုရင် ကျပ်သိန်း (၁၀၀) ပတ်လည် အကွက်တွေကတော့ အရောင်းအဝယ်အနည်းငယ် ဖြစ်ပါတယ်။
ခုလက်ရှိ တန်ဖိုးကြီးအိမ်ခြံမြေအရောင်းအဝယ်ကတော့ အေးသလောက်ပါပဲ။ တောင်ဝိုင်းဘက်ကတော့ သိန်း (၁၀၀) ပတ်လည်လောက် မြေကွက်တွေတော့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးမသွယ်ကတော့ လှာကမြင်ကွက်သစ် (က) တန်း ကပ်လျက်အကွက်လေးတွေလောက်ပဲ အရောင်းအဝယ်ဖြစ်ပါ” ဟု ဘားအံမြို့မှ အိမ်ခြံမြေအကျိုးဆောင် ကိုလင်းနိုင်ဖြိုး ကပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
kt
platinum-garden
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service