အမေရိကန်တွင် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက မြက်ရိတ်ရာမှ ရသောငွေ ဒေါ်လာ ၁၅၀၀ ဖြင့် အိမ်ငယ်တစ်လုံး ဆောက်လုပ်ခဲ့ပုံ

အမေရိကန်တွင် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက မြက်ရိတ်ရာမှ ရသောငွေ ဒေါ်လာ ၁၅၀၀ ဖြင့် အိမ်ငယ်တစ်လုံး ဆောက်လုပ်ခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
13 Feb 2024 1:39 pm တွင် တင်ခဲ့သည်
1161 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုမှ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက ဒေါ်လာ ၁၅၀၀ အောက်ဖြင့် အိမ်ငယ်လေးတစ်လုံး မည်သို့ မည်ပုံဆောက်လုပ်ခဲ့သည်ကို မျှဝေပြောပြလာသည်။

အမေရိကန်တွင် အိမ်ငယ်လေးများဖြင့် နေထိုင်သော ဘဝနေထိုင်မှုဟန်မှာ ခေတ်စားလာနေသည်။

ယခုဆယ်ကျော်သက်လူငယ်က သူ၏ အိမ်ငယ်လေးအကြောင်း YouTube တွင် လွှင့်တင်မျှဝေ ပြသခဲ့သည်။

(အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်မှ ဆယ်ကျော်သက်လူငယ် Luke Thill က သူ၏ ပထမဆုံး အိမ်ကို ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-YouTube/relaxshacksDOTcom)

အိုင်အိုဝါပြည်နယ်တွင် နေထိုင်သူ ဆယ်ကျော်သက်လူငယ် လုခ် သဲလ် (Luke Thill) က သူ၏ အိပ်မက် နေအိမ်စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည်။

သူ၏ အိမ်အကျယ်အဝန်းမှာ ၅ ပေ× ၁၀ ပေ ဖြစ်သည်။

သူ၏ အိမ်ငယ်လေးတွင် အိပ်စက်ရန်အတွက် ထပ်ခိုးနေရာ၊ ခေါက်သိမ်းနိုင်သော ညစာစားပွဲခုံ၊ ရုပ်မြင်သံကြား စက်တို့အပြင် မီးဖိုဆောင်နေရာငယ်တစ်ခုပင် ပါဝင်သည်။

Thill က ပြောသည်မှာ နေအိမ်ဆောက်လုပ်ရာတွင် ပစ္စည်းဟောင်းများကို ပြန်လည်အသုံးပြုကြောင်း ပြောသည်။

ထိုသို့ အဟောင်းများကို ပြန်လည်အသုံးပြုသောကြောင့် ကုန်ကျစရိတ် ချွေတာနိုင်ခဲ့ပြီး ဒေါ်လာ ၁၅၀၀ မျှဖြင့် ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခမဲ့မရနိုင်သောအရာများအတွက်မူ Thill က မြက်ရိတ်ခြင်းကဲ့သို့ နွေရာသီအလုပ်များလုပ်ကာ ရရှိသောငွေ များဖြင့် ဝယ်ယူသည်။

“ဒီပြတင်းပေါက်က ကျွန်တော် အဟောင်းပြန်သုံးထားတာပါ”ဟု ၎င်းက အိမ်အပြင်ဘက်ကို ပြသရင်း ပြောသည်။

“နောက်ဘက်နဲ့ ဘေးဘက်နံရံတွေက ဗီနိုင်းနဲ့ ကာထားတာပါ။ အဲဒါက အဖွားအိမ်မှာ မသုံးတော့တဲ့ဟာတွေကို ယူထားတာပါ”

Thill သည် ရှေ့ဘက်စတီးတံခါးကိုလည်း ဦးလေးဖြစ်သူ၏ မိတ်ဆွေထံမှ ရယူထားခြင်း ဖြစ်သည်။

Thill က အိမ်နောက်ဘက်တွင် မြေအောက်မှတဆင့် နံရံဆီသို့ သွယ်တန်းထားသော မီးကြိုးကိုလည်း ပြသခဲ့သည်။

အိမ်အတွက် အရေးကြီးသော ပစ္စည်းများ ရနိုင်ရန် Thill က အလဲအလှယ်စနစ်ကိုလည်း သုံးခဲ့သည်။

သူ၏ ဗွီဒီယိုထဲတွင် ပြောကြားထားမှုအရ လူတစ်ဦး၏ ဂိုဒေါင်ကို သန့်ရှင်းရေးလုပ်ပေးခဲ့ကြောင်း၊ အလဲအလှယ် အားဖြင့် မီးကြိုးလိုင်းသွယ်တန်းရန် အကူအညီတောင်းခံခဲ့ကြောင်း ပြောသည်။

အိမ်ဘေးဘက်ပြတင်းများမှာ အခမဲ့ရရှိခဲ့ခြင်း ဖြစ်ပြီး ရှေ့တံခါးအပေါ်ဘက်မှ ပြတင်းတစ်ပေါက်ကိုမူ ၃၅ ဒေါ်လာဖြင့် ဝယ်ယူခဲ့သည်။

အပေါ်ထပ်တွင် ပန်ကာ ၊ ပစ္စည်းထားသိုရာနေရာနှင့် မီးသတိပေးစနစ်တို့ ရှိသည်။

အိမ်တွင် လေအေးပေးစက်မရှိသော်လည်း နွေရာသီတွင် အအေးဓာတ်ရစေရန်အတွက် ပြတင်းကာများ သုံးသည့်အပြင် ပန်ကာတစ်ခုလည်းရှိကြောင်း ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: COZY QUARTERS I’m 13 and built my ‘practice’ tiny home for under $1,500 – it’s two-story & I only used money from mowing lawns (the sun)

Photo Credit: YouTube/relaxshacksDOTcom

[Zawgyi]

အေမရိကန္တြင္ အသက္ ၁၃ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္တစ္ဦးက ျမက္ရိတ္ရာမွ ရေသာေငြ ေဒၚလာ ၁၅၀၀ ျဖင့္ အိမ္ငယ္တစ္လံုး ေဆာက္လုပ္ခဲ့ပံု

အေမရိကန္ျပည္ေထာင္စုမွ အသက္ ၁၃ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္တစ္ဦးက ေဒၚလာ ၁၅၀၀ ေအာက္ျဖင့္ အိမ္ငယ္ေလးတစ္လံုး မည္သုိ႔ မည္ပံုေဆာက္လုပ္ခဲ့သည္ကို မွ်ေဝေျပာျပလာသည္။

အေမရိကန္တြင္ အိမ္ငယ္ေလးမ်ားျဖင့္ ေနထိုင္ေသာ ဘဝေနထုိင္မႈဟန္မွာ ေခတ္စားလာေနသည္။

ယခုဆယ္ေက်ာ္သက္လူငယ္က သူ၏ အိမ္ငယ္ေလးအေၾကာင္း YouTube တြင္ လႊင့္တင္မွ်ေဝ ျပသခဲ့သည္။

(အေမရိကန္ျပည္ေထာင္စု၊ အိုင္အိုဝါျပည္နယ္မွ ဆယ္ေက်ာ္သက္လူငယ္ Luke Thill က သူ၏ ပထမဆံုး အိမ္ကို ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-YouTube/relaxshacksDOTcom)

အိုင္အိုဝါျပည္နယ္တြင္ ေနထုိင္သူ ဆယ္ေက်ာ္သက္လူငယ္ လုခ္ သဲလ္ (Luke Thill) က သူ၏ အိပ္မက္ ေနအိမ္စီမံကိန္းကို လက္ေတြ႔အေကာင္အထည္ေဖာ္ခဲ့သည္။

သူ၏ အိမ္အက်ယ္အဝန္းမွာ ၅ ေပ× ၁၀ ေပ ျဖစ္သည္။

သူ၏ အိမ္ငယ္ေလးတြင္ အိပ္စက္ရန္အတြက္ ထပ္ခိုးေနရာ၊ ေခါက္သိမ္းႏိုင္ေသာ ညစာစားပြဲခံု၊ ရုပ္ျမင္သံၾကား စက္တို႔အျပင္ မီးဖိုေဆာင္ေနရာငယ္တစ္ခုပင္ ပါဝင္သည္။

Thill က ေျပာသည္မွာ ေနအိမ္ေဆာက္လုပ္ရာတြင္ ပစၥည္းေဟာင္းမ်ားကို ျပန္လည္အသံုးျပဳေၾကာင္း ေျပာသည္။

ထိုသို႔ အေဟာင္းမ်ားကို ျပန္လည္အသံုးျပဳေသာေၾကာင့္ ကုန္က်စရိတ္ ေခၽြတာႏိုင္ခဲ့ျပီး ေဒၚလာ ၁၅၀၀ မွ်ျဖင့္ ေဆာက္လုပ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ အခမဲ့မရႏိုင္ေသာအရာမ်ားအတြက္မူ Thill က ျမက္ရိတ္ျခင္းကဲ့သို႔ ေႏြရာသီအလုပ္မ်ားလုပ္ကာ ရရွိေသာေငြ မ်ားျဖင့္ ဝယ္ယူသည္။

“ဒီျပတင္းေပါက္က ကၽြန္ေတာ္ အေဟာင္းျပန္သံုးထားတာပါ”ဟု ၎က အိမ္အျပင္ဘက္ကို ျပသရင္း ေျပာသည္။

“ေနာက္ဘက္နဲ႔ ေဘးဘက္နံရံေတြက ဗီႏိုင္းနဲ႔ ကာထားတာပါ။ အဲဒါက အဖြားအိမ္မွာ မသံုးေတာ့တဲ့ဟာေတြကို ယူထားတာပါ”

Thill သည္ ေရွ႕ဘက္စတီးတံခါးကိုလည္း ဦးေလးျဖစ္သူ၏ မိတ္ေဆြထံမွ ရယူထားျခင္း ျဖစ္သည္။

Thill က အိမ္ေနာက္ဘက္တြင္ ေျမေအာက္မွတဆင့္ နံရံဆီသို႔ သြယ္တန္းထားေသာ မီးၾကိဳးကိုလည္း ျပသခဲ့သည္။

အိမ္အတြက္ အေရးၾကီးေသာ ပစၥည္းမ်ား ရႏိုင္ရန္ Thill က အလဲအလွယ္စနစ္ကိုလည္း သံုးခဲ့သည္။

သူ၏ ဗြီဒီယိုထဲတြင္ ေျပာၾကားထားမႈအရ လူတစ္ဦး၏ ဂိုေဒါင္ကို သန္႔ရွင္းေရးလုပ္ေပးခဲ့ေၾကာင္း၊ အလဲအလွယ္ အားျဖင့္ မီးၾကိဳးလိုင္းသြယ္တန္းရန္ အကူအညီေတာင္းခံခဲ့ေၾကာင္း ေျပာသည္။

အိမ္ေဘးဘက္ျပတင္းမ်ားမွာ အခမဲ့ရရွိခဲ့ျခင္း ျဖစ္ျပီး ေရွ႕တံခါးအေပၚဘက္မွ ျပတင္းတစ္ေပါက္ကိုမူ ၃၅ ေဒၚလာျဖင့္ ဝယ္ယူခဲ့သည္။

အေပၚထပ္တြင္ ပန္ကာ ၊ ပစၥည္းထားသုိရာေနရာႏွင့္ မီးသတိေပးစနစ္တို႔ ရွိသည္။

အိမ္တြင္ ေလေအးေပးစက္မရွိေသာ္လည္း ေႏြရာသီတြင္ အေအးဓာတ္ရေစရန္အတြက္ ျပတင္းကာမ်ား သံုးသည့္အျပင္ ပန္ကာတစ္ခုလည္းရွိေၾကာင္း ၎က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိ

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: COZY QUARTERS I’m 13 and built my ‘practice’ tiny home for under $1,500 – it’s two-story & I only used money from mowing lawns (the sun)

Photo Credit: YouTube/relaxshacksDOTcom

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service