သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ နေအိမ်တစ်ခု၏ ဧည့်ခန်းထောင့်တွင် ခင်းထားသော မွေ့ယာတစ်နေရာစာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့် Facebook ၌ အငှားဈေးကွက်တင်လာရာ ဆစ်ဒနီ၏ အိမ်ခြံမြေ အကျပ်အတည်းကို ပြသလျက်ရှိ

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ နေအိမ်တစ်ခု၏ ဧည့်ခန်းထောင့်တွင် ခင်းထားသော မွေ့ယာတစ်နေရာစာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့် Facebook ၌ အငှားဈေးကွက်တင်လာရာ ဆစ်ဒနီ၏ အိမ်ခြံမြေ အကျပ်အတည်းကို ပြသလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
26 Jan 2024 10:38 am တွင် တင်ခဲ့သည်
1019 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖေ့စ်ဘုတ်တွင် မွေ့ယာတစ်နေရာစာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့် အငှားဈေးကွက်တင်လာမှုမှာ သြစတေးလျ၏ လက်ရှိ အိမ်ခြံမြေအကျပ်အတည်းကို မီးမောင်းထိုး ပြသနေသည်။

ဧည့်ခန်းအတွင်း လူငယ်တစ်ဦးနေထိုင်ရန်ဟု ဖော်ပြကာ ဖေ့စ်ဘုတ်တွင် ကြော်ငြာတင်လာသော နေအိမ်မှာ ဆစ်ဒနီမြို့တောင်ဘက် Mascot အရပ်တွင် တည်ရှိသည်။

ဖေ့စ်ဘုတ်တွင် ကြော်ငြာတင်လာသော ဓာတ်ပုံအရ ဧည့်ခန်းအတွင်းရှိ ကြွေပြားခင်း ကြမ်းပြင်ပေါ်တွင် တစ်ယောက်အိပ် မွေ့ယာတစ်ခု ချထားပြီး ဂျပန်ခေါက်တံခါးများဖြင့် အခန်းဖွဲ့ပေးထားသည်။

ပစ္စည်းပစ္စယ ထားသိုရန် နေရာပို လုံးဝမရှိ။

(ဤမွေ့ယာနေရာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့် ငှားမည်။ ဓာတ်ပုံ-Facebook)

 

 (ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြထားသော ရေချိုးခန်းမှာ အိပ်ခန်းထက်ပင် ပိုမိုကျယ်ဝန်းဟန် ရသည်။ ဓာတ်ပုံ-Facebook)

 

ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြထားသော ဒုတိယ ဓာတ်ပုံ၌ ငှားရမ်းနေထိုင်မည့်သူ အသုံးပြုခွင့်ရမည့် ရေချိုးခန်းကို ပြသထားသည်။

ထိုအခန်းမှာ အိပ်စက်ရမည့် မွေ့ယာနေရာထက် ပိုမိုကျယ်ဝန်းနေပုံရသည်။

ထိုအခန်းငယ်နေရာကို ငှားရမ်းခတွင် လျှပ်စစ်မီး ၊ ဓာတ်ငွေ့ ၊ ဝိုင်ဖိုင် ၊ ရေနှင့် ပန်းကန်ဆေး ဆပ်ပြာရည်ဖိုးများပါဝင်ပြီး ဖြစ်သည်ဟု ဆိုသည်။

ဤနေရာကို ချက်ချင်းတက်နိုင်ကြောင်း ဖော်ပြထားရာ ငှားရမ်းသူ လျှင်မြန်စွာ ပေါ်ပေါက်လာဖွယ်ရှိသည်။

ဆစ်ဒနီမြို့တွင် အငှားဈေးကွက်ဝင်နေသော ကျဉ်းမြောင်းသော အငှားနေရာမှာ ဤတစ်ခုတည်း မဟုတ်။

ယခု မွေ့ယာနေရာထက် များစွာကျယ်ဝန်းဟန် မရသော စတူဒီယိုအခန်းတစ်ခုလည်း အငှားဈေးကွက်ဝင်နေသည်။

ထိုအခန်းမှာ နယူးကာဆယ်မြို့တွင် တည်ရှိပြီး တစ်ပတ်လျှင် ၂၃၅ ဒေါ်လာဖြင့် ဈေးခေါ်ထားသည်။

ထိုအခန်းတွင် အိပ်ယာ၏ အပေါ်ဘက်ဆီတွင် မိုက္ကရိုဝေ့ဗ် မီးဖိုထားရှိသည်။

(အိပ်ယာ အပေါ်ဘက်တွင် မိုက္ကရိုဝေ့ဗ် မီးဖိုနေရာရှိသော စတူဒီယိုခန်း။ ဓာတ်ပုံ-Domain)

 

ဆစ်ဒနီမြို့တွင် မကြာသေးမီလများအတွင်း အိမ်နေရာလွတ် ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းနည်းပါး လာသည်။

ဆစ်ဒနီမြို့၏ ပျမ်းမျှအိမ်လခမှာ တစ်ပတ်လျှင် ၇၅၀ ဒေါ်လာအထိ ဈေးပေါက်နေပြီး သြစတေးလျနိုင်ငံ၏ အခြားနေရာများထက် ဒေါ်လာ ၁၇၀ ခန့် ဈေးနှုန်းမြင့်မားနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A $185 ‘room’ that has been put up for rent highlights rental struggle (news.com)

Photo Credit: Facebook

 

 

 

[Zawgyi]

ၾသစေတးလ်ႏိုင္ငံ ဆစ္ဒနီျမဳိ႕မွ ေနအိမ္တစ္ခု၏ ဧည့္ခန္းေထာင့္တြင္ ခင္းထားေသာ ေမြ႔ယာတစ္ေနရာစာကို တစ္ပတ္လွ်င္ ၁၈၅ ေဒၚလာျဖင့္ Facebook ၌ အငွားေစ်းကြက္တင္လာရာ ဆစ္ဒနီ၏ အိမ္ျခံေျမ အက်ပ္အတည္းကို ျပသလ်က္ရွိ

 

ေဖ့စ္ဘုတ္တြင္ ေမြ႔ယာတစ္ေနရာစာကို တစ္ပတ္လွ်င္ ၁၈၅ ေဒၚလာျဖင့္ အငွားေစ်းကြက္တင္လာမႈမွာ ၾသစေတးလ်၏ လက္ရွိ အိမ္ျခံေျမအက်ပ္အတည္းကို မီးေမာင္းထိုး ျပသေနသည္။

ဧည့္ခန္းအတြင္း လူငယ္တစ္ဦးေနထိုင္ရန္ဟု ေဖာ္ျပကာ ေဖ့စ္ဘုတ္တြင္ ေၾကာ္ျငာတင္လာေသာ ေနအိမ္မွာ ဆစ္ဒနီျမဳိ႕ေတာင္ဘက္ Mascot အရပ္တြင္ တည္ရွိသည္။

ေဖ့စ္ဘုတ္တြင္ ေၾကာ္ျငာတင္လာေသာ ဓာတ္ပံုအရ ဧည့္ခန္းအတြင္းရွိ ေၾကြျပားခင္း ၾကမ္းျပင္ေပၚတြင္ တစ္ေယာက္အိပ္ ေမြ႔ယာတစ္ခု ခ်ထားျပီး ဂ်ပန္ေခါက္တံခါးမ်ားျဖင့္ အခန္းဖြဲ႔ေပးထားသည္။

ပစၥည္းပစၥယ ထားသိုရန္ ေနရာပို လံုးဝမရွိ။

  (ဤေမြ႔ယာေနရာကို တစ္ပတ္လွ်င္ ၁၈၅ ေဒၚလာျဖင့္ ငွားမည္။ ဓာတ္ပံု-Facebook)

 

(ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပထားေသာ ေရခ်ဳိးခန္းမွာ အိပ္ခန္းထက္ပင္ ပိုမိုက်ယ္ဝန္းဟန္ ရသည္။ ဓာတ္ပံု-Facebook)

 

ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပထားေသာ ဒုတိယ ဓာတ္ပံု၌ ငွားရမ္းေနထုိင္မည့္သူ အသံုးျပဳခြင့္ရမည့္ ေရခ်ဳိးခန္းကို ျပသထားသည္။

ထုိအခန္းမွာ အိပ္စက္ရမည့္ ေမြ႔ယာေနရာထက္ ပိုမိုက်ယ္ဝန္းေနပံုရသည္။

ထိုအခန္းငယ္ေနရာကို ငွားရမ္းခတြင္ လွ်ပ္စစ္မီး ၊ ဓာတ္ေငြ႔ ၊ ဝိုင္ဖိုင္ ၊ ေရႏွင့္ ပန္းကန္ေဆး ဆပ္ျပာရည္ဖိုးမ်ား ပါဝင္ျပီး ျဖစ္သည္ဟု ဆိုသည္။

ဤေနရာကို ခ်က္ခ်င္းတက္ႏိုင္ေၾကာင္း ေဖာ္ျပထားရာ ငွားရမ္းသူ လွ်င္ျမန္စြာ ေပၚေပါက္လာဖြယ္ရွိသည္။

ဆစ္ဒနီျမဳိ႕တြင္ အငွားေစ်းကြက္ဝင္ေနေသာ က်ဥ္းေျမာင္းေသာ အငွားေနရာမွာ ဤတစ္ခုတည္း မဟုတ္။

ယခု ေမြ႔ယာေနရာထက္ မ်ားစြာက်ယ္ဝန္းဟန္ မရေသာ စတူဒီယိုအခန္းတစ္ခုလည္း အငွားေစ်းကြက္ဝင္ေန သည္။ ထုိအခန္းမွာ နယူးကာဆယ္ျမဳိ႕တြင္ တည္ရွိျပီး တစ္ပတ္လွ်င္ ၂၃၅ ေဒၚလာျဖင့္ ေစ်းေခၚထားသည္။

ထုိအခန္းတြင္ အိပ္ယာ၏ အေပၚဘက္ဆီတြင္ မိုကၠရိုေဝ့ဗ္ မီးဖိုထားရွိသည္။

(အိပ္ယာ အေပၚဘက္တြင္ မိုကၠရိုေဝ့ဗ္ မီးဖိုေနရာရွိေသာ စတူဒီယိုခန္း။ ဓာတ္ပံု-Domain)

ဆစ္ဒနီျမဳိ႕တြင္ မၾကာေသးမီလမ်ားအတြင္း အိမ္ေနရာလြတ္ ၁ ဒသမ ၇ ရာခိုင္ႏႈန္းအထိ က်ဆင္းနည္းပါး လာသည္။

ဆစ္ဒနီျမဳိ႕၏ ပ်မ္းမွ်အိမ္လခမွာ တစ္ပတ္လွ်င္ ၇၅၀ ေဒၚလာအထိ ေစ်းေပါက္ေနျပီး ၾသစေတးလ်ႏိုင္ငံ၏ အျခားေနရာမ်ားထက္ ေဒၚလာ ၁၇၀ ခန္႔ ေစ်းႏႈန္းျမင့္မားေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A $185 ‘room’ that has been put up for rent highlights rental struggle (news.com)

Photo Credit: Facebook

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service