ဗြိတိန်၏ အကြီးမားဆုံးရေတံခွန်ရှိပြီး နာမည်ကြီး ဒိန်ခဲထွက်ရာ ရွာကလေး
ဗြိတိန်၏ အကြီးမားဆုံးရေတံခွန်ရှိပြီး နာမည်ကြီး ဒိန်ခဲထွက်ရာ ရွာကလေး - Property News in Myanmar from iMyanmarHouse.com
25 Jan 2024 11:33 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တွင် ရေတံခွန်ငယ်များက ရှေးဟောင်းကျောက်တုံးအိမ်များအကြား ဖြတ်သန်းစီးဆင်းကာ အလွန်သာယာလှပသော ရှုခင်းများကြောင့် လာရောက်လည်ပတ်သူတို့၏ နှလုံးသားများကို ဖမ်းစားနိုင်သော ရွာငယ်ကလေးတစ်ခု ရှိသည်။
တည်နေရာမှာ Yorkshire Dales အမျိုးသားဥယျာဉ်အတွင်း ဈေးမြို့ငယ်လေးတစ်ခုဖြစ်သော Hawes မြို့၏ တောင်ဘက် ၀ ဒသမ ၄ မိုင်အကွာတွင်ရှိသော Gayle ရွာကလေးတွင် ဖြစ်သည်။
 (Hardraw Force ရေတံခွန်သည် ရေဆင်းတစ်ခုတည်းသာရှိသော ရေတံခွန်များအနက် အင်္ဂလန်တွင် အကြီးမားဆုံး ဖြစ်သည်။ ဓာတ်ပုံ-Getty)
(၁၃ ရာစုနှစ် Green Dragon Inn ၏ နောက်ဘက်တွင် ရေတံခွန်များကို တွေ့ရှိနိုင်သည်။ ဓာတ်ပုံ- Green Dragon Inn)
(Hawes မြို့သည် Wensleydale ဒိန်ခဲဆိုင် တည်ရှိရာ နေရာဖြစ်ပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဒိန်ခဲအကြောင်း လေ့လာနိုင်သည်။ ဓာတ်ပုံ-Getty)
Hotels.com က ဖော်ပြသော အင်္ဂလန်ရှိ နှစ်လိုဖွယ်အကောင်းဆုံး မြို့များစာရင်းတွင် ထိပ်ဆုံး၌ ရှိသည်။
မြို့သူမြို့သားတို့သည် မြို့ကလေး၏ တမူထူးသောလမ်းများ၊ နေအိမ်များ ၊ ရှုမျှော်ခင်းများနှင့် သမိုင်းကြောင်းတို့ အကြောင်း များစွာဂုဏ်ယူအမွှမ်းတင် ပြောဆိုကြလေ့ရှိသည်။
မြို့သူမြို့သားတို့က ပြောသည်မှာ “မြို့ကလေးမှာ လှပတဲ့ရှုခင်းတွေ ၊ ရေတံခွန်ငယ်လေးတွေ ဝန်းကျင်မှာ နှစ်လိုဖွယ် ကျောက်တုံးအိမ်လေးတွေ ရှိပါတယ်။ ဒီနေရာဟာ ကျေးလက်ရှုခင်းကို စူးစမ်းလိုတဲ့ လမ်းလျှောက် သူတွေအတွက် အဓိက နေရာပါပဲ”ဟု အဓိက ပြောကြသည်။
“ဒီမြို့လေးမှာ အင်္ဂလန်ရဲ့ အကြီးမားဆုံးဖြစ်တဲ့ Hadraw Force ရေတံခွန်လည်း ရှိပါတယ်။”
Hadraw Force သည် ထိုဒေသတွင် လည်ပတ်သူအများဆုံး ရှိသည့် နေရာများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အရက်ဆိုင်တစ်ခု၏ ခြံဝန်းအတွင်း တည်ရှိသည်။
ပေ ၁၀၀ ကျော် အမြင့်ရှိသော အဆိုပါရေတံခွန်ကို Green Dragon Inn ၏ နောက်ဘက်တွင် တွေ့ရမည် ဖြစ်သည်။
Green Dragon Inn သည် အရက်ဆိုင်တစ်ခုဖြစ်ပြီး ၁၃ ရာစုနှစ်ကတည်းက လက်ရှိနေရာတွင် ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာလှည့် ခရီးသည်တို့သည် ဤဆိုင်ကလေးတွင် ဝင်ကာ တစ်ခွက်တစ်ဖလား မော့ကြပြီးနောက် ဆိုင်နောက်ဘက်ရှိ ရေတံခွန်ရှိရာသို့ လည်ပတ်ကြလေ့ရှိသည်။
ဤ ရေတံခွန်ကို Robin Hood Prince of thieves ရုပ်ရှင်ကားတွင် ရော်ဘင်ဟု ရေချိုးခဲ့ပုံ ထည့်သွင်း ရိုက်ကူးခဲ့ဖူးသည်။
Hotels.com ၏ ဖော်ပြချက်အရ Hawes မြို့ကလေးသည် ဝင်စလေဒေးလ် ဒိန်ခဲထွက်ရှိရာ နေရာအဖြစ် နာမည်ကြီးပြီး ယနေ့တိုင် Wensleydale Creamery ဒိန်ခဲဆိုင် တည်ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါ ဆိုင်နေရာကို ၁၈၉၇ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ကာ ဝင်စလေဒေးလ် ဒိန်ခဲများ ထုတ်လုပ်ပြီး နောက်ပိုင်းတွင် ဗြိတိန် တစ်နိုင်ငံလုံး၌ ကျော်ကြားခဲ့သည်။
(Hawes မြို့ကလေး၏ ရှေးဟောင်း ကျောက်တုံးအိမ်များအကြား ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်း ကလေး။ ဓာတ်ပုံ-Alamy)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: FALL FOR IT ‘Peaceful’ UK town home to one of the country’s biggest waterfalls and very famous cheese (thesun)
Photo Credit: Getty
[Zawgyi]
Photo Credit: Getty
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service