အမေရိကန်သမ္မတ၏ အိမ်ဖြူတော်ထက်ပင် ပိုမိုကြီးမားကျယ်ဝန်းသော ဒူဘိုင်းမှ Penthouse ခန်းကြီး အာရပ်ငွေ သန်း ၆၀၀ (ကန်ဒေါ်လာ ၁၆၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်သမ္မတ၏ အိမ်ဖြူတော်ထက်ပင် ပိုမိုကြီးမားကျယ်ဝန်းသော ဒူဘိုင်းမှ Penthouse ခန်းကြီး အာရပ်ငွေ သန်း ၆၀၀ (ကန်ဒေါ်လာ ၁၆၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Jan 2024 1:37 pm တွင် တင်ခဲ့သည်
873 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းရှိ Raffles The Plam Dubai Residence လူနေအိမ်ယာကြီး၏ အထပ် ၃ ထပ်တွင် ဖြန့်ကျက်တည်ရှိပြီး စတုရန်းပေ ၇၇၀၀၀ ကျော် ကျယ်ဝန်းသော စူပါ Penthouse ခန်းကြီး ကို အာရပ် AED ငွေ သန်း ၆၀၀ (ကန်ဒေါ်လာ ၁၆၄ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာသည်။
ဤ Penthouse ခန်းသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး အိမ်ခြံမြေများ၌ တစ်ခုအပါအဝင်ဖြစ်လာသည်။
ထို့အပြင် ဒူဘိုင်း၏ အိမ်ခြံမြေသမိုင်းတွင်လည်း အကြီးမားဆုံး ပုဂ္ဂလိက နေအိမ်တစ်လုံးဖြစ်ကြောင်း Raffles The Plam Dubai Residence အိမ်ယာကြီးကို ပိုင်ဆိုင်သည့် Emerald Palace Group ( EPG) ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဤ Penthouse ခန်းကြီး၏ အရွယ်အစားမှာ အမေရိကန်သမ္မတတို့၏ စံအိမ်ဖြစ်သော အိမ်ဖြူတော်ထက်ပင် ပိုမိုကြီးမားကျယ်ဝန်းနေသည်။
ဤအံ့ဖွယ် Penthouse ခန်းသည် လှပမှု ၊ အဆင်ပြေချောမွေ့မှုနှင့် လက်တွေ့ကျမှု ပေါင်းစပ်ပေးမည့် ထူးခြားသော ဘဝနေထိုင်မှု ဟန်ပန်ကို ပေးစွမ်းမည်ဖြစ်ကြောင်း Raffles The Plam Dubai Residence ၏ အရောင်းဒါရိုက်တာနှင့် EPG ၏ ဒုတိယဥက္ကဌ Seran Gheorghe က ပြောသည်။
ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ဤ Penthouse ခန်းကြီးကို မိုင်အမ်မီ အခြေစိုက် ဗိသုကာအဖွဲ့ YoDezeen နှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲထားပြီး ခေတ်ပြိုင်ဗိသုကာဟန်ကို မော်ဒန်ကျမှု ၊ လှပမှုတို့ဖြင့် ပေါင်းစပ်ထားကြောင်း ဖော်ပြသည်။
သီးသန့် ဓာတ်လှေကားတစ်ခုမှတဆင့် ၃ ထပ်ဖွဲ့စည်းထားသော Penthouse ခန်း၏ ပထမထပ်ရှိ ဧည့်ခန်းကြီး ဆီသို့ ရောက်ရှိမည် ဖြစ်သည်။
ထိုဧည့်ခန်းမှတဆင့် အာရေးဗီးယားပင်လယ်ကွေ့နှင့် ဒူဘိုင်းမြို့ တခွင်တပြင်ကို တွေ့မြင်ရသည့် ရှုမျှော်ခင်းများ ကြည့်ရှုနိုင်သော လသာဆောင်သို့ ရောက်ရှိမည် ဖြစ်သည်။
ညစာစားခန်းတွင် လူပေါင်း ၂၀ ထိုင်နိုင်သော စားပွဲကြီးရှိပြီး မီးဖိုဆောင်တွင် Teppanyaki မီးဖိုခုံကြီးတစ်ခု ပါဝင်သည်။
 (The gym)
Amenity များအနေဖြင့် သီးသန့် အားကစားလေ့ကျင့်ခန်းမ Spa နှင့် Wellness နေရာ၊ ရောင်ရမ်းနာကျင်မှုနှင့် စိတ်ကစဉ့်ကလျားဖြစ်မှုတို့ကို ကုသပေးသည့် Cryotherapy ကုထုံး ကုသပေးရာ အအေးခန်း ၊ အပန်းဖြေ နားနေခန်းမ ၊ ဆေးလိပ်သောက်နိုင်သည့် နားနေနေရာနှင့် ၃၆၀ ဒီဂရီ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်သော အရက်ဘားတို့ ပါဝင်သည်။
(The dining room)
Penthouse ခန်းအပြင်ဘက်တွင် အရက်ဘားနှင့် အကင်နေရာ ၊ Zen Garden အတွင်းရှိ ဂေါက်ကွင်းငယ် တစ်ခု၊ Indoor/Outdoor ရုပ်ရှင်ရုံနှင့် ဘတ်စ်ကက်ဘောကွင်းတို့ ရှိသည်။
ထို့အပြင် ကား ၁၀ စင်းရပ်နားရန် နေရာလည်း ပါဝင်သည်။
ဤ Penthouse ခန်းမှာ အရောင်းအဝယ် စာချုပ်ချုပ်ပြီးနောက် နေထိုင်နိုင်ရန် ၁၅ လခန့် ကြာဦးမည်ဟု ခန့်မှန်း ရသည်။
(The penthouse has its own basketball court)
ဒူဘိုင်းတွင် Luxury လူနေအိမ်ဈေးကွက်သည် ၂၀၂၃ ခုနှစ်အတွင်း အလွန်အားကောင်းခဲ့ပြီး ယခုနှစ်တွင်လည်း ထိုလမ်းကြောင်းအတိုင်း ဆက်ရှိနေဦးမည်ဟု Gheorghe က ပြောသည်။
ဒူဘိုင်းသည် လက်ရှိအားဖြင့် ကမ္ဘာ့အိမ်ခြံမြေဈေးကွက်၏ ဗဟိုချက်ဖြစ်နေပြီး တန်ဖိုးကြီး အိမ်ခြံမြေတို့မှာ အလွန်တရာ ချမ်းသာကြွယ်ဝသူ များစွာတို့အကြား ဝယ်လိုအား မြင့်တက်လျှက် ရှိကြောင်း ၎င်းက ပြောသည်။
( The private spa)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dubai’s Largest Penthouse Lists for $164 Million (mansionglobal)
 Photo Credit:  luxurylaunches
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service