ဖက်ရှင်ကုမ္ပဏီသူဌေးစုံတွဲက တောင်အမေရိကတိုက်တွင် ရေပြင်နှင့် မြေပြင်ဧကပေါင်း သန်း ၄၀ ကျော် (ကန်ဒေါ်လာ ၃၄၅ သန်းဖိုး) ဝယ်ယူပြီး အလွန်တရာ ကြီးမားကျယ်ဝန်းလှသော အမျိုးသားဥယျာဉ်ကြီး ၆ ခု တည်ထောင်ကာ အများပြည်သူများ အပန်းဖြေနိုင်ရန် ချီလီနှင့် အာဂျင်တီးနားအစိုးရတို့အား လှူဒါန်းခဲ့

ဖက်ရှင်ကုမ္ပဏီသူဌေးစုံတွဲက တောင်အမေရိကတိုက်တွင် ရေပြင်နှင့် မြေပြင်ဧကပေါင်း သန်း ၄၀ ကျော် (ကန်ဒေါ်လာ ၃၄၅ သန်းဖိုး) ဝယ်ယူပြီး အလွန်တရာ ကြီးမားကျယ်ဝန်းလှသော အမျိုးသားဥယျာဉ်ကြီး ၆ ခု တည်ထောင်ကာ အများပြည်သူများ အပန်းဖြေနိုင်ရန် ချီလီနှင့် အာဂျင်တီးနားအစိုးရတို့အား လှူဒါန်းခဲ့ - Property News in Myanmar from iMyanmarHouse.com
12 Jan 2024 11:05 am တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ချမ်းသာကြွယ်ဝသူများစွာသည် ရွက်လှေကြီးများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များ အသုံးပြုမှု အပါအဝင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့် အကြောင်းရပ်များစွာအတွက် တာဝန်ရှိသော်လည်း အခြားသူများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကူညီပေးရန် ၎င်းတို့တတ်နိုင်သည့် ပမာဏအောက် အလွန်နည်းပါးစွာသာ လုပ်ဆောင်ကြသည်။

ယခုအခါ ချမ်းသာကြွယ်ဝသော စုံတွဲတစ်တွဲက အလွန်ချမ်းသာသူ ၁ ရာခိုင်နှုန်း အလွှာအတွက် လုပ်ဆောင်ဖွယ် လမ်းကြောင်းတစ်ခုကို ပြသလိုက်သည်။

ဖက်ရှင်ကုမ္ပဏီ Patagonia ၏ စီအီးအိုဟောင်း အမျိုးသမီး ခရစ္စ တွမ်ကင်စ် (Kris Tompkins ) နှင့် ခင်ပွန်းဖြစ်သူ Doug Tompkins (The North Face Inc နှင့် Esprit ဖက်ရှင်ကုမ္ပဏီများ၏ တည်ထောင်သူ) တို့သည် တောင်အမေရိကတိုက်ရှိ ချီလီနှင့် အာဂျင်တီးနားနိုင်ငံတို့တွင် မြေနေရာ ကန်ဒေါ်လာ ၃၄၅ သန်းဖိုး ကျော် ဝယ်ယူခဲ့ကာ အများပြည်သူတို့ အပန်းဖြေနိုင်ရန် စီစဉ်ပေးခဲ့သည်။

တွမ်ကင်စ်တို့စုံတွဲသည် အဆိုပါ နှစ်နိုင်ငံ၏ အစိုးရအဖွဲ့များထံ ၎င်းတို့၏ မြေနေရာများကို ၂၀၁၉ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သမိုင်းတလျှောက် အကြီးမားဆုံး မြေလှူဒါန်းမှုဖြစ်ကြောင်း CBS News သတင်းဌာနက ဖော်ပြခဲ့သည်။

၎င်းတို့ဇနီးမောင်နှံသည် အလွန်တရာ ကြီးမားကျယ်ဝန်းလှသော အမျိုးသားဥယျာဉ်ကြီး ၆ ခုတည်ထောင်ပေးခဲ့ ခြင်းဖြစ်သည်။

အကျယ်အဝန်းအားဖြင့် မြေနေရာ ဧကပေါင်း ၁၄ ဒသမ ၇သန်းနှင့် ရေပြင်အကျယ်အဝန်း ဧကပေါင်း သန်း ၃၀ ပါဝင်ကြောင်း Reasons to Be Cheerful က ဖော်ပြသည်။

၎င်းတို့ ဇနီးမောင်နှံနှင့် ထိုနိုင်ငံ၏ အစိုးရအဖွဲ့များအကြား သဘောတူညီထားချက်အရ လှူဒါန်းထားသော မြေနေရာများကို အနည်းဆုံး ၉၉ နှစ် အကာအကွယ်ပေးထားမည် ဖြစ်သည်။

ယခုမြေနေရာများကို အများပြည်သူတို့ ဝင်ရောက်ကြည့်ရှုခွင့် ပေးခြင်းနှင့်အတူ ထိုနေရာတွင် နေထိုုင်ကြသော ဇီဝမျိုးစိတ်တို့ကို အကာအကွယ်ပေးရန်မှာလည်း အလွန်အရေးကြီးကြောင်း ခရစ္စ တွမ်ကင်စ်က သုံးသပ်မိသည်။

တောင်အမေရိကမှ သက်ရှိ ဇီဝမျိုးစိတ်တို့သည် ကမ္ဘာတစ်လွှားရှိ အခြားမျိုးစိတ်များနည်းတူ လူသားတို့ကြောင့် ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကျိုးဆက်များကို ခံစားကြရလျက်ရှိသည်။

“မြေနေရာကို ကာကွယ်ရုံနဲ့ မလုံလောက်သေးပါဘူး။ မျိုးသုဉ်းပျောက်ကွယ်လာနေတဲ့ မျိုးစိတ်တွေကို ပြန်လည် ဆောင်ကျဉ်းပေးနိုင်ဖို့ လိုပါတယ်။ တောရိုင်းသဘာဝမရှိတဲ့ မြေနေရာက ရှုခင်းသက်သက်ပါပဲ”ဟု တွမ်ကင်စ်က ပြောသည်။

တွမ်ကင်စ်သည် Tompkins Conservation အဖွဲ့ဖြင့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ သော ချီလီ သမင်ညို၊ ပြန်လည်ထိန်းသိမ်းထားသော မျိုးစိတ်များဖြစ်သည့် တောင်အမေရိက အမွေးထူ တောဝက်၊ တောင်အမေရိက လင်းတ၊ ငှက်ကုလားအုတ်၊ အစိမ်းနှင့် အနီရောင် ကြက်တောများ၊ ကြံ့သူတော်များနှင့် ပုရွက်စားကောင်များ ထိန်းသိမ်းရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Uber-wealthy couple makes unprecedented move with $300 million land: ‘To protect nature from being devoured’ (yahoo)

 

 

 

 

 

 

[Zawgyi]

 

ဖက္ရွင္ကုမၸဏီသူေဌးစံုတြဲက ေတာင္အေမရိကတိုက္တြင္ ေရျပင္ႏွင့္ ေျမျပင္ဧကေပါင္း သန္း ၄၀ ေက်ာ္ (ကန္ေဒၚလာ ၃၄၅ သန္းဖိုး) ဝယ္ယူျပီး အလြန္တရာ ၾကီးမားက်ယ္ဝန္းလွေသာ အမ်ဳိးသားဥယ်ာဥ္ၾကီး ၆ ခု တည္ေထာင္ကာ အမ်ားျပည္သူမ်ား အပန္းေျဖႏိုင္ရန္ ခ်ီလီႏွင့္ အာဂ်င္တီးနားအစိုးရတို႔အား လွဴဒါန္းခဲ့

 

ခ်မ္းသာၾကြယ္ဝသူမ်ားစြာသည္ ရြက္ေလွၾကီးမ်ား၊ ကိုယ္ပိုင္ဂ်က္ေလယာဥ္မ်ား အသံုးျပဳမႈ အပါအဝင္ သဘာဝပတ္ဝန္းက်င္ထိခိုက္ေစမည့္ အေၾကာင္းရပ္မ်ားစြာအတြက္ တာဝန္ရွိေသာ္လည္း အျခားသူမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ ကူညီေပးရန္ ၎တို႔တတ္ႏိုင္သည့္ ပမာဏေအာက္ အလြန္နည္းပါးစြာသာ လုပ္ေဆာင္ၾကသည္။

ယခုအခါ ခ်မ္းသာၾကြယ္ဝေသာ စံုတြဲတစ္တြဲက အလြန္ခ်မ္းသာသူ ၁ ရာခုိင္ႏႈန္း အလႊာအတြက္ လုပ္ေဆာင္ဖြယ္ လမ္းေၾကာင္းတစ္ခုကို ျပသလုိက္သည္။

ဖက္ရွင္ကုမၸဏီ Patagonia ၏ စီအီးအိုေဟာင္း အမ်ဳိးသမီး ခရစၥ တြမ္ကင္စ္ (Kris Tompkins ) ႏွင့္ ခင္ပြန္းျဖစ္သူ Doug Tompkins (The North Face Inc ႏွင့္ Esprit ဖက္ရွင္ကုမၸဏီမ်ား၏ တည္ေထာင္သူ) တို႔သည္ ေတာင္အေမရိကတိုက္ရွိ ခ်ီလီႏွင့္ အာဂ်င္တီးနားႏိုင္ငံတို႔တြင္ ေျမေနရာ ကန္ေဒၚလာ ၃၄၅ သန္းဖိုး ေက်ာ္ ဝယ္ယူခဲ့ကာ အမ်ားျပည္သူတို႔ အပန္းေျဖႏိုင္ရန္ စီစဥ္ေပးခဲ့သည္။

တြမ္ကင္စ္တို႔စံုတြဲသည္ အဆိုပါ ႏွစ္ႏိုင္ငံ၏ အစိုးရအဖြဲ႔မ်ားထံ ၎တို႔၏ ေျမေနရာမ်ားကို ၂၀၁၉ ခုႏွစ္တြင္ လွဴဒါန္းခဲ့ျခင္းျဖစ္ျပီး သမိုင္းတေလွ်ာက္ အၾကီးမားဆံုး ေျမလွဴဒါန္းမႈျဖစ္ေၾကာင္း CBS News သတင္းဌာနက ေဖာ္ျပခဲ့သည္။

၎တို႔ဇနီးေမာင္ႏွံသည္ အလြန္တရာ ၾကီးမားက်ယ္ဝန္းလွေသာ အမ်ဳိးသားဥယ်ာဥ္ၾကီး ၆ ခုတည္ေထာင္ေပးခဲ့ ျခင္းျဖစ္သည္။

အက်ယ္အဝန္းအားျဖင့္ ေျမေနရာ ဧကေပါင္း ၁၄ ဒသမ ၇သန္းႏွင့္ ေရျပင္အက်ယ္အဝန္း ဧကေပါင္း သန္း ၃၀ ပါဝင္ေၾကာင္း Reasons to Be Cheerful က ေဖာ္ျပသည္။

၎တို႔ ဇနီးေမာင္ႏွံႏွင့္ ထိုႏိုင္ငံ၏ အစိုးရအဖြ႔ဲမ်ားအၾကား သေဘာတူညီထားခ်က္အရ လွဴဒါန္းထားေသာ ေျမေနရာမ်ားကို အနည္းဆံုး ၉၉ ႏွစ္ အကာအကြယ္ေပးထားမည္ ျဖစ္သည္။ ယခုေျမေနရာမ်ားကို အမ်ားျပည္သူတုိ႔ ဝင္ေရာက္ၾကည့္ရႈခြင့္ ေပးျခင္းႏွင့္အတူ ထုိေနရာတြင္ ေနထုိုင္ၾကေသာ ဇီဝမ်ဳိးစိတ္တို႔ကုိ အကာအကြယ္ေပးရန္မွာလည္း အလြန္အေရးၾကီးေၾကာင္း ခရစၥ တြမ္ကင္စ္က သံုးသပ္မိသည္။

ေတာင္အေမရိကမွ သက္ရွိ ဇီဝမ်ဳိးစိတ္တုိ႔သည္ ကမၻာတစ္လႊားရွိ အျခားမ်ဳိးစိတ္မ်ားနည္းတူ လူသားတို႔ေၾကာင့္ ျဖစ္ေပၚေသာ သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမႈ အက်ဳိးဆက္မ်ားကို ခံစားၾကရလ်က္ရွိသည္။

“ေျမေနရာကို ကာကြယ္ရံုနဲ႔ မလံုေလာက္ေသးပါဘူး။ မ်ိဳးသုဥ္းေပ်ာက္ကြယ္လာေနတဲ့ မ်ဳိးစိတ္ေတြကို ျပန္လည္ ေဆာင္က်ဥ္းေပးႏုိင္ဖို႔ လိုပါတယ္။ ေတာရိုင္းသဘာဝမရွိတဲ့ ေျမေနရာက ရႈခင္းသက္သက္ပါပဲ”ဟု တြမ္ကင္စ္က ေျပာသည္။

တြမ္ကင္စ္သည္ Tompkins Conservation အဖြ႔ဲျဖင့္ မ်ဳိးသုဥ္းေပ်ာက္ကြယ္မည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ေနရ ေသာ ခ်ီလီ သမင္ညိဳ၊ ျပန္လည္ထိန္းသိမ္းထားေသာ မ်ဳိးစိတ္မ်ားျဖစ္သည့္ ေတာင္အေမရိက အေမြးထူ ေတာဝက္၊ ေတာင္အေမရိက လင္းတ၊ ငွက္ကုလားအုတ္၊ အစိမ္းႏွင့္ အနီေရာင္ ၾကက္ေတာမ်ား၊ ၾကံ႕သူေတာ္မ်ားႏွင့္ ပုရြက္စားေကာင္မ်ား ထိန္းသိမ္းေရးအတြက္ ၾကိဳးပမ္းလ်က္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Uber-wealthy couple makes unprecedented move with $300 million land: ‘To protect nature from being devoured’ (yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service