နပိုလီယံ ဘိုနာပတ် မိသားစု ပိုင်ဆိုင်ခဲ့ဖူးပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင် Live and Let Die တွင် ပါဝင်ခဲ့သော ဒေါ်လာ သန်း ၁၄၀ တန် စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

နပိုလီယံ ဘိုနာပတ် မိသားစု ပိုင်ဆိုင်ခဲ့ဖူးပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင် Live and Let Die တွင် ပါဝင်ခဲ့သော ဒေါ်လာ သန်း ၁၄၀ တန် စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Jan 2024 4:08 pm တွင် တင်ခဲ့သည်
1155 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်လမ်းတွဲများတွင် ဂျိမ်းစ်ဘွန်း၏ အကြီးအကဲ M ဟုသာ သိရသူ နေထိုင်ခဲ့သော ခမ်းနားထည်ဝါလှသည့် စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

 

(အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားခရိုင်ရှိ Denham Place စံအိမ်ကြီး။ ဓာတ်ပုံ-Savills)

Denham Place စံအိမ်ကြီးသည် ဂျိမ်းစ်ဘွန်း၏ အကြီးအကဲဖြစ်သူ M နေထိုင်သော စံအိမ်အဖြစ် The Man with the Golden Gun နှင့် Live and Let Die ရုပ်ရှင်ဇာတ်ကားများတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

ယခုအခါ အဆိုပါစံအိမ်ကြီးကို ပေါင် ၇၅ သန်းဖြင့် တရားဝင် အရောင်းဈေးကွက် တင်လာသည်။

၁၆၈၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး Grand Grade I အဖြစ် သမိုင်းဝင်အမွေအနှစ်စာရင်း သတ်မှတ်ခံထား ရသည်။

စံအိမ်ကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၂၈၀၀၀ ကျော်ရှိပြီး အတွင်းပိုင်းမှာ ဂန္ထဝင်နန်းတော်ကြီး သွင်ပြင်မျိုး ဖြစ်သည်။ Savills အိမ်ခြံမြေကုမ္ပဏီ၏ ဖော်ပြချက်အရ Deham Place စံအိမ်ကြီးကို ပြင်သစ်စစ်သူကြီး နပိုလီယန် ဘိုနာပတ်၏ မိသားစု ၊ အမေရိကန် ဘဏ်ပိုင်ရှင် JP Morgan အပြင် နိုင်ငံရေးနယ်မှ Lord Robert Vansittar တို့ ပိုင်ဆိုင်ခဲ့ကြဖူးသည်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်များ ထုတ်လုပ်သူ Harry Saltzman က ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ဤစံအိမ်ကြီးကို ဂျိမ်းစ်ဘွန်းကားများအတွက် ရွေးချယ် အသုံးပြုခဲ့သည်။

 

(အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားခရိုင်ရှိ Denham Place စံအိမ်ကြီး။ ဓာတ်ပုံ-Savills)

ထိုကာလကတည်းက Denham Place စံအိမ်ကြီးကို ကြီးမားစွာ အဆင့်မြင့်မွမ်းမံမှု စီမံကိန်း လုပ်ဆောင်ခဲ့သည်။

Savills ၏ ဖော်ပြချက်အရ ဗိသုကာပညာရှင် အလက်ဇန်းဒါး ကရာဗက်ဇ်က မွမ်းမံမှု စီမံကိန်းကို ဦးဆောင်ခဲ့သည်။

ကရာဗက်ဇ်၏ မွမ်းမံမှုမှာ သမိုင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိစေရန် English Heritage နှင့် The Georgian Group တို့လည်း ပူးပေါင်းပါဝင်ခဲ့သည်။

စံအိမ်ကြီး၏ အတွင်းပိုင်း အဓိကအခန်းများမှာ မျက်နှာကြက် ၁၆ ပေမြင့်မားပြီး ထက်အောက်လျှော ပြတင်းရှည် များနှင့် အင်္ဂတေ သရုပ်အလှဆင် ပုံဖော်မှုများ တွေ့ရသည်။

စံအိမ်ဝန်းအတွင်း Grade II အဆင့် သမိုင်းဝင် သတ်မှတ်ခံထားရသော ကားဂိုဒေါင် ၊ ၁ ထပ်အိမ်များ၊ အထောက်အကူပြု အဆောက်အအုံများနှင့် ဂျိမ်းစ်ဘွန်းစီးသော Aston Martin DB5 အစင်းရေ ၅၀ ခန့် ထားနိုင်သော နေရာတို့ရှိသည်။

စံအိမ်ကြီးတွင် အိပ်ခန်းပေါင်း ၁၂ ခန်း ၊ ရေချိုးခန်း ၁၄ ခန်းနှင့် ဧည့်ခန်း ၁၂ ခန်း ပါဝင်ပြီး ကားဂိုဒေါင်ကို VIP Health Spa အဖြစ် ပြောင်းလဲရန် တင်ပြထားမှုမှာ ခွင့်ပြုချက် ရရှိထားသည်။

 

(အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားခရိုင်ရှိ Denham Place စံအိမ်ကြီး။ ဓာတ်ပုံ-Savills)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The $140 Million Mansion from ‘Live and Let Die’ Is Up For Sale (manofmany)

 

 

 

 

[Zawgyi]

နပိုလီယံ ဘိုနာပတ္ မိသားစု ပိုင္ဆိုင္ခဲ့ဖူးျပီး ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ Live and Let Die တြင္ ပါဝင္ခဲ့ေသာ ေဒၚလာ သန္း ၁၄၀ တန္ စံအိမ္ၾကီး အေရာင္းေစ်းကြက္ဝင္လာ

 

 

ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ ဇာတ္လမ္းတြဲမ်ားတြင္ ဂ်ိမ္းစ္ဘြန္း၏ အၾကီးအကဲ M ဟုသာ သိရသူ ေနထုိင္ခဲ့ေသာ ခမ္းနားထည္ဝါလွသည့္ စံအိမ္ၾကီး အေရာင္းေစ်းကြက္ဝင္လာသည္။

 

(အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဘက္ကင္ဟမ္ရိႈင္းယားခရုိင္ရွိ Denham Place စံအိမ္ၾကီး။ ဓာတ္ပံု-Savills)

Denham Place စံအိမ္ၾကီးသည္ ဂ်ိမ္းစ္ဘြန္း၏ အၾကီးအကဲျဖစ္သူ M ေနထုိင္ေသာ စံအိမ္အျဖစ္ The Man with the Golden Gun ႏွင့္ Live and Let Die ရုပ္ရွင္ဇာတ္ကားမ်ားတြင္ ထည့္သြင္းရိုက္ကူးခဲ့ဖူးသည္။

ယခုအခါ အဆိုပါစံအိမ္ၾကီးကို ေပါင္ ၇၅ သန္းျဖင့္ တရားဝင္ အေရာင္းေစ်းကြက္ တင္လာသည္။

၁၆၈၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး Grand Grade I အျဖစ္ သမိုင္းဝင္အေမြအႏွစ္စာရင္း သတ္မွတ္ခံထား ရသည္။

စံအိမ္ၾကီး၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၂၈၀၀၀ ေက်ာ္ရွိျပီး အတြင္းပိုင္းမွာ ဂႏၳဝင္နန္းေတာ္ၾကီး သြင္ျပင္မ်ဳိး ျဖစ္သည္။ Savills အိမ္ျခံေျမကုမၸဏီ၏ ေဖာ္ျပခ်က္အရ Deham Place စံအိမ္ၾကီးကို ျပင္သစ္စစ္သူၾကီး နပိုလီယန္ ဘိုနာပတ္၏ မိသားစု ၊ အေမရိကန္ ဘဏ္ပိုင္ရွင္ JP Morgan အျပင္ ႏိုင္ငံေရးနယ္မွ Lord Robert Vansittar တုိ႔ ပိုင္ဆိုင္ခဲ့ၾကဖူးသည္။

ဂ်ိမ္းစ္ဘြန္းရုပ္ရွင္မ်ား ထုတ္လုပ္သူ Harry Saltzman က ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္း ဤစံအိမ္ၾကီးကို ဂ်ိမ္းစ္ဘြန္းကားမ်ားအတြက္ ေရြးခ်ယ္ အသံုးျပဳခဲ့သည္။

 

(အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဘက္ကင္ဟမ္ရိႈင္းယားခရုိင္ရွိ Denham Place စံအိမ္ၾကီး။ ဓာတ္ပံု-Savills)

ထိုကာလကတည္းက Denham Place စံအိမ္ၾကီးကို ၾကီးမားစြာ အဆင့္ျမင့္မြမ္းမံမႈ စီမံကိန္း လုပ္ေဆာင္ခ့ဲသည္။

Savills ၏ ေဖာ္ျပခ်က္အရ ဗိသုကာပညာရွင္ အလက္ဇန္းဒါး ကရာဗက္ဇ္က မြမ္းမံမႈ စီမံကိန္းကို ဦးေဆာင္ခဲ့သည္။

ကရာဗက္ဇ္၏ မြမ္းမံမႈမွာ သမိုင္းအခ်က္အလက္မ်ားႏွင့္ ကိုက္ညီမႈရွိေစရန္ English Heritage ႏွင့္ The Georgian Group တို႔လည္း ပူးေပါင္းပါဝင္ခဲ့သည္။

စံအိမ္ၾကီး၏ အတြင္းပိုင္း အဓိကအခန္းမ်ားမွာ မ်က္ႏွာၾကက္ ၁၆ ေပျမင့္မားျပီး ထက္ေအာက္ေလွ်ာ ျပတင္းရွည္ မ်ားႏွင့္ အဂၤေတ သရုပ္အလွဆင္ ပံုေဖာ္မႈမ်ား ေတြ႔ရသည္။

စံအိမ္ဝန္းအတြင္း Grade II အဆင့္ သမိုင္းဝင္ သတ္မွတ္ခံထားရေသာ ကားဂိုေဒါင္ ၊ ၁ ထပ္အိမ္မ်ား၊ အေထာက္အကူျပဳ အေဆာက္အအံုမ်ားႏွင့္ ဂ်ိမ္းစ္ဘြန္းစီးေသာ Aston Martin DB5 အစင္းေရ ၅၀ ခန္႔ ထားႏိုင္ေသာ ေနရာတု႔ိရွိသည္။

စံအိမ္ၾကီးတြင္ အိပ္ခန္းေပါင္း ၁၂ ခန္း ၊ ေရခ်ဳိးခန္း ၁၄ ခန္းႏွင့္ ဧည့္ခန္း ၁၂ ခန္း ပါဝင္ျပီး ကားဂိုေဒါင္ကုိ VIP Health Spa အျဖစ္ ေျပာင္းလဲရန္ တင္ျပထားမႈမွာ ခြင့္ျပဳခ်က္ ရရွိထားသည္။

(အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဘက္ကင္ဟမ္ရိႈင္းယားခရုိင္ရွိ Denham Place စံအိမ္ၾကီး။ ဓာတ္ပံု-Savills)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The $140 Million Mansion from ‘Live and Let Die’ Is Up For Sale (manofmany)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service