ကင်ညေးဝက်စ်က ငွေကြေးအကျပ်အတည်းကြောင့် ကယ်လီဖိုးနီးယားမှ ပင်လယ်ကမ်းခြေစံအိမ်ကြီးကို အရှုံးခံ ရောင်းရပြီ
ကင်ညေးဝက်စ်က ငွေကြေးအကျပ်အတည်းကြောင့် ကယ်လီဖိုးနီးယားမှ ပင်လယ်ကမ်းခြေစံအိမ်ကြီးကို အရှုံးခံ ရောင်းရပြီ - Property News in Myanmar from iMyanmarHouse.com
8 Jan 2024 11:41 am တွင် တင်ခဲ့သည်
529 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရက်ပ်ကြယ်ပွင့် ကင်ညေးဝက်စ်သည် ငွေကြေးအခက်အခဲကြောင့် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးမြို့မှ ပင်လယ်ကမ်းခြေစံအိမ်ကြီးကို ရောင်းချရပြီဖြစ်ပြီး ယခုအရောင်းအဝယ်တွင် များစွာအရှုံးပေါ်ဖွယ်ရှိသည်။
ဂျပန်ဗိသုကာပညာရှင် Tadao Ando ဒီဇိုင်းရေးဆွဲကာ ဆောက်လုပ်ပေးထားသော စံအိမ်ကို ကန်ဒေါ်လာ ၅၃ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်သည်။
ကင်ညေးဝက်စ် ဝယ်ယူခဲ့ချိန်က ကန်ဒေါ်လာ ၅၇ ဒသမ ၂၅ သန်း ပေးခဲ့ရသည်။
ယိမ်းယိုင်နေသော ဘဏ္ဍာရေးအခြေအနေ အပါအဝင် အကြောင်းကြောင်းကြောင့် တမူထူးသော ပင်လယ် ကမ်းခြေစံအိမ်ကို ရောင်းချရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း အတွင်းလူတို့က နယူးယောက်ပို့စ် သတင်းဌာန သို့ ပြောသည်။
ကင်ညေးဝက်စ်က ၂၀၂၁ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက် ပြုပြင်မွမ်းမံမှု စီမံကိန်းများစွာ လုပ်ဆောင်ခဲ့ရာ မွမ်းမံမှု လုပ်ငန်းများ အပြီးမသတ်ဘဲ ရှိနေဆဲ ဖြစ်သည်။
Oppenhein Group မှ Jason Oppenheim က ပြောသည်မှာ ကင်ညေးဝက်စ်၏ စံအိမ်မှာ ၃၇၂ စတုရန်းမီတာ ကျယ်ဝန်းကြောင်း၊ ပြတင်းပေါက်များ၊ တံခါးများ၊ ရေပိုက်လိုင်းများ၊ လျှပ်စစ်မီးပိုင်း၊ HVAC စနစ်နှင့် အတွင်းပိုင်း မွမ်းမံမှုများ အပြီးသတ်ရန် များစွာလိုအပ်နေကြောင်း ပြောသည်။
“ဒီစံအိမ်ကြီး အပြီးသတ်မွမ်းမံဖို့အတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ဦးမှာဖြစ်ပါတယ်”ဟု Oppenheim က ဝေါစထရိဂျာနယ်သို့ ပြောသည်။
၂၀၁၃ ခုနှစ်တွင် ဝေါစထရိလုပ်ငန်းရှင် Richard Sachs က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ အချိန်ယူ ဆောက်လုပ်ခဲ့ရသည်။
(မာလီဘူးစံအိမ်၏ အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Realtor/Getty)
Richard Sachs က ဤစံအိမ်ကို ဆောက်လုပ်ရာတွင် ကွန်ကရစ် တန်ချိန် ၁၂၀၀ ၊ စတီး တန်ချိန် ၂၀၀ အသုံးပြုခဲ့သည်။ ၃ ထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၄ ခန်းပါဝင်ကာ ပင်လယ်ကို မျက်နှာမူသော ကြီးမားသော ပြတင်းပေါက်ကြီးများနှင့် ၁၄၀ စတုရန်းမီတာကျယ်သော deck တစ်ခု ရှိသည်။
(ပင်လယ်ရှုမျှော်ခင်း။ ဓာတ်ပုံ-Realtor)
ကင်ညေးဝက်စ်သည် လူမျိုးရေးခွဲခြားသော စကားများ ပြောဆိုခဲ့မှုကြောင့် ပြီးခဲ့သောနှစ်အတွက်း ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော Adidas နှင့် Gap တို့က ၎င်းနှင့်လမ်းခွဲခဲ့ကြရာ ကင်ညေးဝက်စ်၏ ကြွယ်ဝမှု များစွာကျဆင်းသွားခဲ့ရသည်။
(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Google Maps)
(ကင်ညေးဝက်စ်နှင့် Bianca Censori တို့ကို လော့စ်အိန်ဂျလိတွင် တွေ့ရပုံ။ ဓာတ်ပုံ-Rachpoot)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kanye West forced to list rare oceanfront Malibu home due to financial woes, may lose millions on the deal (realestate)
[Zawgyi] ကင်ညေးဝက်စ်က ငွေကြေးအကျပ်အတည်းကြောင့် ကယ်လီဖိုးနီးယားမှ ပင်လယ်ကမ်းခြေစံအိမ်ကြီးကို အရှုံးခံ ရောင်းရပြီ
(ပင်လယ်ရှုမျှော်ခင်း။ ဓာတ်ပုံ-Realtor)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service