“ပေါင်မုန့်မရှိရင် ကိတ်မုန့်စား”ဟူသောစကားဖြင့် ကမ္ဘာကျော်ခဲ့သူ၊ ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခဲ့ရသော ပြင်သစ် ဘုရင်မကြီး မေရီအန်တွိုင်းနက် ပိုင်ဆိုင်ခဲ့သော အိမ်ထောင်ပရိဘောဂများတွင်ပါသော ကုလားထိုင် တစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်
“ပေါင်မုန့်မရှိရင် ကိတ်မုန့်စား”ဟူသောစကားဖြင့် ကမ္ဘာကျော်ခဲ့သူ၊ ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခဲ့ရသော ပြင်သစ် ဘုရင်မကြီး မေရီအန်တွိုင်းနက် ပိုင်ဆိုင်ခဲ့သော အိမ်ထောင်ပရိဘောဂများတွင်ပါသော ကုလားထိုင် တစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
5 Jan 2024 12:35 pm တွင် တင်ခဲ့သည်
1154 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(မေရီအန်တွိုင်းနက် ဘယ်သူလဲ)
မေရီအန်တွိုင်းနက်သည် သြစထရီးယားဘု zရင့်သမီးတော်ဖြစ်ပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံ၌ နောက်ဆုံး အုပ်စိုးသွားခဲ့သော ဘုရင်မကြီး ဖြစ်လာခဲ့သည်။
၁၄ နှစ်သမီးအရွယ်တွင် ဗာဆိုင်းနန်းတော်သို့ ရောက်ရှိလာခဲ့ပြီး ခင်ပွန်းဖြစ်သူ လူဝီ ၁၆ နှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။
ပြင်သစ်တော်လှန်ရေးကာလကြီးတွင် ပြည်သူတို့ ငတ်မွတ်နေကြောင်းနှင့် စားစရာ ပေါင်မုန့်မရှိကြောင်း ဘုရင်မကြီးအားလျှောက်တင်ရာ၌ ပေါင်မုန့်မရှိလျှင် ကိတ်မုန့်စားကြပါစေဟု ပြောခဲ့သည်ဟု ဆိုသည်။
၁၇၈၉ ခုနှစ်တွင် မေရီအန်တွိုင်းနက် ၊ ဘုရင်နှင့် သားသမီးတော်များကို ဒေါသထွက်နေသော ပြင်သစ် ပြည်သူပြည်သားများက ဖမ်းဆီးခဲ့ကြသည်။ လူဝီ ၁၆ သည် ၁၇၉၃ ခုနှစ် ၊ ဇန်နဝါရီလတွင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခဲ့ရပြီး မေရီအန်တွိုင်းနက်မှာလည်း ထိုနှစ်အောက်တိုဘာလတွင် ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရသည်။
(၁၇၈၃ ခုနှစ်က ရေးဆွဲခဲ့သော မေရီအန်တွိုင်းနက်၏ ပုံတူပန်းချီကား။ ဓာတ်ပုံ- Getty Images)
((တော်ဝင် ကုလားထိုင်))
ပြင်သစ်ဘုရင်မကြီး မေရီအန်တွိုင်းနက်၏ အိပ်ဆောင်တော်တွင် အသုံးပြုခဲ့သော တော်ဝင်ကုလားထိုင်တစ်လုံးကို ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လလယ်ပိုင်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် Sotheby’s လေလံအဖွဲ့က ပြုလုပ်ခဲ့သော လေလံပွဲတစ်ခုတွင် ယူရိုငွေ ၂ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၈ သန်း) ဖြင့် ရောင်းထွက်သွားသည်။
အဆိုပါဈေးနှုန်းမှာ ၁၈ ရာစု ကုလားထိုင်တစ်လုံးအတွက် အမြင့်မားဆုံးဈေးနှုန်းအဖြစ် စံချိန်တင်ခဲ့သည်။
ပြင်သစ် Luxury ဖက်ရှင်ပစ္စည်းကုမ္ပဏီ Hermes ကို တည်ထောင်သူ Thierry Hermes ၏ ပဉ္စမမျိုးဆက် ဖြစ်သော Hubert Guerrand Hermes စုဆောင်းထားခဲ့သော ပစ္စည်းများကို လေလံတင်ရာတွင် မေရီအန်တွိုင်းနက်၏ ကုလားထိုင် ပါဝင်လာခြင်း ဖြစ်သည်။
Hubert Guerrand Hermes စုဆောင်းထားခဲ့သော ပစ္စည်းများကို မြေပြင်နှင့် အွန်လိုင်းမှ ၄ ကြိမ် လေလံတင် ခဲ့ရာတွင် ပထမဆုံး လေလံပွဲ၌ ယခုကုလားထိုင် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
လူဝီ ၁၆ ၏ ရွှေချထားသော သစ်ကြားသား ကုလားထိုင်သည် ၁၇၈၄-၈၅ ခုနှစ် ဝန်းကျင်ခန့်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လေလံဆွဲသူများပြားခဲ့ကြောင်း Sotheby’s ၏ ပြင်သစ်နှင့် ဥရောပဆိုင်ရာဥက္ကဌ Mario Tavella က ပြောသည်။
ထိုနေ့က လေလံပွဲတွင် ရှေးဟောင်းပစ္စည်း ၆၀ ခန့် ရောင်းချခဲ့ပြီး စုစုပေါင်း ယူရို ၂၃ သန်းနီးပါး ရရှိခဲ့သည်။
မူလက ခန့်မှန်းသည်မှာ ယူရို ၉ သန်းနီးပါးသာ ခန့်မှန်းထားရာ ၃ ဆနီးပါးရရှိခဲ့ခြင်းဖြစ်သည်။
လေလံတင်ခဲ့သော ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ခန့်မှန်းထားသည့် ဈေးနှုန်းထက် ပိုမိုရရှိခဲ့သည်။
Hubert Guerrand Hermes သည် ရှေးဟောင်းပစ္စည်းများ များပြားစွာ စုဆောင်းခဲ့သူဖြစ်ပြီး လေလံပွဲ ၄ ခု အတွင်း ၎င်း စုဆောင်းထားသော ပစ္စည်းပေါင်း ၁၀၀၀ ကျော် ရောင်းချခဲ့သည်။
ထိုပစ္စည်းများသည် ရာစုနှစ်များစွာ သက်တမ်းရှိပြီး တော်ဝင်တို့၏ ပရိဘောဂများ ၊ အလွန်တရာရှားပါးသော စာအုပ်များ ပါဝင်သည်။
(ဆက်စပ်သတင်း)
ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရသော ဘုရင်မကြီး မေရီ အန်တွိုင်းနက်၏ လျှို့ဝှက်အိပ်ဆောင်တော်ကို ဗာဆိုင်းနန်းတော်၏ နှစ် ၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အများပြည်သူအားဝင်ရောက်ကြည့်ရှုခွင့်ပေး
https://www.imyanmarhouse.com/news/read/1075611
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Marie Antoinette Chair Sells for a Record US$2.8 Million (barrons)
[Zawgyi]
((တော်ဝင် ကုလားထိုင်))
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service