အမေရိကန်ပြည် ၊ ကလိဗ်လန်းမြို့လယ်ရှိ မိုးမျှော်တိုက်ကြီး မယုံနိုင်ဖွယ် နည်းပါးလှသော ဈေးနှုန်းဖြင့် ရောင်းချ

အမေရိကန်ပြည် ၊ ကလိဗ်လန်းမြို့လယ်ရှိ မိုးမျှော်တိုက်ကြီး မယုံနိုင်ဖွယ် နည်းပါးလှသော ဈေးနှုန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
5 Jan 2024 11:15 am တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ကလိဗ်လန်းမြို့၏ တတိယအမြင့်မားဆုံး မိုးမျှော်တိုက်ကြီးကို နယူးယောက်မြို့ အခြေစိုက် ဝယ်လက်တစ်ဦးအား ရောင်းချရန် သဘောတူညီထားသည်ဟု ဆိုသည်။

၄၅ ထပ်မြင့်မားသော Huntington Building ကို 200 Public Square ဟုလည်း လူသိများသည်။

ကိုဗစ်ကပ်ဘေးနှင့် အလုပ်ခွင်၏အဝေးမှ အလုပ်လုပ်ကိုင်ခြင်း (Remote Working) များ များပြားလာမှု တို့ကြောင့် ရုံးခန်းအဆောက်အအုံများမှာ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရသည်။

ထိုအချက်မှာ ဤအဆောက်အအုံကြီးအား ဈေးအလွန်လျှော့ရောင်းချခဲ့ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်မှာ ကြမ်းခင်းဧရိယာ စတုရန်းပေ ၁ ဒသမ ၂၆ သန်းရှိသော မိုးမျှော်တိုက်ကြီးကို ကန်ဒေါ်လာ ၆၅ သန်းဖြင့် အရောင်းအဝယ်လုပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုဈေးအရဆိုလျှင် ၁ စတုရန်းပေလျှင် ၅၂ ဒေါ်လာသာ ကျသင့်မည် ဖြစ်သည်။

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် ၃၈ နှစ် သက်တမ်းရှိပြီဖြစ်သော ဤမိုးမျှော်တိုက်ကြီးကို လွန်ခဲ့သော ၅ နှစ်ကျော်က ကန်ဒေါ်လာ ၁၈၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖူးသည်။

သို့သော် ဤမိုးမျှော်တိုက်ကြီးကို Cuyahoga ခရိုင်က အကောက်ခွန်အတွက် ရာဖြတ်တန်ဖိုး သတ်မှတ်ထား မှုမှာ ကန်ဒေါ်လာ ၁၃၆,၆၉၂,၁၀၀ ဖြစ်ပြီး ယခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၈၈ သန်း အခွန်ပေးဆောင် ရမည် ဖြစ်သည်။

ယခုအရောင်းအဝယ် တန်ဖိုးအရ 200 Public Square မိုးမျှော်တိုက်ကြီး၏ အခွန်ရငွေ ဒေါ်လာ ၂ ဒသမ ၃ သန်းခန့် ဆုံးရှုံးမည် ဖြစ်သည်။

အဆိုပါ အခွန်ငွေမှာ ကလိဗ်လန်းမှ စာသင်ကျောင်းများ ၊ ပန်းခြံများနှင့် စာကြည့်တိုက်များအကြား ခွဲဝေ သုံးစွဲခြင်း ဖြစ်သည်။

မိုးမျှော်တိုက်ကြီးအား ဈေးလျှော့ရောင်းရသည့် အခြားအကြောင်းရင်းမှာ ယခုအရောင်းအဝယ်တွင် မိုးမျှော်တိုက်ကြီးနှင့် တွဲဆက်တည်ရှိသော ကားရပ်နားရာ ဂိုဒေါင် မပါဝင်သောကြောင့်လည်း ဖြစ်သည်။

အဆိုပါ ကားဂိုဒေါင်၏ အိမ်ခြံမြေအခွန်တွင် ဖော်ပြသော တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၁ သန်း ဖြစ်သည်။

ဂိုဒေါင်၏ ပိုင်ရှင်အမည်ပေါက်မှာ မိုးမျှော်တိုက်ကြီးနှင့် ဂိုဒေါင်တို့ကို ၂၀၁၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့သော ဖက်စပ်ကုမ္ပဏီ G&I IX 200 Public Square LLC က ဆက်လက်ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

 

(ကလိဗ်လန်းမြို့လယ်မှ ၄၅ ထပ် Huntington Building မိုးမျှော်တိုက်ကြီး။ ဓာတ်ပုံ-Adam Greene)

 

 

(ဆက်စပ်သတင်း)

အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဂရန့်ကာဒွန်းက အမေရိကတွင် အိမ်ခြံမြေဈေးများ အကြီးအကျယ်ထိုးကျမည်ဖြစ်ပြီး ရုံးခန်းနှင့် လူနေခန်းများ၏ဈေးနှုန်းများ အလွန်ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်မည်ဟု ဟောကိန်းထုတ်

https://www.imyanmarhouse.com/news/read/1093386

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Downtown Cleveland skyscraper sells cheap (neo-trans)

 

 

 

 

 

 

[Zawgyi]

 

အေမရိကန္ျပည္ ၊ ကလိဗ္လန္းျမဳိ႕လယ္ရွိ မိုးေမွ်ာ္တုိက္ၾကီး မယံုႏိုင္ဖြယ္ နည္းပါးလွေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်

 

အေမရိကန္ျပည္ေထာင္စု ၊ ကလိဗ္လန္းျမဳိ႕၏ တတိယအျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးကို နယူးေယာက္ျမဳိ႕ အေျခစိုက္ ဝယ္လက္တစ္ဦးအား ေရာင္းခ်ရန္ သေဘာတူညီထားသည္ဟု ဆိုသည္။

၄၅ ထပ္ျမင့္မားေသာ Huntington Building ကို 200 Public Square ဟုလည္း လူသိမ်ားသည္။

ကုိဗစ္ကပ္ေဘးႏွင့္ အလုပ္ခြင္၏အေဝးမွ အလုပ္လုပ္ကိုင္ျခင္း (Remote Working) မ်ား မ်ားျပားလာမႈ တို႔ေၾကာင့္ ရံုးခန္းအေဆာက္အအံုမ်ားမွာ ၾကီးမားေသာ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆုိင္လာရသည္။

ထိုအခ်က္မွာ ဤအေဆာက္အအံုၾကီးအား ေစ်းအလြန္ေလွ်ာ့ေရာင္းခ်ခဲ့ရသည့္ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္သည္။

အမည္မေဖာ္လိုေသာ သတင္းရင္းျမစ္တစ္ဦးက ေျပာၾကားသည္မွာ ၾကမ္းခင္းဧရိယာ စတုရန္းေပ ၁ ဒသမ ၂၆ သန္းရွိေသာ မိုးေမွ်ာ္တိုက္ၾကီးကို ကန္ေဒၚလာ ၆၅ သန္းျဖင့္ အေရာင္းအဝယ္လုပ္ရန္ သေဘာတူခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ထိုေစ်းအရဆိုလွ်င္ ၁ စတုရန္းေပလွ်င္ ၅၂ ေဒၚလာသာ က်သင့္မည္ ျဖစ္သည္။

ႏိႈင္းယွဥ္ခ်က္အားျဖင့္ ၾကည့္မည္ဆိုလွ်င္ ၃၈ ႏွစ္ သက္တမ္းရွိျပီျဖစ္ေသာ ဤမိုးေမွ်ာ္တိုက္ၾကီးကို လြန္ခဲ့ေသာ ၅ ႏွစ္ေက်ာ္က ကန္ေဒၚလာ ၁၈၇ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ဖူးသည္။

သို႔ေသာ္ ဤမိုးေမွ်ာ္တိုက္ၾကီးကို Cuyahoga ခရိုင္က အေကာက္ခြန္အတြက္ ရာျဖတ္တန္ဖိုး သတ္မွတ္ထား မႈမွာ ကန္ေဒၚလာ ၁၃၆,၆၉၂,၁၀၀ ျဖစ္ျပီး ယခုႏွစ္အတြင္း ကန္ေဒၚလာ ၄ ဒသမ ၈၈ သန္း အခြန္ေပးေဆာင္ ရမည္ ျဖစ္သည္။

ယခုအေရာင္းအဝယ္ တန္ဖုိးအရ 200 Public Square မိုးေမွ်ာ္တိုက္ၾကီး၏ အခြန္ရေငြ ေဒၚလာ ၂ ဒသမ ၃ သန္းခန္႔ ဆံုးရံႈးမည္ ျဖစ္သည္။

အဆိုပါ အခြန္ေငြမွာ ကလိဗ္လန္းမွ စာသင္ေက်ာင္းမ်ား ၊ ပန္းျခံမ်ားႏွင့္ စာၾကည့္တုိက္မ်ားအၾကား ခြဲေဝ သံုးစြဲျခင္း ျဖစ္သည္။

မိုးေမွ်ာ္တိုက္ၾကီးအား ေစ်းေလွ်ာ့ေရာင္းရသည့္ အျခားအေၾကာင္းရင္းမွာ ယခုအေရာင္းအဝယ္တြင္ မိုးေမွ်ာ္တိုက္ၾကီးႏွင့္ တြဲဆက္တည္ရွိေသာ ကားရပ္နားရာ ဂိုေဒါင္ မပါဝင္ေသာေၾကာင့္လည္း ျဖစ္သည္။

အဆုိပါ ကားဂိုေဒါင္၏ အိမ္ျခံေျမအခြန္တြင္ ေဖာ္ျပေသာ တန္ဖုိးမွာ ကန္ေဒၚလာ ၁၀ ဒသမ ၁ သန္း ျဖစ္သည္။

ဂိုေဒါင္၏ ပိုင္ရွင္အမည္ေပါက္မွာ မိုးေမွ်ာ္တိုက္ၾကီးႏွင့္ ဂိုေဒါင္တို႔ကို ၂၀၁၈ ခုႏွစ္ကတည္းက ပိုင္ဆိုင္ခဲ့ေသာ ဖက္စပ္ကုမၸဏီ G&I IX 200 Public Square LLC က ဆက္လက္ပိုင္ဆိုင္ထားသည္ဟု ဆိုသည္။

(ကလိဗ္လန္းျမဳိ႕လယ္မွ ၄၅ ထပ္ Huntington Building မိုးေမွ်ာ္တိုက္ၾကီး။ ဓာတ္ပံု-Adam Greene)

 

(ဆက္စပ္သတင္း)

အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး ဂရန္႔ကာဒြန္းက အေမရိကတြင္ အိမ္ျခံေျမေစ်းမ်ား အၾကီးအက်ယ္ထုိးက်မည္ျဖစ္ျပီး ရံုးခန္းႏွင့္ လူေနခန္းမ်ား၏ေစ်းႏႈန္းမ်ား အလြန္ေစ်းသက္သာစြာျဖင့္ ဝယ္ယူႏိုင္မည္ဟု ေဟာကိန္းထုတ္

https://www.imyanmarhouse.com/news/read/1093386

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Downtown Cleveland skyscraper sells cheap (neo-trans)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service