Avator ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး Zoe Saldana ကယ်လီဖိုးနီးယားရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် မြို့တွင်းတွင် ခင်ပွန်းနှင့်အတူ လည်ပတ်ခဲ့
Avator ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး Zoe Saldana ကယ်လီဖိုးနီးယားရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် မြို့တွင်းတွင် ခင်ပွန်းနှင့်အတူ လည်ပတ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
4 Jan 2024 3:39 pm တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဇိုး ဆယ်လ်ဒါးနား (Zoe Saldana) သည် ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတို မြို့တွင် စံအိမ်သစ်တစ်လုံး ဝယ်ယူလိုက်ပြီးနောက် ထိုမြို့တွင် ခင်ပွန်းနှင့်အတူ လည်ပတ်ခဲ့ကြကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဇိုး ဆယ်လ်ဒါးနား (Zoe Saldana) (မွေး ၁၉၇၈) သည် အမေရိကန်ရုပ်ရှင်မင်းသမီးဖြစ်ပြီး သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ၄ ခုတွင် ပါဝင် သရုပ်ဆောင်ခဲ့ရာ Avatar, Avatar:The Way of Water, Avengers:Infinity War နှင့် Avengers:Endgame တို့ ဖြစ်ကြသည်။
၂၀၂၃ ခုနှစ်အတွင်း Time မဂ္ဂဇင်းကြီးက ဖော်ပြခဲ့သော ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဆယ်လ်ဒါးနားကို ထည့်သွင်း ဖော်ပြခဲ့သည်။
အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဇိုး ဆယ်လ်ဒါးနားတို့ မိသားစုသည် မွန်တီစီတိုမြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
မွန်တီစီတိုသည် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ ၊ အော်ပရာဝင်းဖရေး ၊Ellen DeGeneres နှင့် Portia de Rossi တို့၏ စံအိမ်များ တည်ရှိသောနေရာလည်း ဖြစ်သည်။
ကလေး ၃ ယောက်မိခင် ဆယ်လ်ဒါးနားသည် အသက် ၄၄ နှစ်အရွယ်ရှိ ခင်ပွန်းဖြစ်သူ Marco Perego နှင့် လက်ချင်းတွဲကာ မွန်တီစီတိုရှိ လယ်သမားဈေးသို့ လာရောက်လည်ပတ်ခဲ့ကြသည်။
ဆယ်လ်ဒါးနားမှာ အသားကပ်ဂျင်းဘောင်းဘီကို အညိုရောင်ဘွတ်ဖိနပ်ထဲသို့ ထည့်ကာ ဝတ်ဆင်ထားပြီး အပြာတောက်တောက် ကြယ်သီးများနှင့် အဖြူစင်းများပါသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။
ခင်ပွန်းဖြစ်သူ မာကိုမှာ ဂျင်းဘောင်းဘီ၊ အနက်ရောင်တီရှပ်နှင့် အနက်ရောင် အနွေးထည်ကို ဝတ်ဆင်ထားသည်။
နှစ်ဦးလုံးမှာ အိတ်များကိုယ်စီဆွဲကာ ၎င်းတို့၏ ကားဆီသို့ သွားနေကြပုံ တွေ့ရသည်။
(မွန်တီစီတိုမြို့တွင် ဆယ်လ်ဒါးနားတို့စုံတွဲ လည်ပတ်ခဲ့ကြပုံ။)
(အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဇိုး ဆယ်လ်ဒါးနားတို့ မိသားစုသည် မွန်တီစီတိုမြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ မွန်တီစီတိုသည် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ ၊ အော်ပရာဝင်းဖရေး ၊ Ellen DeGeneres နှင့် Portia de Rossi တို့၏ စံအိမ်များ တည်ရှိသောနေရာလည်း ဖြစ်သည်။)
ဆယ်လ်ဒါးနားသည် ဆန်တာဘာဘရာသို့ မပြောင်းရွှေ့မီ ဘီဗာလီဟေးစ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့သည်။
(ဆယ်လ်ဒါးနားသည် ဘီဗာလီဟေးစ် စံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Zillow ဝက်ဘ်ဆိုက်က ဖော်ပြသည်။)
(ဆယ်လ်ဒါးနားတို့ စုံတွဲ၏ အိမ်ထောင်သက်မှာ ၁၀ နှစ်ရှိပြီဖြစ်ပြီး သား ၃ ဦး ထွန်းကားထားသည်။)
(ဆယ်လ်ဒါးနားတို့ စုံတွဲတွင် အသက် ၈ နှစ်အရွယ်ရှိ Cy နှင့် Bowie အမည်ရှိ အမြွှာ ၂ ဦးနှင့် Zen အမည်ရှိ ၆ နှစ်အရွယ်တစ်ဦး ထွန်းကားထားသည်။)
(ဆယ်လ်ဒါးနားတို့စုံတွဲ လည်ပတ်ခဲ့ကြပုံ။)
(ဆက်စပ်သတင်း)
ဂျိမ်းစ် ကင်မရွန်၏ Avatar ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ရုပ်ရှင်မင်းသမီး Zoe Saldana လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်
https://www.imyanmarhouse.com/news/read/1085183
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Zoe Saldana Drops $17 Million on a Grand Old Montecito Estate (robbreport)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service