ဘူတန်ဘုရင်က ဘူတန်-အိန္ဒိယနယ်စပ်တွင် စတုရန်းကီလိုမီတာ ၁၀၀၀ ကျယ်ဝန်းသော သတိသမ္ပဇဉ် အမည်ရှိ မြို့သစ်ကြီး တည်ဆောက်မည် ၊ ဒိန်းမတ်နှင့် စင်္ကာပူဗိသုကာအဖွဲ့များက ဒီဇိုင်းရေးဆွဲပေးထား
ဘူတန်ဘုရင်က ဘူတန်-အိန္ဒိယနယ်စပ်တွင် စတုရန်းကီလိုမီတာ ၁၀၀၀ ကျယ်ဝန်းသော သတိသမ္ပဇဉ် အမည်ရှိ မြို့သစ်ကြီး တည်ဆောက်မည် ၊ ဒိန်းမတ်နှင့် စင်္ကာပူဗိသုကာအဖွဲ့များက ဒီဇိုင်းရေးဆွဲပေးထား - Property News in Myanmar from iMyanmarHouse.com
3 Jan 2024 12:09 pm တွင် တင်ခဲ့သည်
1469 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟိမဝန္တာတောင်တန်းကြီးပေါ်မှ နိုင်ငံငယ်လေးဖြစ်သော ဘူတန်သည် Switzerland of Asia ဟု လူသိများပြီး ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးနိုင်ငံဟုလည်း ထင်ရှားခဲ့သည်။
(မှတ်ချက်။ ၂၀၂၃ ခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်မှာ ဖင်လန်နိုင်ငံဖြစ်ပြီး ဒုတိယနှင့် တတိယနေရာများတွင် ဒိန်းမတ်နှင့် အိုက်စလန်တို့ ရပ်တည်နေသည်)
ယခုအခါ ဘူတန်ဘုရင်က စီးပွားရေးဗဟိုချက်မြို့တော်သစ်ကြီးအဖြစ် ရည်ရွယ်ကာ ဆောက်လုပ်မည့် စတုရန်းကီလိုမီတာ ၁၀၀၀ ကျယ်ဝန်းမည်ဖြစ်သော မြို့သစ်စီမံကိန်း masterplan ကို ချပြလာသည်။
မြို့သစ်ကြီးကို ဒိန်းမတ်နိုင်ငံမှ Bjarke Ingels Group (BIG) ၊ Arup နှင့် စင်္ကာပူအခြေစိုက် Cistri ဗိသုကာအဖွဲ့တို့က ဒီဇိုင်းရေးဆွဲပေးထားသည်။
မြို့သစ်ကြီးကို သတိသမ္ပဇဉ် (Mindfulness) ဟု အမည်ပေးထားသည်။
ဘူတန်၏ ယဉ်ကျေးမှုနှင့် ခိုင်မာသော စိတ်ဝိဉာဉ်အမွေအနှစ်၊ အမျိုးသားပျော်ရွှင်မှုညွှန်းကိန်းတို့နှင့် သဟဇာတဖြစ်မည့် Gelephu အထူးအုပ်ချုပ်ရေးဒေသ (SAR) အဖြစ် ရည်ရွယ်ကာ ဆောက်လုပ်သွားမည် ဖြစ်သည်။
ထို SAR သည် တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေမည့် နည်းပညာ၊ ပညာရေးနှင့် အခြေခံအဆောက်အအုံတို့မှတဆင့် နိုင်ငံသားများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးရန် အခြေခံအုတ်မြစ်အဖြစ် ရည်ရွယ်တည်ထောင်ခြင်း ဖြစ်သည်။
၁၁၆ ကြိမ်မြောက် အမျိုးသားနေ့မိန့်ခွန်းတွင် ဘူတန်ဘုရင် Wangchuck က ယခုမြို့သစ်ကြီး တည်ဆောက် မည့် စီမံကိန်းကို ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ဤမြို့သစ်ကြီးသည် အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်များမှတဆင့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကို ဆက်သွယ်ပေးမည့် စီးပွားရေးစင်္ကြန်အဖြစ် ရည်ရွယ်ထားသည်။
BIG ဗိသုကာအဖွဲ့မှ Landscape and Urban Design Team မှ ရေးဆွဲထားသော masterplan တွင် Vajrayana ဘာသာရေးစင်တာ၊ နိုင်ငံတကာလေဆိပ်၊ ရထားလမ်းကွန်ရက်များ၊ ရေအားလျှပ်စစ်ဆည်တစ်ခုနှင့် အများပြည်သူဆိုင်ရာနေရာများကို အမျိုးသားပျော်ရွှင်မှုညွှန်းကိန်း၏ ဒေါက်တိုင် ၉ ခုအပေါ် အခြေခံကာ ရေးဆွဲထားသည်။
တောင်တန်းများ၊ သစ်တောများ၊ မြစ်များအကြား တည်ရှိသော ဘူတန်သည် ကမ္ဘာပေါ်တွင် ဇီဝမျိုးကွဲ အစုံလင်ဆုံး နောက်ဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
နိုင်ငံဧရိယာ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ သစ်တောတို့ဖြင့် ဖုံးလွှမ်းထားသည်။
အချင်းချင်းချိတ်ဆက်နေသော ဂေဟစနစ်များနှင့် ဒေသတွင်းစီးဆင်းနေသော မြစ်များ၊ စမ်းချောင်းများ ၃၅ ခုဖြင့် ဖွဲ့စည်းထားသည့် ဒေသများ၏ ရောင်စုံပန်းချီကားတစ်ချပ်အဖြစ် ပေါ်ပေါက်လာစေကာ တိုင်းပြည်၏ ဇီဝမျိုးကွဲစုံလင်မှုကို မြှင့်တင်ပေးရန် Mindfulness မြို့သစ်ကြီးတည်ထောင်မှုဖြင့် ရည်မှန်းထားသည်။
ဒေသထွက်ကုန်များဖြစ်သော သစ်၊ ကျောက်နှင့် ဝါးတို့ကို မြို့တော်တည်ဆောက်ရာတွင် အသုံးပြုသွားမည် ဖြစ်သည်။
Rabsel ဟု ခေါ်သော ဘူတန်ရိုးရာ အလှဆင်ပြတင်းများ၊ နဖူးစည်းများနှင့် အမိုးဟန်ပန်များ အစရှိသည့် ဒေသန္တရ မွမ်းမံပုံများကို အသုံးပြုသွားမည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: King of Bhutan unveils masterplan for Mindfulness City, designed by BIG, Arup and Cistri (cladglobal)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service