Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) iMyanmarHouse ၊ CarsDB တို့ပူးပေါင်းပြီးနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲပြုလုပ်

Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) iMyanmarHouse ၊ CarsDB တို့ပူးပေါင်းပြီးနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲပြုလုပ် - Property News in Myanmar from iMyanmarHouse.com
2 Jan 2024 3:04 pm တွင် တင်ခဲ့သည်
1502 ကြိမ် ကြည့်ရှု့ပြီး

[Unicode] 

 

စင်ကာပူနိုင်ငံအခြေဆိုက်စီးပွားရေးလုပ်ငန်းရှင်တွေပူးပေါင်းဖွဲ့စည်းထားတဲ့ Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) နဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေနဲ့ကားရောင်းဝယ်ငှားဝဘ်ဆိုက် iMyanmarHouse ၊ CarsDB တို့ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာလ (၂၈) ရက်နေ့ ညနေ (၆) နာရီက ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အဲဒီပွဲမှာ Singapore Myanmar Chamber of Commerce and Industry (SMyCCI)က ဥက္ကဋ္ဌ ဦးညီညီထွန်း ၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)ရဲ့ ဥက္ကဋ္ဌ ဦးဇော်ထိုက်အေး၊ အိမ်ခြံမြေနဲ့ ကားရောင်းဝယ်ရေးဝဘ်ဆိုက် iMyanmarHouse နဲ့ CarsDB တို့ရဲ့ CEO ဦးနေမင်းသူတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။

“ ကျွန်တော်တို့အသင်း (SMyCCI) ဟာ စင်ကာပူနိုင်ငံမှာ တရားဝင်တည်ထောင်ထားတဲ့ မြန်မာကို ကိုယ်စားပြုတဲ့ Chamber of Commerce ဖြစ်ပါတယ်။ အခု (MOU) လက်မှတ်ရေးထိုးပွဲဟာ ကျွန်တော်တို့နဲ့ ရည်ရွယ်ချက်ခြင်းတူတဲ့ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) ရဲ့အသင်းဝင်တွေအတွက် အသင်းနှစ်ခုပူးပေါင်းပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာဖြစ်ပါတယ်။ ပြီးတော့ကျွန်တော်တို့အသင်းကို Media ပိုင်းကနေ ကူညီပေးဖို့ iMyanmarHouse နဲ့ CarsDB တို့ကနေ SMyCCI ရဲ့ Official Media Partner အဖြစ် ပံ့ပိုးကူညီပါတယ်။ အဲဒီအတွက် (MOU) ထိုးရခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အလားတူအသင်းတွေနဲ့လည်း ကျွန်တော်တို့နားလည်မှုစာချွန်လွှာ ရေးထိုးမယ်။ အဓိကကတော့ ကျွန်တော်တို့ အသင်းသားတွေရဲ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာလုပ်ငန်းရှင်တွေ ကြုံလာတဲ့ အခက်အခဲတွေဖြေရှင်းနိုင်ဖို့နဲ့ တခြားပံ့ပိုးမှုတွေကို ကျွန်တော်တို့က ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ လို့ Singapore Myanmar Chamber of Commerce and Industry (SMyCCI) ဥက္ကဋ္ဌ ဦးညီညီထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ကားအသင်းတည်ထောင်ခဲ့တာ (၂၀၁၂) ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တည်ထောင်ခဲ့တဲ့အထဲမှာလည်း အရောင်းစင်တာတွေ အရောင်းပြခန်းတွေပါဝင်ပါတယ်။ အဲဒီတုန်းက အရောင်းစင်တာပေါင်း(၃၀၀)ကျော်လောက်က စင်ကာပူမှာ ကုမ္ပဏီဖွင့်ပြီး တင်သွင်းခဲ့တာပါ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့နဲ့ စင်ကာပူလုပ်ငန်းရှင်တွေ အများကြီးမဝေးကွာပါဘူး။ လက်ရှိအချိန်အထိ စင်ကာပူမှာ ရပ်တည်နေသေးတဲ့သူတွေလည်း ရှိပါသေးတယ်။ နောက်လည်းဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) ရဲ့ ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးကပြောပါတယ်။

ဆက်လက်ပြီး iMyanmarHouse နဲ့ CarsDB တို့ရဲ့ CEO ဦးနေမင်းသူက “ကျွန်တော်တို့မြန်မာနိုင်ငံဟာ အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ သယံဇာတတွေ ပေါကြွယ်ဝတယ်။ စီးပွားရေးကဏ္ဍအသီးသီးမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီလို ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကို ပေါင်းစည်းခွင့်ပေးပြီး စီးပွားရေးအခွင့်အလမ်း များစွာကို ဖန်တီးပေးနိုင်မယ့် ဒီလို MOU ရေးထိုးပွဲကို ဖန်တီးပေးတဲ့ SMyCCI ကို အထူးကျေးဇူးတင်ပါတယ်။ Official Media Partner အဖြစ် ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း iMyanmarHouse နဲ့ CarsDB တို့ရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

Singapore Myanmar Chamber of Commerce and Industry (SMyCCI) ဟာ အသင်းဝင်တွေဖြစ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးသွားမှာဖြစ်ပြီး လုပ်ငန်းခြင်းတူတဲ့ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Singapore Myanmar Chamber of Commerce and Industry (SMyCCI)က ဥက္ကဋ္ဌ ဦးညီညီထွန်းကပြောကြားခဲ့ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

 

 

[Zawgyi] 

Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရး လုပ္ငန္း႐ွင္မ်ားအသင္း (MAMDA) iMyanmarHouse ၊ CarsDB တို႔ပူးေပါင္းၿပီးနားလည္မႈစာခြၽန္လႊာ (MOU) လက္မွတ္ေရးထိုးပြဲျပဳလုပ္

စင္ကာပူႏိုင္ငံအေျခဆိုက္စီးပြားေရးလုပ္ငန္း႐ွင္ေတြပူးေပါင္းဖြဲ႕စည္းထားတဲ့ Singapore Myanmar Chamber of Commerce and Industry (SMyCCI) ၊ ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရး လုပ္ငန္း႐ွင္မ်ားအသင္း (MAMDA) နဲ႔ ျမန္မာႏိုင္ငံရဲ႕ အိမ္ျခံေျမနဲ႔ကားေရာင္းဝယ္ငွားဝဘ္ဆိုက္ iMyanmarHouse ၊ CarsDB တို႔ပူးေပါင္းၿပီး နားလည္မႈစာခြၽန္လႊာ (MOU) လက္မွတ္ေရးထိုးပြဲကို ဒီဇင္ဘာလ (၂၈) ရက္ေန႔ ညေန (၆) နာရီက ရန္ကုန္ၿမိဳ႕ Pan Pacific ဟိုတယ္မွာက်င္းပျပဳလုပ္ခဲ့ပါတယ္။

အဲဒီပြဲမွာ Singapore Myanmar Chamber of Commerce and Industry (SMyCCI)က ဥကၠ႒ ဦးညီညီထြန္း ၊ ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရး လုပ္ငန္း႐ွင္မ်ားအသင္း (MAMDA)ရဲ႕ ဥကၠ႒ ဦးေဇာ္ထိုက္ေအး၊ အိမ္ျခံေျမနဲ႔ ကားေရာင္းဝယ္ေရးဝဘ္ဆိုက္ iMyanmarHouse နဲ႔ CarsDB တို႔ရဲ႕ CEO ဦးေနမင္းသူတို႔က အဖြင့္အမွာစကားေျပာၾကားခဲ့ၾကပါတယ္။

“ ကြၽန္ေတာ္တို႔အသင္း (SMyCCI) ဟာ စင္ကာပူႏိုင္ငံမွာ တရားဝင္တည္ေထာင္ထားတဲ့ ျမန္မာကို ကိုယ္စားျပဳတဲ့ Chamber of Commerce ျဖစ္ပါတယ္။ အခု (MOU) လက္မွတ္ေရးထိုးပြဲဟာ ကြၽန္ေတာ္တို႔နဲ႔ ရည္႐ြယ္ခ်က္ျခင္းတူတဲ့ ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရး လုပ္ငန္း႐ွင္မ်ားအသင္း (MAMDA) ရဲ႕အသင္းဝင္ေတြအတြက္ အသင္းႏွစ္ခုပူးေပါင္းၿပီး နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးတာျဖစ္ပါတယ္။ ၿပီးေတာ့ကြၽန္ေတာ္တို႔အသင္းကို Media ပိုင္းကေန ကူညီေပးဖို႔ iMyanmarHouse နဲ႔ CarsDB တို႔ကေန SMyCCI ရဲ႕ Official Media Partner အျဖစ္ ပံ့ပိုးကူညီပါတယ္။ အဲဒီအတြက္ (MOU) ထိုးရျခင္းျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့ အလားတူအသင္းေတြနဲ႔လည္း ကြၽန္ေတာ္တို႔နားလည္မႈစာခြၽန္လႊာ ေရးထိုးမယ္။ အဓိကကေတာ့ ကြၽန္ေတာ္တို႔ အသင္းသားေတြရဲ႕အက်ိဳးအတြက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ စင္ကာပူမွာ႐ွိတဲ့ ျမန္မာလုပ္ငန္း႐ွင္ေတြ ၾကဳံလာတဲ့ အခက္အခဲေတြေျဖ႐ွင္းႏိုင္ဖို႔နဲ႔ တျခားပံ့ပိုးမႈေတြကို ကြၽန္ေတာ္တို႔က ကူညီေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္’’ လို႔ Singapore Myanmar Chamber of Commerce and Industry (SMyCCI) ဥကၠ႒ ဦးညီညီထြန္းက ေျပာပါတယ္။

 “ ကြၽန္ေတာ္တို႔ကားအသင္းတည္ေထာင္ခဲ့တာ (၂၀၁၂) ခုႏွစ္ကတည္းက တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ တည္ေထာင္ခဲ့တဲ့အထဲမွာလည္း အေရာင္းစင္တာေတြ အေရာင္းျပခန္းေတြပါဝင္ပါတယ္။ အဲဒီတုန္းက အေရာင္းစင္တာေပါင္း(၃၀၀)ေက်ာ္ေလာက္က စင္ကာပူမွာ ကုမၸဏီဖြင့္ၿပီး တင္သြင္းခဲ့တာပါ။ အဲဒီအတြက္ေၾကာင့္ ကြၽန္ေတာ္တို႔နဲ႔ စင္ကာပူလုပ္ငန္း႐ွင္ေတြ အမ်ားႀကီးမေဝးကြာပါဘူး။ လက္႐ွိအခ်ိန္အထိ စင္ကာပူမွာ ရပ္တည္ေနေသးတဲ့သူေတြလည္း ႐ွိပါေသးတယ္။ ေနာက္လည္းဆက္ၿပီး ပူးေပါင္းလုပ္ေဆာင္သြားဖို႔႐ွိပါတယ္” လို႔ ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရး လုပ္ငန္း႐ွင္မ်ားအသင္း (MAMDA) ရဲ႕ ဥကၠ႒ ဦးေဇာ္ထိုက္ေအးကေျပာပါတယ္။ 

ဆက္လက္ၿပီး iMyanmarHouse နဲ႔ CarsDB တို႔ရဲ႕ CEO ဦးေနမင္းသူက “ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံဟာ အခြင့္အလမ္းေတြအမ်ားႀကီး႐ွိပါတယ္။ သယံဇာတေတြ ေပါႂကြယ္ဝတယ္။ စီးပြားေရးက႑အသီးသီးမွာ ဆက္လက္ဖြံ႕ၿဖိဳးတိုးတက္မယ္ဆိုတာ ယုံၾကည္ပါတယ္။ ဒီလို ကြၽန္ေတာ္တို႔ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ႏိုင္ငံတကာရဲ႕ အကူအညီေတြ အမ်ားႀကီး လိုအပ္ပါတယ္။ ျပည္တြင္းစီးပြားေရးလုပ္ငန္း႐ွင္ေတြနဲ႔ ျပည္ပစီးပြားေရးလုပ္ငန္း႐ွင္ေတြကို ေပါင္းစည္းခြင့္ေပးၿပီး စီးပြားေရးအခြင့္အလမ္း မ်ားစြာကို ဖန္တီးေပးႏိုင္မယ့္ ဒီလို MOU ေရးထိုးပြဲကို ဖန္တီးေပးတဲ့ SMyCCI ကို အထူးေက်းဇူးတင္ပါတယ္။ Official Media Partner အျဖစ္ ေဆာင္႐ြက္ခြင့္ရတဲ့အတြက္လည္း iMyanmarHouse နဲ႔ CarsDB တို႔ရဲ႕ ကိုယ္စား ေက်းဇူးတင္ပါတယ္” လို႔ ေျပာပါတယ္။

Singapore Myanmar Chamber of Commerce and Industry (SMyCCI) ဟာ အသင္းဝင္ေတြျဖစ္တဲ့ ျမန္မာစီးပြားေရးလုပ္ငန္း႐ွင္ေတြ ၾကဳံေတြ႕လာမယ့္ အခက္အခဲေတြကို ကူညီေျဖ႐ွင္းေပးသြားမွာျဖစ္ၿပီး လုပ္ငန္းျခင္းတူတဲ့ကိစၥရပ္ေတြမွာ ပူးေပါင္းေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္လို႔ Singapore Myanmar Chamber of Commerce and Industry (SMyCCI)က ဥကၠ႒ ဦးညီညီထြန္းကေျပာၾကားခဲ့ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service