အိမ်ငှားခပေးနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ကြရသော အမေရိကန်နိုင်ငံသားများ အချိန်မတန်မီ ဆုံးပါးကြရ ကြောင်း Social Science & Medicine ဂျာနယ်က လေ့လာတွေ့ရှိ

အိမ်ငှားခပေးနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ကြရသော အမေရိကန်နိုင်ငံသားများ အချိန်မတန်မီ ဆုံးပါးကြရ ကြောင်း Social Science & Medicine ဂျာနယ်က လေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
29 Dec 2023 10:36 am တွင် တင်ခဲ့သည်
657 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

လူအများလေးစားကြသော Social Science & Medicine ဂျာနယ်တွင် လေ့လာတွေ့ရှိချက်သစ်တစ်ရပ်ကို မကြာသေးမီက ဖော်ပြခဲ့ရာ နေထိုင်မှုကုန်ကျစရိတ်များပြားခြင်းနှင့် အချိန်မတန်မီ ကွယ်လွန်မှုတို့အကြား အပြန်အလှန်ဆက်နွှယ်မှုရှိနေကြောင်း တွေ့ရှိလာရကြောင်း နယူးယောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပရင်စတန်တက္ကသိုလ်မှ သုတေသနပညာရှင်များနှင့် အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ စီးပွားရေးလေ့လာမှု စင်တာတို့ ပူးပေါင်းလေ့လာချက်အရ မတန်တဆများပြားလှသော အိမ်ငှားခ ဝန်ထုပ်ဝန်ပိုး၏ အကျိုးဆက်များ အနေဖြင့် အသက်တာကို ခြိမ်းခြောက်လာသည့် အံ့အားသင့်ဖွယ် လားရာကို ဖော်ထုတ်နိုင် ခဲ့ကြသည်။

 

 

၂၀၀၀ ပြည့်နှစ်အတွင်း မိမိတို့ဝင်ငွေ၏ ထက်ဝက်ကို အိမ်ငှားခအတွက် အသုံးပြုခဲ့ရသူများသည် ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကိုသာ အိမ်ငှားခအတွက် သုံးရသူများနှင့် နှိုင်းယှဉ်လျှင် နောင် ၁၀ စုနှစ် ၂ ခုအတွင်း သေဆုံးနိုင်ချေ ၉ ရာခိုင်နှုန်းအထိ မယုံနိုင်ဖွယ် ပိုမိုများပြားနေသည်ဟူသော တုန်လှုပ်ဖွယ် အမှန်တရားကို တွေ့ရှိခဲ့ကြသည်။

မိမိဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းအထိ အိမ်ငှားခအတွက် သုံးစွဲရသူများမှာ နောင် ဆယ်စုနှစ် ၂ ခုအတွင်း ကွယ်လွန်နိုင်ချေ ၁၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာသည်။

ယခုလေ့လာမှုကို ဦးဆောင်သူ Nick Graetz သည် ပရင်စတန်တက္ကသိုလ် ပါရဂူဘွဲ့လွန် သုတေသနအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။

Nick Graetz က နေအိမ် အဖိုးအခနှင့် သေဆုံးနိုင်မှုအန္တရာယ်တို့အကြား ဆက်နွှယ်နေကြောင်း တွေ့ရှိမှုအပေါ် များစွာ အံ့အားသင့်ခဲ့သည်။

 

 

(၂၀၀၀ ပြည့်နှစ်အတွင်း မိမိတို့ဝင်ငွေ၏ ထက်ဝက်ကို အိမ်ငှားခအတွက် အသုံးပြုခဲ့ရသူများသည် နောင် ၁၀ စု နှစ် ၂ ခုအတွင်း ဆုံးပါးနိုင်ချေ ၉ ရာခိုင်နှုန်းအထိ ပိုမိုများပြားနေသည်။ ဓာတ်ပုံ-Shutterstock)

 

Nick Graetz က CNBC သတင်းဌာနသို့ “အိမ်လခမြင့်တက်မှုတွေကြောင့် လူတွေဘယ်လောက်များများ ရိုက်ခတ်ခံရလဲဆိုတာ ကျွန်တော်တို့ သုံးသပ်ကြည့်တဲ့အခါ ဧရာမ ပြဿနာကြီး ဖြစ်နေပါတယ်။ ဒါက ဖြစ်တောင့်ဖြစ်ခဲကိစ္စမျိုး မဟုတ်ပါဘူး”ဟု ပြောသည်။

အိမ်လခမြင့်တက်မှုနှုန်းသည် လုပ်အားခမြင့်တက်မှုနှုန်းထက် များစွာကျော်လွန်နေရာ သာမန် အမေရိကန် နိုင်ငံသားများမှာ ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်း (သို့မဟုတ်) ထို့ထက်ပိုသော ပမာဏကို အိမ်ငှားခတစ်ခုတည်း အတွက် သုံးစွဲနေကြရသည်။

၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၃၀၀၀၀ အောက်သာရှိသော အိမ်ငှားမိသားစု ၅ ခုလျှင် ၄ စုမှာ ကြီးမြင့်လှသော အိမ်ငှားခ ဝန်ထုပ်ဝန်ပိုးတို့ဖြင့် နပန်းလုံးခဲ့ရသည်။

သန်းခေါင်စာရင်းဗျူရိုမှ ကြီးမားကျယ်ပြန့်သော အချက်အလက်များကို အသုံးပြုပြီး ပရင်စတန် တက္ကသိုလ်မှ သုတေသီများသည် အိမ်ငှားတစ်ဦးချင်းကို ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး အသေးစိတ်ခြေရာခံ လေ့လာခဲ့ကြသည်။

မှတ်တမ်းသန်းပေါင်းများစွာကို ဆန်းစစ်လေ့လာခဲ့ပြီးနောက် အိမ်ငှားခ ဝန်ထုပ်ဝန်ပိုး၊ နေအိမ်မှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်မှုများ အစရှိသည်တို့နှင့် သေဆုံးမှုနှုန်းအကြား ဆက်စပ်နေကြောင်း ဝမ်းနည်းဖွယ် တွေ့ရှိခဲ့ရသည်။

 

 

နေအိမ်မှ နှင်ထုတ်မည်ဟူသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရပါက အချိန်မတန်မီ သေဆုံးမည့် အန္တရာယ် ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ဆိုသည်။

အကယ်၍ နေအိမ်မှ ထွက်ခွာရန် တရားရုံး၏ အမိန့်ချမှတ်မှုမျိုး ခံရပါက အချိန်မတန်မီ သေဆုံးမည့် အန္တရာယ် ၄၀ ရာခိုင်နှုန်းအထိ များပြားလာသည်။

မြင့်မားသော အိမ်ငှားခ ဝန်ထုပ်ဝန်ပိုးဖြင့် ရုန်းကန်နေရသော အိမ်ထောင်စုတို့၏ ကျန်းမာရေး အသုံးစရိတ်မှာ ၅၇ ရာခိုင်နှုန်းအထိ ရှိနေပြီး အိမ်ငှားခအတွက် ပူပန်စရာမလိုသူများနှင့် နှိုင်းယှဉ်လျှင် အစားအသောက်ဘက် တွင် ၁၇ ရာခိုင်နှုန်းသာ သုံးစွဲနိုင်ကြသည်။

အထူးသဖြင့် ကလေးတစ်ဖက်ဖြင့် ရုန်းကန်နေရသော မိသားစုများတွင် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Americans who struggle to afford rent are dying sooner: Study (nypost)

 

 

 

[Zawgyi]

 

အိမ္ငွားခေပးႏိုင္ရန္ ခက္ခက္ခဲခဲ ႐ုန္းကန္ၾကရေသာ အေမရိကန္ႏိုင္ငံသားမ်ား အခ်ိန္မတန္မီ ဆုံးပါးၾကရ ေၾကာင္း Social Science & Medicine ဂ်ာနယ္က ေလ့လာေတြ႕႐ွိ

 

လူအမ်ားေလးစားၾကေသာ Social Science & Medicine ဂ်ာနယ္တြင္ ေလ့လာေတြ႕႐ွိခ်က္သစ္တစ္ရပ္ကို မၾကာေသးမီက ေဖာ္ျပခဲ့ရာ ေနထိုင္မႈကုန္က်စရိတ္မ်ားျပားျခင္းႏွင့္ အခ်ိန္မတန္မီ ကြယ္လြန္မႈတို႔အၾကား အျပန္အလွန္ဆက္ႏႊယ္မႈ႐ွိေနေၾကာင္း ေတြ႕႐ွိလာရေၾကာင္း နယူးေယာက္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ပရင္စတန္တကၠသိုလ္မွ သုေတသနပညာ႐ွင္မ်ားႏွင့္ အေမရိကန္ သန္းေခါင္စာရင္းဗ်ဴ႐ို၏ စီးပြားေရးေလ့လာမႈ စင္တာတို႔ ပူးေပါင္းေလ့လာခ်က္အရ မတန္တဆမ်ားျပားလွေသာ အိမ္ငွားခ ဝန္ထုပ္ဝန္ပိုး၏ အက်ိဳးဆက္မ်ား အေနျဖင့္ အသက္တာကို ၿခိမ္းေျခာက္လာသည့္ အံ့အားသင့္ဖြယ္ လားရာကို ေဖာ္ထုတ္ႏိုင္ ခဲ့ၾကသည္။

၂၀၀၀ ျပည့္ႏွစ္အတြင္း မိမိတို႔ဝင္ေငြ၏ ထက္ဝက္ကို အိမ္ငွားခအတြက္ အသုံးျပဳခဲ့ရသူမ်ားသည္ ဝင္ေငြ၏ ၃၀ ရာခိုင္ႏႈန္းကိုသာ အိမ္ငွားခအတြက္ သုံးရသူမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ ေနာင္ ၁၀ စုႏွစ္ ၂ ခုအတြင္း ေသဆုံးႏိုင္ေခ် ၉ ရာခိုင္ႏႈန္းအထိ မယုံႏိုင္ဖြယ္ ပိုမိုမ်ားျပားေနသည္ဟူေသာ တုန္လႈပ္ဖြယ္ အမွန္တရားကို ေတြ႕႐ွိခဲ့ၾကသည္။

မိမိဝင္ေငြ၏ ၇၀ ရာခိုင္ႏႈန္းအထိ အိမ္ငွားခအတြက္ သုံးစြဲရသူမ်ားမွာ ေနာင္ ဆယ္စုႏွစ္ ၂ ခုအတြင္း ကြယ္လြန္ ႏိုင္ေခ် ၁၂ ရာခိုင္ႏႈန္းအထိ တိုးျမင့္လာသည္။

ယခုေလ့လာမႈကို ဦးေဆာင္သူ Nick Graetz သည္ ပရင္စတန္တကၠသိုလ္ ပါရဂူဘြဲ႕လြန္ သုေတသနအဖြဲ႕ဝင္ တစ္ဦးလည္းျဖစ္သည္။

Nick Graetz က ေနအိမ္ အဖိုးအခႏွင့္ ေသဆုံးႏိုင္မႈအႏၲရာယ္တို႔အၾကား ဆက္ႏႊယ္ေနေၾကာင္း ေတြ႕႐ွိမႈအေပၚ မ်ားစြာ အံ့အားသင့္ခဲ့သည္။

(၂၀၀၀ ျပည့္ႏွစ္အတြင္း မိမိတို႔ဝင္ေငြ၏ ထက္ဝက္ကို အိမ္ငွားခအတြက္ အသုံးျပဳခဲ့ရသူမ်ားသည္ ေနာင္ ၁၀ စု ႏွစ္ ၂ ခုအတြင္း ဆုံးပါးႏိုင္ေခ် ၉ ရာခိုင္ႏႈန္းအထိ ပိုမိုမ်ားျပားေနသည္။ ဓာတ္ပုံ-Shutterstock)

Nick Graetz က CNBC သတင္းဌာနသို႔ “အိမ္လချမင့္တက္မႈေတြေၾကာင့္ လူေတြဘယ္ေလာက္မ်ားမ်ား ႐ိုက္ခတ္ခံရလဲဆိုတာ ကြၽန္ေတာ္တို႔ သုံးသပ္ၾကည့္တဲ့အခါ ဧရာမ ျပႆနာႀကီး ျဖစ္ေနပါတယ္။ ဒါက ျဖစ္ေတာင့္ျဖစ္ခဲကိစၥမ်ိဳး မဟုတ္ပါဘူး”ဟု ေျပာသည္။

အိမ္လချမင့္တက္မႈႏႈန္းသည္ လုပ္အားချမင့္တက္မႈႏႈန္းထက္ မ်ားစြာေက်ာ္လြန္ေနရာ သာမန္ အေမရိကန္ ႏိုင္ငံသားမ်ားမွာ ဝင္ေငြ၏ ၃၀ ရာခိုင္ႏႈန္း (သို႔မဟုတ္) ထို႔ထက္ပိုေသာ ပမာဏကို အိမ္ငွားခတစ္ခုတည္း အတြက္ သုံးစြဲေနၾကရသည္။

၂၀၁၉ ခုႏွစ္အတြင္း ဝင္ေငြ ေဒၚလာ ၃၀၀၀၀ ေအာက္သာ႐ွိေသာ အိမ္ငွားမိသားစု ၅ ခုလွ်င္ ၄ စုမွာ ႀကီးျမင့္လွေသာ အိမ္ငွားခ ဝန္ထုပ္ဝန္ပိုးတို႔ျဖင့္ နပန္းလုံးခဲ့ရသည္။

သန္းေခါင္စာရင္းဗ်ဴ႐ိုမွ ႀကီးမားက်ယ္ျပန္႔ေသာ အခ်က္အလက္မ်ားကို အသုံးျပဳၿပီး ပရင္စတန္ တကၠသိုလ္မွ သုေတသီမ်ားသည္ အိမ္ငွားတစ္ဦးခ်င္းကို ၂၀၀၀ ျပည့္ႏွစ္မွ စတင္ၿပီး အေသးစိတ္ေျခရာခံ ေလ့လာခဲ့ၾကသည္။

မွတ္တမ္းသန္းေပါင္းမ်ားစြာကို ဆန္းစစ္ေလ့လာခဲ့ၿပီးေနာက္ အိမ္ငွားခ ဝန္ထုပ္ဝန္ပိုး၊ ေနအိမ္မွ ႏွင္ထုတ္မည္ဟု ၿခိမ္းေျခာက္မႈမ်ား အစ႐ွိသည္တို႔ႏွင့္ ေသဆုံးမႈႏႈန္းအၾကား ဆက္စပ္ေနေၾကာင္း ဝမ္းနည္းဖြယ္ ေတြ႕႐ွိခဲ့ရသည္။

ေနအိမ္မွ ႏွင္ထုတ္မည္ဟူေသာ ၿခိမ္းေျခာက္မႈႏွင့္ ရင္ဆိုင္ရပါက အခ်ိန္မတန္မီ ေသဆုံးမည့္ အႏၲရာယ္ ၁၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာသည္ဟု ဆိုသည္။

အကယ္၍ ေနအိမ္မွ ထြက္ခြာရန္ တရား႐ုံး၏ အမိန္႔ခ်မွတ္မႈမ်ိဳး ခံရပါက အခ်ိန္မတန္မီ ေသဆုံးမည့္ အႏၲရာယ္ ၄၀ ရာခိုင္ႏႈန္းအထိ မ်ားျပားလာသည္။

ျမင့္မားေသာ အိမ္ငွားခ ဝန္ထုပ္ဝန္ပိုးျဖင့္ ႐ုန္းကန္ေနရေသာ အိမ္ေထာင္စုတို႔၏ က်န္းမာေရး အသုံးစရိတ္မွာ ၅၇ ရာခိုင္ႏႈန္းအထိ ႐ွိေနၿပီး အိမ္ငွားခအတြက္ ပူပန္စရာမလိုသူမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ အစားအေသာက္ဘက္ တြင္ ၁၇ ရာခိုင္ႏႈန္းသာ သုံးစြဲႏိုင္ၾကသည္။

အထူးသျဖင့္ ကေလးတစ္ဖက္ျဖင့္ ႐ုန္းကန္ေနရေသာ မိသားစုမ်ားတြင္ ျဖစ္သည္။

 

 

Ref: Americans who struggle to afford rent are dying sooner: Study (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service