ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်က တက္ကဆပ်ပြည်နယ်ရှိ တောင်တန်းတစ်ခုအတွင်း နှစ်ပေါင်း ၁၀၀၀၀ ခံမည့် နာရီကြီးဖြင့် အနာဂတ်မျိုးဆက်တို့အား သတင်းစကား ပါးခဲ့မည့် အံ့မခန်း ဆောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်လျက်ရှိ

ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်က တက္ကဆပ်ပြည်နယ်ရှိ တောင်တန်းတစ်ခုအတွင်း နှစ်ပေါင်း ၁၀၀၀၀ ခံမည့် နာရီကြီးဖြင့် အနာဂတ်မျိုးဆက်တို့အား သတင်းစကား ပါးခဲ့မည့် အံ့မခန်း ဆောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Dec 2023 10:33 am တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အကယ်၍ သင်သာ နှစ်ပေါင်း ၁၀၀၀၀ ခံမည့် နာရီကြီးတစ်လုံး တည်ဆောက်ထုတ်လုပ်နိုင်မည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။

တစ်နှစ်လျှင် တစ်ကြိမ်သာရွေ့ပြီး ရာစုနှစ်တစ်ခုလျှင် တစ်ကြိမ်သာ နာရီထိုးသံမြည်ကာ ထောင်စုနှစ်တစ်ခုလျှင် တစ်ကြိမ်သာ ဥသြတွန်သံပေးမည့် နာရီမျိုးလော။

ရေရှည်စီမံကိန်း တွေးခေါ်ပုံနှင့် အနာဂတ်အတွက် ကျွန်ုပ်တို့၏ တာဝန်အမွေအနှစ်ထားခဲ့ပုံကို ထင်ဟပ်မည့် နာရီမျိုးလော။ ဤသည်တို့ကား Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် (Jeff Bezos ) ၏ မျှော်မြင်ချက်ဖြစ်သည်။

ဂျက်ဘေးဇော့စ်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်အနောက်ပိုင်းရှိ တောင်တစ်လုံးအတွင်းတွင် ဒေါ်လာ ၄၂ သန်း အကုန်ခံကာ နာရီကြီးတစ်ခု ဆောက်လုပ်မည့် စီမံကိန်းကို အကောင်အထည်ဖော်နေသည်။

ထိုနာရီကို ကွန်ပြူတာ သိပ္ပံပညာရှင်၊ တီထွင်သူ Danny Hillis က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး အင်ဂျင်နီယာ ပညာ၏ အံ့ဖွယ်တစ်ပါးဖြစ်လာရန် ရည်ရွယ်ထားသည်။

 

 

(နှစ်ပေါင်း ၁၀၀၀၀ တည်တံ့မည့် နာရီကြီး။ ဓာတ်ပုံ-Long Now Foundation)

 

 

နှစ် ၁၀၀၀၀ တည်တံ့မည့် နာရီကြီးသည် စက်ယန္တယားဖြင့် လည်ပတ်မည့် နာရီကြီးဖြစ်ပြီး ကမ္ဘာမြေ၏ အပူဓာတ်ဖြင့် စွမ်းအင်ရယူမည် ဖြစ်သည်။

စက်ပစ္စည်းအစိတ်အပိုင်းများစွာ ပါဝင်မည်ဖြစ်ပြီး Solar Synchronizer ၊ နာရီချိန်သီး၊ နာရီခေါင်းလောင်းထိုး စက် အစရှိသည်တို့ အပါအဝင်ဖြစ်သည်။

နာရီကြီး၏ အမြင့်မှာ ပေ ၅၀၀ ရှိမည်ဖြစ်ပြီး တောင်၏ အမြင့်အတိုင်းဖြစ်မည်ဟု ဆိုသည်။

နာရီကြီးသည် မွန်းတည့်ချိန်သို့ရောက်တိုင်း နေနှင့် ပြန်လည်ချိန်ညှိမည်ဖြစ်ပြီး နှစ်၊ ရာစုနှင့် ထောင်စုနှစ်များကို ခြေရာခံထားမည် ဖြစ်သည်။

နာရီခေါင်းလောင်းထိုးစက်မှာ မတူညီသော ခေါင်းလောင်းထိုးသံပေါင်း ၃ ဒသမ ၅ သန်းကျော် ထုတ်လုပ်နိုင် စွမ်းရှိရာ တစ်ရက်နှင့်တစ်ရက် နာရီထိုးသံ ထပ်မည်မဟုတ်ချေ။

ထို့အပြင် နာရီကြီးတွင် အခန်း ၅ ခန်းပါဝင်မည်ဖြစ်ပြီး ပထမဆုံးနှစ်၊ ၁၀ နှစ်မြောက်၊ နှစ် ၁၀၀ ပြည့်၊ နှစ် ၁၀၀၀ နှင့် နှစ် ၁၀၀၀၀ ပြည့် နှစ်ပတ်လည်ကာလများကို ရည်စူးထားသည့် အခန်းများ ဖြစ်သည်။

ထိုအခန်းများတွင် အချိန်နာရီနှင့် စပ်လျဉ်းသည့် လူ့အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းထားရှိ ထားသည့် အပြင် အနာဂတ်လူသားတို့အတွက် သတင်းစကားများလည်း ထားရှိထားသည်။

ပထမဆုံးအခန်းတွင် နေအဖွဲ့အစည်း၏ စနစ်ပုံစံ ပါဝင်မည်ဖြစ်ပြီး အခြားအခန်းများတွင်မူ အနာဂတ်မျိုးဆက် တို့က လိုအပ်သည်များ ဆက်လက်ဖြည့်စွက်သွားရမည် ဖြစ်သည်။

 

 

(နှစ် ၁၀၀၀၀ နာရီကြီး၏ အတွင်းပိုင်း။ ဓာတ်ပုံ- Long Now Foundation)

 

 

(ဂျက်ဘေးဇော့စ်က နှစ်ပေါင်း ၁၀၀၀၀ တည်တံ့မည့်နာရီ ဘာကြောင့် တည်ဆောက်တာလဲ။))

ဂျက်ဘေးဇော့စ်သည် ရေရှည်ကို မျှော်မြင်တွေးခေါ်တတ်သူတစ်ဦးဖြစ်ကာ လူသားတို့တွင် တောက်ပသော အနာဂတ်ရှိမည်ဟု ယုံကြည်သည်။

 

 (နှစ် ၁၀၀၀၀ နာရီအတွက် စက်ပစ္စည်းအစိတ်အပိုင်းများ။ ဓာတ်ပုံ-Long Now Foundation)

 

 

 

((နှစ် ၁၀၀၀၀ နာရီ၏ စိန်ခေါ်မှုများ))

 

နှစ်ပေါင်း ၁၀၀၀၀ တည်တံ့မည့် နာရီတစ်လုံးနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရသည့်အလုပ်မှာ လွယ်ကူသောအလုပ်တစ်ခုမဟုတ်ချေ။

စေ့စပ်သေချာသည့် အင်ဂျင်နီယာပညာ၊ တိကျသောလက်ရာ၊ အသေးစိတ် စမ်းသပ်မှုများ လိုအပ်သည်။

နာရီသည် အပူချိန်ပြောင်းလဲမှု၊ စိုထိုင်းဆ၊ ဖုန်တက်ခြင်းအစရှိသည်တို့ကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်မည် ဖြစ်သည်။

အနာဂတ်မျိုးဆက်တို့ ဆက်လက်ထိန်းသိမ်းရန် ရိုးရှင်းရမည်ဖြစ်သော်လည်း တိကျမှုရှိရန်နှင့် စိတ်ဝင်စားဖွယ် ကောင်းစေရန် လုံလောက်သော ရှုပ်ထွေးမှုလည်း ရှိမည် ဖြစ်သည်။

 

 

(နှစ် ၁၀၀၀၀ နာရီ တည်ဆောက်နေပုံ။ ဓာတ်ပုံ-Long Now Foundation)

 

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside mountain where billionaire Jeff Bezos is building clock that will last longer than us (foxnews)

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service