မက်ဆီမေးနီးယား ၊ Messi Effect နှင့် မိုင်အမ်မီ အိမ်ခြံမြေဈေးကွက်

မက်ဆီမေးနီးယား ၊ Messi Effect နှင့် မိုင်အမ်မီ အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
21 Dec 2023 11:00 am တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ယခုနှစ်ဇွန်လအတွင်း ဖီဖာကမ္ဘာ့ဖလားချန်ပီယံလီယိုနယ်မက်ဆီသည် ဒေးဗစ်ဘက်ခမ်း ကျောထောက် နောက်ခံပြု Inter Miami ဘောလုံးအသင်းသို့ ဝင်ရောက်ခဲ့သည်။

မိုင်အမ်မီသို့ မက်ဆီရောက်လာမှုကြောင့် မက်ဆီမေးနီးယားဟု ခေါ်သော မက်ဆီစွဲလန်းမှု ပေါ်ပေါက်လာရာ မက်ဆီနှင့် အသင်းကိုသာမက တောင်ဖလော်ရီဒါတစ်ခုလုံးကို လူအများ အုတ်အုတ်သဲသဲ စိတ်ဝင်စားလာ ကြသည်။

ယင်းနောက်တွင် Messi Effect ပေါ်ပေါက်လာရာ အားကစားနယ်အပြင် မိုင်အမ်မီကမ်းခြေမှသည် Fort Lauderdale အထိ အိမ်ခြံမြေလောကသို့ပါ ရိုက်ခတ်လာခဲ့သည်။

Fort Lauderdale သည် Inter Miami အသင်း၏ အိမ်ကွင်းအခြေစိုက်ရာ နေရာလည်း ဖြစ်သည်။

“Inter Miami ကလူတွေ ကျွန်တော်တို့ဆီ တံခါးလာခေါက်တယ်။ ကျွန်တော်တို့ ဒေးဗစ်ဘက်ခမ်းနဲ့ တွေ့ဆုံခဲ့ပြီး သဘောတူညီမှုတစ်ခု ရခဲ့တယ်။ အဲဒီနောက်ပိုင်း မထင်မှတ်ဘဲ မက်ဆီ ကျွန်တော်တို့ မြို့ကို ရောက်လာတယ်။ အဆင့်မြင့်နောက်ဆုံးပေါ် Facility တွေမရှိဘဲ သူလာမယ်လို့ မထင်ပါဘူး”ဟု Fort Lauderdale ၏ မြို့တော်ဝန် Dean Trantalis က Alexa သတင်းဌာနသို့ ပြောသည်။

မက်ဆီသည် သူ၏ ပရိသတ်များကို ဤဒေသသို့ ဆွဲဆောင်ပေးရုံမျှမက လူအများ၏ အာရုံစိုက်မှု ၊ နေထိုင်သူ တိုးတက်လာစေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရာ အိမ်ခြံမြေ အရောင်းအဝယ်တို့အပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။

(မက်ဆီသည် ဖလော်ရီဒါပြည်နယ် Sunny Isles Beach မြို့တွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားရာ ပုံတွင် တွေ့ရသည့် Porsche Design Tower အဆောက်အအုံကြီးတွင် ဒေါ်လာ ၅ သန်းတန် လူနေခန်းတစ်ခန်းလည်း ပိုင်ဆိုင်ထားသည်။)

“ရင်းနှီးမြှုပ်နှံမှုတွေ အဆက်မပြတ်ဝင်နေပြီး လူတွေဟာ အိမ်တွေ ဝယ်ယူလာနေကြတာ ကျွန်တော်တို့ တွေ့ရ ပါတယ်။ အလယ်အလတ်တန်းစား ရပ်ကွက်မျိုးမှာတောင် ဒေါ်လာ ၈၀၀,၀၀၀ အောက်နဲ့ ဘယ်အိမ်မှ မရနိုင် ပါဘူး။”

မက်ဆီသည် Inter Miami အသင်းသို့ မပြောင်းမီ နှစ်ပေါင်းများစွာကတည်းက တောင်ဖလော်ရီဒါတွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

Sunny Isles Beach မြို့ရှိ အထပ် ၆၀ မြင့်မားသော Porsche Design Tower ကြီးတွင် ၄၇ ထပ်မြောက်ရှိ စတုရန်းပေ ၄၄၀၀ ကျယ်ဝန်းသော အခန်းတစ်ခန်းကို ၂၀၁၉ ခုနှစ်အတွင်း မက်ဆီက ဝယ်ယူခဲ့သည်။

ထိုအခန်းကို ကန်ဒေါ်လာ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင် Gustavo Strallnikoff က အကျိုးဆောင်ပေးခဲ့သည်။

“သူက သိပ်တော်တဲ့ ဝယ်လက်တစ်ဦးပါပဲ”ဟု အကျိုးဆောင် Gustavo Strallnikoff ပြောသည်။

(မက်ဆီသည် Inter Miami သို့ ပြောင်းရွှေ့ပြီးကတည်းက ဖလော်ရီဒါ၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေခဲ့သည်။ ဓာတ်ပုံ-Getty Images)

မက်ဆီသည် အနီးရှိ Trump Royale တာဝါတွင် တည်ရှိသော အထပ် ၄၀ ၊ ၄၁ နှင့် ၄၃ ထပ် အခန်းများ ကိုလည်း တစ်ခန်းလျှင် ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။

ယင်းနောက် ပင်လယ်ကမ်းခြေရှိ အခြားကွန်ဒိုတစ်ခုဖြစ်သော Regalia ၏ ၉ ထပ်မြောက်ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းဖြင့် ထပ်မံဝယ်ယူခဲ့သည်။

လွန်ခဲ့သော စက်တင်ဘာလကလည်း စတုရန်းပေ ၁၀၅၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၈ ခန်း ၊ ရေချိုးခန်း ၉ ခန်း ၊ ကား ၃ စင်းဆန့်ဂိုဒေါင်နှင့် ရေကူးကန်တစ်ခုပါသော စံအိမ်တစ်လုံးကို ထပ်မံဝယ်ယူခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Messi Business: The soccer star’s favorite Florida real estate (nypost)

[Zawgyi]

မက္ဆီေမးနီးယား ၊ Messi Effect ႏွင့္ မိုင္အမ္မီ အိမ္ျခံေျမေစ်းကြက္

ယခုႏွစ္ဇြန္လအတြင္း ဖီဖာကမၻာ့ဖလားခ်န္ပီယံလီယိုနယ္မက္ဆီသည္ ေဒးဗစ္ဘက္ခမ္း ေက်ာေထာက္ ေနာက္ခံျပဳ Inter Miami ေဘာလံုးအသင္းသို႔ ဝင္ေရာက္ခဲ့သည္။

မိုင္အမ္မီသို႔ မက္ဆီေရာက္လာမႈေၾကာင့္ မက္ဆီေမးနီးယားဟု ေခၚေသာ မက္ဆီစြဲလန္းမႈ ေပၚေပါက္လာရာ မက္ဆီႏွင့္ အသင္းကိုသာမက ေတာင္ဖေလာ္ရီဒါတစ္ခုလံုးကို လူအမ်ား အုတ္အုတ္သဲသဲ စိတ္ဝင္စားလာ ၾကသည္။

ယင္းေနာက္တြင္ Messi Effect ေပၚေပါက္လာရာ အားကစားနယ္အျပင္ မိုင္အမ္မီကမ္းေျခမွသည္ Fort Lauderdale အထိ အိမ္ျခံေျမေလာကသုိ႔ပါ ရိုက္ခတ္လာခဲ့သည္။

Fort Lauderdale သည္ Inter Miami အသင္း၏ အိမ္ကြင္းအေျခစိုက္ရာ ေနရာလည္း ျဖစ္သည္။

“Inter Miami ကလူေတြ ကၽြန္ေတာ္တို႔ဆီ တံခါးလာေခါက္တယ္။ ကၽြန္ေတာ္တို႔ ေဒးဗစ္ဘက္ခမ္းနဲ႔ ေတြ႔ဆံုခဲ့ျပီး သေဘာတူညီမႈတစ္ခု ရခဲ့တယ္။ အဲဒီေနာက္ပိုင္း မထင္မွတ္ဘဲ မက္ဆီ ကၽြန္ေတာ္တုိ႔ ျမဳိ႕ကို ေရာက္လာတယ္။ အဆင့္ျမင့္ေနာက္ဆံုးေပၚ Facility ေတြမရွိဘဲ သူလာမယ္လို႔ မထင္ပါဘူး”ဟု Fort Lauderdale ၏ ျမဳိ႕ေတာ္ဝန္ Dean Trantalis က Alexa သတင္းဌာနသုိ႔ ေျပာသည္။

မက္ဆီသည္ သူ၏ ပရိသတ္မ်ားကို ဤေဒသသို႔ ဆြဲေဆာင္ေပးရံုမွ်မက လူအမ်ား၏ အာရံုစိုက္မႈ ၊ ေနထိုင္သူ တိုးတက္လာေစမႈႏွင့္ ဖြံ႔ျဖိဳးတိုးတက္မႈမ်ား ျဖစ္ေပၚေစရာ အိမ္ျခံေျမ အေရာင္းအဝယ္တို႔အေပၚ သက္ေရာက္မႈ ရွိေစခဲ့ေၾကာင္း ျမဳိ႕ေတာ္ဝန္က ေျပာသည္။

(မက္ဆီသည္ ဖေလာ္ရီဒါျပည္နယ္ Sunny Isles Beach ျမဳိ႕တြင္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားရာ ပံုတြင္ ေတြ႔ရသည့္ Porsche Design Tower အေဆာက္အအံုၾကီးတြင္ ေဒၚလာ ၅ သန္းတန္ လူေနခန္းတစ္ခန္းလည္း ပိုင္ဆိုင္ထားသည္။)

“ရင္းႏွီးျမွဳပ္ႏွံမႈေတြ အဆက္မျပတ္ဝင္ေနျပီး လူေတြဟာ အိမ္ေတြ ဝယ္ယူလာေနၾကတာ ကၽြန္ေတာ္တို႔ ေတြ႔ရ ပါတယ္။ အလယ္အလတ္တန္းစား ရပ္ကြက္မ်ဳိးမွာေတာင္ ေဒၚလာ ၈၀၀,၀၀၀ ေအာက္နဲ႔ ဘယ္အိမ္မွ မရႏိုင္ ပါဘူး။”

မက္ဆီသည္ Inter Miami အသင္းသို႔ မေျပာင္းမီ ႏွစ္ေပါင္းမ်ားစြာကတည္းက ေတာင္ဖေလာ္ရီဒါတြင္ အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားျပီး ျဖစ္သည္။

Sunny Isles Beach ျမဳိ႕ရွိ အထပ္ ၆၀ ျမင့္မားေသာ Porsche Design Tower ၾကီးတြင္ ၄၇ ထပ္ေျမာက္ရွိ စတုရန္းေပ ၄၄၀၀ က်ယ္ဝန္းေသာ အခန္းတစ္ခန္းကို ၂၀၁၉ ခုႏွစ္အတြင္း မက္ဆီက ဝယ္ယူခဲ့သည္။

ထိုအခန္းကို ကန္ေဒၚလာ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး အိမ္ျခံေျမအက်ဳိးေဆာင္ Gustavo Strallnikoff က အက်ဳိးေဆာင္ေပးခဲ့သည္။

“သူက သိပ္ေတာ္တဲ့ ဝယ္လက္တစ္ဦးပါပဲ”ဟု အက်ဳိးေဆာင္ Gustavo Strallnikoff ေျပာသည္။

(မက္ဆီသည္ Inter Miami သို႔ ေျပာင္းေရႊ႕ျပီးကတည္းက ဖေလာ္ရီဒါ၏ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ေနခဲ့သည္။ ဓာတ္ပံု-Getty Images)

မက္ဆီသည္ အနီးရွိ Trump Royale တာဝါတြင္ တည္ရွိေသာ အထပ္ ၄၀ ၊ ၄၁ ႏွင့္ ၄၃ ထပ္ အခန္းမ်ား ကိုလည္း တစ္ခန္းလွ်င္ ေဒၚလာ ၁ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ယင္းေနာက္ ပင္လယ္ကမ္းေျခရွိ အျခားကြန္ဒိုတစ္ခုျဖစ္ေသာ Regalia ၏ ၉ ထပ္ေျမာက္ကြန္ဒိုခန္းကို ကန္ေဒၚလာ ၇ ဒသမ ၃ သန္းျဖင့္ ထပ္မံဝယ္ယူခဲ့သည္။

လြန္ခဲ့ေသာ စက္တင္ဘာလကလည္း စတုရန္းေပ ၁၀၅၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၈ ခန္း ၊ ေရခ်ိဳးခန္း ၉ ခန္း ၊ ကား ၃ စင္းဆန္႔ဂိုေဒါင္ႏွင့္ ေရကူးကန္တစ္ခုပါေသာ စံအိမ္တစ္လံုးကို ထပ္မံဝယ္ယူခဲ့သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Messi Business: The soccer star’s favorite Florida real estate (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service