အမေရိကန်ပြည်၊ တောင်ဒါကိုတာပြည်နယ်တွင် ဆောက်လုပ်ထားသော ကမ္ဘာ့အကြီးမားဆုံး မြေအောက် မြို့တော်ကြီး၊ ကမ္ဘာဖျက် စစ်ပွဲကြီးများ ပေါ်ပေါက်လာပါက နေထိုင်နိုင်မည့် ဒေါ်လာ ၅၅၀၀၀ တန် မြေအောက် ဗုံးခိုစခန်းပေါင်း ၅၇၅ ခု ပါဝင်
အမေရိကန်ပြည်၊ တောင်ဒါကိုတာပြည်နယ်တွင် ဆောက်လုပ်ထားသော ကမ္ဘာ့အကြီးမားဆုံး မြေအောက် မြို့တော်ကြီး၊ ကမ္ဘာဖျက် စစ်ပွဲကြီးများ ပေါ်ပေါက်လာပါက နေထိုင်နိုင်မည့် ဒေါ်လာ ၅၅၀၀၀ တန် မြေအောက် ဗုံးခိုစခန်းပေါင်း ၅၇၅ ခု ပါဝင် - Property News in Myanmar from iMyanmarHouse.com
25 Dec 2023 1:26 pm တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စစ်အေးတိုက်ပွဲကြီး အားကောင်းခဲ့သောကာလများအတွင်း မြေအောက်ဗုံးခိုကျင်းများ၊ ရှင်သန်ကျန်ရစ်ရေး စီမံကိန်းများ၊ စုဆောင်းထားသော စားရေရိက္ခာများအကြောင်းမှာ ထိပ်တန်းသတင်းများ ဖြစ်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ စီးပွားရေးတစ်ခု ဖြစ်လာသည်။
မြေအောက်မြို့တော်ကြီးမှာ ယခင်က စစ်ဘက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သောနေရာဖြစ်ပြီး အလျား ၁၈ မိုင်အထိ ဖြန့်ကျက်တည်ရှိသည်။ တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ် Black Hills တောင်တန်းပေါ်တွင် ဖြစ်သည်။
ယခင်က ဗုံးများနှင့် ခဲယမ်းမီးကျောက်များ ထားသိုသည့်နေရာအဖြစ် ၁၉၄၂ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ အသုံးပြုခဲ့သည်။
နောက်ပိုင်းတွင် လူပေါင်း ၁၀၀၀၀ နှင့်အထက် နေထိုင်နိုင်သော မြေအောက် ဗုံးခိုကျင်း ၅၇၅ ခုအဖြစ် ပြောင်းလဲခဲ့သည်။
ကွန်ကရစ်၊ စတီးတို့ဖြင့် ပြုလုပ်ထားသော အိမ်များဖြစ်ပြီး အသက်ကယ် ခိုလှုံရာနေရာများအဖြစ် Vivos xPoint ဟု ပြောင်းလဲခဲ့သည်။
တန်ဖိုးမှာ ဗုံးခိုကျင်းနေရာတစ်ခုလျှင် ကန်ဒေါ်လာ ၅၅၀၀၀ အပြင် နှစ်စဉ်မြေငှားခ ကန်ဒေါ်လာ ၁၀၉၁ ပေးရသည်။
(ယခင်က စစ်ဘက်အခြေစိုက်စခန်းဟောင်းတစ်ခုဖြစ်ခဲ့ပြီး တောင်ဒါကိုတာပြည်နယ်၊ Black Hills တောင်တန်း ပေါ်တွင် တည်ရှိပြီး ၁၈ မိုင်ခန့် ဖြန့်ကျက်တည်ရှိသည်)
(ယခင်က ဗုံးများနှင့် ခဲယမ်းမီးကျောက်များ ထားသိုသည့်နေရာအဖြစ် ၁၉၄၂ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ အသုံးပြု ခဲ့သည်။ နောက်ပိုင်းတွင် လူပေါင်း ၁၀၀၀၀ နှင့်အထက် နေထိုင်နိုင်သော မြေအောက် ဗုံးခိုကျင်း ၅၇၅ ခုအဖြစ် ပြောင်းလဲခဲ့သည်။)
(ကွန်ကရစ်၊ စတီးတို့ဖြင့် ပြုလုပ်ထားသော အိမ်များဖြစ်ပြီး အသက်ကယ် ခိုလှုံရာနေရာများအဖြစ် Vivos xPoint ဟု ပြောင်းလဲခဲ့သည်။)
(မြေပေါ် ပြန်တက်စရာမလိုဘဲ တစ်နှစ်ခန့် နေထိုင်ရပ်တည်နိုင်ရန် စီစဉ်ထားသည်)
“လူသားတွေ ရှင်သန်ကျန်ရစ်ရေး စီမံကိန်းကြီးဖြစ်တဲ့ Vivos ဟာ ဘာတွေ၊ ဘယ်အချိန်ပဲ ဖြစ်လာပါစေ အပြည့်အဝ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်”ဟု အဆိုပါစီမံကိန်း၏ အမှုဆောင်ဒါရိုက်တာ Dante Vicino က ရှင်းပြသည်။
“ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေဟာ စိုးရိမ်တကြီး ကြိုတင်ပြင်ဆင်တာမဟုတ်သလို ရေပေါ်ဆီ ၁ ရာခိုင်နှုန်းလည်း မဟုတ်ပါဘူး။ သူတို့ဟာ ဉာဏ်ရှိသူတွေဖြစ်ပြီး လက်ရှိ ကမ္ဘာ့အခြေအနေတွေကို ကောင်းကောင်းဂရုထားတဲ့ သူတွေ ဖြစ်ကြပါတယ်။ ကပ်ဘေးလို အချိန်အခါမျိုးမှာ မိသားစုအတွက် အကာအကွယ်ပေးဖို့ တာဝန်သိစိတ် ရှိကြပါတယ်”
“သူတို့ရဲ့ စီးပွားရေးအခြေအနေက အမျိုးမျိုး ပါဝင်ကြပါတယ်။ လူလတ်တန်း အောက်လွှာကနေ လူကုံထံ တွေအထိ ပါဝင်ကြပါတယ်”
ကိုဗစ်ကပ်ဘေးခြိမ်းခြောက်မှု၊ ယူကရိန်းစစ်ပွဲနှင့် နောက်ဆက်တွဲ အကျိုးဆက်တို့၏ ဂယက်ရိုက်ခတ်မှုများ ကြောင့် Vivos မှာ မြေအောက်ခန်းနေရာများ ဝယ်လိုအား ကြီးထွားလာလျက်ရှိသည်။
“တတိယကမ္ဘာစစ်ကြီးပေါ်ပေါက်လာတော့မယ်လို့ လူတွေ ခံစားနေကြရတယ်။ ရုရှားကနေ တရုတ်၊ အရှေ့အလယ်ပိုင်း အရေးတွေအထိကြောင့်ပေါ့”
(မြေအောက်ဗုံးခိုကျင်းနေရာများတွင် ပရိဘောဂထည့်သွင်းပေးထားခြင်းမရှိ။ သင်၏ ပင်မအခြေစိုက် နေအိမ်အဖြစ် အသုံးပြုနိုင်သကဲ့သို့ ယာယီနေအိမ်အဖြစ်လည်း သုံးနိုင်သည်)
(အခန်းဖွဲ့စည်းပုံ အမျိုးမျိုးရနိုင်ပြီး အကြီးမားဆုံး မြေအောက်ဘန်ကာမှာ လူ ၂၄ ဦး နေထိုင်နိုင်သည်)
(“လူသားတွေ ရှင်သန်ကျန်ရစ်ရေး စီမံကိန်းကြီးဖြစ်တဲ့ Vivos ဟာ ဘာတွေ၊ ဘယ်အချိန်ပဲ ဖြစ်လာပါစေ အပြည့်အဝ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်”ဟု အဆိုပါစီမံကိန်း၏ အမှုဆောင်ဒါရိုက်တာ Dante Vicino က ရှင်းပြသည်။)
(မြေအောက်မြို့တော်ကြီးအတွင်း အများဆိုင်နေရာများလည်း ပါဝင်ရာ ပုံတွင်တွေ့ရသည်မှာ ရုပ်ရှင်ခန်းမ ဖြစ်သည်။)
(အမေရိက၏ အလုံခြုံဆုံးနေရာဟု ရည်ညွှန်းထားပြီး ပုံတွင်တွေ့ရသည်မှာ အားကစားလေ့ကျင့်ခန်းမ ဖြစ်သည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside the world's largest DOOMSDAY community that is home to 575 $55,000 BUNKERS and can house 10,000 people - as it attempts to lure in 'average, well-educated' residents for 'when all hell breaks loose' (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service