တရုတ်ပြည်မှ ကုမ္ပဏီတစ်ခုက နှစ်ကုန်ဘောနပ်စ် ကောင်းကောင်းလိုချင်သော ဝန်ထမ်းများအား တနေ့လျှင် ၂ မိုင်ပြေးခိုင်း

တရုတ်ပြည်မှ ကုမ္ပဏီတစ်ခုက နှစ်ကုန်ဘောနပ်စ် ကောင်းကောင်းလိုချင်သော ဝန်ထမ်းများအား တနေ့လျှင် ၂ မိုင်ပြေးခိုင်း - Property News in Myanmar from iMyanmarHouse.com
20 Dec 2023 9:57 am တွင် တင်ခဲ့သည်
702 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

• တရုတ်ပြည်မှ ကုမ္ပဏီတစ်ခုက ၎င်းတို့၏ ဝန်ထမ်းများကို ကျန်းမာရေးကောင်းစေလိုသည်

• ထို့ကြောင့် ဝန်ထမ်းများ၏ နှစ်ကုန် ဘောနပ်စ်ကို တစ်လအတွင်း ၎င်းတို့ မိုင်မည်မျှ ပြေးခဲ့သည်ဟူသော အချက်နှင့် ချိတ်ဆက်ထားသည်

တရုတ်ပြည်၊ ကွမ်တုံပြည်နယ်မှ စက္ကူကုမ္ပဏီတစ်ခုသည် ၎င်းတို့ဝန်ထမ်းများ၏ နှစ်ပတ်လည် ဘောနပ်စ် အတွက် အပြေးလေ့ကျင့်ခန်း လုပ်ဆောင်စေလိုခဲ့သည်။

Guangdong Dongpo Paper ကုမ္ပဏီ၏ ဥက္ကဌ လင်းကျိယုံ (Lin Zhiyong) က ဝန်ထမ်းများ၏ နှစ်ကုန် ဘောနပ်စ်ကို လစဉ်လတိုင်း ၎င်းတို့မည်မျှ ပြေးခဲ့သည်ဟူသောအချက်အပေါ် အခြေခံကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း Guangzhou Daily သတင်းဌာနသို့ ပြောသည်။

ဝန်ထမ်းများအနေဖြင့် လစာ၏ ၁၃၀ ရာခိုင်နှုန်း ဘောနပ်စ်ရလိုပါက လတိုင်း ၆၂ မိုင်ပြေးရန် လိုအပ်မည် ဖြစ်သည်။

အကယ်၍ လစဉ်လတိုင်း တစ်လလျှင် ၃၁ မိုင်ပြေးပါက တစ်လစာနှင့် ညီမျှသည့် နှစ်ကုန်ဘောနပ်စ် ရရှိမည် ဖြစ်သည်။

အကယ်၍ ဝန်ထမ်းတစ်ဦးသည် ၆ လဆက်တိုက် တစ်လလျှင် ၃၁ မိုင် ပြေးနိုင်ခဲ့ပါက အပြေးလေ့ကျင့်သည့် ရှူးဖိနပ်တစ်ရံအခမဲ့ ရရှိမည် ဖြစ်သည်။

တစ်လလျှင် ၁၉ မိုင်ခန့်သာ ပြေးနိုင်သူများမှာ နှစ်ကုန်ဘောနပ်စ်အနေဖြင့် လစာ၏ ၃၀ ရာခိုင်နှုန်းသာ ရရှိမည်ဟု ဆိုသည်။

“ကျွန်တော့်ဝန်ထမ်းတွေ ကျန်းမာရေးကောင်းမှ ကျွန်တော့်လုပ်ငန်း ကြာရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်”ဟု လင်းကျိယုံက ပြောသည်။

လင်းကျိယုံ ကိုယ်တိုင်သည်လည်း ဧဝရက်တောင်ကို ၂ ကြိမ်တက်ခဲ့ဖူးပြီး ၂၀၂၂ တွင် တစ်ကြိမ်နှင့် ၂၀၂၃ တွင် တစ်ကြိမ် ဖြစ်သည်။

Guangzhou Daily သတင်းဌာန၏ ဖော်ပြချက်အရ ကုမ္ပဏီ၏ ဝန်ထမ်းများက ထိုခြေလှမ်းအပေါ် ကြိုဆိုခဲ့ကြ ဟန်ရသည်ဟု ဆိုသည်။

လက်ရှိအားဖြင့် လင်ကျိယုံ၏ ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၁၀၀ ဦးခန့် ရှိသည်။

“ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးကောင်းမှာတင်မကဘဲ ဘောနပ်စ်လည်း ကောင်းကောင်းရမှာ ဖြစ်တာကြောင့် မြှားတစ်စင်းတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်မယ့်ကိစ္စပါပဲ” ဟု အမည်မဖော်သော ဝန်ထမ်းတစ်ဦးက Guangzhou Daily သတင်းဌာနသို့ ပြောသည်။

သို့သော် အဆိုပါအစီအစဉ်အပေါ် တရုတ်ပြည်မှ အထင်ကရလူမှုကွန်ရက်ဖြစ်သော Weibo အသုံးပြုသူတို့က ပြက်ရယ်ပြုကြသည်။

“လစဉ် ၆၂ မိုင် ပြေးနိုင်ဖို့ဆိုရင် တစ်ရက်ကို ၂ မိုင်ပြေးရလိမ့်မယ်။ ကုမ္ပဏီက သူတို့ဝန်ထမ်းတွေကို အပြေး ချန်ပီယံတွေ ဖြစ်စေချင်တာလား”ဟု Weibo အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်။

ဝန်ထမ်းများအနေဖြင့် ဘောနပ်စ်အတွက်မျှဖြင့် ထိခိုက်ဒဏ်ရာရနိုင်သည့်အန္တရာယ်ရှိကြောင်း ပြောကြသည်။

“ဒီသတ်မှတ်ချက်က အားကစားလေ့ကျင့်ရေးကျောင်းက ကျောင်းသားတွေအတွက်တောင် သတ်မှတ်ချက် မြင့်မားနေတယ်။ ဒူးတွေ ထိခိုက်နာကျင်စေနိုင်တယ်။ လူတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အခြေအနေအပေါ် မူတည်ပြီး ပြင်းထန်တဲ့ နှလုံးထိခိုက်မှုဖြစ်စေနိုင်ပါတယ်”ဟု Weibo အသုံးပြုသူ အခြား တစ်ဦးက မှတ်ချက်ပြုသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Chinese company is making its 100 workers run 2 miles every day if they want to get a better bonus (businessinsider)

 

 

 

 

[Zawgyi] တရုတ္ျပည္မွ ကုမၸဏီတစ္ခုက ႏွစ္ကုန္ေဘာနပ္စ္ ေကာင္းေကာင္းလိုခ်င္ေသာ ဝန္ထမ္းမ်ားအား တေန႔လွ်င္ ၂ မိုင္ေျပးခိုင္း

 

• တရုတ္ျပည္မွ ကုမၸဏီတစ္ခုက ၎တို႔၏ ဝန္ထမ္းမ်ားကို က်န္းမာေရးေကာင္းေစလိုသည္

• ထို႔ေၾကာင့္ ဝန္ထမ္းမ်ား၏ ႏွစ္ကုန္ ေဘာနပ္စ္ကို တစ္လအတြင္း ၎တို႔ မိုင္မည္မွ် ေျပးခဲ့သည္ဟူေသာ အခ်က္ႏွင့္ ခ်ိတ္ဆက္ထားသည္

တရုတ္ျပည္၊ ကြမ္တံုျပည္နယ္မွ စကၠဴကုမၸဏီတစ္ခုသည္ ၎တို႔ဝန္ထမ္းမ်ား၏ ႏွစ္ပတ္လည္ ေဘာနပ္စ္ အတြက္ အေျပးေလ့က်င့္ခန္း လုပ္ေဆာင္ေစလိုခဲ့သည္။

Guangdong Dongpo Paper ကုမၸဏီ၏ ဥကၠဌ လင္းက်ိယံု (Lin Zhiyong) က ဝန္ထမ္းမ်ား၏ ႏွစ္ကုန္ ေဘာနပ္စ္ကို လစဥ္လတိုင္း ၎တို႔မည္မွ် ေျပးခဲ့သည္ဟူေသာအခ်က္အေပၚ အေျခခံကာ ဆံုးျဖတ္မည္ျဖစ္ ေၾကာင္း Guangzhou Daily သတင္းဌာနသို႔ ေျပာသည္။

ဝန္ထမ္းမ်ားအေနျဖင့္ လစာ၏ ၁၃၀ ရာခိုင္ႏႈန္း ေဘာနပ္စ္ရလိုပါက လတိုင္း ၆၂ မိုင္ေျပးရန္ လိုအပ္မည္ ျဖစ္သည္။

အကယ္၍ လစဥ္လတိုင္း တစ္လလွ်င္ ၃၁ မိုင္ေျပးပါက တစ္လစာႏွင့္ ညီမွ်သည့္ ႏွစ္ကုန္ေဘာနပ္စ္ ရရွိမည္ ျဖစ္သည္။

အကယ္၍ ဝန္ထမ္းတစ္ဦးသည္ ၆ လဆက္တိုက္ တစ္လလွ်င္ ၃၁ မိုင္ ေျပးႏိုင္ခဲ့ပါက အေျပးေလ့က်င့္သည့္ ရွဴးဖိနပ္တစ္ရံအခမဲ့ ရရွိမည္ ျဖစ္သည္။

တစ္လလွ်င္ ၁၉ မိုင္ခန္႔သာ ေျပးႏိုင္သူမ်ားမွာ ႏွစ္ကုန္ေဘာနပ္စ္အေနျဖင့္ လစာ၏ ၃၀ ရာခိုင္ႏႈန္းသာ ရရွိမည္ဟု ဆိုသည္။

“ကၽြန္ေတာ့္ဝန္ထမ္းေတြ က်န္းမာေရးေကာင္းမွ ကၽြန္ေတာ့္လုပ္ငန္း ၾကာရွည္ရပ္တည္ႏိုင္မွာ ျဖစ္ပါတယ္”ဟု လင္းက်ိယံုက ေျပာသည္။

လင္းက်ိယံု ကိုယ္တိုင္သည္လည္း ဧဝရက္ေတာင္ကို ၂ ၾကိမ္တက္ခဲ့ဖူးျပီး ၂၀၂၂ တြင္ တစ္ၾကိမ္ႏွင့္ ၂၀၂၃ တြင္ တစ္ၾကိမ္ ျဖစ္သည္။

Guangzhou Daily သတင္းဌာန၏ ေဖာ္ျပခ်က္အရ ကုမၸဏီ၏ ဝန္ထမ္းမ်ားက ထိုေျခလွမ္းအေပၚ ၾကိဳဆိုခဲ့ၾက ဟန္ရသည္ဟု ဆိုသည္။

လက္ရွိအားျဖင့္ လင္က်ိယံု၏ ကုမၸဏီတြင္ ဝန္ထမ္းေပါင္း ၁၀၀ ဦးခန္႔ ရွိသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ က်န္းမာေရးေကာင္းမွာတင္မကဘဲ ေဘာနပ္စ္လည္း ေကာင္းေကာင္းရမွာ ျဖစ္တာ ေၾကာင့္ ျမွားတစ္စင္းတည္းနဲ႔ ငွက္ႏွစ္ေကာင္ ပစ္ႏိုင္မယ့္ကိစၥပါပဲ” ဟု အမည္မေဖာ္ေသာ ဝန္ထမ္းတစ္ဦးက Guangzhou Daily သတင္းဌာနသို႔ ေျပာသည္။

သို႔ေသာ္ အဆိုပါအစီအစဥ္အေပၚ တရုတ္ျပည္မွ အထင္ကရလူမႈကြန္ရက္ျဖစ္ေသာ Weibo အသံုးျပဳသူတို႔က ျပက္ရယ္ျပဳၾကသည္။

“လစဥ္ ၆၂ မိုင္ ေျပးႏိုင္ဖုိ႔ဆိုရင္ တစ္ရက္ကို ၂ မိုင္ေျပးရလိမ့္မယ္။ ကုမၸဏီက သူတို႔ဝန္ထမ္းေတြကို အေျပး ခ်န္ပီယံေတြ ျဖစ္ေစခ်င္တာလား”ဟု Weibo အသံုးျပဳသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

ဝန္ထမ္းမ်ားအေနျဖင့္ ေဘာနပ္စ္အတြက္မွ်ျဖင့္ ထိခိုက္ဒဏ္ရာရႏိုင္သည့္အႏၱရာယ္ရွိေၾကာင္း ေျပာၾကသည္။

“ဒီသတ္မွတ္ခ်က္က အားကစားေလ့က်င့္ေရးေက်ာင္းက ေက်ာင္းသားေတြအတြက္ေတာင္ သတ္မွတ္ခ်က္ ျမင့္မားေနတယ္။ ဒူးေတြ ထိခိုက္နာက်င္ေစႏိုင္တယ္။ လူတစ္ေယာက္ရဲ႕ အသက္အရြယ္နဲ႔ ခႏၶာကိုယ္ ၾကံ႕ခိုင္မႈ အေျခအေနအေပၚ မူတည္ျပီး ျပင္းထန္တဲ့ ႏွလံုးထိခိုက္မႈျဖစ္ေစႏိုင္ပါတယ္”ဟု Weibo အသံုးျပဳသူ အျခား တစ္ဦးက မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Chinese company is making its 100 workers run 2 miles every day if they want to get a better bonus (businessinsider)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service