ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့က အမေရိကန်နိုင်ငံသား ၅၀၀,၀၀၀ အား အိမ်ပိုင်ဆိုင်ရေးအိပ်မက်အတွက် ငွေကြေး ထောက်ပံ့ရန် စီစဉ်

ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့က အမေရိကန်နိုင်ငံသား ၅၀၀,၀၀၀ အား အိမ်ပိုင်ဆိုင်ရေးအိပ်မက်အတွက် ငွေကြေး ထောက်ပံ့ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 Dec 2023 10:45 am တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်မှ အိမ်ထောင်စု ထောင်ပေါင်းများစွာ၏ နေအိမ်ပိုင်ဆိုင်ရေး အိပ်မက်များ အမှန်တကယ်ဖြစ်လာ စေရေးအတွက် အစိုးရအဖွဲ့က ကူညီပေးရန် စီစဉ်လျက်ရှိကြောင်း ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့က ပြီးခဲ့သော ကြာသပတေးနေ့တွင် ပြောသည်ဟု နယူးစ်ဝိခ်မဂ္ဂဇင်း၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုခြေလှမ်းမှာ အမေရိကန်အစိုးရက ကြိုးပမ်းနေသော အိမ်ခြံမြေနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်များ လျှော့ချရေး၊ တန်ဖိုးသင့်နေအိမ်များ ပိုမိုဖြည့်တင်းပေးနိုင်ရေးနှင့် အမေရိကန်နိုင်ငံသားတို့ နေအိမ်တလုံး ပိုင်ဆိုင်ရေးအတွက် ပေးနေရသည့် ကုန်ကျစရိတ်များ လျော့ပါးစေရေးများ၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

အမေရိကန်အစိုးရက အဆိုပြုသော Neighborhood Homes Investment Act အမည်ရှိ ဥပဒေသည် အမေရိကန်အိမ်ထောင်စုပေါင်း ၅၀၀,၀၀၀ ကို အိမ်ပိုင်ဆိုင်နိုင်လာစေမည့်အပြင် နိုင်ငံတဝန်းအသိုက်အဝန်းများ ပြန်လည်ရှင်သန်နိုးထလာစေမည့် ရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ အမျိုးသား စီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး Lael Brainard က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ အဆိုပြု သည့်ဥပဒေကို အတည်ပြုပေးရန်လည်း အောက်လွှတ်တော်အား ၎င်းက တိုက်တွန်းခဲ့သည်။

ထိုဥပဒေတွင် အိမ်ရာအခက်အခဲရှိသော မြို့ပြ၊ ဆင်ခြေဖုံးနှင့် ကျေးလက်ဒေသတို့တွင် မိသားစုတစ်စုမှ ၄ စု အထိ နေထိုင်နိုင်သော လူနေအိမ်များ ဆောက်လုပ်ရန် အထောက်အကူပေးမည့်အချက်များ ပါဝင်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဥပဒေကြမ်းကို အထက်လွှတ်တော်အမတ်များဖြစ်သော Ben Cardin (မေရီလန်းပြည်နယ်၊ ဒီမိုကရက် ပါတီမှ) နှင့် Todd Young (အင်ဒီယာနာပြည်နယ်၊ ရီပတ်ဘလီကန်ပါတီမှ) တို့က တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး လာမည့် ဆယ်စုနှစ်အတွင်း အိမ်ထောင်စုပေါင်း ၅၀၀,၀၀၀ အတွက် အကူအညီပေးနိုင်မည်ဟု ဆိုသည်။

 

 

(ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိခရိုင်၊ Monterey Park မြို့ရှိ နေအိမ်တစ်လုံးရှေ့တွင် အိမ်ရောင်းမည်ဟု ဆိုင်းဘုတ်တင်ထားပုံကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်က တွေ့ခဲ့ရပုံ။ အိမ်ဝယ်မည့်သူ များအား အကူအညီပေးရန် စီစဉ်နေကြောင်း အိမ်ဖြူတော်က ပြီးခဲ့သော သောကြာနေ့တွင် ပြောသည်)

 

ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရန် ဗဟိုဘဏ်က ဆောင်ရွက်ရာတွင် အမေရိက၏ အိမ်ခြံမြေဈေးကွက်မှာ အကျပ်ဆိုက်ခဲ့ရသည်။

အိမ်ခြံမြေချေးငွေအတွက် အတိုးနှုန်းများမှာ ဆယ်စုနှစ် ၂ ခုအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အိမ်ဈေးများ ခုန်တက်သွားကာ ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သော အိမ်ခြံမြေများ နည်းပါးလာခဲ့သည်။

ပြည်ထောင်စု အိုးအိမ်ဌာန (FHA) မှတဆင့် ပထမဆုံးအကြိမ် အိမ်ဝယ်မည့်သူများကို ကုန်ကျစရိတ်များ သက်သာစေရန် စီစဉ်နေကြောင်း အိမ်ဖြူတော်က ပြောသည်။

FHA ကျောထောက်နောက်ခံပြု အစီအစဉ်မှတဆင့် အိမ်ဝယ်မည်ဆိုပါက အိမ်ခြံမြေချေးငွေအာမခံကြေး (MIP) ကို ၀ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

“အလတ်စားအိမ်တစ်လုံး ဝယ်ယူသူတစ်ဦးအနေနဲ့ တစ်နှစ်ကို ကန်ဒေါ်လာ ၁၂၀၀ လောက် သက်သာသွားမှာ ဖြစ်ပါတယ်”ဟု Lael Brainard က ပြောသည်။

ထို့အပြင် အိမ်ငှားများကိုလည်း အကူအညီပေးရန် စီစဉ်နေကြောင်း အိမ်ဖြူတော်က ပြောသည်။

အစိုးရအဖွဲ့အနေဖြင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စုပေါင်း ၁၀၀,၀၀၀ ကို အိမ်ငှားခအား ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းသာ ရှိစေရန် အာမခံချက်ပေးကာ ကူညီခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဝင်ငွေနည်းပါးသော အိမ်ထောင်စုပေါင်း ၂၀၀,၀၀၀ ကျော်ကို အိမ်ငှားကဏ္ဍအကူအညီပေးသွားမည်ဖြစ်ကြောင်း Lael Brainard က ဖြည့်စွက်ပြောကြားသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပ

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Biden Wants to Give 500,000 Americans Money to Buy Homes (newsweek)

 

 

 

 

[Zawgyi]

 

ဂ်ိဳးဘိုင္ဒန္အစိုးရအဖြဲ႕က အေမရိကန္ႏိုင္ငံသား ၅၀၀,၀၀၀ အား အိမ္ပိုင္ဆိုင္ေရးအိပ္မက္အတြက္ ေငြေၾကး ေထာက္ပံ့ရန္ စီစဥ္

 

အေမရိကန္မွ အိမ္ေထာင္စု ေထာင္ေပါင္းမ်ားစြာ၏ ေနအိမ္ပိုင္ဆိုင္ေရး အိပ္မက္မ်ား အမွန္တကယ္ျဖစ္လာ ေစေရးအတြက္ အစိုးရအဖြဲ႕က ကူညီေပးရန္ စီစဥ္လ်က္႐ွိေၾကာင္း ဂ်ိဳးဘိုင္ဒန္အစိုးရအဖြဲ႕က ၿပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ ေျပာသည္ဟု နယူးစ္ဝိခ္မဂၢဇင္း၏ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ယခုေျခလွမ္းမွာ အေမရိကန္အစိုးရက ႀကိဳးပမ္းေနေသာ အိမ္ျခံေျမႏွင့္စပ္လ်ဥ္းသည့္ ကုန္က်စရိတ္မ်ား ေလွ်ာ့ခ်ေရး၊ တန္ဖိုးသင့္ေနအိမ္မ်ား ပိုမိုျဖည့္တင္းေပးႏိုင္ေရးႏွင့္ အေမရိကန္ႏိုင္ငံသားတို႔ ေနအိမ္တလုံး ပိုင္ဆိုင္ေရးအတြက္ ေပးေနရသည့္ ကုန္က်စရိတ္မ်ား ေလ်ာ့ပါးေစေရးမ်ား၏ အစိတ္အပိုင္းတစ္ရပ္လည္း ျဖစ္သည္။

အေမရိကန္အစိုးရက အဆိုျပဳေသာ Neighborhood Homes Investment Act အမည္႐ွိ ဥပေဒသည္ အေမရိကန္အိမ္ေထာင္စုေပါင္း ၅၀၀,၀၀၀ ကို အိမ္ပိုင္ဆိုင္ႏိုင္လာေစမည့္အျပင္ ႏိုင္ငံတဝန္းအသိုက္အဝန္းမ်ား ျပန္လည္႐ွင္သန္ႏိုးထလာေစမည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျမင့္မားလာေစမည္ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္၏ အမ်ိဳးသား စီးပြားေရးေကာင္စီ ၫႊန္ၾကားေရးမႉး Lael Brainard က ၾကာသပေတးေန႔တြင္ ေျပာၾကားခဲ့ၿပီး အဆိုပါ အဆိုျပဳ သည့္ဥပေဒကို အတည္ျပဳေပးရန္လည္း ေအာက္လႊတ္ေတာ္အား ၎က တိုက္တြန္းခဲ့သည္။

ထိုဥပေဒတြင္ အိမ္ရာအခက္အခဲ႐ွိေသာ ၿမိဳ႕ျပ၊ ဆင္ေျခဖုံးႏွင့္ ေက်းလက္ေဒသတို႔တြင္ မိသားစုတစ္စုမွ ၄ စု အထိ ေနထိုင္ႏိုင္ေသာ လူေနအိမ္မ်ား ေဆာက္လုပ္ရန္ အေထာက္အကူေပးမည့္အခ်က္မ်ား ပါဝင္ေၾကာင္း ဥပေဒၾကမ္းတြင္ ေဖာ္ျပထားသည္။

ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္အမတ္မ်ားျဖစ္ေသာ Ben Cardin (ေမရီလန္းျပည္နယ္၊ ဒီမိုကရက္ ပါတီမွ) ႏွင့္ Todd Young (အင္ဒီယာနာျပည္နယ္၊ ရီပတ္ဘလီကန္ပါတီမွ) တို႔က တင္သြင္းခဲ့ၾကျခင္းျဖစ္ၿပီး လာမည့္ ဆယ္စုႏွစ္အတြင္း အိမ္ေထာင္စုေပါင္း ၅၀၀,၀၀၀ အတြက္ အကူအညီေပးႏိုင္မည္ဟု ဆိုသည္။

(ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိခ႐ိုင္၊ Monterey Park ၿမိဳ႕႐ွိ ေနအိမ္တစ္လုံးေ႐ွ႕တြင္ အိမ္ေရာင္း မည္ဟု ဆိုင္းဘုတ္တင္ထားပုံကို ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လ ၁၆ ရက္က ေတြ႕ခဲ့ရပုံ။ အိမ္ဝယ္မည့္သူ မ်ားအား အကူအညီေပးရန္ စီစဥ္ေနေၾကာင္း အိမ္ျဖဴေတာ္က ၿပီးခဲ့ေသာ ေသာၾကာေန႔တြင္ ေျပာသည္)

ေငြေၾကးေဖာင္းပြမႈ တိုက္ဖ်က္ရန္ ဗဟိုဘဏ္က ေဆာင္႐ြက္ရာတြင္ အေမရိက၏ အိမ္ျခံေျမေဈးကြက္မွာ အက်ပ္ဆိုက္ခဲ့ရသည္။

အိမ္ျခံေျမေခ်းေငြအတြက္ အတိုးႏႈန္းမ်ားမွာ ဆယ္စုႏွစ္ ၂ ခုအတြင္း အျမင့္ဆုံးသို႔ ေရာက္႐ွိခဲ့ၿပီး အိမ္ေဈးမ်ား ခုန္တက္သြားကာ ေဈးကြက္အတြင္း ဝယ္ယူရ႐ွိႏိုင္ေသာ အိမ္ျခံေျမမ်ား နည္းပါးလာခဲ့သည္။

ျပည္ေထာင္စု အိုးအိမ္ဌာန (FHA) မွတဆင့္ ပထမဆုံးအႀကိမ္ အိမ္ဝယ္မည့္သူမ်ားကို ကုန္က်စရိတ္မ်ား သက္သာေစရန္ စီစဥ္ေနေၾကာင္း အိမ္ျဖဴေတာ္က ေျပာသည္။

FHA ေက်ာေထာက္ေနာက္ခံျပဳ အစီအစဥ္မွတဆင့္ အိမ္ဝယ္မည္ဆိုပါက အိမ္ျခံေျမေခ်းေငြအာမခံေၾကး (MIP) ကို ၀ ဒသမ ၃ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ရန္ စီစဥ္ထားသည္ဟု ဆိုသည္။

“အလတ္စားအိမ္တစ္လုံး ဝယ္ယူသူတစ္ဦးအေနနဲ႔ တစ္ႏွစ္ကို ကန္ေဒၚလာ ၁၂၀၀ ေလာက္ သက္သာသြားမွာ ျဖစ္ပါတယ္”ဟု Lael Brainard က ေျပာသည္။

ထို႔အျပင္ အိမ္ငွားမ်ားကိုလည္း အကူအညီေပးရန္ စီစဥ္ေနေၾကာင္း အိမ္ျဖဴေတာ္က ေျပာသည္။

အစိုးရအဖြဲ႕အေနျဖင့္ ဝင္ေငြနည္းပါးေသာ အိမ္ေထာင္စုေပါင္း ၁၀၀,၀၀၀ ကို အိမ္ငွားခအား ဝင္ေငြ၏ ၃၀ ရာခိုင္ႏႈန္းသာ ႐ွိေစရန္ အာမခံခ်က္ေပးကာ ကူညီခဲ့ၿပီးျဖစ္ေၾကာင္း၊ ဆက္လက္၍လည္း ဝင္ေငြနည္းပါးေသာ အိမ္ေထာင္စုေပါင္း ၂၀၀,၀၀၀ ေက်ာ္ကို အိမ္ငွားက႑အကူအညီေပးသြားမည္ျဖစ္ေၾကာင္း Lael Brainard က ျဖည့္စြက္ေျပာၾကားသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Biden Wants to Give 500,000 Americans Money to Buy Homes (newsweek)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service