လူသူအလှမ်းကွာသော နေရာတွင် ရေမီးလိုင်းများ မရှိသော အိမ်ငယ်လေး၌ ပျော်ရွှင်စွာ ဘဝဖြတ်သန်းနေ သော ထိုင်းနိုင်ငံသူနှင့် အမေရိကန်နိုင်ငံသား စုံတွဲ

လူသူအလှမ်းကွာသော နေရာတွင် ရေမီးလိုင်းများ မရှိသော အိမ်ငယ်လေး၌ ပျော်ရွှင်စွာ ဘဝဖြတ်သန်းနေ သော ထိုင်းနိုင်ငံသူနှင့် အမေရိကန်နိုင်ငံသား စုံတွဲ - Property News in Myanmar from iMyanmarHouse.com
6 Dec 2023 10:53 am တွင် တင်ခဲ့သည်
684 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဖင်း ကားနိုဟန်အမည်ရှိ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသူက မိမိတွင် စွန့်စားတတ်သည့်စိတ် အမြဲရှိ ကြောင်း ပြောသည်။

ထိုင်းနိုင်ငံသူ ကားနိုဟန်သည် အမြဲလို စခန်းချသွားလာနေထိုင်တတ်သူဖြစ်ကာ ယခင်က လှေကလေးတစ်စင်း ပေါ်တွင် နေထိုင်ခဲ့သည်။

သို့သော် သူ၏ အကြီးမားဆုံး စွန့်စားမှုမှာ အမေရိကန်ပြည် ၊ ဖလော်ရီဒါပြည်နယ်မှ အသက် ၆၁ နှစ်အရွယ် အမျိုးသားကြီး ဂျွန်နှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

လက်ထပ်ပြီးနောက်ပိုင်း ကားနိုဟန်တို့စုံတွဲက လျှပ်စစ်မီးလိုင်း မရှိဘဲ Off-grid နေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး နေစွမ်းအင်၊ အပူစွမ်းအင်တို့ဖြင့် နေထိုင်ခဲ့ကြသည်။

သို့သော် သူတို့စုံတွဲက ဘဝနေထိုင်ရမှု ကြမ်းတမ်းသည်ဟု မယူဆ။ သူတို့၏ ချစ်စဖွယ်အိမ်ကလေးတွင် နေအိမ်ပြင်ပ ရေကူးကန် ၊ သမားရိုးကျမဟုတ်သော အတွင်းပိုင်း မွမ်းမံမှု များနှင့် ရေစိမ်ကန်တစ်ခုတို့ ပါဝင်သည်။

အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာပြည်နယ်တွင် နေထိုင်လျက်ရှိသူ ကားနိုဟန်က ပြောသည်မှာ “မနက်တိုင်း ကျွန်မ အိပ်ယာနိုးလာတဲ့အခါ အိပ်မက်ထဲမှာ နေထိုင်နေရသလို ခံစားရပါတယ်။ ဒါက ကျွန်မ နေချင်ခဲ့တဲ့ ဘဝမျိုးဘဲ”ဟု ပြောသည်။

 

(ကျဉ်းမြောင်းသော်လည်း ခေတ်ဆန်လှပသည်။ ဓာတ်ပုံ-SWNS)

 

(မီးဖိုဆောင်။ ဓာတ်ပုံ-SWNS)

 

ကားနိုဟန်နှင့် ဂျွန်တို့ ၂ ဦး ၂၀၁၀ ပြည့်နှစ်အတွင်း အွန်လိုင်းမှ စတင်ဆုံစည်းခဲ့ကြသည်။

လူချင်း မိုင်ပေါင်း ၄၀၀၀ ဝေးကွာသော်လည်း နှလုံးသားချင်း နီးခဲ့ကြသည်။

၎င်းတို့အချစ်ရေး အစောပိုင်းကာလများတွင် လန်ဒန်နှင့် မိုင်အမ်မီအကြား ကူးချည်သန်းချည် သွားလာခဲ့ကြသည်။

ထိုအချိန်က ကားနိုဟန်မှာ လန်ဒန်တွင် နေထိုင်နေသည်။

ယင်းနောက်ပိုင်း သူတို့နှစ်ဦး အင်္ဂလန်တွင် လှေကလေးတစ်စီး ငှားရမ်းကာ ၂ ဦးအတူ နေထိုင်ခဲ့ကြသည်။

ကားနိုဟန်က ဂျွန်ရှိရာ မိုင်အမ်မီသို့ သွားရောက်လည်ပတ်ချိန်တွင်မူ ဂျွန်၏ အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းတွင် နေထိုင်ခဲ့သည်။

 

 

(နေအိမ်အပြင်ဘက် မြင်ကွင်း။ ဓာတ်ပုံ-SWNS)

 

 

(အိမ်အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ-SWNS)

 

ဂျွန်က ပြောသည်မှာ ကားနိုဟန်က ကျွန်မတို့အချစ်ရေး ဘယ်လိုဆက်သွားမယ် မသိဘူး။ ဒီလောက်ကျယ်တဲ့ အိမ်ကြီးကို ကျွန်မ သန့်ရှင်းရေး မလုပ်နိုင်ဘူးဟု ပြောခဲ့ကြောင်း ၊ ဂျွန်က အိမ်ဖော်ငှားပေးမည်ဖြစ်သည်ဟု ပြောရာတွင် ကားနိုဟန်က အိမ်သေးသေးတစ်လုံးဆိုလျှင် အဆင်ပြေနိုင်ကြောင်း အကြံပေးခဲ့သည်ဟု ပြောသည်။

 

 

(အဝတ်အစား ထားသိုခန်း။ ဓာတ်ပုံ-SWNS)

 

၂၀၁၃ ခုနှစ်တွင် ကားနိုဟန်နှင့် ဂျွန်တို့ လက်ထပ်ခဲ့ကြပြီး ကားနိုဟန်က ဂျွန်ရှိရာ အမေရိကန်သို့ ပြောင်းရွှေ့ခဲ့သည်။

ထိုအချိန်တွင် ကားနိုဟန်က ခင်ပွန်းဖြစ်သူအား ရေမီးလိုင်းမရှိသော လူသူအလှမ်းကွာသည့် အိမ်ကလေး တစ်လုံးတွင် နေထိုင်ရန် ပြောခဲ့သည်။

ထို့နောက် မြေတစ်ကွက်ကို ဒေါ်လာ ၁၂၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ယင်းနောက် စတုရန်းပေ ၃၀၄ ရှိသော အိမ်လေး တစ်လုံးကို ဒေါ်လာ ၆၅၀၀ ဖြင့် ဝယ်ခဲ့သည်။

ပြီးနောက် ပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများအတွက် ဒေါ်လာ ၆၀၀၀ ကုန်ကျခဲ့သည်။

ထိုအိမ်လေးတွင် နေထိုင်ရန် သူတို့ ၂ ဦး၏ ပိုင်ဆိုင်မှု အများစုကို ရောင်းချခဲ့ရသည်။

နေထိုင်ရမှု အစောပိုင်းနေ့ရက်များမှာ မလွယ်ကူလှ။

 

 

(အရစ်ကျပေးဆပ်ရသော အိမ်ခြံမြေကြွေးမြီများ မရှိ။ ဓာတ်ပုံ-SWNS)

 

(ရေချိုးခန်းမှာ ပျိုးခြံတစ်ခုနှင့် တူနေသည်။ ဓာတ်ပုံ-SWNS)

 

၎င်းတို့စုံတွဲ စုစုပေါင်းအားဖြင့် မြေ ၁၆ ဧက ဝယ်ထားပြီး ဒေါ်လာ ၈၃၀၀၀ ကုန်ကျခဲ့သည်။

၎င်းတို့ အိမ်ဝန်းကျင်တွင် အခြားအိမ်ငယ်လေးများနှင့် ယာယီတဲများ ဆောက်လုပ်ကာ အငှားချထားခြင်းမှ တစ်လလျှင် ဒေါ်လာ ၃၀၀၀ မှ ၅၀၀၀ ကြား ဝင်ငွေရှိရာ ကြွေးမြီကင်းသော ဘဝတွင် အေးချမ်းသက်သာစွာ နေထိုင်ကြ လျက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We sold our belongings to live in a tiny shed — but we’re not roughing it (metro)

 

 

[Zawgyi]

 

လူသူအလွမ္းကြာေသာ ေနရာတြင္ ေရမီးလိုင္းမ်ား မ႐ွိေသာ အိမ္ငယ္ေလး၌ ေပ်ာ္႐ႊင္စြာ ဘဝျဖတ္သန္းေန ေသာ ထိုင္းႏိုင္ငံသူႏွင့္ အေမရိကန္ႏိုင္ငံသား စုံတြဲ

 

ဖင္း ကားႏိုဟန္အမည္႐ွိ အသက္ ၄၄ ႏွစ္အ႐ြယ္ ထိုင္းႏိုင္ငံသူက မိမိတြင္ စြန္႔စားတတ္သည့္စိတ္ အၿမဲ႐ွိ ေၾကာင္း ေျပာသည္။

ထိုင္းႏိုင္ငံသူ ကားႏိုဟန္သည္ အၿမဲလို စခန္းခ်သြားလာေနထိုင္တတ္သူျဖစ္ကာ ယခင္က ေလွကေလးတစ္စင္း ေပၚတြင္ ေနထိုင္ခဲ့သည္။

သို႔ေသာ္ သူ၏ အႀကီးမားဆုံး စြန္႔စားမႈမွာ အေမရိကန္ျပည္ ၊ ဖေလာ္ရီဒါျပည္နယ္မွ အသက္ ၆၁ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီး ဂြၽန္ႏွင့္ ခ်စ္ကြၽမ္းဝင္ခဲ့ၿပီး လက္ထပ္ခဲ့ျခင္း ျဖစ္သည္။

လက္ထပ္ၿပီးေနာက္ပိုင္း ကားႏိုဟန္တို႔စုံတြဲက လွ်ပ္စစ္မီးလိုင္း မ႐ွိဘဲ Off-grid ေနထိုင္ရန္ ဆုံးျဖတ္ခဲ့ၿပီး ေနစြမ္းအင္၊ အပူစြမ္းအင္တို႔ျဖင့္ ေနထိုင္ခဲ့ၾကသည္။

သို႔ေသာ္ သူတို႔စုံတြဲက ဘဝေနထိုင္ရမႈ ၾကမ္းတမ္းသည္ဟု မယူဆ။ သူတို႔၏ ခ်စ္စဖြယ္အိမ္ကေလးတြင္ ေနအိမ္ျပင္ပ ေရကူးကန္ ၊ သမား႐ိုးက်မဟုတ္ေသာ အတြင္းပိုင္း မြမ္းမံမႈ မ်ားႏွင့္ ေရစိမ္ကန္တစ္ခုတို႔ ပါဝင္သည္။

အေမရိကန္ျပည္ေထာင္စု ၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ ေနထိုင္လ်က္႐ွိသူ ကားႏိုဟန္က ေျပာသည္မွာ “မနက္တိုင္း ကြၽန္မ အိပ္ယာႏိုးလာတဲ့အခါ အိပ္မက္ထဲမွာ ေနထိုင္ေနရသလို ခံစားရပါတယ္။ ဒါက ကြၽန္မ ေနခ်င္ခဲ့တဲ့ ဘဝမ်ိဳးဘဲ”ဟု ေျပာသည္။

(က်ဥ္းေျမာင္းေသာ္လည္း ေခတ္ဆန္လွပသည္။ ဓာတ္ပုံ-SWNS) (မီးဖိုေဆာင္။ ဓာတ္ပုံ-SWNS)

ကားႏိုဟန္ႏွင့္ ဂြၽန္တို႔ ၂ ဦး ၂၀၁၀ ျပည့္ႏွစ္အတြင္း အြန္လိုင္းမွ စတင္ဆုံစည္းခဲ့ၾကသည္။

လူခ်င္း မိုင္ေပါင္း ၄၀၀၀ ေဝးကြာေသာ္လည္း ႏွလုံးသားခ်င္း နီးခဲ့ၾကသည္။

၎တို႔အခ်စ္ေရး အေစာပိုင္းကာလမ်ားတြင္ လန္ဒန္ႏွင့္ မိုင္အမ္မီအၾကား ကူးခ်ည္သန္းခ်ည္ သြားလာခဲ့ၾကသည္။

ထိုအခ်ိန္က ကားႏိုဟန္မွာ လန္ဒန္တြင္ ေနထိုင္ေနသည္။

ယင္းေနာက္ပိုင္း သူတို႔ႏွစ္ဦး အဂၤလန္တြင္ ေလွကေလးတစ္စီး ငွားရမ္းကာ ၂ ဦးအတူ ေနထိုင္ခဲ့ၾကသည္။

ကားႏိုဟန္က ဂြၽန္႐ွိရာ မိုင္အမ္မီသို႔ သြားေရာက္လည္ပတ္ခ်ိန္တြင္မူ ဂြၽန္၏ အိပ္ခန္း ၃ ခန္းပါ တိုက္ခန္းတြင္ ေနထိုင္ခဲ့သည္။

(ေနအိမ္အျပင္ဘက္ ျမင္ကြင္း။ ဓာတ္ပုံ-SWNS)

(အိမ္အတြင္းပိုင္း ျမင္ကြင္း။ ဓာတ္ပုံ-SWNS)

ဂြၽန္က ေျပာသည္မွာ ကားႏိုဟန္က ကြၽန္မတို႔အခ်စ္ေရး ဘယ္လိုဆက္သြားမယ္ မသိဘူး။ ဒီေလာက္က်ယ္တဲ့ အိမ္ႀကီးကို ကြၽန္မ သန္႔႐ွင္းေရး မလုပ္ႏိုင္ဘူးဟု ေျပာခဲ့ေၾကာင္း ၊ ဂြၽန္က အိမ္ေဖာ္ငွားေပးမည္ျဖစ္သည္ဟု ေျပာရာတြင္ ကားႏိုဟန္က အိမ္ေသးေသးတစ္လုံးဆိုလွ်င္ အဆင္ေျပႏိုင္ေၾကာင္း အၾကံေပးခဲ့သည္ဟု ေျပာသည္။

(အဝတ္အစား ထားသိုခန္း။ ဓာတ္ပုံ-SWNS)

၂၀၁၃ ခုႏွစ္တြင္ ကားႏိုဟန္ႏွင့္ ဂြၽန္တို႔ လက္ထပ္ခဲ့ၾကၿပီး ကားႏိုဟန္က ဂြၽန္႐ွိရာ အေမရိကန္သို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။

ထိုအခ်ိန္တြင္ ကားႏိုဟန္က ခင္ပြန္းျဖစ္သူအား ေရမီးလိုင္းမ႐ွိေသာ လူသူအလွမ္းကြာသည့္ အိမ္ကေလး တစ္လုံးတြင္ ေနထိုင္ရန္ ေျပာခဲ့သည္။

ထို႔ေနာက္ ေျမတစ္ကြက္ကို ေဒၚလာ ၁၂၀၀ ျဖင့္ ဝယ္ယူခဲ့ၿပီး ယင္းေနာက္ စတုရန္းေပ ၃၀၄ ႐ွိေသာ အိမ္ေလး တစ္လုံးကို ေဒၚလာ ၆၅၀၀ ျဖင့္ ဝယ္ခဲ့သည္။

ၿပီးေနာက္ ပရိေဘာဂမ်ားႏွင့္ လွ်ပ္စစ္ပစၥည္းမ်ားအတြက္ ေဒၚလာ ၆၀၀၀ ကုန္က်ခဲ့သည္။

ထိုအိမ္ေလးတြင္ ေနထိုင္ရန္ သူတို႔ ၂ ဦး၏ ပိုင္ဆိုင္မႈ အမ်ားစုကို ေရာင္းခ်ခဲ့ရသည္။

ေနထိုင္ရမႈ အေစာပိုင္းေန႔ရက္မ်ားမွာ မလြယ္ကူလွ။

(အရစ္က်ေပးဆပ္ရေသာ အိမ္ျခံေျမေႂကြးၿမီမ်ား မ႐ွိ။ ဓာတ္ပုံ-SWNS)

(ေရခ်ိဳးခန္းမွာ ပ်ိဳးျခံတစ္ခုႏွင့္ တူေနသည္။ ဓာတ္ပုံ-SWNS)

၎တို႔စုံတြဲ စုစုေပါင္းအားျဖင့္ ေျမ ၁၆ ဧက ဝယ္ထားၿပီး ေဒၚလာ ၈၃၀၀၀ ကုန္က်ခဲ့သည္။

၎တို႔ အိမ္ဝန္းက်င္တြင္ အျခားအိမ္ငယ္ေလးမ်ားႏွင့္ ယာယီတဲမ်ား ေဆာက္လုပ္ကာ အငွားခ်ထားျခင္းမွ တစ္လလွ်င္ ေဒၚလာ ၃၀၀၀ မွ ၅၀၀၀ ၾကား ဝင္ေငြ႐ွိရာ ေႂကြးၿမီကင္းေသာ ဘဝတြင္ ေအးခ်မ္းသက္သာစြာ ေနထိုင္ၾက လ်က္႐ွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: We sold our belongings to live in a tiny shed — but we’re not roughing it (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service