ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၁၁၂ ဧကကျယ်ဝန်းသော ဝတ်လစ်စလစ် အပန်းဖြေစခန်း ကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၁၁၂ ဧကကျယ်ဝန်းသော ဝတ်လစ်စလစ် အပန်းဖြေစခန်း ကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
7 Dec 2023 3:14 pm တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Los Gatos မြို့ရှိ သမိုင်းဝင် ဝတ်လစ်စလစ် အပန်းဖြေ စခန်းတစ်ခု အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါနေရာသည် မိမွေးတိုင်း ဖမွေးတိုင်းနေထိုင်ခြင်းမှာ ကျန်းမာရေးနှင့် ညီညွှတ်သည်ဟု ယူဆသောသူများ လာရောက်အပန်းဖြေလေ့ရှိသော နေရာ ဖြစ်သည်။
ဝတ်လစ်စလစ် အပန်းဖြေစခန်း၏ အမည်မှာ Lupin Lodge Naturist Club ဟု အမည်ရသည်။
အပြောကျယ်ကာ သစ်ပန်ပန်းမန်တို့ဖြင့် အုပ်ဆိုင်းဝေဆာနေသော အပန်းဖြေစခန်းတွင် မိမွေးတိုင်း ဖမွေးတိုင်း နေထိုင်လိုသူများ ၁၉၃၅ ခုနှစ်မှ စတင်ကာ လာရောက်အပန်းဖြေခဲ့ကြကြောင်း Realtor အိမ်ခြံမြေ ဝက်ဘ်ဆိုက် က ဖော်ပြသည်။
ယခုအချိန်တွင်မူ ပိုင်ရှင်ဖြစ်သူ Lori Stout က ပိုင်ရှင်သစ်လက်ထံ လက်လွှဲရောင်းချရန် စီစဉ်နေပြီ ဖြစ်သည်။
Lori Stout သည် ခင်ပွန်းဖြစ်သူ ၁၉၇၈ ခုနှစ်တွင် ကွယ်လွန်သွားချိန်ကတည်းက ဤအပန်းဖြေစခန်းကို ဆက်လက်ကွပ်ကဲကာ လည်ပတ်လုပ်ကိုင်ခဲ့သည်။
“Santa Cruz တောင်တန်းတွေကြားမှာရှိပြီး ဝတ်လစ်စလစ် နေထိုင်မှု နှစ်သက်သူတွေ မြတ်နိုးကြတဲ့ နိဗ္ဗာန်ဘုံ တစ်ခုပါ။ သာယာလှပ၊ ဆိတ်ငြိမ်အေးချမ်းပြီး တကိုယ်ရေလုံခြုံမှုကောင်းပါတယ်”ဟု အရောင်းဈေးကွက်တင် ပေးသော Christie’s International အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Joe Pollifrone က Realtor အိမ်ခြံမြေ သတင်းဌာနသို့ ပြောသည်။
အပန်းဖြေစခန်းတွင် အိပ်ခန်း ၃၇ ခန်း၊ ရေချိုးခန်း ၂၂ ခန်းပါဝင်ပြီး အကျယ်အဝန်း ၂၄၀၆၂ စတုရန်းပေရှိကာ ကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းဈေးခေါ်ထားသည်။
(Lupin Lodge ဝတ်လစ်စလစ် အပန်းဖြေစခန်း၏ အဖွဲ့ဝင်များ ရုပ်ရှင်ကြည့်ရန် စောင့်ဆိုင်းနေသော သမိုင်းဝင် ဓာတ်ပုံတစ်ခု။ ဓာတ်ပုံ-Bettmann Archive)
ထို့အပြင် သစ်သားအိမ်ငယ် ၁၉ လုံး၊ ယာယီတဲ ၁၆ ခု၊ စခန်းချရန်နေရာများနှင့် ကားအိမ် (RV) များ စတည်းချ ရန် နေရာများစွာ၊ တင်းနစ်ကွင်း၊ Pickleball ကွင်း၊ ဘော်လီဘောကွင်း၊ လူလျှောက်လမ်း မိုင်ပေါင်းများစွာနှင့် ရှုခင်းကြည့် deck တစ်ခုပါသော ရေကူးကန်များ ပါဝင်သည်။
ထိုမျှမက မီးသတ်ရေပိုက်ခေါင်း ၂ ခု၊ ကွန်ဖရင့်စင်တာ၊ စပျစ်ခင်းနှင့် ဝိုင်ထုတ်လုပ်ရာနေရာ၊ ကျန်းမာရေး ဆိုင်ရာ Wellness စင်တာ၊ မြင်းစီး facilities များနှင့် အားကစားလေ့ကျင့်ခန်းမတို့လည်း ရှိသည်။
(အပန်းဖြေစခန်း၏ ဝန်းကျင်ရှုမျှော်ခင်း)
(ကယ်လီဖိုးနီးယားပြည်နယ်၊ Los Gatos မြို့တွင် တည်ရှိသည်။ ဓာတ်ပုံ-Blake Cardoza)
(အပန်းဖြေစခန်းဝန်းအကျယ် ၁၁၂ ဧကရှိသည်။ ဓာတ်ပုံ-Blake Cardoza)
(မြင်းစီး facilities များအပြင် ယာယီတဲ ၁၆ လုံးရှိသည်။ ဓာတ်ပုံ-Blake Cardoza)
(ပိုင်ရှင်သစ်အနေဖြင့် ဝတ်လစ်စလစ်အပန်းဖြေစခန်းအဖြစ် ဆက်လက်အသုံးပြုမည်လော။ ဓာတ်ပုံ-Blake Cardoza)
(၁၉၃၅ ခုနှစ်ကတည်းက ဝတ်လစ်စလစ် အပန်းဖြေစခန်းအဖြစ် အသုံးပြုခဲ့သည်။ ဓာတ်ပုံ-Blake Cardoza)
(အပန်းဖြေစခန်းတွင်းရှိ အဆောက်အအုံများစွာအနက်မှ တစ်ခု။ ဓာတ်ပုံ-Blake Cardoza)
(ရေကူးကန်။ ဓာတ်ပုံ-Blake Cardoza)
(ရေကန်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Blake Cardoza)
(ယခုရောင်းချသောပိုင်ရှင်က ၁၉၇၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Blake Cardoza)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Nudist resort lists for $32.8M — sellers fear clothes-minded buyers (nypost)
[Zawgyi]
(Lupin Lodge အပန်းဖြေစခန်းတွင်း မြင်ကွင်းတစ်ခု။ ဓာတ်ပုံ-Lupin Lodge/Facebook)
(ရေကူးကန်။ ဓာတ်ပုံ-Blake Cardoza)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Shwe Wutt Hmone
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service