လန်ဒန်မြို့ရှိ တိုက်ခန်းတစ်ခန်း တစ်လလျှင် ပေါင် ၂၁၈၀ ဖြင့် ငှားမည် ၊ အိမ်မွေးတိရ စ္ဆာန်ရှိသူဆိုပါက တစ်ကောင်လျှင် တစ်လ ၇၅ ပေါင် အိမ်ငှားခ ထပ်ပေးရမည်ဟုဆို

လန်ဒန်မြို့ရှိ တိုက်ခန်းတစ်ခန်း တစ်လလျှင် ပေါင် ၂၁၈၀ ဖြင့် ငှားမည် ၊ အိမ်မွေးတိရ စ္ဆာန်ရှိသူဆိုပါက တစ်ကောင်လျှင် တစ်လ ၇၅ ပေါင် အိမ်ငှားခ ထပ်ပေးရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Dec 2023 11:03 am တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်နိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် အိမ်ငှား ကြော်ငြာများ လိုက်လံရှာဖွေရင်း အိမ်မွေးတိရ စ္ဆာန်များကို တစ်လလျှင် ၇၅ ပေါင် (မြန်မာငွေ ၁၉၀၀၀၀ ကျော်) အိမ်လခတောင်းသည့် အငှားကြော်ငြာတစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့သည်။

 

(မှတ်ချက်။ နိုဝင်ဘာ ၂၇ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၆၃၈ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

 

တည်နေရာမှာ လန်ဒန်မြို့ ၊ Whitechapel အရပ်အနီး Stepney Green ဒေသတွင် တည်ရှိသည်။

Fizzy Living အမည်ရှိ လူနေတိုက်ခန်းအဆောက်အအုံတွင် တည်ရှိသော အဆိုပါ အခန်းကို စပေါ်ပေါင် ၂၃၀၀ (မြန်မာကျပ်ငွေ သိန်း ၆၀) နှင့် အိမ်လခ တစ်လလျှင် ပေါင် ၂၁၈၀ (မြန်မာကျပ်ငွေ ၅၇ သိန်း) ဖြင့် ငှားရမ်းမည် ဖြစ်သည်။

အကယ်၍ သင့်တွင် အိမ်မွေးတိရ စ္ဆာန်တစ်ကောင်ရှိပါက အိမ်လခမှာ ပေါင် ၂၂၅၅ (မြန်မာကျပ်ငွေ ၅၉ သိန်း) ကျသင့်မည် ဖြစ်သည်။

အဆိုပါ အငှားဈေးကွက်တင်မှုကို လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက အရွှန်းဖောက် မှတ်ချက်ပြုသည်မှာ “အိမ်မွေး တိရ စ္ဆာန်က အိမ်လခ ဘယ်လိုပေးမလဲ။ သူတို့မှာ အလုပ်ရှိလို့လား”ဟု ဆိုသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ “အိမ်မွေးတိရ စ္ဆာန်အိမ်လခတဲ့လား။ အံ့သြပါရဲ့”ဟု ဆိုပြီး အခြားတစ်ဦး ကမူ “တာမဂေါ့ဂျိတစ်ကောင်ဆိုရင် ဘယ်လောက်ပေးရမလဲ”ဟု ဆိုသည်။

 

(မှတ်ချက်။ တာမဂေါ့ဂျိမှာ လက်ကိုင်ဒစ်ဂျစ်တယ် Pet ဖြစ်ပြီး ဂျပန်လူမျိုးတစ်ဦးက ဖန်တီး ထုတ်လုပ်ခြင်း ဖြစ်သည်။)

X လူမှုကွန်ရက် (ယခင်အမည် တွစ်တာ) အသုံးပြုသူတို့က ၎င်းတို့ အိမ်ငှားရာတွင်လည်း အိမ်မွေးတိရ စ္ဆာန် များအား အိမ်လခတောင်းခံမှု ရင်ဆိုင်ရသည့် အတွေ့အကြုံများကို ပြောပြကြသည်။

 

 

 

ဟန်နာ အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက Screenshot တစ်ခုကို မျှဝေသည်။

ထို Screenshot တွင် လူတစ်ဦးက သူမထံ မက်ဆေ့ပို့ခဲ့ရာတွင် ၎င်းနေထိုင်သော အဆောက်အအုံ၌ အမြှီးတိုကြွက် တစ်ကောင်လျှင် အိမ်လခ ၂၅ ပေါင် ကောက်ခံကြောင်း ရေးသားထားသည်။

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “ကျွန်တော်တို့လည်း ခွေးလေးအတွက် အိမ်ငှားခ တစ်လကို ပေါင် ၅၀ ပေးရတယ်”ဟု ဆိုပြီး နောက်တစ်ဦးကလည်း “ကျွန်တော်တို့လည်း အပိုကြေး ၁၅ ပေါင် ပေးရတယ်။ သိပ်အလေးအနက် မထားပေမဲ့ ဒါကို မပေးချင်ပါဘူး”ဟု ဆိုသည်။

တစ်ဦးက ပြောပြသည်မှာ ၎င်းတို့၏ ကြောင်ကလေးအတွက် အိမ်ရှင်အား ပေါင် ၅၀၀ (မြန်မာကျပ်ငွေ ၁၃ သိန်း) စပေါ်ပေးရကြောင်း ပြောသည်။

အခြားတစ်ဦးကမူ အိမ်မွေးတိရ စ္ဆာန်ထားလျှင် အိမ်ရှင်အား ပေါင် ၂၀၀ (မြန်မာကျပ်ငွေ ၅၂၀၀၀၀) စပေါ်ပေးရသည့်အပြင် အိမ်ပြောင်းပါက ကျွမ်းကျင်ပညာရှင်များခေါ်ကာ ပိုးသတ်ဆေးဖြန်းပေးရသည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Landlord charges £75 per month for ‘pet rent’, so your dog better get a job (metro)

 

 

 

[Zawgyi]

 

လန္ဒန္ျမဳိ႕ရွိ တုိက္ခန္းတစ္ခန္း တစ္လလွ်င္ ေပါင္ ၂၁၈၀ ျဖင့္ ငွားမည္ ၊ အိမ္ေမြးတိရ စၦာန္ရွိသူဆိုပါက တစ္ေကာင္လွ်င္ တစ္လ ၇၅ ေပါင္ အိမ္ငွားခ ထပ္ေပးရမည္ဟုဆို

အဂၤလန္ႏိုင္ငံတြင္ အမ်ဳိးသမီးတစ္ဦးသည္ အိမ္ငွား ေၾကာ္ျငာမ်ား လိုက္လံရွာေဖြရင္း အိမ္ေမြးတိရ စၦာန္မ်ားကို တစ္လလွ်င္ ၇၅ ေပါင္ (ျမန္မာေငြ ၁၉၀၀၀၀ ေက်ာ္) အိမ္လခေတာင္းသည့္ အငွားေၾကာ္ျငာတစ္ခုကို အမွတ္မထင္ ေတြ႔ရွိခဲ့သည္။

(မွတ္ခ်က္။ ႏိုဝင္ဘာ ၂၇ ရက္ သတ္မွတ္ေငြလဲႏႈန္း ျဗိတိန္ ၁ ေပါင္လွ်င္ ျမန္မာက်ပ္ေငြ ၂၆၃၈ ျဖင့္ တြက္ခ်က္ထားျခင္း ျဖစ္ပါသည္။)

တည္ေနရာမွာ လန္ဒန္ျမဳိ႕ ၊ Whitechapel အရပ္အနီး Stepney Green ေဒသတြင္ တည္ရွိသည္။

Fizzy Living အမည္ရွိ လူေနတိုက္ခန္းအေဆာက္အအံုတြင္ တည္ရွိေသာ အဆိုပါ အခန္းကို စေပၚေပါင္ ၂၃၀၀ (ျမန္မာက်ပ္ေငြ သိန္း ၆၀) ႏွင့္ အိမ္လခ တစ္လလွ်င္ ေပါင္ ၂၁၈၀ (ျမန္မာက်ပ္ေငြ ၅၇ သိန္း) ျဖင့္ ငွားရမ္းမည္ ျဖစ္သည္။

အကယ္၍ သင့္တြင္ အိမ္ေမြးတိရ စၦာန္တစ္ေကာင္ရွိပါက အိမ္လခမွာ ေပါင္ ၂၂၅၅ (ျမန္မာက်ပ္ေငြ ၅၉ သိန္း) က်သင့္မည္ ျဖစ္သည္။

အဆိုပါ အငွားေစ်းကြက္တင္မႈကို လူမႈကြန္ရက္ သံုးစြဲသူတစ္ဦးက အရႊန္းေဖာက္ မွတ္ခ်က္ျပဳသည္မွာ “အိမ္ေမြး တိရ စၦာန္က အိမ္လခ ဘယ္လုိေပးမလဲ။ သူတုိ႔မွာ အလုပ္ရွိလို႔လား”ဟု ဆိုသည္။

တစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “အိမ္ေမြးတိရ စၦာန္အိမ္လခတဲ့လား။ အံ့ၾသပါရဲ႕”ဟု ဆိုျပီး အျခားတစ္ဦး ကမူ “တာမေဂါ့ဂ်ိတစ္ေကာင္ဆိုရင္ ဘယ္ေလာက္ေပးရမလဲ”ဟု ဆိုသည္။

(မွတ္ခ်က္။ တာမေဂ့ါဂ်ိမွာ လက္ကုိင္ဒစ္ဂ်စ္တယ္ Pet ျဖစ္ျပီး ဂ်ပန္လူမ်ဳိးတစ္ဦးက ဖန္တီး ထုတ္လုပ္ျခင္း ျဖစ္သည္။)

X လူမႈကြန္ရက္ (ယခင္အမည္ တြစ္တာ) အသံုးျပဳသူတို႔က ၎တို႔ အိမ္ငွားရာတြင္လည္း အိမ္ေမြးတိရ စၦာန္ မ်ားအား အိမ္လခေတာင္းခံမႈ ရင္ဆုိင္ရသည့္ အေတြ႔အၾကံဳမ်ားကို ေျပာျပၾကသည္။

ဟန္နာ အမည္ရွိ လူမႈကြန္ရက္အသံုးျပဳသူတစ္ဦးက Screenshot တစ္ခုကို မွ်ေဝသည္။

ထို Screenshot တြင္ လူတစ္ဦးက သူမထံ မက္ေဆ့ပို႔ခဲ့ရာတြင္ ၎ေနထိုင္ေသာ အေဆာက္အအံု၌ အျမွီးတိုၾကြက္ တစ္ေကာင္လွ်င္ အိမ္လခ ၂၅ ေပါင္ ေကာက္ခံေၾကာင္း ေရးသားထားသည္။

အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “ကၽြန္ေတာ္တို႔လည္း ေခြးေလးအတြက္ အိမ္ငွားခ တစ္လကို ေပါင္ ၅၀ ေပးရတယ္”ဟု ဆိုျပီး ေနာက္တစ္ဦးကလည္း “ကၽြန္ေတာ္တုိ႔လည္း အပိုေၾကး ၁၅ ေပါင္ ေပးရတယ္။ သိပ္အေလးအနက္ မထားေပမဲ့ ဒါကို မေပးခ်င္ပါဘူး”ဟု ဆိုသည္။

တစ္ဦးက ေျပာျပသည္မွာ ၎တို႔၏ ေၾကာင္ကေလးအတြက္ အိမ္ရွင္အား ေပါင္ ၅၀၀ (ျမန္မာက်ပ္ေငြ ၁၃ သိန္း) စေပၚေပးရေၾကာင္း ေျပာသည္။

အျခားတစ္ဦးကမူ အိမ္ေမြးတိရ စၦာန္ထားလွ်င္ အိမ္ရွင္အား ေပါင္ ၂၀၀ (ျမန္မာက်ပ္ေငြ ၅၂၀၀၀၀) စေပၚေပးရသည့္အျပင္ အိမ္ေျပာင္းပါက ကၽြမ္းက်င္ပညာရွင္မ်ားေခၚကာ ပိုးသတ္ေဆးျဖန္းေပးရသည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Landlord charges £75 per month for ‘pet rent’, so your dog better get a job (metro)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service