သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ကား Frankenstein ကို ရိုက်ကူးခဲ့သော လိင်တူချစ်သူ ရုပ်ရှင်ဒါရိုက်တာ James Whale ၏ လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၇ ဒသမ ၂၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ကား Frankenstein ကို ရိုက်ကူးခဲ့သော လိင်တူချစ်သူ ရုပ်ရှင်ဒါရိုက်တာ James Whale ၏ လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၇ ဒသမ ၂၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1 Dec 2023 10:17 am တွင် တင်ခဲ့သည်
751 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ယခုဟောလိဝုဒ်ဂန္ထဝင်စံအိမ်သည် တချိန်က ၁၉၃၀ ပြည့်လွန်ကာလများတွင် သွေးစုပ်ဖုတ်ကောင်ရုပ်ရှင် Frankenstein , Invisible Man, The Bride of Frankenstein နှင့် ၁၉၉၈ ခုနှစ်တွင် Gods and Monsters ရုပ်ရှင်များရိုက်ကူးခဲ့သော ရုပ်ရှင်ဒါရိုက်တာ James Whale နှင့် သူ၏ခင်ပွန်းဖြစ်သူ ရုပ်ရှင်ထုတ်လုပ်သူ David Lewis တို့ နေထိုင်ခဲ့သော စံအိမ်ဖြစ်သည်။
အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါသော မြေထဲပင်လယ်ဗိသုကာဟန်စံအိမ်ဖြစ်သော်လည်း တပ်စ်ကန် ဗိသုကာဟန် ကျေးလက်စံအိမ်တစ်လုံးနှင့် ပိုတူနေပြီး ယခုအခါ ကန်ဒေါ်လာ ၇ ဒသမ ၂၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေသည်။
စတုရန်းပေ ၄၅၂၅ ကျယ်ဝန်းသောစံအိမ်ကို ဗိသုကာပညာရှင် Henry Harwood Hewitt က ၁၉၂၇ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ တည်နေရာမှာ လော့စ်အိန်ဂျလိမြို့၊ Dundee Drive လမ်း၊ အမှတ် ၄၅၆၅ တွင် တည်ရှိသည်။
Hewitt သည် ကဗျာဆရာ Alice Lynch ၏ စံအိမ်ကို ၁၉၂၂ ခုနှစ်တွင်လည်းကောင်း၊ လော့စ်အိန်ဂျလိမြို့ Westlake အရပ်ရှိ Masonic ဘုရားကျောင်းကို ၁၉၁၄ ခုနှစ်တွင်လည်းကောင်း ဒီဇိုင်းရေးဆွဲပေးခဲ့ဖူးသည်။
စံအိမ်၏အမည်မှာ Villa Collina ဖြစ်ပြီး မူလက အမေရိကန်ဂေါက်ဖ်သီးကစားသမား Clement E.Smoot အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
Clement E.Smoot သည် ၁၉၀၄ ခုနှစ်တွင် ကျင်းပသော နွေရာသီအိုလံပစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုနှစ်က အမေရိကန်တို့ ရွှေတံဆိပ်ရခဲ့ကြသည်။
နေအိမ်တွင်း မွမ်းမံမှုများကို ကြည့်မည်ဆိုလျှင် handmade မူရင်းကြွေပြားများ၊ မြို့၏အလှကို ရှုမြင်နိုင်သော နားနေဆောင်တစ်ခုဆီသို့ ပေါက်သည့် ပြင်သစ်တံခါးများစွာ ပါဝင်သည်။
Los Feliz အရပ်ရှိ တောင်ကုန်းများဆီတွင် တည်ရှိပြီး Griffith Observatory နှင့် လော့စ်အိန်ဂျလိမြို့ကြီး၏ တခွင်တပြင်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။
(ကွယ်လွန်သွားပြီဖြစ်သော ရုပ်ရှင်ဒါရိုက်တာ James Whale။ ဓာတ်ပုံ-Getty Images)
(Los Feliz တောင်ကုန်းများဆီတွင် တည်ရှိသော Villa Collina စံအိမ်)
(ခြံနောက်ဘက်ဆီမှ ရေကူးကန်။ ဓာတ်ပုံ-Charmaine David)
(အိပ်ခန်း ၄ ခန်းအနက်မှတစ်ခန်း။ ဓာတ်ပုံ- Charmaine David)
(Dundee Drive လမ်း၊ အမှတ် ၄၅၆၅ တွင်တည်ရှိသော စံအိမ်ကို ဗိသုကာပညာရှင် Henry Harwood Hewit က ၁၉၂၇ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ Charmaine David)
(ပြင်သစ်တံခါးများနှင့် စားသောက်ရန်နေရာပါသော မီးဖိုဆောင်။ ဓာတ်ပုံ-Charmaine David)
(တစ်ခုသောအိပ်ခန်း။ ဓာတ်ပုံ- Charmaine David)
ယခုရောင်းချသူက ဤစံအိမ်ကို ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၆၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဈေးကွက်တင်ပေးသူမှာ Nourmand & Associates အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Konstantine Valissarakos နှင့် Sotheby’s အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Richard Yohon တို့ ဖြစ်ကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: It’s alive! Snag the LA home of late ‘Frankenstein’ director James Whale for $7.24M (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service