Formula 1 ချန်ပီယံ Lewis Hamilton က လော့စ်အိန်ဂျလိမြို့ရှိ ဒေါ်လာ ၁၅ သန်းတန် စံအိမ်ကြီးတစ်လုံး ဝယ်ယူရန်ကြည့်ရှု

Formula 1 ချန်ပီယံ Lewis Hamilton က လော့စ်အိန်ဂျလိမြို့ရှိ ဒေါ်လာ ၁၅ သန်းတန် စံအိမ်ကြီးတစ်လုံး ဝယ်ယူရန်ကြည့်ရှု - Property News in Myanmar from iMyanmarHouse.com
30 Nov 2023 11:20 am တွင် တင်ခဲ့သည်
630 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြိုင်ကားမောင်းကြယ်ပွင့်တစ်ဦးဖြစ်သူ လူးဝစ် ဟမ်မတန် (Lewis Hamilton) သည် ဗြိတိန်ပြိုင်ကားမောင်း ကြယ်ပွင့်တစ်ဦးဖြစ်ပြီး လက်ရှိတွင် Formula 1 ၌ မာစီးဒီးအတွက် ပါဝင်ယှဉ်ပြိုင်နေသူဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ဗြိတိန်ဘုရင်မကြီးက ဆာဘွဲ့ချီးမြှင့်ကာ သူကောင်းပြုခြင်းခံခဲ့ရသည်။

Formula 1 တွင် မိုက်ကယ်ရှုးမေကာနှင့် ပူးတွဲချန်ပီယံ ၇ ကြိမ်ရရှိထားပြီး ၁၀၃ ပွဲအနိုင်ရရှိမှုဖြင့် အများဆုံး နိုင်ပွဲရသည့် စံချိန်ကိုလည်း ရရှိထားသူဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်းကြီးက ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် လူးဝစ် ဟမ်မတန်ကို ထည့်သွင်း ဖော်ပြခဲ့သည်။

လူးဝစ်ဟမ်မတန်သည် မိုနာကိုမှသည် ဂျီနီဗာ ၊ လန်ဒန်နှင့် နယူးယောက်တို့အထိ ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေများ ပိုင်ဆိုင်ထားပြီး ယခုအခါ လော့စ်အိန်ဂျလိမြို့မှ စံအိမ်တစ်လုံး သူ၏ ပိုင်ဆိုင်မှု စာရင်းတွင် ထပ်မံဖြည့်သွင်းရန် စီစဉ်လာသည်။

ဟမ်မတန်သည် နယူးယောက်မြို့၊ 70 Vestry လမ်းရှိ ကွန်ဒိုတွင် အခန်းတစ်ခန်း ပိုင်ဆိုင်ထားသည်။

ထိုကွန်ဒိုတွင် အမေရိကန်ဘောလုံးသမား Tom Brady လည်း ၁ ခန်း ပိုင်ဆိုင်ထားသည်။

ဘီလ်ဂိတ်၏ သမီး ဂျနီဖာနှင့် မိသားစုက ဟမ်မတန်၏ ဒေါ်လာ ၅၁ သန်းတန် Penthouse ခန်းကို ဆီယက်တဲ အခြေစိုက် ကုမ္ပဏီတစ်ခုမှ တဆင့် ဝယ်ယူခဲ့ဖူးကြောင်း Gimme သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

ယခုအခါ ဟမ်မတန် ဝယ်ယူရန် လာရောက်ကြည့်ရှုသွားသောအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ N Crescent Heights လမ်း ၊ အမှတ် ၁၇၇၂ တွင် ရှိသော ကန်ဒေါ်လာ ၁၄ ဒသမ ၉၉ သန်းတန် အိမ်ဖြစ်သည်။

အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်ပြီး အကျယ်အဝန်း စတုရန်းပေ ၈၅၀၀ ရှိသည်။

အိမ်နောက်ဘက်ကွက်လပ်တစ်ခုရှိကာ လော့စ်အိန်ဂျလိမြို့ကြီး၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

ဟောလိဝုဒ်ဟေးစ်အရပ်ရှိ ခြံအကျယ် ၀ ဒသမ ၃၈ ဧကတွင်ရှိသောအိမ်ကို Oren and Noy Hayun က ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

စံအိမ်အတွင်း ထုတ်တန်းဖော် မျက်နှာကြက်များ ၊ သစ်သားဖြင့် အသေးစိတ်အလှဆင်ပုံဖော်မှုများ ၊ ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော တံခါးများ ပါဝင်ပြီး အိမ်အပြင်ဘက်နှင့် ဆက်သွယ်ထားသည်။

 

(ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား လူးဝစ် ဟမ်မတန်။ ဓာတ်ပုံ-Getty Images)

 

(ခြံအကျယ် ၀ ဒသမ ၃၈ ဧကရှိပြီး နေအိမ်အကျယ် စတုရန်းပေ ၈၅၀၀ ရှိသည်။ ဓာတ်ပုံ-Antony Barcelo)

 

 

(ညစာစားခန်း ။ ဓာတ်ပုံ-DDReps)

 

 

(စားသောက်ရန် နေရာပါသော မီးဖိုဆောင်။ ဓာတ်ပုံ-Antony Barcelo)

 

 

(မီဒီယာခန်းမ။ ဓာတ်ပုံ-Antony Barcelo)

 

(လော့စ်အိန်ဂျလိ၏ ခမ်းနားသော မြင်ကွင်းများ ပိုင်ဆိုင်ထားသည့် ခြံနောက်ဘက် ရေကူးကန်။ ဓာတ်ပုံ-Antony Barcelo)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com Ref: Formula 1 champ Lewis Hamilton scoped out a $15M LA mansion (nypost)

 

 

 

[Zawgyi]

 

Formula 1 ခ်န္ပီယံ Lewis Hamilton က ေလာ့စ္အိန္ဂ်လိျမဳိ႕ရွိ ေဒၚလာ ၁၅ သန္းတန္ စံအိမ္ၾကီးတစ္လံုး ဝယ္ယူရန္ၾကည့္ရႈ

 

ျပိဳင္ကားေမာင္းၾကယ္ပြင့္တစ္ဦးျဖစ္သူ လူးဝစ္ ဟမ္မတန္ (Lewis Hamilton) သည္ ျဗိတိန္ျပဳိင္ကားေမာင္း ၾကယ္ပြင့္တစ္ဦးျဖစ္ျပီး လက္ရွိတြင္ Formula 1 ၌ မာစီးဒီးအတြက္ ပါဝင္ယွဥ္ျပဳိင္ေနသူျဖစ္သည္။

၂၀၂၁ ခုႏွစ္တြင္ ျဗိတိန္ဘုရင္မၾကီးက ဆာဘြဲ႔ခ်ီးျမွင့္ကာ သူေကာင္းျပဳျခင္းခံခဲ့ရသည္။

Formula 1 တြင္ မုိက္ကယ္ရႈးေမကာႏွင့္ ပူးတြဲခ်န္ပီယံ ၇ ၾကိမ္ရရွိထားျပီး ၁၀၃ ပြဲအႏိုင္ရရွိမႈျဖင့္ အမ်ားဆံုး ႏိုင္ပြဲရသည့္ စံခ်ိန္ကိုလည္း ရရွိထားသူျဖစ္သည္။

တိုင္းမ္မဂၢဇင္းၾကီးက ၂၀၂၀ ျပည့္ႏွစ္ ကမၻာ့ၾသဇာအလႊမ္းဆံုး ပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ လူးဝစ္ ဟမ္မတန္ကို ထည့္သြင္း ေဖာ္ျပခဲ့သည္။

လူးဝစ္ဟမ္မတန္သည္ မိုနာကိုမွသည္ ဂ်ီနီဗာ ၊ လန္ဒန္ႏွင့္ နယူးေယာက္တို႔အထိ ကမၻာတစ္ဝန္းတြင္ အိမ္ျခံေျမမ်ား ပိုင္ဆိုင္ထားျပီး ယခုအခါ ေလာ့စ္အိန္ဂ်လိျမဳိ႕မွ စံအိမ္တစ္လံုး သူ၏ ပိုင္ဆုိင္မႈ စာရင္းတြင္ ထပ္မံျဖည့္သြင္းရန္ စီစဥ္လာသည္။

ဟမ္မတန္သည္ နယူးေယာက္ျမိဳ႕၊ 70 Vestry လမ္းရွိ ကြန္ဒိုတြင္ အခန္းတစ္ခန္း ပိုင္ဆိုင္ထားသည္။

ထိုကြန္ဒိုတြင္ အေမရိကန္ေဘာလံုးသမား Tom Brady လည္း ၁ ခန္း ပိုင္ဆိုင္ထားသည္။

ဘီလ္ဂိတ္၏ သမီး ဂ်နီဖာႏွင့္ မိသားစုက ဟမ္မတန္၏ ေဒၚလာ ၅၁ သန္းတန္ Penthouse ခန္းကို ဆီယက္တဲ အေျခစိုက္ ကုမၸဏီတစ္ခုမွ တဆင့္ ဝယ္ယူခဲ့ဖူးေၾကာင္း Gimme သတင္းဌာနက ေဖာ္ျပခဲ့ဖူးသည္။

ယခုအခါ ဟမ္မတန္ ဝယ္ယူရန္ လာေရာက္ၾကည့္ရႈသြားေသာအိမ္မွာ ေလာ့စ္အိန္ဂ်လိျမဳိ႕၊ N Crescent Heights လမ္း ၊ အမွတ္ ၁၇၇၂ တြင္ ရွိေသာ ကန္ေဒၚလာ ၁၄ ဒသမ ၉၉ သန္းတန္ အိမ္ျဖစ္သည္။

အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္းပါဝင္ျပီး အက်ယ္အဝန္း စတုရန္းေပ ၈၅၀၀ ရွိသည္။

အိမ္ေနာက္ဘက္ကြက္လပ္တစ္ခုရွိကာ ေလာ့စ္အိန္ဂ်လိျမဳိ႕ၾကီး၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆုိင္ထားသည္။

ေဟာလိဝုဒ္ေဟးစ္အရပ္ရွိ ျခံအက်ယ္ ၀ ဒသမ ၃၈ ဧကတြင္ရွိေသာအိမ္ကို Oren and Noy Hayun က ေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။

စံအိမ္အတြင္း ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား ၊ သစ္သားျဖင့္ အေသးစိတ္အလွဆင္ပံုေဖာ္မႈမ်ား ၊ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ တံခါးမ်ား ပါဝင္ျပီး အိမ္အျပင္ဘက္ႏွင့္ ဆက္သြယ္ထားသည္။

(ေဖာ္ျမဴလာဝမ္း ျပိဳင္ကားေမာင္းသမား လူးဝစ္ ဟမ္မတန္။ ဓာတ္ပံု-Getty Images)

(ျခံအက်ယ္ ၀ ဒသမ ၃၈ ဧကရွိျပီး ေနအိမ္အက်ယ္ စတုရန္းေပ ၈၅၀၀ ရွိသည္။ ဓာတ္ပံု-Antony Barcelo)

(ညစာစားခန္း ။ ဓာတ္ပံု-DDReps)

(စားေသာက္ရန္ ေနရာပါေသာ မီးဖုိေဆာင္။ ဓာတ္ပံု-Antony Barcelo)

(မီဒီယာခန္းမ။ ဓာတ္ပုံ-Antony Barcelo)

(ေလာ့စ္အိန္ဂ်လိ၏ ခမ္းနားေသာ ျမင္ကြင္းမ်ား ပိုင္ဆုိင္ထားသည့္ ျခံေနာက္ဘက္ ေရကူးကန္။ ဓာတ္ပံု-Antony Barcelo)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Formula 1 champ Lewis Hamilton scoped out a $15M LA mansion (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service