ကမ္ဘာကျော်သူဌေးကြီး ရစ်ချတ်ဘရန်ဆန်း၏ ကာရစ်ဘီယံမှ ကိုယ်ပိုင်ကျွန်းတွင် ဆောင်းရာသီ အားလပ်ရက် ကာလ၌ တစ်ညလျှင် ကန်ဒေါ်လာ ၅၄၀၀ ဖြင့် တည်းခိုနိုင်

ကမ္ဘာကျော်သူဌေးကြီး ရစ်ချတ်ဘရန်ဆန်း၏ ကာရစ်ဘီယံမှ ကိုယ်ပိုင်ကျွန်းတွင် ဆောင်းရာသီ အားလပ်ရက် ကာလ၌ တစ်ညလျှင် ကန်ဒေါ်လာ ၅၄၀၀ ဖြင့် တည်းခိုနိုင် - Property News in Myanmar from iMyanmarHouse.com
22 Nov 2023 10:26 am တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရစ်ချတ်ဘရန်ဆန်း (မွေး -၁၉၅၀) သည် ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ပြီး ၁၉၇၀ ပြည့်လွန် ကာလများတွင် သူ၏ Virgin Group ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သည်။

ယနေ့ကာလတွင် သူ၏ Virgin Group သည် နယ်ပယ်အမျိုးမျိုးတွင် ကုမ္ပဏီပေါင်း ၄၀၀ ကျော်ကို ထိန်းချုပ် ပိုင်ဆိုင်ထားသည်။

ယခုအခါ ရစ်ချတ်ဘရန်ဆန်း၏ သီးသန့်ကိုယ်ပိုင်ကျွန်းတွင် အပန်းဖြေနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက် နေသည်။

ရစ်ချတ်ဘရန်ဆန်းက ကာရစ်ဘီယံဒေသရှိ သူ၏ နာမည်ကျော် ကိုယ်ပိုင်ကျွန်းဖြစ်သော Necker Island သို့ လာရောက် အပန်းဖြေကြရန် ဖိတ်ခေါ်လျက်ရှိသည်။

ပုံမှန်အားဖြင့် ရစ်ချတ်ဘရန်ဆန်းက အားလပ်ရက်အပန်းဖြေ ရာသီမျိုးတွင် တစ်ကျွန်းလုံးကိုသာ ဒေါ်လာ ၁၀၀၀၀၀ ကျော်ဖြင့် ငှားရမ်းပေးခြင်းဖြစ်သည်။

သို့သော် ယခုနှစ်တွင်မူ ရစ်ချတ်ဘရန်ဆန်းက Necker Island ကို အများတတ်နိုင်မည့် ပုံစံဖြင့် ပြောင်းလဲ ငှားရမ်း ပေးလာသည်။

နိုဝင်ဘာလ ၁၈ ရက်မှ ၂၅ ရက်အထိနှင့် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၀ ရက်အထိ ထိုကျွန်းတွင် တစ်ခန်းလျှင် တစ်ညတာအတွက် ဒေါ်လာ ၅၄၀၀ ဖြင့် တည်းခိုနိုင်မည်ဖြစ်သည်။

ဒီဇင်ဘာ ၂၀ မှ ၂၆ အထိ ကာလကိုမူ တစ်ညလျှင် ဒေါ်လာ ၅၈၅၀ ပေးရမည် ဖြစ်သည်။

အဆိုပါကျွန်းပေါ်တွင် အခန်းပေါင်း ၂၄ ခန်း ရရှိနိုင်သည်။

Necker ကျွန်းသို့ ရောက်ရှိလာမည့် ဧည့်သည်များသည် သီးသန့်နိဗ္ဗာန်ဘုံတစ်ခုသို့ ရောက်ရှိသွားသလို ခံစားရ မည်ဖြစ်ကြောင်း ၊ ဤကဲ့သို့ နေရာမျိုး ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင်မှ မတွေ့နိုင်ကြောင်း Necker Island ၏ အထွေထွေမန်နေဂျာ James Basson က CNBC Make It သတင်းဌာနသို့ ပြောသည်။

(Necker Island တွင် တစ်ညလျှင် ဒေါ်လာ ၅၄၀၀ ဖြင့် တည်းခိုနိုင်သည်။ ဓာတ်ပုံ- Necker Island)

ငှားရမ်းခတွင် နေထိုင်ရာနေရာများ ၊ အစားအသောက်နှင့်အဖျော်ယမကာများ ၊ အသွားအပြန်လှေစီးမှု (သို့မဟုတ်) Beef Island လှေဆိပ်သို့ ပို့ဆောင်ပေးမှု ၊ ရေပေါ်အားကစား ၊ ကလေးများအတွက် Activity များအပြင် အခြားအရာများ ပါဝင်ပြီး ဖြစ်သည်။

တစ်ခုတည်းသော စည်းမျဉ်းမှာ ခရစ္စမတ်အကြိုကာလ (သို့မဟုတ်) ခရစ္စမတ်နေ့တို့တွင် ကျွန်းမှ ထွက်ခွာခွင့် မပြုခြင်းဖြစ်သည်။

(ငှားရမ်းခတွင် နေထိုင်ရာနေရာများ ၊ အစားအသောက်နှင့်အဖျော်ယမကာများ ၊ အသွားအပြန်လှေစီးမှု (သို့မဟုတ်) Beef Island လှေဆိပ်သို့ ပို့ဆောင်ပေးမှု ၊ ရေပေါ်အားကစား ၊ ကလေးများအတွက် Activity များအပြင် အခြားအရာများ ပါဝင်ပြီး ဖြစ်သည်။ ဓာတ်ပုံ-Necker Island)

ဤကျွန်းပေါ်တွင် လာရောက်အပန်းဖြေသူများအနေဖြင့် တစ်သက်တာ မမေ့နိုင်ဖွယ် အမှတ်တရများ ကျန်ရစ် စေမည်ဖြစ်ကြောင်း မန်နေဂျာက ပြောသည်။

ရစ်ချတ်ဘရန်ဆန်းသည် Virgin Group ကို တည်ထောင်ပြီး ၆ နှစ်အကြာ ၁၉၇၆ ခုနှစ်တွင် Necker Island ကို ကန်ဒေါ်လာ ၁၂၀၀၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၂၈ နှစ်အရွယ်သာ ရှိသေးကြောင်း ၂၀၁၈ ခုနှစ်က Bloomberg သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခဲ့တွင် ပြောကြားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can stay on Richard Branson’s private island this holiday season—rates start at $5,400 a night (cnbc)

[Zawgyi]

ကမၻာေက်ာ္သူေဌးၾကီး ရစ္ခ်တ္ဘရန္ဆန္း၏ ကာရစ္ဘီယံမွ ကိုယ္ပိုင္ကၽြန္းတြင္ ေဆာင္းရာသီ အားလပ္ရက္ ကာလ၌ တစ္ညလွ်င္ ကန္ေဒၚလာ ၅၄၀၀ ျဖင့္ တည္းခိုႏိုင္

ရစ္ခ်တ္ဘရန္ဆန္း (ေမြး -၁၉၅၀) သည္ ျဗိတိန္စီးပြားေရးလုပ္ငန္းရွင္ၾကီးတစ္ဦးျဖစ္ျပီး ၁၉၇၀ ျပည့္လြန္ ကာလမ်ားတြင္ သူ၏ Virgin Group ကုမၸဏီၾကီးကို တည္ေထာင္ခဲ့သည္။

ယေန႔ကာလတြင္ သူ၏ Virgin Group သည္ နယ္ပယ္အမ်ဳိးမ်ဳိးတြင္ ကုမၸဏီေပါင္း ၄၀၀ ေက်ာ္ကုိ ထိန္းခ်ဳပ္ ပိုင္ဆိုင္ထားသည္။

ယခုအခါ ရစ္ခ်တ္ဘရန္ဆန္း၏ သီးသန္႔ကိုယ္ပိုင္ကၽြန္းတြင္ အပန္းေျဖႏိုင္မည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္ ေနသည္။

ရစ္ခ်တ္ဘရန္ဆန္းက ကာရစ္ဘီယံေဒသရွိ သူ၏ နာမည္ေက်ာ္ ကိုယ္ပိုင္ကၽြန္းျဖစ္ေသာ Necker Island သို႔ လာေရာက္ အပန္းေျဖၾကရန္ ဖိတ္ေခၚလ်က္ရွိသည္။

ပံုမွန္အားျဖင့္ ရစ္ခ်တ္ဘရန္ဆန္းက အားလပ္ရက္အပန္းေျဖ ရာသီမ်ဳိးတြင္ တစ္ကၽြန္းလံုးကိုသာ ေဒၚလာ ၁၀၀၀၀၀ ေက်ာ္ျဖင့္ ငွားရမ္းေပးျခင္းျဖစ္သည္။

သို႔ေသာ္ ယခုႏွစ္တြင္မူ ရစ္ခ်တ္ဘရန္ဆန္းက Necker Island ကို အမ်ားတတ္ႏိုင္မည့္ ပံုစံျဖင့္ ေျပာင္းလဲ ငွားရမ္း ေပးလာသည္။

ႏိုဝင္ဘာလ ၁၈ ရက္မွ ၂၅ ရက္အထိႏွင့္ ဒီဇင္ဘာလ ၁၁ ရက္မွ ၂၀ ရက္အထိ ထုိကၽြန္းတြင္ တစ္ခန္းလွ်င္ တစ္ညတာအတြက္ ေဒၚလာ ၅၄၀၀ ျဖင့္ တည္းခိုႏိုင္မည္ျဖစ္သည္။

ဒီဇင္ဘာ ၂၀ မွ ၂၆ အထိ ကာလကိုမူ တစ္ညလွ်င္ ေဒၚလာ ၅၈၅၀ ေပးရမည္ ျဖစ္သည္။

အဆုိပါကၽြန္းေပၚတြင္ အခန္းေပါင္း ၂၄ ခန္း ရရွိႏိုင္သည္။

Necker ကၽြန္းသို႔ ေရာက္ရွိလာမည့္ ဧည့္သည္မ်ားသည္ သီးသန္႔နိဗၺာန္ဘံုတစ္ခုသို႔ ေရာက္ရွိသြားသလို ခံစားရ မည္ျဖစ္ေၾကာင္း ၊ ဤကဲ့သို႔ ေနရာမ်ဳိး ကမၻာေပၚတြင္ မည္သည့္ေနရာတြင္မွ မေတြ႔ႏိုင္ေၾကာင္း Necker Island ၏ အေထြေထြမန္ေနဂ်ာ James Basson က CNBC Make It သတင္းဌာနသုိ႔ ေျပာသည္။

(Necker Island တြင္ တစ္ညလွ်င္ ေဒၚလာ ၅၄၀၀ ျဖင့္ တည္းခိုႏိုင္သည္။ ဓာတ္ပံု- Necker Island)

ငွားရမ္းခတြင္ ေနထိုင္ရာေနရာမ်ား ၊ အစားအေသာက္ႏွင့္အေဖ်ာ္ယမကာမ်ား ၊ အသြားအျပန္ေလွစီးမႈ (သို႔မဟုတ္) Beef Island ေလွဆိပ္သို႔ ပို႔ေဆာင္ေပးမႈ ၊ ေရေပၚအားကစား ၊ ကေလးမ်ားအတြက္ Activity မ်ားအျပင္ အျခားအရာမ်ား ပါဝင္ျပီး ျဖစ္သည္။

တစ္ခုတည္းေသာ စည္းမ်ဥ္းမွာ ခရစၥမတ္အၾကိဳကာလ (သို႔မဟုတ္) ခရစၥမတ္ေန႔တို႔တြင္ ကၽြန္းမွ ထြက္ခြာခြင့္ မျပဳျခင္းျဖစ္သည္။

(ငွားရမ္းခတြင္ ေနထိုင္ရာေနရာမ်ား ၊ အစားအေသာက္ႏွင့္အေဖ်ာ္ယမကာမ်ား ၊ အသြားအျပန္ေလွစီးမႈ (သို႔မဟုတ္) Beef Island ေလွဆိပ္သို႔ ပို႔ေဆာင္ေပးမႈ ၊ ေရေပၚအားကစား ၊ ကေလးမ်ားအတြက္ Activity မ်ားအျပင္ အျခားအရာမ်ား ပါဝင္ျပီး ျဖစ္သည္။ ဓာတ္ပုံ-Necker Island)

ဤကၽြန္းေပၚတြင္ လာေရာက္အပန္းေျဖသူမ်ားအေနျဖင့္ တစ္သက္တာ မေမ့ႏိုင္ဖြယ္ အမွတ္တရမ်ား က်န္ရစ္ ေစမည္ျဖစ္ေၾကာင္း မန္ေနဂ်ာက ေျပာသည္။

ရစ္ခ်တ္ဘရန္ဆန္းသည္ Virgin Group ကို တည္ေထာင္ျပီး ၆ ႏွစ္အၾကာ ၁၉၇၆ ခုႏွစ္တြင္ Necker Island ကုိ ကန္ေဒၚလာ ၁၂၀၀၀၀ မွ်ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ထုိစဥ္က အသက္ ၂၈ ႏွစ္အရြယ္သာ ရွိေသးေၾကာင္း ၂၀၁၈ ခုႏွစ္က Bloomberg သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခဲ့တြင္ ေျပာၾကားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You can stay on Richard Branson’s private island this holiday season—rates start at $5,400 a night (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service