အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်ရှိ ကောင်းဘွိုင်မြို့တစ်ခုလုံးကို လန်ဒန်မှ အိမ်တစ်လုံးဈေးနှုန်းမျှဖြင့် ရောင်းမည်
အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်ရှိ ကောင်းဘွိုင်မြို့တစ်ခုလုံးကို လန်ဒန်မှ အိမ်တစ်လုံးဈေးနှုန်းမျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Nov 2023 10:02 am တွင် တင်ခဲ့သည်
573 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်ရှိ ကောင်းဘွိုင်မြို့တစ်ခုလုံးကို လန်ဒန်မှ အိမ်တစ်လုံးဈေးနှုန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။
လူသူကင်းမဲ့သော ကောင်းဘွိုင်မြို့ထဲတွင် သမိုင်းဖြစ်ရပ်များစွာရှိနေပြီး အိပ်ခန်း ၂ ခန်းပါ ကုန်ပဒေသာဆိုင်နှင့် ပြည့်တန်ဆာဂေဟာဟောင်းတစ်ခုလည်း ပါဝင်ကာ ကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ခေါ်ဈေးဖြင့် အရောင်း ဈေးကွက်ဝင်လာခြင်း ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်တို့ လာရောက်လေ့ရှိသော ဤကောင်းဘွိုင်မြို့တွင် ယနေ့တိုင်တည်ရှိနေဆဲဖြစ်သော စီးပွားရေးလုပ်ငန်း ၂ ခု၊ အငှားနေရာ ၃ ခု၊ ဂိုဒေါင်အဆောက်အအုံ ၁ လု့ုံးနှင့် အများသုံးအိမ်သာ ၂ ခုတို့လည်း ပါဝင်သည်။
Zoopla အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အချက်အလက်များအရ ပြီးခဲ့သော ၁၂ လအတွင်း လန်ဒန်မြို့ရှိ လုံးချင်းအိမ် တစ်လုံး၏ ပျှမ်းမျှရောင်းဈေးမှာ ပေါင် ၁၃၂၆၉၁၉ ဖြစ်သည်ဟု ဆိုသည်။
(ကောင်းဘွိုင်ရုပ်ရှင် နှစ်သက်သူများအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
(ပေးရသည့်ငွေထက် ပိုမိုထိုက်တန်စွာ ရရှိမည်ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages/ @WoodsPhotography)
(ကောင်းဘွိုင်မြို့မှ ဈေးဆိုင်တစ်ခု။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
မိသားစုတစ်စုက ပိုင်ဆိုင်ခဲ့ကာ နှစ်ပေါင်း ၄၀ ကျော် ထိန်းသိမ်းလည်ပတ်လုပ်ကိုင်ခဲ့သည်။
တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်မှ Silverton အမည်ရှိ တောင်ပေါ်မြို့ကလေးတွင် တည်ရှိပြီး မြို့ကလေး၏ အမည်မှာ Old Town Square ဟု ခေါ်သည်။
Old Town Square မြို့လေးရှိ ကုန်ပဒေသာဆိုင်တွင် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်း၊ မီးဖိုဆောင်နှင့် အဝတ်လျှော်စက်တို့ ရှိသည်။
Old Town Square မြို့လေးကို ၁၉၀၀ ပြည့်လွန်ကာလများက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ အများအပြား ပါဝင်ကာ ပျဉ်ခင်းလမ်းလေးတစ်ခုလည်းရှိသည်။
“တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့နိုင်မည့် အခွင့်အလမ်းကို လက်မလွတ်ပါစေနှင့်။ ပျော်ရွှင်ဖွယ် ၊ မြတ်နိုးဖွယ် အမှတ်တရများ ဆောင်ကြဉ်းပေးမည်မှာ အသေအချာ ဖြစ်သည်” ဟု ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
(ကုန်ပဒေသာဆိုင်၏ အိပ်ခန်းတစ်ခု။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
(အဆောက်အအုံတစ်ခု၏ အတွင်းပိုင်း။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
(တစ်ခုသော ရေချိုးခန်း။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
‌ဈေးကွက်တင်ပေးသော အကျိုးဆောင် Olivia Barrett က “ဒီမြို့လေးက တကယ့်ကို လှပသပ်ရပ်တဲ့ နေရာလေးပါပဲ။ Kendall တောင်တန်းရဲ့ လှပတဲ့ ရှုမျှော်ခင်းတွေ ပိုင်ဆိုင်ထားပါတယ်”ဟု ပြောသည်။
“မြို့ပြလူနေမှုဘဝကနေ ရုန်းထွက်ပြီး တမူကွဲပြားကာ တစ်ခုခုလုပ်ချင်နေတဲ့ လူတွေအနေနဲ့ ဒီမြို့လေးကို ပြောင်းရွှေ့လာပြီး ဒီကလုပ်ငန်းတွေ လည်ပတ်လို့ ရပါတယ်။”
(ပြီးပြည့်စုံသော အလှတရား။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
(ကောင်းဘွိုင်မြို့လေးမှ အဆောက်အအုံအချို့။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
(မြို့ကလေး၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-mediadrumimages/@WoodsPhotography)
ကောင်းဘွိုင်မြို့လေးတွင် ဓာတ်ပုံစတူဒီယိုတစ်ခုလည်းရှိပြီး ယခင်က ပြည့်တန်ဆာဂေဟာအဖြစ် အသုံးပြုခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Entire cowboy ghost town for sale for the same price as a detached London home (metro)
[Zawgyi]
ကမ္ဘာလှည့်ခရီးသည်တို့ လာရောက်လေ့ရှိသော ဤကောင်းဘွိုင်မြို့တွင် ယနေ့တိုင်တည်ရှိနေဆဲဖြစ်သော စီးပွားရေးလုပ်ငန်း ၂ ခု၊ အငှားနေရာ ၃ ခု၊ ဂိုဒေါင်အဆောက်အအုံ ၁ လုံ့းနှင့် အများသုံးအိမ်သာ ၂ ခုတို့လည်း ပါဝင်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service