ပန်းအိုးထဲမှ ခုန်ထွက်သော ပန်းပင်များ (သို့မဟုတ်)ဗြိတိန်၏ သရဲအခြောက်ဆုံး အိမ်ကြီးတွင် တစ်ညလျှင် ၇၅ ပေါင်ဖြင့် တည်းခိုနိုင်

ပန်းအိုးထဲမှ ခုန်ထွက်သော ပန်းပင်များ (သို့မဟုတ်)ဗြိတိန်၏ သရဲအခြောက်ဆုံး အိမ်ကြီးတွင် တစ်ညလျှင် ၇၅ ပေါင်ဖြင့် တည်းခိုနိုင် - Property News in Myanmar from iMyanmarHouse.com
13 Nov 2023 10:00 am တွင် တင်ခဲ့သည်
627 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ အနောက်ယော့ခ်ရှိုင်းယားခရိုင်၊ Pontefract မြို့၊ East Drive လမ်း၊ အမှတ် ၃၀ အိမ်ကြီးသည် ဥရောပ၏ အကြမ်းတမ်းဆုံး ပုဏ္ဏကတိုက်မှုများ ဖြစ်ပွားရာအိမ်ကြီးအဖြစ် သတင်းဆိုးဖြင့် နာမည်ကြီးသည်။

သည်းထိတ်ရင်ဖိုဖြစ်ရပ်များ ရှာဖွေနေသော ဗြိတိန်တစ်ဝန်းမှ ပြည်သူများသည် ဗြိတိန်၏ သရဲ အခြောက်ဆုံးအိမ်ကြီးဟု သတင်းကြီးသော အိပ်ခန်း ၃ ခန်းပါ အိမ်ကြီးသို့ လာရောက်တည်းခိုကာ စူးစမ်းကြလေ့ရှိသည်။

သတင်းကြီးသလောက် သရဲခြောက်၊ မခြောက်သိလိုပါက တစ်ညလျှင် ၇၅ ပေါင်ပေးကာ တည်းခို လေ့လာနိုင် ပါသည်။ ဤအိမ်ကြီး၏ သဘာဝလွန်ဖြစ်ရပ်များမှာ ၁၉၆၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၆ ခုနှစ်အတွင်း ဂျင်းနှင့် ဂျိုး ပရစ်ချတ်တို့စုံတွဲသည် ကလေး ၂ ဦးဖြစ်သူ ဖိလစ် (၁၅ နှစ်) ၊ ဒိုင်ယန် (၁၂ နှစ်) တို့နှင့်အတူ ဤအိမ်ကြီးသို့ ပြောင်းရွှေ့လာခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင်ကား ၎င်းတို့မိသားစုမှာ သိပ္ပံနည်းအရ ရှင်းပြရန် မဖြစ်နိုင်သောဖြစ်ရပ်များ ဆက်တိုက် ကြုံတွေ့ခဲ့ရာ မီးလုံးများ အလိုအလျောက်ဖွင့်ပိတ်ခြင်း၊ စားပွဲမျက်နှာပြင်များတွင် အစိမ်းရောင်အမြှုပ်များ ပေါ်လာခြင်းနှင့် ဓာတ်ပုံများ ဟက်တက်ကွဲသွားခြင်းတို့ အပါအဝင် ဖြစ်သည်။

နောက်ပိုင်းတွင် ခြောက်လှန့်မှုများ ပိုမိုပြင်းထန်လာကြောင်း ၊ မိသားစုဝင်များ ရိုက်နှက်ခံရခြင်းနှင့် လှေကားမှ တွန်းချခံရခြင်းများ ကြုံလာရကြောင်း ၎င်းတို့က ပြောသည်။

 

(အင်္ဂလန်နိုင်ငံ အလယ်ပိုင်းတွင် နေထိုင်သော ဂျေဆင်ချာချီ (၃၈ နှစ်) နှင့် ဇနီးဖြစ်သူ ဆူဆန်ပရီးစ် (၄၈ နှစ်) တို့သည် Pontefract မြို့ရှိ အင်္ဂလန်၏ သရဲအခြောက်ဆုံးအိမ်ကြီးကို လာရောက်လေ့လာခဲ့ကြသည်။ ဓာတ်ပုံ-Lee McLean)

 

 

(ဤအိမ်ကြီးတွင် ၁၉၇၀ ပြည့်လွန်ကာလများက နေထိုင်ခဲ့သူ Jean Pricthard ။ ဓာတ်ပုံ-Yorkshire Post)

ထို့အပြင် ကျောစိမ့်ဖွယ်ခြောက်လှန့်ပုံတစ်ခုမှာ ပန်းပင်များသည် ပန်းအိုးထဲမှ သူ့အလိုလိုခုန်ထွက်ပြီး လှေကားများ ပေါ်တွင် ရောက်ရှိနေသည်ဟု ဆိုသည်။

Pritchard တို့ မိသားစု သရဲခြောက်သော အိမ်ကြီးကို အပြီးအပိုင် ကျောခိုင်းထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း ယခင်က ထိုအိမ်ကြီးအောက်တွင် ဘုန်းတော်ကြီးတစ်ပါးကို မြှုပ်နှံထားခဲ့ကြောင်း ပေါ်ပေါက်လာခဲ့ရာ ယင်းအိမ်ကြီးတွင် ခြောက်လှန့်နေသည်မှာ ဘုန်းတော်ကြီးသရဲဖြစ်ကြောင်း လူတို့က ယုံကြည်လာကြသည်။

ရုပ်ရှင်ဒါရိုက်တာ Bill Bungay က East Drive လမ်း ၊ အမှတ် ၃၀ ရှိ သရဲလွန်စွာခြောက်သော ဤစံအိမ်ကြီး၏ အံ့ဖွယ်သရဲ ဖြစ်ရပ်များကို အခြေခံကာ When the Lights Went Out ဟူသော အမည်ဖြင့် ရုပ်ရှင်တစ်ကား ရိုက်ကူးခဲ့သည်။

ထိုသို့ ရိုက်ကူးပြီးနောက်ပိုင်း ဒါရိုက်တာ Bill Bungay က ဤအိမ်ကြီးကို ဝယ်ယူခဲ့သည်။

ပေါင် ၁၅၅၀၀၀ တန် အိမ်ကြီးသို့ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သူများက ပြောသည်မှာ အိမ်ရှေ့ခန်း ထဲရှိ အိပ်ယာနှင့် အရုပ်များကြားတွင် ထားရှိသော ဂွမ်းကပ်ဖြင့် ပြုလုပ်ထားသည့် လူပုံသဏ္ဍာန်တစ်ခု နေရာရွေ့ သွားသည်ကို တွေ့ခဲ့ကြောင်း ပြောသည်။

 

(အိမ်အတွင်းမြင်ကွင်း။ ဓာတ်ပုံ-30 East Drive)

 

(ခြောက်ခြားဖွယ်အိမ်ကြီးအတွင်း အနီရောင်မီးလုံးများ တပ်ဆင်ထားသည်။ ဓာတ်ပုံ-30 East Drive)

 

 

(ခြောက်ခြားဖွယ်အရိပ်များ))

ယခုနှစ် သြဂုတ်လအတွင်း ဤအိမ်ကြီးသို့ သွားရောက်လည်ပတ်ခဲ့သူ Josh Boffin က ၎င်းကြုံတွေ့ခဲ့ပုံကို အောက်ပါအတိုင်းပြောပြသည်။

“ထူးဆန်းတဲ့ဖြစ်ရပ်တွေ အများကြီး ကြုံခဲ့ရတယ်။ ကျွန်တော့် ကောင်မလေးက အခန်းတစ်ခုထဲ ဝင်ပြီး မတ်တပ် ရပ်ကြည့်တယ်။ သူက လက်ပိုက်ပြီး ရပ်နေတာ။ ကျွန်တော် ဓာတ်ပုံ ၃ ပုံ ဆက်တိုက် ရိုက်ခဲ့တယ်။ ဒီလိုရိုက်နေ တဲ့အချိန်မှာ ခန္ဓာကိုယ်လှုပ်တာတွေ မရှိပါဘူး။”

“ဓာတ်ပုံတွေ ထွက်လာတဲ့အခါ ကျွန်တော့် ကောင်မလေးရဲ့အရိပ်တွေက အမျိုးမျိုး ဖြစ်နေတာတွေ့ရတော့ ကျွန်တော်တို့ တော်တော်အံ့သြသွားသည်။ ခုနပြောခဲ့သလိုပဲ ကျွန်တော်ဓာတ်ပုံရိုက်တဲ့အချိန် သူ မလှုပ်ပါဘူး။”

“သူကလည်း လက်ပိုက်ပြီး ရပ်နေတာ။ ဒါပေမဲ့ အရိပ်က တင်ပါးပေါ် လက်ထောက်ထားတဲ့ပုံ ပေါ်နေတယ်။ ဓာတ်ပုံ ၃ ပုံလုံးမှာ ကျွန်တော့် ကောင်မလေးက လက်ပိုက်ထားတာပါ။”

 

(ဧည့်ခန်း။ ဓာတ်ပုံ-30 East Drive)

 

(ဤအခန်းထဲတွင် အိပ်ရဲပါသလား။ ဓာတ်ပုံ-30 East Drive)

 

(တစ်ညလျှင် ၇၅ ပေါင်ဖြင့် တည်းခိုနိုင်သည်။ ဓာတ်ပုံ-30 East Drive)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A semi-detached in Yorkshire is home to Europe’s ‘most vicious ghost’ – would you stay for £75 a night? (metro)

 

 

 

[Zawgyi]

ပန္းအိုးထဲမွ ခုန္ထြက္ေသာ ပန္းပင္မ်ား (သို႔မဟုတ္)ျဗိတိန္၏ သရဲအေျခာက္ဆံုး အိမ္ၾကီးတြင္ တစ္ညလွ်င္ ၇၅ ေပါင္ျဖင့္ တည္းခိုႏိုင္

အဂၤလန္ႏိုင္ငံ၊ အေနာက္ေယာ့ခ္ရႈိင္းယားခရိုင္၊ Pontefract ျမိဳ႕၊ East Drive လမ္း၊ အမွတ္ ၃၀ အိမ္ၾကီးသည္ ဥေရာပ၏ အၾကမ္းတမ္းဆံုး ပုဏၰကတိုက္မႈမ်ား ျဖစ္ပြားရာအိမ္ၾကီးအျဖစ္ သတင္းဆိုးျဖင့္ နာမည္ၾကီးသည္။

သည္းထိတ္ရင္ဖိုျဖစ္ရပ္မ်ား ရွာေဖြေနေသာ ျဗိတိန္တစ္ဝန္းမွ ျပည္သူမ်ားသည္ ျဗိတိန္၏ သရဲ အေျခာက္ဆံုးအိမ္ၾကီးဟု သတင္းၾကီးေသာ အိပ္ခန္း ၃ ခန္းပါ အိမ္ၾကီးသို႔ လာေရာက္တည္းခိုကာ စူးစမ္းၾကေလ့ရွိသည္။

သတင္းၾကီးသေလာက္ သရဲေျခာက္၊ မေျခာက္သိလိုပါက တစ္ညလွ်င္ ၇၅ ေပါင္ေပးကာ တည္းခို ေလ့လာႏိုင္ ပါသည္။ ဤအိမ္ၾကီး၏ သဘာဝလြန္ျဖစ္ရပ္မ်ားမွာ ၁၉၆၆ ခုႏွစ္တြင္ စတင္ခဲ့ျခင္း ျဖစ္သည္။

၁၉၆၆ ခုႏွစ္အတြင္း ဂ်င္းႏွင့္ ဂ်ဳိး ပရစ္ခ်တ္တို႔စံုတြဲသည္ ကေလး ၂ ဦးျဖစ္သူ ဖိလစ္ (၁၅ ႏွစ္) ၊ ဒိုင္ယန္ (၁၂ ႏွစ္) တို႔ႏွင့္အတူ ဤအိမ္ၾကီးသို႔ ေျပာင္းေရႊ႕လာခဲ့ၾကသည္။

ယင္းေနာက္ပိုင္းတြင္ကား ၎တုိ႔မိသားစုမွာ သိပၸံနည္းအရ ရွင္းျပရန္ မျဖစ္ႏိုင္ေသာျဖစ္ရပ္မ်ား ဆက္တိုက္ ၾကံဳေတြ႔ခဲ့ရာ မီးလံုးမ်ား အလိုအေလ်ာက္ဖြင့္ပိတ္ျခင္း၊ စားပြဲမ်က္ႏွာျပင္မ်ားတြင္ အစိမ္းေရာင္အျမွဳပ္မ်ား ေပၚလာျခင္းႏွင့္ ဓာတ္ပံုမ်ား ဟက္တက္ကြဲသြားျခင္းတို႔ အပါအဝင္ ျဖစ္သည္။

(ေနာက္ပိုင္းတြင္ ေျခာက္လွန္႔မႈမ်ား ပိုမုိျပင္းထန္လာေၾကာင္း ၊ မိသားစုဝင္မ်ား ရိုက္ႏွက္ခံရျခင္းႏွင့္ ေလွကားမွ တြန္းခ်ခံရျခင္းမ်ား ၾကံဳလာရေၾကာင္း ၎တို႔က ေျပာသည္။)

(အဂၤလန္ႏိုင္ငံ အလယ္ပိုင္းတြင္ ေနထုိင္ေသာ ေဂ်ဆင္ခ်ာခ်ီ (၃၈ ႏွစ္) ႏွင့္ ဇနီးျဖစ္သူ ဆူဆန္ပရီးစ္ (၄၈ ႏွစ္) တို႔သည္ Pontefract ျမိဳ႕ရွိ အဂၤလန္၏ သရဲအေျခာက္ဆံုးအိမ္ၾကီးကို လာေရာက္ေလ့လာခဲ့ၾကသည္။ ဓာတ္ပံု-Lee McLean)

(ဤအိမ္ၾကီးတြင္ ၁၉၇၀ ျပည့္လြန္ကာလမ်ားက ေနထိုင္ခဲ့သူ Jean Pricthard ။ ဓာတ္ပံု-Yorkshire Post)

ထို႔အျပင္ ေက်ာစိမ့္ဖြယ္ေျခာက္လွန္႔ပံုတစ္ခုမွာ ပန္းပင္မ်ားသည္ ပန္းအိုးထဲမွ သူ႔အလိုလိုခုန္ထြက္ျပီး ေလွကားမ်ား ေပၚတြင္ ေရာက္ရွိေနသည္ဟု ဆိုသည္။

Pritchard တို႔ မိသားစု သရဲေျခာက္ေသာ အိမ္ၾကီးကို အျပီးအပိုင္ ေက်ာခိုင္းထြက္ခြာသြားခဲ့ျပီးေနာက္ပိုင္း ယခင္က ထုိအိမ္ၾကီးေအာက္တြင္ ဘုန္းေတာ္ၾကီးတစ္ပါးကို ျမွဳပ္ႏွံထားခဲ့ေၾကာင္း ေပၚေပါက္လာခဲ့ရာ ယင္းအိမ္ၾကီးတြင္ ေျခာက္လွန္႔ေနသည္မွာ ဘုန္းေတာ္ၾကီးသရဲျဖစ္ေၾကာင္း လူတို႔က ယံုၾကည္လာၾကသည္။

ရုပ္ရွင္ဒါရိုက္တာ Bill Bungay က East Drive လမ္း ၊ အမွတ္ ၃၀ ရွိ သရဲလြန္စြာေျခာက္ေသာ ဤစံအိမ္ၾကီး၏ အ့ံဖြယ္သရဲ ျဖစ္ရပ္မ်ားကို အေျခခံကာ When the Lights Went Out ဟူေသာ အမည္ျဖင့္ ရုပ္ရွင္တစ္ကား ရိုက္ကူးခဲ့သည္။

ထိုသို႔ ရိုက္ကူးျပီးေနာက္ပိုင္း ဒါရိုက္တာ Bill Bungay က ဤအိမ္ၾကီးကို ဝယ္ယူခဲ့သည္။

ေပါင္ ၁၅၅၀၀၀ တန္ အိမ္ၾကီးသို႔ မၾကာေသးမီက သြားေရာက္လည္ပတ္ခဲ့သူမ်ားက ေျပာသည္မွာ အိမ္ေရွ႕ခန္း ထဲရွိ အိပ္ယာႏွင့္ အရုပ္မ်ားၾကားတြင္ ထားရွိေသာ ဂြမ္းကပ္ျဖင့္ ျပဳလုပ္ထားသည့္ လူပံုသ႑ာန္တစ္ခု ေနရာေရြ႕ သြားသည္ကို ေတြ႔ခဲ့ေၾကာင္း ေျပာသည္။

(အိမ္အတြင္းျမင္ကြင္း။ ဓာတ္ပံု-30 East Drive)

(ေျခာက္ျခားဖြယ္အိမ္ၾကီးအတြင္း အနီေရာင္မီးလံုးမ်ား တပ္ဆင္ထားသည္။ ဓာတ္ပံု-30 East Drive)

(ေျခာက္ျခားဖြယ္အရိပ္မ်ား))

ယခုႏွစ္ ၾသဂုတ္လအတြင္း ဤအိမ္ၾကီးသို႔ သြားေရာက္လည္ပတ္ခဲ့သူ Josh Boffin က ၎ၾကံဳေတြ႔ခဲ့ပံုကုိ ေအာက္ပါအတုိင္းေျပာျပသည္။

“ထူးဆန္းတဲ့ျဖစ္ရပ္ေတြ အမ်ားၾကီး ၾကံဳခဲ့ရတယ္။ ကၽြန္ေတာ့္ ေကာင္မေလးက အခန္းတစ္ခုထဲ ဝင္ျပီး မတ္တပ္ ရပ္ၾကည့္တယ္။ သူက လက္ပိုက္ျပီး ရပ္ေနတာ။ ကၽြန္ေတာ္ ဓာတ္ပံု ၃ ပံု ဆက္တုိက္ ရုိက္ခဲ့တယ္။ ဒီလုိရိုက္ေန တဲ့အခ်ိန္မွာ ခႏၶာကိုယ္လႈပ္တာေတြ မရွိပါဘူး။”

“ဓာတ္ပံုေတြ ထြက္လာတဲ့အခါ ကၽြန္ေတာ့္ ေကာင္မေလးရဲ႕အရိပ္ေတြက အမ်ဳိးမ်ဳိး ျဖစ္ေနတာေတြ႔ရေတာ့ ကၽြန္ေတာ္တို႔ ေတာ္ေတာ္အံ့ၾသသြားသည္။ ခုနေျပာခဲ့သလိုပဲ ကၽြန္ေတာ္ဓာတ္ပံုရိုက္တဲ့အခ်ိန္ သူ မလႈပ္ပါဘူး။”

“သူကလည္း လက္ပိုက္ျပီး ရပ္ေနတာ။ ဒါေပမဲ့ အရိပ္က တင္ပါးေပၚ လက္ေထာက္ထားတဲ့ပံု ေပၚေနတယ္။ ဓာတ္ပံု ၃ ပုံလံုးမွာ ကၽြန္ေတာ့္ ေကာင္မေလးက လက္ပိုက္ထားတာပါ။”

(ဧည့္ခန္း။ ဓာတ္ပံု-30 East Drive)

(ဤအခန္းထဲတြင္ အိပ္ရဲပါသလား။ ဓာတ္ပံု-30 East Drive)

(တစ္ညလွ်င္ ၇၅ ေပါင္ျဖင့္ တည္းခိုႏိုင္သည္။ ဓာတ္ပုံ-30 East Drive)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A semi-detached in Yorkshire is home to Europe’s ‘most vicious ghost’ – would you stay for £75 a night? (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service