ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezos ၂၉ နှစ်ကြာ အခြေချနေထိုင်ခဲ့သော ဆီယက်တဲမြို့မှ မိုင်အမ်မီသို့ အိမ်ပြောင်းပြီဖြစ်ကြောင်း ထုတ်ဖော်ကြေညာ
ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezos ၂၉ နှစ်ကြာ အခြေချနေထိုင်ခဲ့သော ဆီယက်တဲမြို့မှ မိုင်အမ်မီသို့ အိမ်ပြောင်းပြီဖြစ်ကြောင်း ထုတ်ဖော်ကြေညာ - Property News in Myanmar from iMyanmarHouse.com
10 Nov 2023 10:22 am တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအချက်အလက်များအရ Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် (Jeff Bezos) ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၄၄ ဒသမ ၃ ဘီလီယံရှိပြီး ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသည်။
ဂျက်ဘေးဇော့စ်သည် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်သည်။
ဂျက်ဘေးဇော့စ်သည် Biscayne Bay ရှိ သီးသန့် ကိုယ်ပိုင်ကျွန်းငယ်ကလေးပေါ်မှ အိပ်ခန်း ၇ ခန်းပါ စံအိမ်ကို ဝယ်ယူပြီး ရက်သတ္တ ၃ ပတ်မျှသာရှိသေးချိန်တွင် ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ဂျက်ဘေးဇော့စ်သည် ဆီယက်တဲတွင် ၁၉၉၄ ခုနှစ်ကတည်းက အခြေစိုက်နေထိုင်ခဲ့ခြင်းဖြစ်သည်။
ဂျက်ဘေးဇော့စ်က ပြောသည်မှာ မိဘများနှင့် သူ၏ Blue Origin အာကာသနည်းပညာကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်ရာနေရာဖြစ်သော ဖလော်ရီဒါပြည်နယ်၊ Cape Canaveral နှင့် နီးစပ်စွာနေထိုင်ရန် အိမ်ပြောင်းခြင်း ဖြစ်ကြောင်း ပြောသည်။ ဂျက်ဘေးဇော့စ်က ယခုနေအိမ်အပြောင်းအရွှေ့အကြောင်းကို သူ၏ အင်စတာဂရမ်အကောင့်တွင် ပြီးခဲ့သော ကြာသပတေးနေ့က တရားဝင်ကြေညာခဲ့သည်။
“ကျွန်တော်ဟာ ဆီယက်တဲမှာ တခြားဘယ်နေရာထက်မဆို ကာလကြာရှည်နေထိုင်ခဲ့ပါတယ်။ ဆီယက်တဲမှာ ကျွန်တော့်အတွက် အမှတ်တရတွေ အများကြီးရှိပါတယ်။ အိမ်ပြောင်းဖို့ ဆုံးဖြတ်ချက်ချရတာဟာ ကျွန်တော့် အတွက် အလွန်စိတ်လှုပ်ရှားခဲ့ရတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ”
Amazon သည် ဆီယက်တဲတွင် ရုံးချုပ်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ဆီယက်တဲမြို့ကို နည်းပညာဗဟိုချက်အဖြစ် ပြောင်းလဲပေးခဲ့ရာ ထိုမြို့မှ ဂျက်ဘေးဇော့စ်ပြောင်းရွှေ့မှုမှာ အလွန်အရေးကြီးသည့် ခြေလှမ်းလည်း ဖြစ်သည်။
ဂျက်ဘေးဇော့စ်သည် ဝါရှင်တန်ပြည်နယ်၊ ဘဲလ်ဗြူးမြို့ရှိ ငှားရမ်းထားသော နေအိမ်မှ ဂိုဒေါင်တစ်ခုထဲတွင် ၁၉၉၄ ခုနှစ်မှစတင်ကာ Amazon ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဂျက်ဘေးဇော့စ်သည် ပြီးခဲ့သောလက ဖလော်ရီဒါပြည်နယ်၊ Indian Creek ရှိ စံအိမ်ကို ကန်ဒေါ်လာ ၇၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်တွင် အရောင်းအဝယ်အပြီးသတ်ခဲ့ကြောင်း The Real Deal အိမ်ခြံမြေသတင်းဌာန က ဖော်ပြခဲ့သည်။
ခြံအကျယ် ၂ ဧကနီးပါးရှိပြီး စံအိမ်မှာ ၂၀၀၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
စံအိမ်အတွင်း အိမ်တွင်းရုပ်ရှင်ရုံ ၊ စာကြည့်တိုက် ၊ ရေကူးကန်နှင့် ဝိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။
ဂျက်ဘေးဇော့စ်က ကပ်လျက်ခြံဝန်းကိုလည်း ကန်ဒေါ်လာ ၆၈ သန်းဖြင့် ဝယ်ယူထားသည်။
Indian Creek အရပ်သည် အလွန်ချမ်းသာကြွယ်ဝသူများ နေထိုင်ရာ နေရာဖြစ်သောကြောင့် Billionaire Bunker ဟု လူသိများသည်။
Zillow ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ထိုဒေသသည် ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်တွင် ဈေးအကြီးဆုံး ဒေသအဖြစ် ရပ်တည်ခဲ့ကြောင်း ဖော်ပြသည်။
ထိုဒေသတွင် နေထိုင်သူများအနက် ဂျက်ဘေးဇော့စ်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် Carl Icahn နှင့် ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ ထရမ့်တို့ စုံတွဲ အပါအဝင် ဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos is moving to Miami after 29 years in Seattle (businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service