အင်္ဂလန်မှ အားလပ်ရက်ငှားရမ်း အပန်းဖြေနိုင်သော ရဟတ်ယာဉ်အိမ်ကလေး
အင်္ဂလန်မှ အားလပ်ရက်ငှားရမ်း အပန်းဖြေနိုင်သော ရဟတ်ယာဉ်အိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
8 Nov 2023 11:04 am တွင် တင်ခဲ့သည်
925 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံတွင် Lynx Helicopter တစ်စင်းကို လူနေအိမ်ကလေးအဖြစ် ပြောင်းလဲထားသော တမူထူးသည့် နေအိမ်တစ်လုံးရှိပြီး လူ ၄ ဦး အိပ်စက်နိုင်သည့် အနေအထားရှိသော်လည်း sleeping bag ယူဆောင်လာရန် လိုအပ်သည်။
စစ်သုံးရဟတ်ယာဉ်ကို လူနေအိမ်အဖြစ် ပြောင်းလဲထားခြင်းဖြစ်ပြီး မိသားစု အပန်းဖြေနားနေရန် ပြီးပြည့်စုံသော နေရာကလေးဖြစ်သည်။
တည်နေရာမှာ အင်္ဂလန်နိုင်ငံ ၊ လန်ကက်ရှိုင်းယားခရိုင် Ream Hills Holiday Park တွင် တည်ရှိသည်။
(ဤရဟတ်ယာဉ်ကို တချိန်က ဗြိတိသျှစစ်ဘက်မှ ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-ReanHills)
(ရဟတ်ယာဉ် အပြင်ဘက်တွင် ကိုယ်ပိုင်သီးသန့် ညစာစားနေရာပါဝင်သည်။ ဓာတ်ပုံ-ReanHills)
(ရဟတ်ယာဉ်အတွင်းပိုင်းတွင် ဆိုဖာအိပ်ယာ၊ လက်ဆေးကန်နေရာနှင့် စားပွဲတစ်လုံးတို့ ပါဝင်သည်။ ဓာတ်ပုံ-ReanHills)
ရဟတ်ယာဉ်မှာ ၁၉၈၂ ခုနှစ်ထုတ် Westland Lynx XZ676 အမျိုးအစားဖြစ်ပြီး ညအိပ်ညနေ တည်းခိုနိုင်သော လူနေအိမ်အဖြစ် ပြောင်းလဲလိုက်ရာ ကမ္ဘာ့အထူးခြားဆုံး စက်တပ်အိမ်များတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့ သည်။
ဤရဟတ်ယာဉ်၏ သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ၁၉၉၀ -၉၁ ပင်လယ်ကွေ့ စစ်ပွဲတွင် အသုံးပြုခဲ့သော ရဟတ်ယာဉ် ဖြစ်သည်။
ရဟတ်ယာဉ်ကိုယ်ထည်ဘေးတွင် ဗြိတိန်တော်ဝင်လေတပ်၏ တံဆိပ် ယနေ့တိုင် ရှိနေသေးသည်။
ရဟတ်ယာဉ်၏ ပန်ကာမှာလည်း အကောင်းအတိုင်း ရှိနေသေးပြီး ပြတင်းများမှာလည်း မူရင်းအတိုင်း ရှိနေရာ သမိုင်းဝင် ရဟတ်ယာဉ်တစ်စင်းပေါ်တွင် စခန်းချအပန်းဖြေရင်း အတိတ်သမိုင်း ရေယာဉ်ကြောတွင် စီးမျောနိုင် မည် ဖြစ်သည်။
Ream Hills ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ဤရဟတ်ယာဉ်အိမ်တွင် လူကြီး ၂ ဦးနှင့် ကလေး ၂ ဦး သက်တောင့်သက်သာ အိပ်စက်နိုင်ကြောင်း ဖော်ပြသည်။
ရဟတ်ယာဉ်ကို တမူထူးသော စခန်းချ အပန်းဖြေမှု အတွေ့အကြုံပေးစွမ်းရန် ရည်ရွယ်ကာ လူနေအိမ်တစ်လုံး အသွင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ရဟတ်ယာဉ်အတွင်း ကလေးများအတွက် ဆွဲထုတ်ရသည့် ဆိုဖာအိပ်ယာတစ်ခုရှိပြီး လေယာဉ်မှူးအခန်းထဲတွင် စားပွဲခုံတစ်ခုနှင့် ရုပ်မြင်သံကြားစက်တို့ ရှိသည်။
လူကြီးများအတွက်မူ အိပ်ယာမရှိသောကြောင့် မိမိဘာသာ Sleeping Bag ယူဆောင်လာရမည် ဖြစ်သည်။
သို့သော် ခေါင်းအုံး ၊ ဂွမ်းစောင် ၊ မျက်နှာသုတ်ပုဝါများနှင့် အခင်းများပေးသည်။
ရဟတ်ယာဉ်ပေါ်တွင် ရေနွေးအိုး ၊ မိုက္ကရိုဝေ့ဖ်၊ ရေခဲသေတ္တာငယ်တို့နှင့်အတူ လက်ဆေးကန်နေရာတစ်ခုလည်း ပါဝင်သည်။
ရဟတ်ယာဉ်နှင့်တွဲလျက် အပြင်ဘက်တွင် သစ်ဖြင့်ဆောက်လုပ်ထားသော ကုန်းပတ်စင်တစ်ခုရှိပြီး စားပွဲ တစ်လုံးနှင့် ထိုင်ခုံ ၄ လုံးရှိသည်။
ထိုနေရာတွင် ဧည့်သည်များအနေဖြင့် အေးအေးလူလူ သောက်စား ၊ ညစာစားရင်း လန်ကက်ရှိုင်းယား၏ ကျေးလက်ရှုခင်းများကို ခံစားနိုင်မည် ဖြစ်သည်။
အဆိုပါ ရဟတ်ယာဉ်အိမ်ကို Ream Hills ဝက်ဘ်ဆိုက်မှတဆင့် ငှားရမ်းနိုင်ပြီး ငှားရမ်းခမှာ လူကြီး ၂ ဦးနှင့် ကလေး ၂ ဦးပါသော မိသားစုအတွက် တစ်ညလျှင် ၁၇၅ ပေါင် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World’s weirdest ‘motorhome’ is a converted HELICOPTER with enough beds to sleep four… but you’ll need a sleeping bag (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service