နယူးယောက်မြို့၊ မန်ဟက်တန်အရပ် Billionaire’s Row ရှိ ကွန်ဒိုခန်း ကန်ဒေါ်လာ ၁၃၅ သန်းအထိ ဈေးခေါ်ခဲ့သော်လည်း ထက်ဝက်ပင် မရှိသောဈေးဖြင့် ရောင်းထွက်

နယူးယောက်မြို့၊ မန်ဟက်တန်အရပ် Billionaire’s Row ရှိ ကွန်ဒိုခန်း ကန်ဒေါ်လာ ၁၃၅ သန်းအထိ ဈေးခေါ်ခဲ့သော်လည်း ထက်ဝက်ပင် မရှိသောဈေးဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
7 Nov 2023 9:58 am တွင် တင်ခဲ့သည်
938 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်မှ Billionaire’s Row အမည်ရှိ နေရာတွင် တည်ရှိသော မိုးမျှော်တိုက်ကြီးမှ ကွန်ဒိုခန်းတစ်ခန်းသည် ယခင်က ကန်ဒေါ်လာ ၁၃၅ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသည်။

အိပ်ခန်း ၅ ခန်း နှင့် ရေချိုးခန်း ၅ ခန်းပါဝင်သော ကွန်ဒိုခန်းသည် ဝယ်လက်မပေါ်ဘဲ ဈေးကွက်တွင် အတန်ကြာ ရှိနေခဲ့ပြီးနောက် ကန်ဒေါ်လာ ၉၂ သန်းသို့ ဈေးလျှော့ပေးခဲ့သည်။

ထိုအခန်းသည် ယခုအခါ ကန်ဒေါ်လာ ၆၅ ဒသမ ၆ သန်းဖြင့် ရောင်းထွက်သွားပြီဖြစ်ကြောင်း Real Deal အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

မန်ဟက်တန်အရပ် ပန်းခြံရိပ်သာလမ်း ၊ အမှတ် ၄၃၂ တွင် တည်ရှိသော မိုးမျှော်တိုက်ကြီး၏ ၇၉ ထပ်မြောက် တွင် တည်ရှိပြီး အခန်းအကျယ်အဝန်း စတုရန်းပေ ၈၀၀၀ ရှိသည်။

ယင်းအဆောက်အအုံကြီးသည် တခါက နယူးယောက်မြို့အနောက်ပိုင်းတွင် အမြင့်မားဆုံး အဆောက်အအုံကြီး ဖြစ်ခဲ့သည်။

သတင်းရင်းမြစ်တို့၏ ပြောကြားချက်အရ ရောင်းချသူမှာ Canyon Capital Advisors ကုမ္ပဏီမှ Mitchell Julis ဖြစ်သည်ဟု ဆိုသည်။

သူသည် အဆိုပါ ကွန်ဒိုခန်းကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခု ဝယ်ယူသွားသူမှာ ကွန်နက်တီကပ်ပြည်နယ်၊ စတန်းဖို့ဒ်မြို့ အခြေစိုက် Strong Advisory Group နှင့် ဆက်နွယ်နေသော ကုမ္ပဏီတစ်ခုမှ ဖြစ်သည်။

Mitchell Julis က ဤအခန်းကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း ဂျပန်ဗိသုကာပညာရှင် ဟိဒို့ရှိ ဆူဂိမို့တို့ကို ငှားရမ်းကာ ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲပြီး ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

(အမှတ် ၄၃၂ ၊ပန်းခြံရိပ်သာလမ်း အဆောက်အအုံ။ ဓာတ်ပုံ-Stefano Giovannini)

သာမန်ထက် ထူးကဲပြီး ဈေးလျှော့ပေးမှုတွင်လည်း ပုံမှန်ထက် ထူးခြားခဲ့သော ကွန်ဒိုခန်းတွင် ဂျပန်ဟန် လက်ဖက်ရည်ခန်းမ ပါဝင်သည်။

ကွန်ဒိုခန်းအတွင်း သစ်ကတိုးသား ပြတင်းကာများ ၊ shikkui ပလာစတာနံရံများ ၊ မြင့်မားသော မျက်နှာကြက် များနှင့် ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော သစ်ကတိုးသား ကြမ်းခင်းများ ပါဝင်သည်။

ထို့အပြင် သီးသန့်ခန်းတစ်ခန်း ၊ ရုံးခန်းတစ်ခု ၊ သီးသန့်ဓာတ်လှေကား ၂ ခုတို့ ပါဝင်ပြီး နယူးယောက်၏ နာမည်ကျော် Central Park ပန်းခြံနှင့် နယူးယောက်တမြို့လုံး၏ ရှုမျှော်ခင်းများကို အပြောကျယ်စွာ တွေ့မြင်နိုင်သည်။

ယခုအရောင်းအဝယ်တွင် စိတ်ကြိုက်ဆောက်လုပ်ထားသော Built-in ပရိဘောဂများ ၊ အနုပညာလက်ရာများ ၊ ကပ်လျက်တည်ရှိသော စတူဒီယိုအခန်း ၂ ခုနှင့် သိုလှောင်ခန်း ၂ ခုတို့ ပါဝင်သည်။

ကွန်ဒိုခန်းတည်ရှိရာ အဆောက်အအုံကြီးမှာ ၉၆ ထပ်မြင့်မားပြီး အရှေ့ ၅၆ လမ်းနှင့် အရှေ့ ၅၇ လမ်းတို့ကြား တွင် တည်ရှိသည်။

အဆောက်အအုံ၏ Amenities များအနေဖြင့် Spa ၊ Sauna နှင့် အလျား ၇၅ ပေရှိ ရေကူးကန်တို့ ပါဝင်သော အားကစားလေ့ကျင့်ခန်းမ ၊ စာကြည့်တိုက်တစ်ခု ၊ ဘိလိယက်ခန်းမ ၊ ရုပ်ရှင်ရုံ ၊ ကွန်ဖရင့်ခန်းမ ၊ ကလေး ကစားခန်း ၊ နားနေခန်းနှင့် သီးသန့်စားသောက်ဆိုင်တစ်ခုတို့ ပါသည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Engel&Volkers အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Noel Berk ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Billionaires’ Row condo, once asking $135M, has sold for less than half (nypost)

[Zawgyi]

နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္ Billionaire’s Row ရွိ ကြန္ဒိုခန္း ကန္ေဒၚလာ ၁၃၅ သန္းအထိ ေစ်းေခၚခဲ့ေသာ္လည္း ထက္ဝက္ပင္ မရွိေသာေစ်းျဖင့္ ေရာင္းထြက္

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕လယ္ မန္ဟက္တန္အရပ္မွ Billionaire’s Row အမည္ရွိ ေနရာတြင္ တည္ရွိေသာ မိုးေမွ်ာ္တိုက္ၾကီးမွ ကြန္ဒိုခန္းတစ္ခန္းသည္ ယခင္က ကန္ေဒၚလာ ၁၃၅ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္ခဲ့ဖူးသည္။

အိပ္ခန္း ၅ ခန္း ႏွင့္ ေရခ်ဳိးခန္း ၅ ခန္းပါဝင္ေသာ ကြန္ဒိုခန္းသည္ ဝယ္လက္မေပၚဘဲ ေစ်းကြက္တြင္ အတန္ၾကာ ရွိေနခဲ့ျပီးေနာက္ ကန္ေဒၚလာ ၉၂ သန္းသို႔ ေစ်းေလွ်ာ့ေပးခဲ့သည္။

ထိုအခန္းသည္ ယခုအခါ ကန္ေဒၚလာ ၆၅ ဒသမ ၆ သန္းျဖင့္ ေရာင္းထြက္သြားျပီျဖစ္ေၾကာင္း Real Deal အိမ္ျခံေျမသတင္းဝက္ဘ္ဆုိက္က ေဖာ္ျပသည္။

မန္ဟက္တန္အရပ္ ပန္းျခံရိပ္သာလမ္း ၊ အမွတ္ ၄၃၂ တြင္ တည္ရွိေသာ မိုးေမွ်ာ္တိုက္ၾကီး၏ ၇၉ ထပ္ေျမာက္ တြင္ တည္ရွိျပီး အခန္းအက်ယ္အဝန္း စတုရန္းေပ ၈၀၀၀ ရွိသည္။

ယင္းအေဆာက္အအံုၾကီးသည္ တခါက နယူးေယာက္ျမဳိ႕အေနာက္ပိုင္းတြင္ အျမင့္မားဆံုး အေဆာက္အအံုၾကီး ျဖစ္ခဲ့သည္။ သတင္းရင္းျမစ္တို႔၏ ေျပာၾကားခ်က္အရ ေရာင္းခ်သူမွာ Canyon Capital Advisors ကုမၸဏီမွ Mitchell Julis ျဖစ္သည္ဟု ဆိုသည္။

သူသည္ အဆုိပါ ကြန္ဒိုခန္းကို ၂၀၁၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၅၉ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခု ဝယ္ယူသြားသူမွာ ကြန္နက္တီကပ္ျပည္နယ္၊ စတန္းဖို႔ဒ္ျမဳိ႕ အေျခစိုက္ Strong Advisory Group ႏွင့္ ဆက္ႏြယ္ေနေသာ ကုမၸဏီတစ္ခုမွ ျဖစ္သည္။

Mitchell Julis က ဤအခန္းကို ဝယ္ယူခဲ့ျပီးေနာက္ပိုင္း ဂ်ပန္ဗိသုကာပညာရွင္ ဟိဒို႔ရွိ ဆူဂိမို႔တို႔ကို ငွားရမ္းကာ ေဒၚလာ သန္းေပါင္းမ်ားစြာ သံုးစြဲျပီး ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

(အမွတ္ ၄၃၂ ၊ပန္းျခံရိပ္သာလမ္း အေဆာက္အအံု။ ဓာတ္ပံု-Stefano Giovannini)

သာမန္ထက္ ထူးကဲျပီး ေစ်းေလွ်ာ့ေပးမႈတြင္လည္း ပံုမွန္ထက္ ထူးျခားခဲ့ေသာ ကြန္ဒိုခန္းတြင္ ဂ်ပန္ဟန္ လက္ဖက္ရည္ခန္းမ ပါဝင္သည္။

ကြန္ဒိုခန္းအတြင္း သစ္ကတိုးသား ျပတင္းကာမ်ား ၊ shikkui ပလာစတာနံရံမ်ား ၊ ျမင့္မားေသာ မ်က္ႏွာၾကက္ မ်ားႏွင့္ ရာစုႏွစ္ေပါင္းမ်ားစြာ သက္တမ္းရွိျပီျဖစ္ေသာ သစ္ကတိုးသား ၾကမ္းခင္းမ်ား ပါဝင္သည္။

ထုိ႔အျပင္ သီးသန္႔ခန္းတစ္ခန္း ၊ ရံုးခန္းတစ္ခု ၊ သီးသန႔္ဓာတ္ေလွကား ၂ ခုတို႔ ပါဝင္ျပီး နယူးေယာက္၏ နာမည္ေက်ာ္ Central Park ပန္းျခံႏွင့္ နယူးေယာက္တျမဳိ႕လံုး၏ ရႈေမွ်ာ္ခင္းမ်ားကို အေျပာက်ယ္စြာ ေတြ႔ျမင္ႏိုင္သည္။

ယခုအေရာင္းအဝယ္တြင္ စိတ္ၾကဳိက္ေဆာက္လုပ္ထားေသာ Built-in ပရိေဘာဂမ်ား ၊ အႏုပညာလက္ရာမ်ား ၊ ကပ္လ်က္တည္ရွိေသာ စတူဒီယိုအခန္း ၂ ခုႏွင့္ သိုေလွာင္ခန္း ၂ ခုတို႔ ပါဝင္သည္။

ကြန္ဒိုခန္းတည္ရွိရာ အေဆာက္အအံုၾကီးမွာ ၉၆ ထပ္ျမင့္မားျပီး အေရွ႕ ၅၆ လမ္းႏွင့္ အေရွ႕ ၅၇ လမ္းတို႔ၾကား တြင္ တည္ရွိသည္။

အေဆာက္အအံု၏ Amenities မ်ားအေနျဖင့္ Spa ၊ Sauna ႏွင့္ အလ်ား ၇၅ ေပရွိ ေရကူးကန္တို႔ ပါဝင္ေသာ အားကစားေလ့က်င့္ခန္းမ ၊ စာၾကည့္တုိက္တစ္ခု ၊ ဘိလိယက္ခန္းမ ၊ ရုပ္ရွင္ရံု ၊ ကြန္ဖရင့္ခန္းမ ၊ ကေလး ကစားခန္း ၊ နားေနခန္းႏွင့္ သီးသန္႔စားေသာက္ဆိုင္တစ္ခုတို႔ ပါသည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Engel&Volkers အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Noel Berk ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This Billionaires’ Row condo, once asking $135M, has sold for less than half (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service