ဘီလ်ဂိတ်၏ လက်ထောက်ဝန်ထမ်းဟောင်းမှာ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာပြီး အလုပ်ရှင်ဟောင်း ဘီလ်ဂိတ်၏ ကြွယ်ဝမှုကို ဖြတ်ကျော်ရန် နီးကပ်လာလျက်ရှိ

ဘီလ်ဂိတ်၏ လက်ထောက်ဝန်ထမ်းဟောင်းမှာ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာပြီး အလုပ်ရှင်ဟောင်း ဘီလ်ဂိတ်၏ ကြွယ်ဝမှုကို ဖြတ်ကျော်ရန် နီးကပ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
7 Nov 2023 9:47 am တွင် တင်ခဲ့သည်
11858 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်၏ လက်ထောက်ဟောင်းသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းသို့ ဝင်ရောက်လာပြီး မကြာမီတွင် မိုက္ကရိုဆော့ဖ်တည်ထောင်သူ ၊ သူ၏အလုပ်ရှင်ဟောင်း ဘီလ်ဂိတ်၏ ကြွယ်ဝမှုကို ဖြတ်ကျော်သွားဖွယ်ရာ ရှိနေသည်။

ဘီလ်ဂိတ်၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ စတိဗ် ဘောမား (Steve Ballmer) သည် ယခင်ကကြွယ်ဝမှု ကန်ဒေါ်လာ ၂၉ ဘီလီယံသာရှိခဲ့ရာမှ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၁၁၅ ဘီလီယံအထိ မြင့်တက်လာခဲ့ရာ Bloomberg ၏ ဘီလျံနာညွှန်းကိန်းတွင် စတိဗ် ဘောမားမှာ ပဉ္စမနေရာအထိ ရောက်ရှိ လာသည်။

လွန်ခဲ့သော ၃ လခန့်က ဘီလ်ဂိတ်၏ ကြွယ်ဝမှုနှင့် နှိုင်းယှဉ်ပါက ၁၇ ဘီလီယံ ကွာခြားခဲ့သော်လည်း ယခုအခါ စတုတ္ထနေရာတွင် ကန်ဒေါ်လာ ၁၂၁ ဘီလီယံဖြင့် ရပ်တည်နေသော ဘီလ်ဂိတ်နှင့် ၆ ဘီလီယံမျှသာ ကွာခြား တော့သည်။

စတိဗ် ဘောမားသည် ယခုအခါ ကန်ဒေါ်လာ ၁၁၄ ဘီလီယံ ချမ်းသာသော လာရီအယ်လစ်ဆင် ၊ ဝါရင်ဘတ်ဖက် (ကန်ဒေါ်လာ ၁၁၁ ဘီလီယံ) ၊ လာရီပေ့ချ် (ကန်ဒေါ်လာ ၁၁၀ ဘီလီယံ) ၊ မာ့ခ် ဇပ်ကာဘာ့ဂျ် (ကန်ဒေါ်လာ ၁၀၈ ဘီလီယံ) နှင့် ဆာဂေး ဘရင်း (ကန်ဒေါ်လာ ၁၀၅ ဘီလီယံ) တို့ထက် ပိုမိုချမ်းသာနေပြီ ဖြစ်သည်။

စတိဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၁၅ ဘီလီယံဖြစ်သည်။

စတိဗ် ဘောမားသည် ၁၉၈၀ ပြည့်နှစ်တွင် ဥက္ကဌဖြစ်သူ ဘီလ်ဂိတ်၏ လက်ထောက်အဖြစ် မိုက္ကရိုဆော့ဖ်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

မိုက္ကရိုဆော့ဖ်သို့ ဝင်ရောက်ချိန်က လစာခံစားခွင့် ညှိုနှိုင်းထားမှုအရ အခြေခံလစာ ဒေါ်လာ ၅၀၀၀၀ နှင့် မိမိ၏ ဆောင်ရွက်မှုမှ ရရှိသော အမြတ်အစွန်း၏ ၁၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ညှိုနှိုင်းထားခဲ့သည်။

သူ၏ အမြတ်အစွန်း ပမာဏမှာ အလွန်ကြီးထွားလာရာ ထိုငွေများကို ရှယ်ယာများဖြင့် လဲလှယ်ရန် စတိဗ် ဘောမားက သဘောတူခဲ့သည်။

စတိဗ် ဘောမားသည် တဖြေးဖြေးချင်း ရာထူးတက်လာခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင် မိုက္ကရိုဆော့ဖ်၏ စီအီးအို ဖြစ်လာခဲ့သည်။

စတိဗ် ဘောမားသည် ထိုရာထူးမှ ၂၀၁၄ ခုနှစ်တွင် အနားယူခဲ့ပြီး ထိုအချိန်တွင် သူ၏ ပိုင်ဆိုင်မှုမှာ ရှယ်ယာပေါင်း ၃၃၃ သန်း (သို့မဟုတ်) ရှယ်ယာစုစုပေါင်း၏ ၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

Bloomberg ၏ ဖော်ပြချက်အရ စတိဗ် ဘောမားသည် ထိုရှယ်ယာအများစုကို ယနေ့တိုင် ပိုင်ဆိုင်ထားဆဲ ဖြစ်ရာ မိုက္ကရိုဆော့ဖ်၏ လက်ရှိ ရှယ်ယာပေါက်ဈေးအရ သူ၏ ရှယ်ယာများ စုစုပေါင်း တန်ကြေးမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ရှိမည် ဖြစ်သည်။

စတိဗ် ဘောမားသည် နှစ်ပေါင်းများစွာ ကာလအတွင်း ကုမ္ပဏီအမြတ်ဝေစု ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရရှိခဲ့ဖွယ်ရှိသည်။

ဘောမား၏ ကြွယ်ဝမှု ယခုနှစ်အတွင်း ထိုးတက်သွားခြင်း၏ အကြောင်းရင်းတစ်ခုမှာ AI နည်းပညာနယ်ပယ် ဖွံ့ဖြိုးလာမှုကြောင့် မိုက္ကရိုဆော့ဖ်၏ ရှယ်ယာဈေးများ မြင့်တက်လာသောကြောင့်လည်း ပါဝင်သည်။

မိုက္ကရိုဆော့ဖ်သည် ChatGPT ၏ မိခင်ကုမ္ပဏီ Open AI တွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားသည်။

ChatGPT ကြောင့် Google မှာ အင်တာနက်ရှာဖွေမှု နယ်ပယ်တွင် ဦးဆောင်ထားမှု အနေအထား ထိခိုက်စေ နိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်လာပြီးနောက်ပိုင်း မိုက္ကရိုဆော့ဖ်၏ ရှယ်ယာများမှာ ပြီးခဲ့သော ၁၀ လအတွင်း ၃၈ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bill Gates' former assistant is the world's 5th-richest person — and he's close to overtaking the Microsoft cofounder (markets)

 

 

 

 

[Zawgyi]

ဘီလ္ဂိတ္၏ လက္ေထာက္ဝန္ထမ္းေဟာင္းမွာ ကမၻာ့ပဥၥမေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာျပီး အလုပ္ရွင္ေဟာင္း ဘီလ္ဂိတ္၏ ၾကြယ္ဝမႈကို ျဖတ္ေက်ာ္ရန္ နီးကပ္လာလ်က္ရွိ

 

မိုကၠရိုေဆာ့ဖ္တည္ေထာင္သူ ဘီလ္ဂိတ္၏ လက္ေထာက္ေဟာင္းသည္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္မ်ား စာရင္းသို႔ ဝင္ေရာက္လာျပီး မၾကာမီတြင္ မိုကၠရိုေဆာ့ဖ္တည္ေထာင္သူ ၊ သူ၏အလုပ္ရွင္ေဟာင္း ဘီလ္ဂိတ္၏ ၾကြယ္ဝမႈကို ျဖတ္ေက်ာ္သြားဖြယ္ရာ ရွိေနသည္။

ဘီလ္ဂိတ္၏ လက္ေထာက္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ စတိဗ္ ေဘာမား (Steve Ballmer) သည္ ယခင္ကၾကြယ္ဝမႈ ကန္ေဒၚလာ ၂၉ ဘီလီယံသာရွိခဲ့ရာမွ ယခုႏွစ္အတြင္း ကန္ေဒၚလာ ၁၁၅ ဘီလီယံအထိ ျမင့္တက္လာခဲ့ရာ Bloomberg ၏ ဘီလ်ံနာညႊန္းကိန္းတြင္ စတိဗ္ ေဘာမားမွာ ပဥၥမေနရာအထိ ေရာက္ရွိ လာသည္။

လြန္ခဲ့ေသာ ၃ လခန္႔က ဘီလ္ဂိတ္၏ ၾကြယ္ဝမႈႏွင့္ ႏိႈင္းယွဥ္ပါက ၁၇ ဘီလီယံ ကြာျခားခဲ့ေသာ္လည္း ယခုအခါ စတုတၳေနရာတြင္ ကန္ေဒၚလာ ၁၂၁ ဘီလီယံျဖင့္ ရပ္တည္ေနေသာ ဘီလ္ဂိတ္ႏွင့္ ၆ ဘီလီယံမွ်သာ ကြာျခား ေတာ့သည္။

စတိဗ္ ေဘာမားသည္ ယခုအခါ ကန္ေဒၚလာ ၁၁၄ ဘီလီယံ ခ်မ္းသာေသာ လာရီအယ္လစ္ဆင္ ၊ ဝါရင္ဘတ္ဖက္ (ကန္ေဒၚလာ ၁၁၁ ဘီလီယံ) ၊ လာရီေပ့ခ်္ (ကန္ေဒၚလာ ၁၁၀ ဘီလီယံ) ၊ မာ့ခ္ ဇပ္ကာဘာ့ဂ်္ (ကန္ေဒၚလာ ၁၀၈ ဘီလီယံ) ႏွင့္ ဆာေဂး ဘရင္း (ကန္ေဒၚလာ ၁၀၅ ဘီလီယံ) တို႔ထက္ ပိုမိုခ်မ္းသာေနျပီ ျဖစ္သည္။

စတိေဘာမား၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၁၅ ဘီလီယံျဖစ္သည္။

စတိဗ္ ေဘာမားသည္ ၁၉၈၀ ျပည့္ႏွစ္တြင္ ဥကၠဌျဖစ္သူ ဘီလ္ဂိတ္၏ လက္ေထာက္အျဖစ္ မိုကၠရိုေဆာ့ဖ္သို႔ ဝင္ေရာက္ခဲ့ျခင္း ျဖစ္သည္။

မုိကၠရိုေဆာ့ဖ္သို႔ ဝင္ေရာက္ခ်ိန္က လစာခံစားခြင့္ ညိႈႏိႈင္းထားမႈအရ အေျခခံလစာ ေဒၚလာ ၅၀၀၀၀ ႏွင့္ မိမိ၏ ေဆာင္ရြက္မႈမွ ရရွိေသာ အျမတ္အစြန္း၏ ၁၀ ရာခိုင္ႏႈန္း ရရွိမည္ျဖစ္ေၾကာင္း ညိႈႏိႈင္းထားခဲ့သည္။

သူ၏ အျမတ္အစြန္း ပမာဏမွာ အလြန္ၾကီးထြားလာရာ ထိုေငြမ်ားကို ရွယ္ယာမ်ားျဖင့္ လဲလွယ္ရန္ စတိဗ္ ေဘာမားက သေဘာတူခဲ့သည္။

စတိဗ္ ေဘာမားသည္ တေျဖးေျဖးခ်င္း ရာထူးတက္လာခဲ့ရာ ၂၀၀၀ ျပည့္ႏွစ္တြင္ မိုကၠရိုေဆာ့ဖ္၏ စီအီးအို ျဖစ္လာခဲ့သည္။ စတိဗ္ ေဘာမားသည္ ထိုရာထူးမွ ၂၀၁၄ ခုႏွစ္တြင္ အနားယူခဲ့ျပီး ထုိအခ်ိန္တြင္ သူ၏ ပိုင္ဆိုင္မႈမွာ ရွယ္ယာေပါင္း ၃၃၃ သန္း (သို႔မဟုတ္) ရွယ္ယာစုစုေပါင္း၏ ၄ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားျပီ ျဖစ္သည္။

Bloomberg ၏ ေဖာ္ျပခ်က္အရ စတိဗ္ ေဘာမားသည္ ထိုရွယ္ယာအမ်ားစုကို ယေန႔တိုင္ ပိုင္ဆိုင္ထားဆဲ ျဖစ္ရာ မိုကၠရိုေဆာ့ဖ္၏ လက္ရွိ ရွယ္ယာေပါက္ေစ်းအရ သူ၏ ရွယ္ယာမ်ား စုစုေပါင္း တန္ေၾကးမွာ ကန္ေဒၚလာ ၁၀၀ ဘီလီယံေက်ာ္ ရွိမည္ ျဖစ္သည္။

စတိဗ္ ေဘာမားသည္ ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း ကုမၸဏီအျမတ္ေဝစု ေဒၚလာ ဘီလီယံႏွင့္ခ်ီ၍ ရရွိခဲ့ဖြယ္ရွိသည္။

ေဘာမား၏ ၾကြယ္ဝမႈ ယခုႏွစ္အတြင္း ထိုးတက္သြားျခင္း၏ အေၾကာင္းရင္းတစ္ခုမွာ AI နည္းပညာနယ္ပယ္ ဖြ႔ံျဖဳိးလာမႈေၾကာင့္ မိုကၠရိုေဆာ့ဖ္၏ ရွယ္ယာေစ်းမ်ား ျမင့္တက္လာေသာေၾကာင့္လည္း ပါဝင္သည္။

မိုကၠရိုေဆာ့ဖ္သည္ ChatGPT ၏ မိခင္ကုမၸဏီ Open AI တြင္ ရင္းႏွီးျမွပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

ChatGPT ေၾကာင့္ Google မွာ အင္တာနက္ရွာေဖြမႈ နယ္ပယ္တြင္ ဦးေဆာင္ထားမႈ အေနအထား ထိခုိက္ေစ ႏိုင္ေၾကာင္း ခန္႔မွန္းခ်က္မ်ား ထြက္ေပၚလာျပီးေနာက္ပိုင္း မိုကၠရိုေဆာ့ဖ္၏ ရွယ္ယာမ်ားမွာ ျပီးခဲ့ေသာ ၁၀ လအတြင္း ၃၈ ရာခုိင္ႏႈန္းအထိ ထိုးတက္သြားခဲ့သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bill Gates' former assistant is the world's 5th-richest person — and he's close to overtaking the Microsoft cofounder (markets)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service