မိမိခရီးထွက်နေစဉ် အပင်များအား ရေလောင်းပေးပါရန် အိမ်နီးချင်းထံ အကူအညီတောင်းခဲ့သော အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ခရီးမှပြန်လာချိန်တွင် ကြုံတွေ့ရပုံ
မိမိခရီးထွက်နေစဉ် အပင်များအား ရေလောင်းပေးပါရန် အိမ်နီးချင်းထံ အကူအညီတောင်းခဲ့သော အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ခရီးမှပြန်လာချိန်တွင် ကြုံတွေ့ရပုံ - Property News in Myanmar from iMyanmarHouse.com
31 Oct 2023 9:44 am တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်တွင် အမျိုးသမီးတစ်ဦးသည် မိမိခရီးထွက်နေစဉ်အတွင်း နေအိမ်ခြံဝန်းထဲမှ ပန်းဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်ပေးပါရန် အိမ်နီးချင်းထံ ယုံယုံကြည်ကြည်ဖြင့် အပ်နှံခဲ့သည်။
ခရီးမှ ပြန်လာပြီးနောက် သူ၏ ပန်းဥယျာဉ်ကို တွေ့လိုက်ရချိန်တွင် အိမ်ရှင်အမျိုးသမီးမှာ မျက်လုံးပြူးသွားခဲ့ရသည်။
အိမ်နီးချင်းသည် အလွန်အကျွံရေလောင်းထားရာ ပန်းဥယျာဉ်တစ်ခုလုံး ရေများရွဲနစ်နေသည့်အပြင် အပင်ဖြတ်ရခြင်းကိုလည်း အလွန်စိတ်ဝင်စားဟန် ရသည်။
အိမ်ရှင်အမျိုးသမီး အလွန်ချစ်သော နှင်းဆီပင်များအားလုံး ဖြတ်ခံထားရသည်။
Mumsnet တို့ သူမက ပြောသည်မှာ “ကျွန်မတို့ အပန်းဖြေခရီး ၁၀ ရက်ထွက်ခဲ့ပါတယ်။ ကျွန်မတို့မရှိတုန်း ပျိုးအိမ်ထဲက အပင်တွေကို ရေလောင်းပေးဖို့ အိမ်နီးချင်းကို တောင်းဆိုခဲ့ပါတယ်။ သူက ကျွန်မတို့ တောင်းဆိုခဲ့ တာထက် ပိုပြီးလုပ်ခဲ့ဟန် ရပါတယ်။ ပန်းခြံတစ်ခုလုံး ရေတွေအိုင်ထွန်းနေတဲ့အပြင် အပင်တွေကလည်း အဖြတ်ခံထားရတယ်။ ကျွန်မတို့ ကျေးဇူးတင်ပေမယ့် တစ်ချိန်ထဲမှာ တုန်လှုပ်ခဲ့ရတယ်”ဟု ပြောသည်။
အခုဖြစ်ရပ်အား ပိုမိုရုပ်ဆိုးအကျည်းတန်စေသည့်အချက်မှာ ဖြတ်တောက်လိုက်သည့် နှင်းဆီကိုင်းအားလုံးကို အိမ်နီးချင်းက သူ့ခြံထဲတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
“သူ့ခြံထဲမှာ စိုက်ဖို့အတွက် နှင်းဆီပင်တွေကို အကုန်ဖြတ်လိုက်တာလား။ ကျွန်မတို့ရဲ့ ပန်းခြံထဲမှာ နွယ်နှင်းဆီတွေအပြင် နှင်းဆီ ၅ မျိုးလောက်ရှိပါတယ်။ ကျွန်မတို့ တစ်ခါမှ မဖြတ်ပါဘူး။”
“ကျွန်မတို့ မသွားမီတုန်းက အပင်တွေက အရွက်ဖားဖားတွေနဲ့ အရမ်းအုံကောင်းပြီး ပန်းတွေလည်း ဖွေးဖွေးလှုပ် နေခဲ့တယ်”
“အပင်တွေက အရမ်းကြီးပြီး တောဝင်နေသလိုတောင် ထင်ရတယ်။ ဒါပေမယ့် ကျွန်မတို့က ကိုင်းဖြတ်ပုံသွင်း တာတွေ မလုပ်ဘဲ ဒီတိုင်းဘဲ ထားခဲ့တယ်။ ဇွန်၊ ဇူလိုင်လတွေဆိုရင် နှင်းဆီတွေဟာ တကယ်ကို ဖြစ်ထွန်းတဲ့ အချိန်ပေါ့”
“ကျွန်မတို့ ပြန်လာတဲ့အချိန်မှာ သူက ကျွန်မတို့ကို အများကြီး ကူညီပေးထားတယ်လို့ သူက ယူဆနေပါတယ်”
ယခုအခါ မိမိမှာ ဒေါသအလွန်ထွက်နေကြောင်း၊ မိမိထိုသို့ ဒေါသထွက်ခြင်းမှာ မှန်ကန်မှု ရှိ၊ မရှိကိုမူ မသိကြောင်း သူမက ပြောသည်။
Mumsnet ကို အသုံးပြုသူတို့က ၎င်းတို့၏ ထင်မြင်ချက်များကို မှတ်ချက်ပြုကြသည်။
တစ်ဦးက မှတ်ချက်ပြုသည်မှာ “ဘာမှ လုပ်လို့ ရမယ်လို့ မထင်ဘူး။ နှင်းဆီပင်တွေ ပြန်ကြီးလာမှာပါ။ အိမ်နီးချင်းကိုတော့ ထပ်ပြီး အကူအညီမတောင်းနဲ့တော့ပေါ့”ဟု ဆိုသည်။
များစွာသောသူတို့က မှတ်ချက်ပြုသည်မှာမူ အပင်များကို ဖြတ်ခဲ့မှုအပေါ် ဒေါသထွက်ကြောင်း ပြောပြကာ အိမ်နီးချင်းကို ရင်ဆိုင်သင့်ကြောင်း ပြောကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Woman fuming after ‘helpful’ neighbour landscapes garden while she’s on holiday (metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service