ဘာလီကျွန်းရှိ ဟိုတယ်လုပ်ငန်းနယ်ကို ကျောခိုင်းကာ ထိုင်းနိုင်ငံမှ ရွာကလေးတစ်ရွာတွင် ကိုယ်တိုင်စိုက်ပျိုးသည့် စိုက်ခင်းလေးများဖြင့် ဘဝဖြတ်သန်း နေသော စုံတွဲတစ်တွဲအကြောင်း

ဘာလီကျွန်းရှိ ဟိုတယ်လုပ်ငန်းနယ်ကို ကျောခိုင်းကာ ထိုင်းနိုင်ငံမှ ရွာကလေးတစ်ရွာတွင် ကိုယ်တိုင်စိုက်ပျိုးသည့် စိုက်ခင်းလေးများဖြင့် ဘဝဖြတ်သန်း နေသော စုံတွဲတစ်တွဲအကြောင်း - Property News in Myanmar from iMyanmarHouse.com
30 Oct 2023 12:10 pm တွင် တင်ခဲ့သည်
1502 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်ကပ်ဘေးသည် ရိုင်ယန်နှင့်ဇနီးဖြစ်သူ ဒါမိုတို့အတွက် ဘဝနေထိုင်ပုံ ပြောင်းလဲစေရန် အကြောင်းရင်း တစ်ခု ဖြစ်လာခဲ့သည်။

ရိုင်ယန်သည် အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီကျွန်း၏ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် ဘာလီကျွန်းတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားသောအခါ ရိုင်ယန်တို့ စုံတွဲက ဆွေမျိုးများနှင့် နီးနီးကပ်ကပ် နေထိုင်နိုင်ရေးအတွက် ထိုင်းနိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။

သို့နှင့် ရိုင်ယန်တို့စုံတွဲ ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက် ၃၀၀ ကီလိုမီတာခန့်အကွာ ထိုင်းနိုင်ငံအရှေ့ပိုင်း Buri Ram မြို့တွင်တည်ရှိသော ဒါမို၏ ရွာကလေးသို့ သွားခဲ့ကြသည်။

ရွာတွင် ဒါမို၏ မိသားစုက ၎င်းတို့ကို ပေးထားသော မြေကွက်တစ်ကွက်ရှိသည်။

“ကျွန်တော်တို့မှာ အရင်ကတည်းက ဒီမြေကွက်ရထားတာပါ။ အသက်ကြီးတဲ့အခါကျမှ အခြေချဖို့ အရင်က စိတ်ကူးခဲ့တာ။ ဒါပေမဲ့ ကိုဗစ်ကပ်ဘေးကြောင့် အချိန်ရလာပြီး မြေကွက်နေရာမှာ အခြေချနေထိုင်ဖို့ စတင်ပြုလုပ်ခဲ့ပါတယ်”ဟု အသက် ၃၅ နှစ်အရွယ်ရှိ ရိုင်ယန်က Business Insider သို့ ပြောသည်။

ရိုင်ယန်တို့စုံတွဲတွင် သားငယ် ၂ ဦး ထွန်းကားသည်။

၎င်းတို့၏ နာမည်အစစာလုံးများကိုသာ ဖော်ပြရန် သတင်းဌာနသို့ တောင်းဆိုခဲ့သည်။

ရိုင်ယန်တို့စုံတွဲက အိမ်ဆောက်မှု ကုန်ကျစရိတ် ၊ ခြံဝန်းအတွင်းမှ မီးဖိုဆောင် ဆောက်လုပ်မှု ကုန်ကျစရိတ် အပြင် လစဉ်ကုန်ကျစရိတ်များအကြောင်း Business Insider သို့ ပြောပြခဲ့သည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ရိုင်ယန်တို့စုံတွဲသည် ကျေးလက်တွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြပြီး ရွာကလေး တွင် နေထိုင်စဉ်အတွင်း YouTube ချန်နယ်တစ်ခု တည်ထောင်ကာ စိုက်ခင်းများအကြား နေထိုင်ရမှုဘဝ အကြောင်း ရိုက်ကူးတင်ပြခဲ့သည်။

 

 

(ရိုင်ယန်တို့စုံတွဲသည် ထိုင်းနိုင်ငံတွင် ၁၀ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် အလုပ်အတွက် ဘာလီကျွန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကိုဗစ်ကပ်ဘေး ဆိုက်ရောက်လာချိန်တွင် ထိုင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ဓာတ်ပုံ-YouTube/Life in Rural Thailand)

၎င်းတို့၏ YouTube ချန်နယ်တွင် ကျေးလက်နေထိုင်ရမှုဘဝမှာ စိတ်ကူးယဉ်ဆန်ကာ သာယာချမ်းမြေ့ဖွယ် ကောင်းလှသည်ဟု ပြောပြထားခြင်းကားမဟုတ်။

ကျေးလက်လူနေမှုဘဝနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို ပြောပြထားခြင်း ဖြစ်သည်။

၎င်းတို့၏ ဗွီဒီယိုများထဲတွင် တောင်ယာစိုက်ပျိုးမှု အခက်အခဲများနှင့် လူနေမှုစရိတ်တို့အကြောင်း ပြောပြထား သည်။ မြို့ပြလူနေမှုဘဝသို့ ပြန်မသွားလိုကြောင်း ရိုင်ယန်က ပြောသည်။

“ကုန်ကျစရိတ်နည်းနည်းနဲ့ ရပ်တည်နိုင်တယ်ဆိုတာ တွေ့ရတယ်။ တိရ စ္ဆာန်တွေ မွေးမြူရင်း ကိုယ်စားဖို့ ကိုယ်တိုင်စိုက်ပျိုးပြီး အလွန်ရိုးစင်းတဲ့ဘဝမှာ နေထိုင်နေပါတယ်။”

 

((အဆင့် ၁။ ဝါးတဲ))

 

ရိုင်ယန်တို့ မိသားစု ကိုဗစ်ကပ်ဘေးအစပိုင်းတွင် လူဦးရေ ၁၅၀ ခန့်ရှိသော ရွာလေးသို့ ရောက်လာခဲ့ကြသည်။ ထိုအချိန်က သူတို့၏ မြေနေရာမှာ ဗွက်တောကြီးတစ်ခုသာ ဖြစ်သည်။

ကပ်ဘေး၏ မရေရာမှုကြောင့် ထိန်းထိန်းသိမ်းသိမ်း စစ်စစ်စီစီ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ကပ်ဘေးက နှစ်ပေါင်းများစွာ ကြာနိုင်တယ်လေ။ ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဒါကြောင့် အကုန်ချွေတာဖို့ ဆုံးဖြတ်ခဲ့တယ်။”

 

 

 

(ရိုင်ယန်တို့ မိသားစု ယခင်နေထိုင်ခဲ့သော ဝါးတဲ။ ဓာတ်ပုံ- YouTube/Life in Rural Thailand)

 

 

 

 

((အဆင့် ၂။ အိမ်ငယ်တစ်လုံး ဆောက်လုပ်ခြင်း))

 

 

(နေအိမ်သစ်တွင် အမိုးကိုသစ်သား ထုတ်တန်းများဖြင့် ထောက်မထားသည်။ ဓာတ်ပုံ- YouTube/Life in Rural Thailand)

 

 

နောက်ပိုင်းတွင် ရိုင်ယန်တို့စုံတွဲက ဒေသခံလက်သမားအဖွဲ့ငှားရမ်းကာ နေအိမ်ငယ်တစ်လုံးနှင့် သီးသန့်ခွဲထွက် ဆောက်လုပ်ထားသော မီးဖိုဆောင် တစ်လုံးတို့ ဆောက်လုပ်ခဲ့သည်။

ယင်းအတွက် ကုန်ကျစရိတ် ဘတ်ငွေ ၈၂၁၅၉၃ (ကန်ဒေါ်လာ ၂၂၅၀၀ ခန့်) ကုန်ကျခဲ့သည်။

 

 

 

 

(နေအိမ်တွင် ထပ်ခိုးတစ်ခုပါသည်။ ဓာတ်ပုံ- YouTube/Life in Rural Thailand)

 

 

(နေအိမ်မှ ခွဲထွက် ဆောက်လုပ်ထားသော မီးဖိုဆောင်။ ဓာတ်ပုံ- YouTube/Life in Rural Thailand)

 

 

 

 

ရိုင်ယန်က ပြောသည်မှာ ကျေးလက်ဒေသတွင် အပိုဝင်ငွေရရန် အိမ်ဆိုင်များ ဖွင့်ကြသည်ကို တွေ့ရကြောင်း ပြောသည်။

“အမြတ်ငွေက နည်းနိုင်ပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အို စုံတွဲတွေအတွက် ဆိုင်လေးတွေမှာ နေ့တိုင်း ဈေးဝယ်သူတွေ ရှိတာကြောင့် ငွေစီးဆင်းမှု နဲနဲရနိုင်ပါတယ်။”

ယခုအိမ်တွင် စားပွဲအချို့နှင့် ငွေရှင်းကောင်တာတို့ ဖြည့်လိုက်လျှင် ကော်ဖီဆိုင်ငယ်လေးအဖြစ် ဖွင့်လှစ်နိုင် မည်ဖြစ်ကြောင်း ရိုင်ယန်က ပြောသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: They built a small house in rural Thailand for $22,500. They don't have debt, but that doesn't mean the lifestyle is easy. (businessinsider)

 

 

 

[Zawgyi]

 

ဘာလီကၽြန္းရွိ ဟိုတယ္လုပ္ငန္းနယ္ကို ေက်ာခုိင္းကာ ထိုင္းႏိုင္ငံမွ ရြာကေလးတစ္ရြာတြင္ ကိုယ္တိုင္စိုက္ပ်ဳိးသည့္ စိုက္ခင္းေလးမ်ားျဖင့္ ဘဝျဖတ္သန္း ေနေသာ စံုတြဲတစ္တြဲအေၾကာင္း

 

ကိုဗစ္ကပ္ေဘးသည္ ရိုင္ယန္ႏွင့္ဇနီးျဖစ္သူ ဒါမိုတို႔အတြက္ ဘဝေနထိုင္ပံု ေျပာင္းလဲေစရန္ အေၾကာင္းရင္း တစ္ခု ျဖစ္လာခဲ့သည္။

ရိုင္ယန္သည္ အင္ဒိုနီးရွားႏိုင္ငံ ၊ ဘာလီကၽြန္း၏ ဟိုတယ္လုပ္ငန္းက႑တြင္ လုပ္ကိုင္ခဲ့သူ ျဖစ္သည္။

ကိုဗစ္ကပ္ေဘးေၾကာင့္ ဘာလီကၽြန္းတြင္ ကမၻာလွည့္ခရီးသြားလုပ္ငန္း ရပ္ဆိုင္းသြားေသာအခါ ရိုင္ယန္တို႔ စံုတြဲက ေဆြမ်ဳိးမ်ားႏွင့္ နီးနီးကပ္ကပ္ ေနထုိင္ႏိုင္ေရးအတြက္ ထုိင္းႏိုင္ငံသို႔ ျပန္ရန္ ဆံုးျဖတ္ခဲ့သည္။

သို႔ႏွင့္ ရိုင္ယန္တို႔စံုတြဲ ဘန္ေကာက္ျမိဳ႕၏ အေရွ႕ေျမာက္ဘက္ ၃၀၀ ကီလိုမီတာခန္႔အကြာ ထုိင္းႏိုင္ငံအေရွ႕ပိုင္း Buri Ram ျမိဳ႕တြင္တည္ရွိေသာ ဒါမို၏ ရြာကေလးသို႔ သြားခဲ့ၾကသည္။ ရြာတြင္ ဒါမို၏ မိသားစုက ၎တို႔ကို ေပးထားေသာ ေျမကြက္တစ္ကြက္ရွိသည္။

“ကၽြန္ေတာ္တို႔မွာ အရင္ကတည္းက ဒီေျမကြက္ရထားတာပါ။ အသက္ၾကီးတဲ့အခါက်မွ အေျခခ်ဖုိ႔ အရင္က စိတ္ကူးခဲ့တာ။ ဒါေပမဲ့ ကိုဗစ္ကပ္ေဘးေၾကာင့္ အခ်ိန္ရလာျပီး ေျမကြက္ေနရာမွာ အေျခခ်ေနထုိင္ဖုိ႔ စတင္ျပဳလုပ္ခဲ့ပါတယ္”ဟု အသက္ ၃၅ ႏွစ္အရြယ္ရွိ ရိုင္ယန္က Business Insider သို႔ ေျပာသည္။ ရိုင္ယန္တို႔စံုတြဲတြင္ သားငယ္ ၂ ဦး ထြန္းကားသည္။

၎တို႔၏ နာမည္အစစာလံုးမ်ားကိုသာ ေဖာ္ျပရန္ သတင္းဌာနသို႔ ေတာင္းဆိုခဲ့သည္။

ရိုင္ယန္တုိ႔စံုတြဲက အိမ္ေဆာက္မႈ ကုန္က်စရိတ္ ၊ ျခံဝန္းအတြင္းမွ မီးဖိုေဆာင္ ေဆာက္လုပ္မႈ ကုန္က်စရိတ္ အျပင္ လစဥ္ကုန္က်စရိတ္မ်ားအေၾကာင္း Business Insider သို႔ ေျပာျပခဲ့သည္။

ကိုဗစ္ကပ္ေဘးကာလအတြင္း ရိုင္ယန္တို႔စံုတြဲသည္ ေက်းလက္တြင္ ေပ်ာ္ရႊင္စြာ ေနထုိင္ခဲ့ၾကျပီး ရြာကေလး တြင္ ေနထိုင္စဥ္အတြင္း YouTube ခ်န္နယ္တစ္ခု တည္ေထာင္ကာ စုိက္ခင္းမ်ားအၾကား ေနထုိင္ရမႈဘဝ အေၾကာင္း ရိုက္ကူးတင္ျပခဲ့သည္။

(ရိုင္ယန္တို႔စံုတြဲသည္ ထိုင္းႏိုင္ငံတြင္ ၁၀ ႏွစ္ခန္႔ ေနထိုင္ခဲ့ျပီးေနာက္ အလုပ္အတြက္ ဘာလီကၽြန္းသို႔ ေျပာင္းေရႊ႕ခဲ့သည္။ ကိုဗစ္ကပ္ေဘး ဆုိက္ေရာက္လာခ်ိန္တြင္ ထုိင္းသို႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့သည္။ ဓာတ္ပံု-YouTube/Life in Rural Thailand) ၎တု႔ိ၏ YouTube ခ်န္နယ္တြင္ ေက်းလက္ေနထိုင္ရမႈဘဝမွာ စိတ္ကူးယဥ္ဆန္ကာ သာယာခ်မ္းေျမ့ဖြယ္ ေကာင္းလွသည္ဟု ေျပာျပထားျခင္းကားမဟုတ္။

ေက်းလက္လူေနမႈဘဝႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထုိင္ရာတြင္ ေတြ႔ၾကံဳရေသာ အခက္အခဲမ်ားကို ေျပာျပထားျခင္း ျဖစ္သည္။

၎တို႔၏ ဗြီဒီယိုမ်ားထဲတြင္ ေတာင္ယာစိုက္ပ်ဳိးမႈ အခက္အခဲမ်ားႏွင့္ လူေနမႈစရိတ္တုိ႔အေၾကာင္း ေျပာျပထား သည္။ ျမိဳ႕ျပလူေနမႈဘဝသို႔ ျပန္မသြားလိုေၾကာင္း ရိုင္ယန္က ေျပာသည္။

“ကုန္က်စရိတ္နည္းနည္းနဲ႔ ရပ္တည္ႏိုင္တယ္ဆိုတာ ေတြ႔ရတယ္။ တိရ စၦာန္ေတြ ေမြးျမဴရင္း ကိုယ္စားဖုိ႔ ကိုယ္တုိင္စိုက္ပ်ဳိးျပီး အလြန္ရိုးစင္းတဲ့ဘဝမွာ ေနထုိင္ေနပါတယ္။”

((အဆင့္ ၁။ ဝါးတဲ))

ရိုင္ယန္တုိ႔ မိသားစု ကိုဗစ္ကပ္ေဘးအစပိုင္းတြင္ လူဦးေရ ၁၅၀ ခန္႔ရွိေသာ ရြာေလးသို႔ ေရာက္လာခဲ့ၾကသည္။ ထုိအခ်ိန္က သူတို႔၏ ေျမေနရာမွာ ဗြက္ေတာၾကီးတစ္ခုသာ ျဖစ္သည္။

ကပ္ေဘး၏ မေရရာမႈေၾကာင့္ ထိန္းထိန္းသိမ္းသိမ္း စစ္စစ္စီစီ ေနထုိင္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။

“ကပ္ေဘးက ႏွစ္ေပါင္းမ်ားစြာ ၾကာႏိုင္တယ္ေလ။ ဘယ္ေလာက္ၾကာမယ္ဆိုတာ ကၽြန္ေတာ္တုိ႔ မသိႏိုင္ဘူး။ ဒါေၾကာင့္ အကုန္ေခၽြတာဖုိ႔ ဆံုးျဖတ္ခဲ့တယ္။”

(ရိုင္ယန္တို႔ မိသားစု ယခင္ေနထုိင္ခဲ့ေသာ ဝါးတဲ။ ဓာတ္ပံု- YouTube/Life in Rural Thailand)

((အဆင့္ ၂။ အိမ္ငယ္တစ္လံုး ေဆာက္လုပ္ျခင္း))

(ေနအိမ္သစ္တြင္ အမိုးကိုသစ္သား ထုတ္တန္းမ်ားျဖင့္ ေထာက္မထားသည္။ ဓာတ္ပံု- YouTube/Life in Rural Thailand)

ေနာက္ပုိင္းတြင္ ရိုင္ယန္တို႔စံုတြဲက ေဒသခံလက္သမားအဖြဲ႔ငွားရမ္းကာ ေနအိမ္ငယ္တစ္လံုးႏွင့္ သီးသန္႔ခြဲထြက္ ေဆာက္လုပ္ထားေသာ မီးဖုိေဆာင္ တစ္လံုးတုိ႔ ေဆာက္လုပ္ခဲ့သည္။

ယင္းအတြက္ ကုန္က်စရိတ္ ဘတ္ေငြ ၈၂၁၅၉၃ (ကန္ေဒၚလာ ၂၂၅၀၀ ခန္႔) ကုန္က်ခဲ့သည္။

(ေနအိမ္တြင္ ထပ္ခိုးတစ္ခုပါသည္။ ဓာတ္ပံု- YouTube/Life in Rural Thailand)

(ေနအိမ္မွ ခြဲထြက္ ေဆာက္လုပ္ထားေသာ မီးဖုိေဆာင္။ ဓာတ္ပံု- YouTube/Life in Rural Thailand)

ရိုင္ယန္က ေျပာသည္မွာ ေက်းလက္ေဒသတြင္ အပိုဝင္ေငြရရန္ အိမ္ဆိုင္မ်ား ဖြင့္ၾကသည္ကုိ ေတြ႔ရေၾကာင္း ေျပာသည္။

“အျမတ္ေငြက နည္းႏိုင္ပါတယ္။ ဒါေပမဲ့ သက္ၾကီးရြယ္အို စံုတြဲေတြအတြက္ ဆုိင္ေလးေတြမွာ ေန႔တိုင္း ေစ်းဝယ္သူေတြ ရွိတာေၾကာင့္ ေငြစီးဆင္းမႈ နဲနဲရႏိုင္ပါတယ္။”

ယခုအိမ္တြင္ စားပြဲအခ်ဳိ႕ႏွင့္ ေငြရွင္းေကာင္တာတို႔ ျဖည့္လိုက္လွ်င္ ေကာ္ဖီဆုိင္ငယ္ေလးအျဖစ္ ဖြင့္လွစ္ႏိုင္ မည္ျဖစ္ေၾကာင္း ရိုင္ယန္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: They built a small house in rural Thailand for $22,500. They don't have debt, but that doesn't mean the lifestyle is easy. (businessinsider)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service