ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Warren Buffett ၏ သမီးက မီးဖိုဆောင် ပြင်ဆင်ရေးအတွက် ဖခင်ထံမှ ငွေချေးရာ ဘဏ်တွင် သွားရောက်ချေးယူရန် ပြောခဲ့
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Warren Buffett ၏ သမီးက မီးဖိုဆောင် ပြင်ဆင်ရေးအတွက် ဖခင်ထံမှ ငွေချေးရာ ဘဏ်တွင် သွားရောက်ချေးယူရန် ပြောခဲ့ - Property News in Myanmar from iMyanmarHouse.com
20 Oct 2023 10:54 am တွင် တင်ခဲ့သည်
966 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော် သူဌေးကြီး Warren Buffett ၏ ၂၀၂၃ ခုနှစ် ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၁၇ ဘီလီယံရှိပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ထိပ်တန်း ၁၀ ဦးစာရင်းတွင် ပါဝင်သူဖြစ်သည်။
Warren Buffett သည် စီးပွားရေး အမြင်ထက်မြက်မှု ၊ ခြိုးခြံချွေတာမှုတို့ဖြင့် နာမည်ကြီးသူ ဖြစ်သည်။
စည်းစိမ်ချမ်းသာ ၊ အမွေဆက်ခံမှုတို့နှင့် စပ်လျဉ်းပြီး အများနှင့်မတူ တမူကွဲပြားသော စိတ်သဘောထားရှိသူ ဖြစ်သည်။
အခြားဘီလျံနာ သူဌေးကြီးများကဲ့သို့ နောက်ဆုံးပေါ် ဒီဇိုင်းဖြင့် ဆောက်လုပ်ထားသော ခေတ်မီစံအိမ်ကြီးများ တွင် နေထိုင်ခြင်းမဟုတ်။
ယခုနေထိုင်သော အိမ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကတည်းက နေထိုင်လာခဲ့သော အိမ်ဖြစ်သည်။
သင့်တွင် ငွေမည်မျှရှိသည်ဆိုခြင်းမှာ အရေးမကြီး ၊ ထိုငွေကို မည်သည့်အသုံးချမည်ဆိုခြင်းမှာ အရေးကြီး ကြောင်း Warren Buffett က ပြောသည်။
သူ၏ သမီးဖြစ်သူ ဆူဇန်က ဖခင်အကြောင်း Good Morning America အစီအစဉ်တွင် ၂၀၀၆ ခုနှစ်အတွင်းက ထုတ်ဖော်ပြောပြခဲ့ဖူးသည်။
ဆူဇန်က မီးဖိုဆောင် ပြန်လည်ပြုပြင်ရေးအတွက် ဖခင်ထံ ဒေါ်လာ ၄၁၀၀၀ ငွေချေးခဲ့သည်။
Warren Buffett က တုံ့ပြန်ခဲ့သည်မှာ “ဘဏ်ကိုသွား။ တခြားလူတွေ လုပ်သလိုလုပ်ပါ” ဟု ပြောခဲ့သည်။
ထိုကဲ့သို့ ဖြစ်ရပ်မျိုးက Warren Buffett ၏ စိတ်သဘောထားပြယုဂ်တစ်ခုဖြစ်သည်။
၁၉၇၇ ခုနှစ်အတွင်းက Warren Buffett ၏ သားသမီး ၃ ဦးမှာ ဖခင်ထံမှ တစ်ဦးလျှင် ဒေါ်လာ ၉၀၀၀၀ စီ ရခဲ့ဖူးသည်။
ထိုငွေမှာ Warren Buffett က မုန့်ဖိုးပေးခြင်းမျိုးမဟုတ်ဘဲ ကွယ်လွန်သွားသော အဖိုးဖြစ်သူ၏ လယ်ယာမြေ ရောင်းချခဲ့သောကြောင့် အမွေခွဲပေးခဲ့ခြင်းသာ ဖြစ်သည်။
ခရစ္စမတ်လက်ဆောင်ပေးခြင်းမျိုးမှအပ Warren Buffett သည် သားသမီးများကို ထိုတစ်ကြိမ်တည်းသာ ငွေများများစားစား ပေးခဲ့ဖူးသည်။
ထိုအချက်များကို ကြည့်ရှုကာ Warren Buffett သည် နှမြောတွန့်တို ကပ်စေးနဲသူတစ်ဦးဖြစ်သည်ဟုကား ပြော၍မရ။
Warren Buffett က ကမ္ဘာကျော် ဘီလ်ဂိတ်တည်ထောင်ထားသော Bill & Melinda ဖောင်ဒေးရှင်းသို့ ကန်ဒေါ်လာ ၃၇ ဘီလီယံနီးပါး လှူဒါန်းမည်ဟု ကြေညာခဲ့ရာ တစ်ကမ္ဘာလုံးဂယက်ရိုက်သွားခဲ့သော်လည်း သူ၏ သားသမီးများမှာ မအံ့သြချေ။
ဖခင်၏ လှူဒါန်းမှုကို ၎င်းတို့က ထောက်ခံအားပေးကြသည်။
“ဒီလောက်များတဲ့ငွေတွေ ကျွန်မတို့အတွက် ထားခဲ့မယ်ဆိုရင် အလွန်မိုက်မဲရာ ကျပါလိမ့်မယ်”ဟု ဖခင်နှင့် ခံယူချက် စိတ်ဓာတ်တူညီသူ Susan Buffett က ပြောသည်။
Warren Buffett သည် သားသမီးများ တည်ထောင်ထားသော ပရဟိတအဖွဲ့များသို့ ကန်ဒေါ်လာ ၁ ဘီလီယံ လှူဒါန်းရန် စီစဉ်ထားသည်။
ထိုအဖွဲ့များမှာ… မူကြိုပညာရေးနှင့် ဆင်းရဲနွမ်းပါးသော ကလေးများအတွက် ရည်ရွယ်ကာ ဆူဇန် တည်ထောင် ထားသော Susan A. Buffett ဖောင်ဒေးရှင်း ၊ နိုင်ငံပေါင်း ၄၂ နိုင်ငံအထိ ဖြန့်ကျက်ထားသော Howard G. Buffett ဖောင်ဒေးရှင်းနှင့် Peter Buffett တည်ထောင်ထားသော Novo ဖောင်ဒေးရှင်းတို့ ဖြစ်သည်။
Howard Buffett က ဖခင်ကြီး၏ ဉာဏ်ပညာအမြော်အမြင်ကို ချီးကျူးခဲ့ပြီး “ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းများစွာ ကို ကူညီရာမှာ သုံးနိုင်ဖို့အတွက် အဖေက ကျွန်တော်တို့ကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်”ဟု ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warren Buffett's Daughter Once Asked Him For A Loan To Remodel Her Kitchen To Make Room For Her Baby's High Chair — He Told Her, 'Go To The Bank And Do It Like Everyone Else' (finance)
[Zawgyi]
Howard Buffett က ဖခင်ကြီး၏ ဥာဏ်ပညာအမြော်အမြင်ကို ချီးကျူးခဲ့ပြီး “ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းများစွာ ကို ကူညီရာမှာ သုံးနိုင်ဖို့အတွက် အဖေက ကျွန်တော်တို့ကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်”ဟု ပြောသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CarsDB
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service