အမေရိကန်တွင် ရက်ပေါင်း ၅၄၀ အိမ်လခမပေးဘဲ နေထိုင်သော အိမ်ငှားကို အိမ်ရှင်က တရားစွဲရာ တရားသူကြီးက အိမ်ငှားအား ဆက်လက်နေထိုင်ခွင့်ပြု ၊ ဒေါ်လာ ၁၀၀,၀၀၀ ပေးမှ ပြောင်းပေးမည်ဟု အိမ်ငှားက ပြော

အမေရိကန်တွင် ရက်ပေါင်း ၅၄၀ အိမ်လခမပေးဘဲ နေထိုင်သော အိမ်ငှားကို အိမ်ရှင်က တရားစွဲရာ တရားသူကြီးက အိမ်ငှားအား ဆက်လက်နေထိုင်ခွင့်ပြု ၊ ဒေါ်လာ ၁၀၀,၀၀၀ ပေးမှ ပြောင်းပေးမည်ဟု အိမ်ငှားက ပြော - Property News in Myanmar from iMyanmarHouse.com
17 Oct 2023 10:07 am တွင် တင်ခဲ့သည်
936 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်ဟေးလ်စ်အရပ်တွင် တစ်နှစ်ကျော် အိမ်ငှား နေထိုင် သူတစ်ဦးက အိမ်ရှင်မှ ပြောင်းရွှေ့ကြေး ဒေါ်လာ ၁၀၀၀၀၀ မပေးပါက ပြောင်းမပေးနိုင်ကြောင်း ငြင်းဆိုလိုက် သည်ဟု လော့စ်အိန်ဂျလိတိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိသော ဒေါ်လာ ၃ ဒသမ ၈ သန်းတန် နေအိမ်ကို ငှားရမ်းနေထိုင်ခဲ့သူက ရက်ပေါင်း ၅၄၀ ကျော် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဆာချာ ယိုဗာနောဗစ် (Sascha Jovanovic ) အမည်ရှိ သွားဆရာဝန်က သူ၏ စံအိမ်ကို Airbnb တွင် အငှားဈေးကွက်တင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလတွင် အဲလစ်ဇဘက် ဟာ့ရှ်ဟွန်း အမည်ရှိ အမျိုးသမီးထံ အငှားချထားခဲ့သည်။

အဲလစ်ဇဘက်သည် ထိုအိမ်ကို တစ်ညလျှင် ၁၀၅ ဒေါ်လာနှုန်းဖြင့် ၆ လငှားရမ်းခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၂၀၇၉၃ ကျသင့်ခဲ့ကြောင်း တရားရုံးမှတ်တမ်းတွင် ဖော်ပြသည်။

သူမ၏ ငှားရမ်းမှုမှာ ၂၀၂၂ ခုနှစ် ၊ ဧပြီလတွင် ကုန်ဆုံးသွားခဲ့သော်လည်း ထိုအိမ်တွင် အိမ်ငှားခမပေးဘဲ ဆက်လက်နေထိုင်လျက်ရှိသည်။

အိမ်ရှင် ယိုဗာနောဗစ်က အဲလစ်ဇဘက်အား တရားစွဲခဲ့သော်လည်း လော့စ်အိန်ဂျလိတရားရုံးတစ်ခုက ယိုဗာနောဗစ်အနေဖြင့် အိမ်ငှားကို နှင်ထုတ်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ယိုဗာနောဗစ်သည် လော့စ်အိန်ဂျလိတွင် နာမည်ကြီးလူသိများသော သွားဆရာဝန်ဖြစ်ပြီး အဆိုပါအိမ်ကို မှတ်ပုံတင် မထားဘဲ Airbnb တွင် အငှားဈေးကွက်တင်ခဲ့ခြင်းဖြစ်ကာ နေထိုင်ခွင့်လက်မှတ်လည်း ရရှိထားခြင်း မရှိချေ။

ထို့အပြင် နေအိမ်အတွင်း ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် ရေချိုးခန်းတစ်ခုလည်း ရှိသည်ဟု ဆိုသည်။

သူ၏ အိမ်မှာ တရားဝင်ငှားရမ်းခွင့်မရသော နေအိမ်ဖြစ်ရာ အိမ်ငှားထံမှ အိမ်လခတောင်းခံခွင့်မရှိဟု ဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ရှင်များအနေဖြင့် အိမ်ငှားများကို ဥပဒေနှင့် ကိုက်ညီသည့် အကြောင်းပြချက် မရှိဘဲ နှင်ထုတ်ခြင်းကို တားမြစ်ထားသည့် ဥပဒေသစ်တစ်ခုရှိသည်။

(လော့စ်အိန်ဂျလိမှ နာမည်ကြီး သွားဆရာဝန်သည် ဘရန့်ဝုဒ်အရပ်ရှိ ဒေါ်လာ ၃ ဒသမ ၈ သန်းတန် နေအိမ်ကို အငှားချထားခဲ့ရာ အိမ်ငှားက အိမ်လခမပေးတော့သည့်အပြင် ပြောင်းရွှေ့ပေးရန် ငြင်းဆိုလျက်ရှိသည်။)

(သွားဆရာဝန် ဆာချာ ယိုဗာနောဗစ်က သူ၏ စံအိမ်ကို Airbnb တွင် အငှားဈေးကွက်တင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလတွင် အဲလစ်ဇဘက် ဟာ့ရှ်ဟွန်း အမည်ရှိ အမျိုးသမီးထံ အငှားချထားခဲ့သည်။)

ယိုဗာနောဗစ်က လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာသို့ ပြောသည်မှာ “ကျွန်တော့်အိမ်ကို ဘယ်တော့မှ သွားလို့ မရတော့ပါဘူး။ အဲ့ဒီမှာ ရန်လိုတတ်တဲ့သူတစ်ဦး နေထိုင်နေပါတယ်။ ကျွန်တော့်အိမ်အကြောင်းပဲ အချိန်ရှိတိုင်း တွေးနေမိတယ်”ဟု ပြောသည်။

အဲလစ်ဇဘက်၏ ရှေ့နေ Colin Walshok ကမူ အိမ်ရှင်ဖြစ်သူ သွားဆရာဝန်အား ပြစ်တင်ရှုတ်ချခဲ့သည်။

Colin က လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာသို့ ပြောသည်မှာ “အိမ်ရှင်ဖြစ်သူဟာ တရားဥပဒေကို ချိုးဖောက်ခဲ့ ပါတယ်။ သူဟာ နေအိမ်တစ်လုံးကို တရားမဝင် အငှားချပြီး ဝင်ငွေရှာဖို့ ကြိုးစားခဲ့ပါတယ်”ဟု ပြောသည်။

(တရားရုံးမှတ်တမ်းများအရ ယိုဗာနောဗစ်သည် အိမ်ငှားဖြစ်သူကို အငှားစာချုပ်ထက် ကျော်လွန်နေထိုင်မှုနှင့် တရားမဝင်ကျော်နင်းမှုအပါအဝင် စွဲချက် ၄ ခုဖြင့် တရားစွဲထားသည်ဟု ဆိုသည်။)

ယိုဗာနောဗစ်၏ နေအိမ်မှာ စတုရန်းပေ ၂၉၅၄ ရှိပြီး ခြံဝန်းအကျယ် ဒသမ ၃၃ ဧကရှိကာ လော့စ်အိန်ဂျလိ မြို့ကြီးကို အပေါ်စီးမှ တွေ့မြင်ရသည့် မြင်ကွင်းကျယ်များ ပိုင်ဆိုင်ထားသည်။

ယိုဗာနောဗစ်က ယခုနေအိမ်ကို ၁၉၉၅ ခုနှစ်တွင် ကန်ဒေါ်လာ ၇၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ထိုအချိန်ကတည်း က နေထိုင်နေခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဧည့်ဂေဟာအိမ်တစ်လုံး တိုးချဲ့ဆောက်လုပ်ခဲ့သည်။

ဧည့်ဂေဟာအိမ်တွင် မီးဖိုဆောင်ငယ်၊ ရေချိုးခန်း၊ အိပ်ခန်း၊ ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ဆလိုက်မှန်တံခါးများရှိရာ ပင်လယ်ရှုမျှော်ခင်းများနှင့် လော့စ်အိန်ဂျလိ၏ ညအလှကို အပြောကျယ်စွာ ရှုမျှော် ခံစားနိုင်မည် ဖြစ်သည်။

အဆိုပါ ဧည့်ဂေဟာအိမ်ကို ယခင်က ကလေး ၂ ဦး ဆော့ကစားရန်နေရာအဖြစ် ယိုဗာနောဗစ်က အသုံးပြုခဲ့သည်။

ကလေးများ အရွယ်ရောက်လာပြီးနောက် ဧည့်ဂေဟာအိမ်ကို အပိုဝင်ငွေရရှိရန် ၂၀၁၉ ခုနှစ်မှ စတင်ကာ တစ်ညလျှင် ၂၁၅ ဒေါ်လာဖြင့် အချိန်ပိုင်းအငှားချထားမှု ပြုလုပ်ခဲ့သည်။

တရားရုံးမှတ်တမ်းများအရ ယိုဗာနောဗစ်သည် အဲလစ်ဇဘက်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ ၆ လတာ အငှားချထားခဲ့ကြောင်း၊ စုစုပေါင်း ၁၈၇ ရက်အတွက် တရက် လျှင် ၁၀၅ ဒေါ်လာဖြင့် စုစုပေါင်း ကျသင့်ငွေ ၁၉၈၃၃ ဒေါ်လာဖြင့် ငှားရမ်းခဲ့ကြောင်း ဖော်ပြသည်။

ထိုစာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အဲလစ်ဇဘက်က ၂၄ ရက် သက်တမ်းတိုး ငှားရမ်းခဲ့ရာ ဧပြီလ ၁၂ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Airbnb renter refuses to leave LA home after 540 DAYS as judge backs her efforts to stay in Brentwood Hills mansion (dailymail)

[Zawgyi]

အေမရိကန္တြင္ ရက္ေပါင္း ၅၄၀ အိမ္လခမေပးဘဲ ေနထိုင္ေသာ အိမ္ငွားကို အိမ္ရွင္က တရားစြဲရာ တရားသူၾကီးက အိမ္ငွားအား ဆက္လက္ေနထိုင္ခြင့္ျပဳ ၊ ေဒၚလာ ၁၀၀,၀၀၀ ေပးမွ ေျပာင္းေပးမည္ဟု အိမ္ငွားက ေျပာ

အေမရိကန္ျပည္ေထာင္စု ၊ ေလာ့စ္အိန္ဂ်လိျမဳိ႕၊ ဘရန္႔ဝုဒ္ေဟးလ္စ္အရပ္တြင္ တစ္ႏွစ္ေက်ာ္ အိမ္ငွား ေနထိုင္ သူတစ္ဦးက အိမ္ရွင္မွ ေျပာင္းေရႊ႕ေၾကး ေဒၚလာ ၁၀၀၀၀၀ မေပးပါက ေျပာင္းမေပးႏိုင္ေၾကာင္း ျငင္းဆိုလုိက္ သည္ဟု ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ကယ္လီဖုိးနီးယားျပည္နယ္တြင္ တည္ရွိေသာ ေဒၚလာ ၃ ဒသမ ၈ သန္းတန္ ေနအိမ္ကို ငွားရမ္းေနထိုင္ခဲ့သူက ရက္ေပါင္း ၅၄၀ ေက်ာ္ ေနထိုင္ခဲ့ျခင္း ျဖစ္သည္။

ဆာခ်ာ ယိုဗာေနာဗစ္ (Sascha Jovanovic ) အမည္ရွိ သြားဆရာဝန္က သူ၏ စံအိမ္ကို Airbnb တြင္ အငွားေစ်းကြက္တင္ခဲ့ျပီး ၂၀၂၁ ခုႏွစ္ ၊ စက္တင္ဘာလတြင္ အဲလစ္ဇဘက္ ဟာ့ရွ္ဟြန္း အမည္ရွိ အမ်ဳိးသမီးထံ အငွားခ်ထားခဲ့သည္။

အဲလစ္ဇဘက္သည္ ထုိအိမ္ကို တစ္ညလွ်င္ ၁၀၅ ေဒၚလာႏႈန္းျဖင့္ ၆ လငွားရမ္းခဲ့ျပီး စုစုေပါင္း ေဒၚလာ ၂၀၇၉၃ က်သင့္ခဲ့ေၾကာင္း တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပသည္။

သူမ၏ ငွားရမ္းမႈမွာ ၂၀၂၂ ခုႏွစ္ ၊ ဧျပီလတြင္ ကုန္ဆံုးသြားခဲ့ေသာ္လည္း ထုိအိမ္တြင္ အိမ္ငွားခမေပးဘဲ ဆက္လက္ေနထုိင္လ်က္ရွိသည္။

အိမ္ရွင္ ယိုဗာေနာဗစ္က အဲလစ္ဇဘက္အား တရားစြဲခဲ့ေသာ္လည္း ေလာ့စ္အိန္ဂ်လိတရားရံုးတစ္ခုက ယိုဗာေနာဗစ္အေနျဖင့္ အိမ္ငွားကို ႏွင္ထုတ္ခြင့္မရွိေၾကာင္း ဆံုးျဖတ္ခဲ့သည္။

ယိုဗာေနာဗစ္သည္ ေလာ့စ္အိန္ဂ်လိတြင္ နာမည္ၾကီးလူသိမ်ားေသာ သြားဆရာဝန္ျဖစ္ျပီး အဆိုပါအိမ္ကို မွတ္ပံုတင္ မထားဘဲ Airbnb တြင္ အငွားေစ်းကြက္တင္ခဲ့ျခင္းျဖစ္ကာ ေနထိုင္ခြင့္လက္မွတ္လည္း ရရွိထားျခင္း မရွိေခ်။

ထုိ႔အျပင္ ေနအိမ္အတြင္း ခြင့္ျပဳခ်က္မရဘဲ ေဆာက္လုပ္ထားသည့္ ေရခ်ဳိးခန္းတစ္ခုလည္း ရွိသည္ဟု ဆိုသည္။

သူ၏ အိမ္မွာ တရားဝင္ငွားရမ္းခြင့္မရေသာ ေနအိမ္ျဖစ္ရာ အိမ္ငွားထံမွ အိမ္လခေတာင္းခံခြင့္မရွိဟု ဆိုသည္။

ကယ္လီဖုိးနီးယားျပည္နယ္တြင္ အိမ္ရွင္မ်ားအေနျဖင့္ အိမ္ငွားမ်ားကို ဥပေဒႏွင့္ ကိုက္ညီသည့္ အေၾကာင္းျပခ်က္ မရွိဘဲ ႏွင္ထုတ္ျခင္းကို တားျမစ္ထားသည့္ ဥပေဒသစ္တစ္ခုရွိသည္။

(ေလာ့စ္အိန္ဂ်လိမွ နာမည္ၾကီး သြားဆရာဝန္သည္ ဘရန္႔ဝုဒ္အရပ္ရွိ ေဒၚလာ ၃ ဒသမ ၈ သန္းတန္ ေနအိမ္ကို အငွားခ်ထားခဲ့ရာ အိမ္ငွားက အိမ္လခမေပးေတာ့သည့္အျပင္ ေျပာင္းေရႊ႕ေပးရန္ ျငင္းဆိုလ်က္ရွိသည္။)

(သြားဆရာဝန္ ဆာခ်ာ ယိုဗာေနာဗစ္က သူ၏ စံအိမ္ကို Airbnb တြင္ အငွားေစ်းကြက္တင္ခဲ့ျပီး ၂၀၂၁ ခုႏွစ္ ၊ စက္တင္ဘာလတြင္ အဲလစ္ဇဘက္ ဟာ့ရွ္ဟြန္း အမည္ရွိ အမ်ဳိးသမီးထံ အငွားခ်ထားခဲ့သည္။)

ယိုဗာေနာဗစ္က ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာသို႔ ေျပာသည္မွာ “ကၽြန္ေတာ့္အိမ္ကို ဘယ္ေတာ့မွ သြားလို႔ မရေတာ့ပါဘူး။ အဲ့ဒီမွာ ရန္လိုတတ္တဲ့သူတစ္ဦး ေနထိုင္ေနပါတယ္။ ကၽြန္ေတာ့္အိမ္အေၾကာင္းပဲ အခ်ိန္ရွိတိုင္း ေတြးေနမိတယ္”ဟု ေျပာသည္။

အဲလစ္ဇဘက္၏ ေရွ႕ေန Colin Walshok ကမူ အိမ္ရွင္ျဖစ္သူ သြားဆရာဝန္အား ျပစ္တင္ရႈတ္ခ်ခဲ့သည္။

Colin က ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာသို႔ ေျပာသည္မွာ “အိမ္ရွင္ျဖစ္သူဟာ တရားဥပေဒကို ခ်ဳိးေဖာက္ခဲ့ ပါတယ္။ သူဟာ ေနအိမ္တစ္လံုးကို တရားမဝင္ အငွားခ်ျပီး ဝင္ေငြရွာဖို႔ ၾကိဳးစားခဲ့ပါတယ္”ဟု ေျပာသည္။

(တရားရံုးမွတ္တမ္းမ်ားအရ ယိုဗာေနာဗစ္သည္ အိမ္ငွားျဖစ္သူကို အငွားစာခ်ဳပ္ထက္ ေက်ာ္လြန္ေနထိုင္မႈႏွင့္ တရားမဝင္ေက်ာ္နင္းမႈအပါအဝင္ စြဲခ်က္ ၄ ခုျဖင့္ တရားစြဲထားသည္ဟု ဆိုသည္။)

ယိုဗာေနာဗစ္၏ ေနအိမ္မွာ စတုရန္းေပ ၂၉၅၄ ရွိျပီး ျခံဝန္းအက်ယ္ ဒသမ ၃၃ ဧကရွိကာ ေလာ့စ္အိန္ဂ်လိ ျမိဳ႕ၾကီးကို အေပၚစီးမွ ေတြ႔ျမင္ရသည့္ ျမင္ကြင္းက်ယ္မ်ား ပိုင္ဆိုင္ထားသည္။

ယိုဗာေနာဗစ္က ယခုေနအိမ္ကို ၁၉၉၅ ခုႏွစ္တြင္ ကန္ေဒၚလာ ၇၅၀,၀၀၀ ျဖင့္ ဝယ္ယူခဲ့ျပီး ထိုအခ်ိန္ကတည္း က ေနထိုင္ေနခဲ့သည္။

၂၀၀၉ ခုႏွစ္တြင္ ဧည့္ေဂဟာအိမ္တစ္လံုး တိုးခ်ဲ႕ေဆာက္လုပ္ခဲ့သည္။ ဧည့္ေဂဟာအိမ္တြင္ မီးဖိုေဆာင္ငယ္၊ ေရခ်ဳိးခန္း၊ အိပ္ခန္း၊ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ ဆလိုက္မွန္တံခါးမ်ားရွိရာ ပင္လယ္ရႈေမွ်ာ္ခင္းမ်ားႏွင့္ ေလာ့စ္အိန္ဂ်လိ၏ ညအလွကို အေျပာက်ယ္စြာ ရႈေမွ်ာ္ ခံစားႏိုင္မည္ ျဖစ္သည္။

အဆိုပါ ဧည့္ေဂဟာအိမ္ကို ယခင္က ကေလး ၂ ဦး ေဆာ့ကစားရန္ေနရာအျဖစ္ ယိုဗာေနာဗစ္က အသံုးျပဳခဲ့သည္။

ကေလးမ်ား အရြယ္ေရာက္လာျပီးေနာက္ ဧည့္ေဂဟာအိမ္ကို အပိုဝင္ေငြရရွိရန္ ၂၀၁၉ ခုႏွစ္မွ စတင္ကာ တစ္ညလွ်င္ ၂၁၅ ေဒၚလာျဖင့္ အခ်ိန္ပိုင္းအငွားခ်ထားမႈ ျပဳလုပ္ခဲ့သည္။

တရားရံုးမွတ္တမ္းမ်ားအရ ယိုဗာေနာဗစ္သည္ အဲလစ္ဇဘက္ကို ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၃ ရက္မွ ၂၀၂၂ ခုႏွစ္၊ မတ္လ ၁၉ ရက္အထိ ၆ လတာ အငွားခ်ထားခဲ့ေၾကာင္း၊ စုစုေပါင္း ၁၈၇ ရက္အတြက္ တရက္ လွ်င္ ၁၀၅ ေဒၚလာျဖင့္ စုစုေပါင္း က်သင့္ေငြ ၁၉၈၃၃ ေဒၚလာျဖင့္ ငွားရမ္းခဲ့ေၾကာင္း ေဖာ္ျပသည္။

ထိုစာခ်ဳပ္သက္တမ္း ကုန္ဆံုးခ်ိန္တြင္ အဲလစ္ဇဘက္က ၂၄ ရက္ သက္တမ္းတိုး ငွားရမ္းခဲ့ရာ ဧျပီလ ၁၂ ရက္တြင္ သက္တမ္းကုန္ဆံုးခဲ့သည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Airbnb renter refuses to leave LA home after 540 DAYS as judge backs her efforts to stay in Brentwood Hills mansion (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service