စပါးအသင်းနည်းပြဟောင်း ဟယ်ရီ ရက်နက်ပ် ပေါင် ၇ သန်းတန်အိမ်ကို ဖြိုဖျက်ကာ ခေတ်မီစံအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်ရန် စီစဉ်မှု အိမ်နီးချင်းများနှင့် အငြင်းပွားမှုတွင် အနိုင်ရ

စပါးအသင်းနည်းပြဟောင်း ဟယ်ရီ ရက်နက်ပ် ပေါင် ၇ သန်းတန်အိမ်ကို ဖြိုဖျက်ကာ ခေတ်မီစံအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်ရန် စီစဉ်မှု အိမ်နီးချင်းများနှင့် အငြင်းပွားမှုတွင် အနိုင်ရ - Property News in Myanmar from iMyanmarHouse.com
16 Oct 2023 10:35 am တွင် တင်ခဲ့သည်
420 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စပါးအသင်းနည်းပြဟောင်း ဟယ်ရီ ရက်နက်ပ်သည် အင်္ဂလန်မှ ပေါင် ၇ သန်းတန်အိမ်ကို ဖြိုဖျက်ကာ ခေတ်မီ စံအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်ရန် စီစဉ်မှုတွင် အိမ်နီးချင်းများနှင့် အငြင်းပွားခဲ့ပြီး အနိုင်ရ သွားကြောင်း The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရက်နက်ပ်နှင့် ဇနီးဖြစ်သူ ဆန်ဒရာတို့သည် အင်္ဂလန်နိုင်ငံတောင်ပိုင်း ဒေါ်ဆက်ခရိုင်ရှိ ပင်လယ်ကမ်းခြေ မြို့ကလေးဖြစ်သော Poole မြို့မှ Sandbanks အရပ်တွင် တည်ရှိသော ကမ်းခြေစံအိမ်တစ်လုံးကို ပြီးခဲ့သော နှစ်အတွင်း ဝယ်ယူခဲ့ပြီး ထိုအိမ်ကို ဖြိုချဖျက်သိမ်းရန် တင်ပြလျှောက်ထားခဲ့သည်။

 

 

(ဟယ်ရီ ရက်နက်ပ်သည် အင်္ဂလန်မှ ပေါင် ၇ သန်းတန်အိမ်ကို ဖြိုဖျက်ကာ ခေတ်မီစံအိမ်အဖြစ် ပြောင်းလဲ ဆောက်လုပ်ရန် စီစဉ်မှုတွင် အိမ်နီးချင်းများနှင့် အငြင်းပွားခဲ့ပြီး အနိုင်ရသွားသည်။ ဓာတ်ပုံ- BNPS)

 

 

(Palladian ဗိသုကာဟန် ကော်လံတိုင်များရှိသော အဖြူရောင် ၃ ထပ်စံအိမ် ခြံဝန်းအတွင်း ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်တော့မည် ဖြစ်သည်။ ဓာတ်ပုံ-BNPS)

 

(ရက်နက်ပ်တို့စုံတွဲသည် နောက်ဆုံးတွင် စံအိမ်သစ်ဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိသွားပြီ ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

ရက်နက်ပ်က နေအိမ်ဟောင်းဖြိုဖျက်မှုအပြင် အီတလီဗိသုကာဟန်ဖြင့် စံအိမ်သစ်တစ်လုံး ဆောက်လုပ်ရန်လည်း တင်ပြခဲ့သည်။

သူ၏ ခြံနေရာမှာ ဒေါ်ဆက်ခရိုင်၊ Poole မြို့၏ ဆိပ်ကမ်းကို စီးမိုးတွေ့မြင်နေရသည့် ခြံဖြစ်သည်။

ရက်နက်ပ်သည် မြို့ကောင်စီထံမှ ခွင့်ပြုချက်မရမီကတည်းက ခြံထဲရှိ နေအိမ်ဟောင်းကို ဆောက်လုပ်ရေး သမားများအား ဖြိုချခိုင်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ဒေသခံများနှင့် အငြင်းပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများက ရက်နက်ပ် အသစ်ဆောက်လုပ်မည့် စံအိမ် မှာ ဒေသသွင်ပြင်နှင့် သဟဇာတမရှိမည်ကို ရတက်မအေးဖြစ်ခဲ့ကြသည်။

ကပ်လျက်ခြံတွင် နေထိုင်သူ Alison Wheeler က ပြောသည်မှာ ရက်နက်ပ် ဆောက်လုပ်မည့်အိမ်သစ်မှာ အလွန်ကြီးမားစွာ ဆောက်လုပ်ဖွယ်ရှိပြီး အိမ်နီးချင်းတို့၏ Privacy အား ကြီးမားစွာ ထိခိုက်မည်ကို စိုးရိမ် ကြောင်း ပြောသည်။

ထို့အပြင် ဘေးအိမ်နှင့် အလွန်နီးကပ်စွာ ဆောက်လုပ်မည်ကိုလည်း စိုးရိမ်ကြသည်။

ရက်နက်ပ်၏ ခြံကွက်သည် ရှေးမူရင်းမပျက် ထိန်းသိမ်းကြသော ဒေသတွင် တည်ရှိရာ Sandbanks Neighbourhood Forum ကလည်း ရက်နက်ပ်နှင့် စီမံကိန်းကို ကန့်ကွက်ကြသည်။

ထိုသို့ ကန့်ကွက်မှုများကြောင့် ရက်နက်ပ်၏ ဗိသုကာပညာရှင်က စံအိမ်ဒီဇိုင်းပြန်လည် ရေးဆွဲခဲ့ပြီး အိမ်အကျယ် ၁ ဒသမ ၇ မီတာ လျှော့ချလိုက်ရာ နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိသွားသည်။

ရက်နက်ပ်၏ စံအိမ်သစ်တွင် ခမ်းနားထည်ဝါသော အဝင်ခန်းမ ၊ အခန်းဖွင့် ဖွဲ့စည်းဆောက်လုပ်မည့် ဧည့်ခန်း/ မီးဖိုဆောင်/ညစာစားခန်း ၊ ဧည့်ခန်း ၂ ခန်း ၊ ဖိနပ်ချွတ်ခန်းနှင့် Master bedroom ၅ ခန်းတို့ ပါဝင်မည်ဖြစ်သည်။

 

 

(အိမ်ခြံမြေကျွမ်းကျင်ပုဂ္ဂိုလ်များ၏ ခန့်မှန်းချက်အရ ရက်နက်ပ်ဆောက်လုပ်မည့် စံအိမ်သစ်မှာ ပေါင် ၁၂ သန်း ခန့် တန်ကြေးရှိနိုင်ကြောင်း ခန့်မှန်းကြသည်။ ဓာတ်ပုံ-BNPS)

 

(ရက်နက်ပ်နှင့် ဇနီးဖြစ်သူ ဆန်ဒရာတို့သည် စီမံကိန်းခွင့်ပြုချက်မရမီ နေအိမ်ဟောင်းကို ဖြိုချခဲ့ကြသည်။ ဓာတ်ပုံ-BNPS)

 

(ရက်နက်ပ်တို့ စုံတွဲသည် Poole မြို့၊ Sandbanks အရပ်ရှိ ကမ်းခြေစံအိမ်ကို ပြီးခဲ့သောနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ-BNPS)

 

 

(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-BNPS)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: GAFFER'S NEW GAFF Harry Redknapp WINS furious row with neighbours over transforming his £7million Sandbanks home into luxury villa (thesun)

 

 

 

 

[Zawgyi] စပါးအသင္းနည္းျပေဟာင္း ဟယ္ရီ ရက္နက္ပ္ ေပါင္ ၇ သန္းတန္အိမ္ကို ျဖိဳဖ်က္ကာ ေခတ္မီစံအိမ္အျဖစ္ ေျပာင္းလဲေဆာက္လုပ္ရန္ စီစဥ္မႈ အိမ္နီးခ်င္းမ်ားႏွင့္ အျငင္းပြားမႈတြင္ အႏိုင္ရ

 

စပါးအသင္းနည္းျပေဟာင္း ဟယ္ရီ ရက္နက္ပ္သည္ အဂၤလန္မွ ေပါင္ ၇ သန္းတန္အိမ္ကို ျဖိဳဖ်က္ကာ ေခတ္မီ စံအိမ္အျဖစ္ ေျပာင္းလဲေဆာက္လုပ္ရန္ စီစဥ္မႈတြင္ အိမ္နီးခ်င္းမ်ားႏွင့္ အျငင္းပြားခဲ့ျပီး အႏိုင္ရ သြားေၾကာင္း The Sun သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ရက္နက္ပ္ႏွင့္ ဇနီးျဖစ္သူ ဆန္ဒရာတို႔သည္ အဂၤလန္ႏိုင္ငံေတာင္ပိုင္း ေဒၚဆက္ခရိုင္ရွိ ပင္လယ္ကမ္းေျခ ျမိဳ႕ကေလးျဖစ္ေသာ Poole ျမိဳ႕မွ Sandbanks အရပ္တြင္ တည္ရွိေသာ ကမ္းေျခစံအိမ္တစ္လံုးကို ျပီးခဲ့ေသာ ႏွစ္အတြင္း ဝယ္ယူခဲ့ျပီး ထိုအိမ္ကို ျဖိဳခ်ဖ်က္သိမ္းရန္ တင္ျပေလွ်ာက္ထားခဲ့သည္။

(ဟယ္ရီ ရက္နက္ပ္သည္ အဂၤလန္မွ ေပါင္ ၇ သန္းတန္အိမ္ကို ျဖိဳဖ်က္ကာ ေခတ္မီစံအိမ္အျဖစ္ ေျပာင္းလဲ ေဆာက္လုပ္ရန္ စီစဥ္မႈတြင္ အိမ္နီးခ်င္းမ်ားႏွင့္ အျငင္းပြားခဲ့ျပီး အႏိုင္ရသြားသည္။ ဓာတ္ပံု- BNPS)

(Palladian ဗိသုကာဟန္ ေကာ္လံတိုင္မ်ားရွိေသာ အျဖဴေရာင္ ၃ ထပ္စံအိမ္ ျခံဝန္းအတြင္း ယခုအခါ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စတင္ႏိုင္ေတာ့မည္ ျဖစ္သည္။ ဓာတ္ပံု-BNPS)

(ရက္နက္ပ္တို႔စံုတြဲသည္ ေနာက္ဆံုးတြင္ စံအိမ္သစ္ေဆာက္လုပ္ရန္ ခြင့္ျပဳခ်က္ရရွိသြားျပီ ျဖစ္သည္။ ဓာတ္ပံု-Getty)

ရက္နက္ပ္က ေနအိမ္ေဟာင္းျဖိဳဖ်က္မႈအျပင္ အီတလီဗိသုကာဟန္ျဖင့္ စံအိမ္သစ္တစ္လံုး ေဆာက္လုပ္ရန္လည္း တင္ျပခဲ့သည္။

သူ၏ ျခံေနရာမွာ ေဒၚဆက္ခရိုင္၊ Poole ျမိဳ႕၏ ဆိပ္ကမ္းကို စီးမိုးေတြ႔ျမင္ေနရသည့္ ျခံျဖစ္သည္။

ရက္နက္ပ္သည္ ျမဳိ႕ေကာင္စီထံမွ ခြင့္ျပဳခ်က္မရမီကတည္းက ျခံထဲရွိ ေနအိမ္ေဟာင္းကို ေဆာက္လုပ္ေရး သမားမ်ားအား ျဖိဳခ်ခိုင္းခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ပင္ ေဒသခံမ်ားႏွင့္ အျငင္းပြားခဲ့ျခင္းျဖစ္ျပီး ေဒသခံမ်ားက ရက္နက္ပ္ အသစ္ေဆာက္လုပ္မည့္ စံအိမ္ မွာ ေဒသသြင္ျပင္ႏွင့္ သဟဇာတမရွိမည္ကို ရတက္မေအးျဖစ္ခဲ့ၾကသည္။

ကပ္လ်က္ျခံတြင္ ေနထိုင္သူ Alison Wheeler က ေျပာသည္မွာ ရက္နက္ပ္ ေဆာက္လုပ္မည့္အိမ္သစ္မွာ အလြန္ၾကီးမားစြာ ေဆာက္လုပ္ဖြယ္ရွိျပီး အိမ္နီးခ်င္းတို႔၏ Privacy အား ၾကီးမားစြာ ထိခုိက္မည္ကို စိုးရိမ္ ေၾကာင္း ေျပာသည္။

ထို႔အျပင္ ေဘးအိမ္ႏွင့္ အလြန္နီးကပ္စြာ ေဆာက္လုပ္မည္ကိုလည္း စိုးရိမ္ၾကသည္။

ရက္နက္ပ္၏ ျခံကြက္သည္ ေရွးမူရင္းမပ်က္ ထိန္းသိမ္းၾကေသာ ေဒသတြင္ တည္ရွိရာ Sandbanks Neighbourhood Forum ကလည္း ရက္နက္ပ္ႏွင့္ စီမံကိန္းကို ကန္႔ကြက္ၾကသည္။

ထိုသို႔ ကန္႔ကြက္မႈမ်ားေၾကာင့္ ရက္နက္ပ္၏ ဗိသုကာပညာရွင္က စံအိမ္ဒီဇိုင္းျပန္လည္ ေရးဆြဲခဲ့ျပီး အိမ္အက်ယ္ ၁ ဒသမ ၇ မီတာ ေလွ်ာ့ခ်လိုက္ရာ ေနာက္ဆံုးတြင္ ခြင့္ျပဳခ်က္ရရွိသြားသည္။

ရက္နက္ပ္၏ စံအိမ္သစ္တြင္ ခမ္းနားထည္ဝါေသာ အဝင္ခန္းမ ၊ အခန္းဖြင့္ ဖြဲ႔စည္းေဆာက္လုပ္မည့္ ဧည့္ခန္း/ မီးဖိုေဆာင္/ညစာစားခန္း ၊ ဧည့္ခန္း ၂ ခန္း ၊ ဖိနပ္ခၽြတ္ခန္းႏွင့္ Master bedroom ၅ ခန္းတို႔ ပါဝင္မည္ျဖစ္သည္။

(အိမ္ျခံေျမကၽြမ္းက်င္ပုဂၢိဳလ္မ်ား၏ ခန္႔မွန္းခ်က္အရ ရက္နက္ပ္ေဆာက္လုပ္မည့္ စံအိမ္သစ္မွာ ေပါင္ ၁၂ သန္း ခန္႔ တန္ေၾကးရွိႏိုင္ေၾကာင္း ခန္႔မွန္းၾကသည္။ ဓာတ္ပံု-BNPS)

(ရက္နက္ပ္ႏွင့္ ဇနီးျဖစ္သူ ဆန္ဒရာတို႔သည္ စီမံကိန္းခြင့္ျပဳခ်က္မရမီ ေနအိမ္ေဟာင္းကို ျဖိဳခ်ခဲ့ၾကသည္။ ဓာတ္ပံု-BNPS)

(ရက္နက္ပ္တုိ႔ စံုတြဲသည္ Poole ျမိဳ႕၊ Sandbanks အရပ္ရွိ ကမ္းေျခစံအိမ္ကို ျပီးခဲ့ေသာႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ဓာတ္ပံု-BNPS)

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု-BNPS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: GAFFER'S NEW GAFF Harry Redknapp WINS furious row with neighbours over transforming his £7million Sandbanks home into luxury villa (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service