ကနေဒါနိုင်ငံတွင် တောအုပ်အတွင်း အိမ်ကလေးတစ်လုံးဆောက်ကာ ၇ နှစ်ကြာ နေထိုင်ခဲ့သူကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သော်လည်း တရားရုံးက အရေးမယူ

ကနေဒါနိုင်ငံတွင် တောအုပ်အတွင်း အိမ်ကလေးတစ်လုံးဆောက်ကာ ၇ နှစ်ကြာ နေထိုင်ခဲ့သူကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သော်လည်း တရားရုံးက အရေးမယူ - Property News in Myanmar from iMyanmarHouse.com
16 Oct 2023 10:07 am တွင် တင်ခဲ့သည်
771 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကနေဒါနိုင်ငံတွင် တောအုပ်အတွင်း အိမ်ကလေးတစ်လုံးဆောက်ကာ ၇ နှစ်ကြာ နေထိုင်ခဲ့သူကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သော်လည်း တရားရုံးက အရေးမယူဘဲ ခွင့်လွှတ်ခဲ့သည်ဟု ဆိုသည်။

ဂျိမ်းစ် လောက်ဒင် (James Louden) အမည်ရှိ အမျိုးသားကြီးသည် အသက် ၅၀ အရွယ်ရှိပြီဖြစ်ပြီး ပန်းကန်ဆေးသမားတစ်ဦးဖြစ်သလို ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။

သူသည် ကနေဒါနိုင်ငံ ၊ Alberta ပြည်နယ်၊ Canmore မြို့ရှိ တောအုပ်အတွင်း ပြည်သူပိုင်မြေပေါ်တွင် အိမ်ကလေးတစ်လုံးကို တရက်တာအတွင်း အပြီးဆောက်လုပ်ကာ ၇ နှစ်ကြာ နေထိုင်ခဲ့သည်။

 

 

 

(ဂျိမ်းစ် လောက်ဒင်သည် ပုံတွင်တွေ့ရသည့် အိမ်ကလေးနှင့် အလားတူသော အိမ်ကလေးတွင် နေထိုင်ခဲ့သည်။ ဓာတ်ပုံ-Getty)

 

နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းအားတွေ့ရှိသွားပြီး ထိုနေရာမှ ရွှေ့ပြောင်းပေးရန် ပြောခဲ့သည်။

ဂျိမ်းစ် လောက်ဒင်က ရွှေ့ပြောင်းရန် ငြင်းဆိုခဲ့ရာ ပြည်သူပိုင်မြေယာ အက်ဥပဒေဖြင့် တရားစွဲခဲ့ပြီး ရဲတပ်ဖွဲ့က သူ၏အိမ်ကို ၂၀၂၂ ခုနှစ် ၊ သြဂုတ်လတွင် ဖြိုချခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြသည်။

ဆင်းရဲသားများအား နေထိုင်ရန် နေရာမပေးသော မြို့အားဆန့်ကျင်သည့် အနေဖြင့် ယခုကဲ့သို့ နေထိုင်ခြင်း ဖြစ်ကြောင်း ဂျိမ်းစ်လောက်ဒင်က ခံယူထားသည်။

“လူ့အဖွဲ့အစည်းဟာ ဆင်းရဲသားတွေအတွက် နေရာမပေးဘူးဆိုရင် ဆင်းရဲသားတွေက သူတို့လိုအပ်တဲ့နေရာ ကို ရယူသင့်တယ်”ဟု လောက်ဒင်က CBC သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ် မတ်လတွင် ဂျိမ်းစ်လောက်ဒင်၏ အမှုကို စုံစမ်းစစ်ဆေးမှုမှာ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိ ကြောင်း ဆုံးဖြတ်ကာ အမှုပိတ်သိမ်းခဲ့သည်။

ထို့အပြင် ယခုအမှုကို စစ်ဆေးခြင်းမှာ အများပြည်သူအတွက် အကျိုးမရှိနိုင်ကြောင်းလည်း ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော် တော်တော်အံ့အားသင့်ခဲ့ရပါတယ်”ဟု လောက်ဒင်က တရားရုံးအပြင်ဘက်တွင် CBC သတင်းဌာန သို့ ပြောခဲ့သည်။

“ဒါက တကယ့်ကို ထူးခြားအံ့ဖွယ်ပါပဲ”

ဂျိမ်းစ်လောက်ဒင်၏ အမှုကြားနားစစ်ဆေးစဉ်အတွင်း မြို့အုပ်ချုပ်ရေးကောင်စီဝင်ဟောင်း အသက် ၈၇ နှစ် အရွယ်ရှိ John Kende က ဆင်းရဲသားများဘက်မှ ရပ်တည်ကြောင်း သူ၏သဘောထားကို ထုတ်ဖော်ခဲ့သည်ဟု CBC သတင်းဌာနက ဖော်ပြသည်။

Canmore သည် တောင်ပေါ်မြို့ကလေးဖြစ်ပြီး ထိုဒေသဝန်းကျင်တွင် အိမ်ငှားခ ဈေးအမြင့်ဆုံးနေရာများတွင် ပါဝင်သည်။

အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံး၏ ပျှမ်းမျှငှားရမ်းခမှာ ဒေါ်လာ ၂၀၁၀ မှ ၂၇၃၅ အကြား ရှိသည်။

“ကျွန်တော်တို့မြို့ကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှု အရမ်းများပြားပါတယ်။ အိမ် ၂ လုံးပိုင်တဲ့သူတွေ အများကြီး ရှိနေတယ်။ ဒီလိုအခြေအနေတွေကြောင့် ကျွန်တော်တို့ဟာ ဂျိမ်းစ်လောက်ဒင်လို လူမျိုးတွေ ထပ်ထပ်ပေါ်လာအောင် တွန်းပို့ပေးနေသလို ဖြစ်နေပါတယ်”ဟု Kende က ပြောသည်။

Canmore မြို့ရှိ အိမ်ယာမဲ့များအတွက် အမိုးအကာ ခိုလှုံရာနေရာ လိုအပ်ကြောင်း၊ အိမ်ရာမဲ့စခန်းများ မဆောက်လုပ်သင့်တော့ကြောင်း ကောက်ချက်ချခဲ့သည်။

ယခုအမှု ကြားနာစစ်ဆေးမှုသည် Canmore မြို့မှ ဆင်းရဲသားများ၏အသံကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး တောင်ပေါ် တောအုပ်များတွင် နေထိုင်သူများအား နေထိုင်ခွင့်ပေးသင့်ကြောင်း သုံးသပ်လာကြစေသည်။

Canmore မြို့အနေဖြင့် ဂျိမ်းစ်လောက်ဒင်ကဲ့သို့ ဆင်းရဲသားများ နေထိုင်နိုင်မည့်နေရာ ချထားပေးသင့်ကြောင်း Kende က အကြံပြုခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com Ref: LITTLE PROTEST I built a tiny home in the woods within a day and lived there for 7 years – I landed in court but officials let it go (the-sun)

 

 

 

 

[Zawgyi]

ကေနဒါႏိုင္ငံတြင္ ေတာအုပ္အတြင္း အိမ္ကေလးတစ္လံုးေဆာက္ကာ ၇ ႏွစ္ၾကာ ေနထိုင္ခဲ့သူကို ရဲတပ္ဖြဲ႔က တရားစြဲဆိုခဲ့ေသာ္လည္း တရားရံုးက အေရးမယူ

 

 

ကေနဒါႏိုင္ငံတြင္ ေတာအုပ္အတြင္း အိမ္ကေလးတစ္လံုးေဆာက္ကာ ၇ ႏွစ္ၾကာ ေနထိုင္ခဲ့သူကို ရဲတပ္ဖြဲ႔က တရားစြဲဆိုခဲ့ေသာ္လည္း တရားရံုးက အေရးမယူဘဲ ခြင့္လႊတ္ခဲ့သည္ဟု ဆိုသည္။

ဂ်ိမ္းစ္ ေလာက္ဒင္ (James Louden) အမည္ရွိ အမ်ဳိးသားၾကီးသည္ အသက္ ၅၀ အရြယ္ရွိျပီျဖစ္ျပီး ပန္းကန္ေဆးသမားတစ္ဦးျဖစ္သလို ကဗ်ာဆရာတစ္ဦးလည္း ျဖစ္သည္။

သူသည္ ကေနဒါႏိုင္ငံ ၊ Alberta ျပည္နယ္၊ Canmore ျမိဳ႕ရွိ ေတာအုပ္အတြင္း ျပည္သူပိုင္ေျမေပၚတြင္ အိမ္ကေလးတစ္လံုးကို တရက္တာအတြင္း အျပီးေဆာက္လုပ္ကာ ၇ ႏွစ္ၾကာ ေနထိုင္ခဲ့သည္။

(ဂ်ိမ္းစ္ ေလာက္ဒင္သည္ ပံုတြင္ေတြ႔ရသည့္ အိမ္ကေလးႏွင့္ အလားတူေသာ အိမ္ကေလးတြင္ ေနထိုင္ခဲ့သည္။ ဓာတ္ပံု-Getty)

ေနာက္ပိုင္းတြင္ ရဲတပ္ဖြဲ႔ဝင္မ်ားက ၎အားေတြ႔ရွိသြားျပီး ထိုေနရာမွ ေရႊ႕ေျပာင္းေပးရန္ ေျပာခဲ့သည္။

ဂ်ိမ္းစ္ ေလာက္ဒင္က ေရႊ႕ေျပာင္းရန္ ျငင္းဆုိခဲ့ရာ ျပည္သူပိုင္ေျမယာ အက္ဥပေဒျဖင့္ တရားစြဲခဲ့ျပီး ရဲတပ္ဖြဲ႔က သူ၏အိမ္ကို ၂၀၂၂ ခုႏွစ္ ၊ ၾသဂုတ္လတြင္ ျဖဳိခ်ခဲ့ေၾကာင္း CBC သတင္းဌာနက ေဖာ္ျပသည္။

ဆင္းရဲသားမ်ားအား ေနထိုင္ရန္ ေနရာမေပးေသာ ျမဳိ႕အားဆန္႔က်င္သည့္ အေနျဖင့္ ယခုကဲ့သို႔ ေနထိုင္ျခင္း ျဖစ္ေၾကာင္း ဂ်ိမ္းစ္ေလာက္ဒင္က ခံယူထားသည္။

“လူ႔အဖြဲ႔အစည္းဟာ ဆင္းရဲသားေတြအတြက္ ေနရာမေပးဘူးဆုိရင္ ဆင္းရဲသားေတြက သူတုိ႔လိုအပ္တဲ့ေနရာ ကို ရယူသင့္တယ္”ဟု ေလာက္ဒင္က CBC သတင္းဌာနသို႔ ေျပာသည္။

၂၀၂၃ ခုႏွစ္ မတ္လတြင္ ဂ်ိမ္းစ္ေလာက္ဒင္၏ အမႈကို စံုစမ္းစစ္ေဆးမႈမွာ လုပ္ထံုးလုပ္နည္းႏွင့္ ကိုက္ညီမႈမရွိ ေၾကာင္း ဆံုးျဖတ္ကာ အမႈပိတ္သိမ္းခဲ့သည္။

ထို႔အျပင္ ယခုအမႈကို စစ္ေဆးျခင္းမွာ အမ်ားျပည္သူအတြက္ အက်ဳိးမရွိႏိုင္ေၾကာင္းလည္း ဆံုးျဖတ္ခဲ့သည္။

“ကၽြန္ေတာ္ ေတာ္ေတာ္အ့ံအားသင့္ခဲ့ရပါတယ္”ဟု ေလာက္ဒင္က တရားရံုးအျပင္ဘက္တြင္ CBC သတင္းဌာန သို႔ ေျပာခဲ့သည္။

“ဒါက တကယ့္ကို ထူးျခားအံ့ဖြယ္ပါပဲ”

ဂ်ိမ္းစ္ေလာက္ဒင္၏ အမႈၾကားနားစစ္ေဆးစဥ္အတြင္း ျမဳိ႕အုပ္ခ်ဳပ္ေရးေကာင္စီဝင္ေဟာင္း အသက္ ၈၇ ႏွစ္ အရြယ္ရွိ John Kende က ဆင္းရဲသားမ်ားဘက္မွ ရပ္တည္ေၾကာင္း သူ၏သေဘာထားကို ထုတ္ေဖာ္ခဲ့သည္ဟု CBC သတင္းဌာနက ေဖာ္ျပသည္။

Canmore သည္ ေတာင္ေပၚျမိဳ႕ကေလးျဖစ္ျပီး ထိုေဒသဝန္းက်င္တြင္ အိမ္ငွားခ ေစ်းအျမင့္ဆံုးေနရာမ်ားတြင္ ပါဝင္သည္။

အိပ္ခန္း ၂ ခန္းပါ ေနအိမ္တစ္လံုး၏ ပွ်မ္းမွ်ငွားရမ္းခမွာ ေဒၚလာ ၂၀၁၀ မွ ၂၇၃၅ အၾကား ရွိသည္။

“ကၽြန္ေတာ္တို႔ျမိဳ႕ကို ကမၻာလွည့္ခရီးသည္ေတြ လာေရာက္မႈ အရမ္းမ်ားျပားပါတယ္။ အိမ္ ၂ လံုးပိုင္တဲ့သူေတြ အမ်ားၾကီး ရွိေနတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ ကၽြန္ေတာ္တို႔ဟာ ဂ်ိမ္းစ္ေလာက္ဒင္လို လူမ်ဳိးေတြ ထပ္ထပ္ေပၚလာေအာင္ တြန္းပို႔ေပးေနသလို ျဖစ္ေနပါတယ္”ဟု Kende က ေျပာသည္။

Canmore ျမိဳ႕ရွိ အိမ္ယာမဲ့မ်ားအတြက္ အမိုးအကာ ခိုလံႈရာေနရာ လိုအပ္ေၾကာင္း၊ အိမ္ရာမဲ့စခန္းမ်ား မေဆာက္လုပ္သင့္ေတာ့ေၾကာင္း ေကာက္ခ်က္ခ်ခဲ့သည္။

ယခုအမႈ ၾကားနာစစ္ေဆးမႈသည္ Canmore ျမိဳ႕မွ ဆင္းရဲသားမ်ား၏အသံကို ေဖာ္ထုတ္ေပးႏိုင္ခဲ့ျပီး ေတာင္ေပၚ ေတာအုပ္မ်ားတြင္ ေနထိုင္သူမ်ားအား ေနထိုင္ခြင့္ေပးသင့္ေၾကာင္း သံုးသပ္လာၾကေစသည္။

Canmore ျမိဳ႕အေနျဖင့္ ဂ်ိမ္းစ္ေလာက္ဒင္ကဲ့သို႔ ဆင္းရဲသားမ်ား ေနထုိင္ႏိုင္မည့္ေနရာ ခ်ထားေပးသင့္ေၾကာင္း Kende က အၾကံျပဳခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com Ref: LITTLE PROTEST I built a tiny home in the woods within a day and lived there for 7 years – I landed in court but officials let it go (the-sun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service