အမေရိကန်ပြည် ကယ်လီဖိုးနီးယားတွင် အခမဲ့နေထိုင်ခွင့်ပေးမည့် အိမ်ငယ်လေးများ ကျေးရွာတစ်ခု ဆောက်လုပ်လျက်ရှိ

အမေရိကန်ပြည် ကယ်လီဖိုးနီးယားတွင် အခမဲ့နေထိုင်ခွင့်ပေးမည့် အိမ်ငယ်လေးများ ကျေးရွာတစ်ခု ဆောက်လုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Oct 2023 11:15 am တွင် တင်ခဲ့သည်
558 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

 

အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် Contra Costa ခရိုင်အနောက်ပိုင်း ရစ်ချ်မွန် (Richmond) မြို့တွင် Richmond Tiny House Village Garden and Farm အမည်ရှိ အိမ်ငယ်လေးများ ကျေးရွာ ဆောက်လုပ်လျက်ရှိသည်။

ထိုကျေးရွာသည် လူငယ်များအတွက် များစွာလိုအပ်နေသည့် အိမ်ရာနေရာအတွက် အဖြေတစ်ခုလည်း ဖြစ်လာဖွယ်ရှိသည်။

 

 

(Richmond Tiny House Village Garden and Farm အိမ်ငယ်လေးများကျေးရွာ။ ဓာတ်ပုံ-Joe Serrano)

 

(ကျေးရွာ၏ ပူးတွဲမန်နေဂျာ Sally Hindman။ ဓာတ်ပုံ-Linkedin)

 

 

(အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်မှုတွင် ဒေသတွင်း အသိုက်အဝန်းက ဝိုင်းဝန်းကူညီ။ ဓာတ်ပုံ- Richmond Tiny House Village Garden and Farm)

 

 

အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ခွင့်ကို စက်တင်ဘာလအတွင်း ခွင့်ပြုချက်ရရှိထားပြီး အိမ်ရာမဲ့ အခြေအနေနှင့် ရင်ဆိုင်နေရသော ကယ်လီဖိုးနီးယားမှ လူငယ်များအတွက် အရေးပေါ်နေထိုင်နိုင်မည့် နေရာဖြစ်လာမည် ဖြစ်သည်။

အိမ်ငယ်လေးများကျေးရွာကို မိဘမဲ့ကလေးများ စောင့်ရှောက်မှုစနစ်တွင် သတ်မှတ်ထားသော အသက်အရွယ် ထက် ကျော်လွန်သွားသူများ နေထိုင်နိုင်ရန် အဓိက ရည်ရွယ်ထားသည်။

“လမ်းပေါ်ရောက်နေတဲ့ လူငယ်တွေ ကျွန်မဆီကို နေ့တိုင်း ဖုန်းခေါ်ဆက်သွယ်ကြပါတယ်။ သူတို့ဘာလုပ်ရမယ် ဘယ်သွားရမယ်ဆိုတာ အဖြေရှာဖို့ ကြိုးစားကြတာပါ။ ဒါတွေက တော်တော်စိတ်မချမ်းသာစရာ ကောင်းပါ တယ်” ဟု Sally က ပြောသည်။

သူမသည် အိမ်ရာမဲ့များအတွက် ရှေ့ဆောင်ရှေ့ရွက်ပြု ကြိုးစားပေးနေသည်မှာ နှစ်ပေါင်း ၃၀ ကျော် ရှိခဲ့ပြီ ဖြစ်သည်။

“အိမ်ရာမဲ့တွေအရေး ပိုမိုအလေးထား အာရုံစိုက်ဖို့ လိုနေပါတယ်။ သူတို့အတွက် အမြဲ အခြေချနေထိုင်နိုင်မယ့် အိမ်ရာတွေ လိုအပ်ပါတယ်။ ”

ကယ်လီဖိုးနီးယားပြည်နယ် Oakland မြို့ရှိ နေအိမ် ၂၂ လုံးပါဝင်သော အိမ်ရာမဲ့စခန်းကို အတုယူကာ ယခုအိမ်ငယ်လေးများ ကျေးရွာကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Richmond Tiny House Village တွင် အိမ်ငယ် ၁၂ လုံးပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ ၉၇၆၅၃၆ ကုန်ကျမည် ဖြစ်သည်။

ရန်ပုံငွေမှာ အဓိကအားဖြင့် ဒေသတွင်း အသိုက်အဝန်းနှင့် ဘာသာရေးအဖွဲ့များထံမှ ရရှိခြင်း ဖြစ်သည်။

ဆန်ဖရန်စစ္စကိုတက္ကသိုလ် ဗိသုကာဌာနက အိမ်ငယ်လေးများကျေးရွာအတွက် ဒီဇိုင်းများ ထောက်ပံ့ခဲ့ပြီး ဆောက်လုပ်မှုအတွက် ဝိုင်းဝန်းပံ့ပိုးပေးခဲ့သည်။

ဆန်ဖရန်စစ္စကိုတက္ကသိုလ်၏ လေ့လာချက်တစ်ရပ်အရ အမေရိကန်ပြည်ထောင်စုတွင် ကယ်လီဖိုးနီးယား ပြည်နယ်သည် အိမ်ရာမဲ့ဦးရေ အများဆုံးဖြစ်သည်ဟု ဆိုသည်။

အဆိုပါဒေသတွင် ပျမ်းမျှအိမ်ငှားခမှာ ကန်ဒေါ်လာ ၃၇၀၀ ခန့်ရှိရာ အမေရိကန်အခြားနေရာများ၏ ပျမ်းမျှ အိမ်ငှားခထက် ၈၀ ရာခိုင်နှုန်းမြင့်မားလျက် ရှိသည်။

အိမ်ငယ်လေးများကျေးရွာတွင် နေထိုင်ခွင့်ရမည့်သူကို အမေရိကန်အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေးဌာနက ကူညီရွေးချယ်ပေးမည်ဖြစ်သည်။

နေထိုင်ခွင့်ရမည့်သူများသည် အများဆုံး ၂ နှစ် နေထိုင်ခွင့်ရမည်ဖြစ်ပြီး လစဉ်ဝင်ငွေ၏ ၃ ပုံ ၁ ပုံကို အိမ်ငှားခအဖြစ် ပေးရမည်ဟု ဆိုသည်။

နေထိုင်ခွင့်ရရှိမည့်လူငယ်များကို ရေရှည်အလုပ်အကိုင်နှင့် အမြဲတမ်းအခြေချနေထိုင်နိုင်မည့် နေအိမ် ရရှိစေရေးအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းများလည်း သင်ကြားပေးမည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HELPING HAND I am creating a new tiny home village and you can live there for free – but residents have to meet certain requirements (the-sun)

 

 

 

[Zawgyi]

အေမရိကန္ျပည္ ကယ္လီဖိုးနီးယားတြင္ အခမဲ့ေနထုိင္ခြင့္ေပးမည့္ အိမ္ငယ္ေလးမ်ား ေက်းရြာတစ္ခု ေဆာက္လုပ္လ်က္ရွိ

 

အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖုိးနီးယားျပည္နယ္ Contra Costa ခရိုင္အေနာက္ပိုင္း ရစ္ခ်္မြန္ (Richmond) ျမဳိ႕တြင္ Richmond Tiny House Village Garden and Farm အမည္ရွိ အိမ္ငယ္ေလးမ်ား ေက်းရြာ ေဆာက္လုပ္လ်က္ရွိသည္။

ထိုေက်းရြာသည္ လူငယ္မ်ားအတြက္ မ်ားစြာလိုအပ္ေနသည့္ အိမ္ရာေနရာအတြက္ အေျဖတစ္ခုလည္း ျဖစ္လာဖြယ္ရွိသည္။

(Richmond Tiny House Village Garden and Farm အိမ္ငယ္ေလးမ်ားေက်းရြာ။ ဓာတ္ပံု-Joe Serrano)

(ေက်းရြာ၏ ပူးတြဲမန္ေနဂ်ာ Sally Hindman။ ဓာတ္ပံု-Linkedin)

(အိမ္ငယ္ေလးမ်ားေက်းရြာ ေဆာက္လုပ္မႈတြင္ ေဒသတြင္း အသိုက္အဝန္းက ဝိုင္းဝန္းကူညီ။ ဓာတ္ပုံ- Richmond Tiny House Village Garden and Farm)

အိမ္ငယ္ေလးမ်ားေက်းရြာ ေဆာက္လုပ္ခြင့္ကုိ စက္တင္ဘာလအတြင္း ခြင့္ျပဳခ်က္ရရွိထားျပီး အိမ္ရာမဲ့ အေျခအေနႏွင့္ ရင္ဆုိင္ေနရေသာ ကယ္လီဖုိးနီးယားမွ လူငယ္မ်ားအတြက္ အေရးေပၚေနထုိင္ႏိုင္မည့္ ေနရာျဖစ္လာမည္ ျဖစ္သည္။

အိမ္ငယ္ေလးမ်ားေက်းရြာကို မိဘမဲ့ကေလးမ်ား ေစာင့္ေရွာက္မႈစနစ္တြင္ သတ္မွတ္ထားေသာ အသက္အရြယ္ ထက္ ေက်ာ္လြန္သြားသူမ်ား ေနထုိင္ႏိုင္ရန္ အဓိက ရည္ရြယ္ထားသည္။

“လမ္းေပၚေရာက္ေနတဲ့ လူငယ္ေတြ ကၽြန္မဆီကို ေန႔တုိင္း ဖုန္းေခၚဆက္သြယ္ၾကပါတယ္။ သူတို႔ဘာလုပ္ရမယ္ ဘယ္သြားရမယ္ဆိုတာ အေျဖရွာဖုိ႔ ၾကိဳးစားၾကတာပါ။ ဒါေတြက ေတာ္ေတာ္စိတ္မခ်မ္းသာစရာ ေကာင္းပါ တယ္” ဟု Sally က ေျပာသည္။

သူမသည္ အိမ္ရာမဲ့မ်ားအတြက္ ေရွ႕ေဆာင္ေရွ႕ရြက္ျပဳ ၾကိဳးစားေပးေနသည္မွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ ရွိခဲ့ျပီ ျဖစ္သည္။

“အိမ္ရာမဲ့ေတြအေရး ပိုမိုအေလးထား အာရံုစိုက္ဖုိ႔ လုိေနပါတယ္။ သူတို႔အတြက္ အျမဲ အေျခခ်ေနထုိင္ႏိုင္မယ့္ အိမ္ရာေတြ လုိအပ္ပါတယ္။ ”

ကယ္လီဖုိးနီးယားျပည္နယ္ Oakland ျမဳိ႕ရွိ ေနအိမ္ ၂၂ လံုးပါဝင္ေသာ အိမ္ရာမဲ့စခန္းကို အတုယူကာ ယခုအိမ္ငယ္ေလးမ်ား ေက်းရြာကို ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

Richmond Tiny House Village တြင္ အိမ္ငယ္ ၁၂ လံုးပါဝင္မည္ျဖစ္ျပီး ေဆာက္လုပ္မႈ ကုန္က်စရိတ္ ေဒၚလာ ၉၇၆၅၃၆ ကုန္က်မည္ ျဖစ္သည္။ ရန္ပံုေငြမွာ အဓိကအားျဖင့္ ေဒသတြင္း အသိုက္အဝန္းႏွင့္ ဘာသာေရးအဖြဲ႔မ်ားထံမွ ရရွိျခင္း ျဖစ္သည္။

ဆန္ဖရန္စစၥကိုတကၠသိုလ္ ဗိသုကာဌာနက အိမ္ငယ္ေလးမ်ားေက်းရြာအတြက္ ဒီဇိုင္းမ်ား ေထာက္ပ့ံခဲ့ျပီး ေဆာက္လုပ္မႈအတြက္ ဝိုင္းဝန္းပ့ံပိုးေပးခဲ့သည္။

ဆန္ဖရန္စစၥကိုတကၠသိုလ္၏ ေလ့လာခ်က္တစ္ရပ္အရ အေမရိကန္ျပည္ေထာင္စုတြင္ ကယ္လီဖုိးနီးယား ျပည္နယ္သည္ အိမ္ရာမဲ့ဦးေရ အမ်ားဆံုးျဖစ္သည္ဟု ဆိုသည္။

အဆုိပါေဒသတြင္ ပ်မ္းမွ်အိမ္ငွားခမွာ ကန္ေဒၚလာ ၃၇၀၀ ခန္႔ရွိရာ အေမရိကန္အျခားေနရာမ်ား၏ ပ်မ္းမွ် အိမ္ငွားခထက္ ၈၀ ရာခိုင္ႏႈန္းျမင့္မားလ်က္ ရွိသည္။

အိမ္ငယ္ေလးမ်ားေက်းရြာတြင္ ေနထုိင္ခြင့္ရမည့္သူကို အေမရိကန္အိုးအိမ္ႏွင့္ ျမဳိ႕ျပဖြံ႔ျဖိဳးေရးဌာနက ကူညီေရြးခ်ယ္ေပးမည္ျဖစ္သည္။

ေနထုိင္ခြင့္ရမည့္သူမ်ားသည္ အမ်ားဆံုး ၂ ႏွစ္ ေနထုိင္ခြင့္ရမည္ျဖစ္ျပီး လစဥ္ဝင္ေငြ၏ ၃ ပံု ၁ ပံုကို အိမ္ငွားခအျဖစ္ ေပးရမည္ဟု ဆိုသည္။

ေနထိုင္ခြင့္ရရွိမည့္လူငယ္မ်ားကို ေရရွည္အလုပ္အကိုင္ႏွင့္ အျမဲတမ္းအေျခခ်ေနထုိင္ႏိုင္မည့္ ေနအိမ္ ရရွိေစေရးအတြက္ အသက္ေမြးဝမ္းေၾကာင္း သင္တန္းမ်ားလည္း သင္ၾကားေပးမည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HELPING HAND I am creating a new tiny home village and you can live there for free – but residents have to meet certain requirements (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service