မိမိနှင့် ဇနီး၏ ဘဝနေဝင်ချိန်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းမျှသာ ချန်ထားပြီး ကျန်ရှိသည့် ပိုင်ဆိုင်မှု ကန်ဒေါ်လာ သန်း ၈၀၀၀ လုံး အမည်မဖော်ဘဲ လှူဒါန်းခဲ့သော ဘီလျံနာသူဌေးကြီး ချပ်ခ်ဖီးနေး အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်ရှာ
မိမိနှင့် ဇနီး၏ ဘဝနေဝင်ချိန်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းမျှသာ ချန်ထားပြီး ကျန်ရှိသည့် ပိုင်ဆိုင်မှု ကန်ဒေါ်လာ သန်း ၈၀၀၀ လုံး အမည်မဖော်ဘဲ လှူဒါန်းခဲ့သော ဘီလျံနာသူဌေးကြီး ချပ်ခ်ဖီးနေး အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်ရှာ - Property News in Myanmar from iMyanmarHouse.com
12 Oct 2023 9:57 am တွင် တင်ခဲ့သည်
2773 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ချားလ်စ် ချပ်ခ် ဖီးနေး (Charles Chuck Feeney) သည် လေဆိပ် အခွန်လွတ်ဆိုင်များ (DFS) ကို တည်ထောင်ခဲ့ပြီး ထိုလုပ်ငန်းဖြင့် ကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ချမ်းသာကြွယ်ဝလာခဲ့သူ ဖြစ်သည်။
ချပ်ခ်ဖီးနေးသည် နယူးယောက်၊ လန်ဒန်နှင့် ပဲရစ်တို့တွင် တန်ဖိုးကြီး လူနေခန်းများ၊ Aspen နှင့် French Riviera တို့ကဲ့သို့ ကမ္ဘာကျော် အပန်းဖြေနေရာများတွင် လူနေအိမ်များ ပိုင်ဆိုင်ထားသည်။
ချပ်ခ်ဖီးနေးသည် ရွက်လှေကြီးများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များပိုင်သော အခြားသူဌေးကြီးများနှင့် တရင်းတနှီး ရှိသည်။
သူသာ လိုချင်ပါက ထိုသို့သော ဇိမ်ခံမှုများ ကောင်းစွာ တတ်နိုင်ပါသည်။
ထိုသို့ များစွာချမ်းသာကြွယ်ဝလာချိန်တွင် ချပ်ခ်ဖီးနေးသည် မိမိတစ်ယောက်တည်း ချမ်းသာကြွယ်ဝနေရခြင်း အပေါ် များစွာ စိတ်မသက်မသာ ခံစားလာရပြီး ချမ်းသာကြွယ်ဝမှုတွင် တာဝန်ဝတ္တရားများရှိကြောင်း ခံစားလာ ခဲ့ရသည်။
ထို့ကြောင့် သူ၏ ပိုင်ဆိုင်သော ကန်ဒေါ်လာ ၈ ဘီလီယံမှ အားလုံးနီးပါးကို လှူဒါန်းပစ်ရန် ဆုံးဖြတ်ခဲ့သည်။
“သေပြီးနောက်ပိုင်းမှ ကိုယ့်ပိုင်ဆိုင်မှုတွေကို လှူဒါန်းတာထက် မသေမီ လှူရတာက ပိုပြီး ဝမ်းမြောက်ကြည်နူးဖို့ ကောင်းပါတယ်”ဟု ချပ်ခ်ဖီးနေးက ပြောသည်။
ချပ်ခ်ဖီးနေးသည် လှူဒါန်းမှုများပြုလုပ်ရာတွင် အမည်မဖော်ဘဲလှူဒါန်းသူဖြစ်ရာ Forbes မဂ္ဂဇင်းကြီးက ချပ်ခ်ဖီးနေးကို ပရဟိတနယ်၏ ဂျိမ်းစ်ဘွန်းဟု အမည်ပေးခဲ့သည်။
ထိုသို့ ပိုင်ဆိုင်မှုအားလုံးစွန့်လွှတ်ခဲ့သူ ပရဟိတသူရဲကောင်းကြီး ချပ်ခ်ဖီးနေးသည် အောက်တိုဘာလ ၉ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်အရွယ် ရှိပြီ ဖြစ်သည်။
သူ၏အိမ်မှာ အိပ်ခန်း ၂ ခန်းသာပါသော အလတ်တန်းစား တိုက်ခန်းတစ်ခု ဖြစ်သည်။
ချပ်ခ်ဖီးနေးသည် ၁၉၈၀ ပြည့်လွန်ကာလများကတည်းက သူ၏ ဘဝနေထိုင်မှု ဟန်ပန်ကို ပြောင်းလဲခဲ့သည်။
သူစီးသော Limousine ကားကို ရောင်းချကာ အများပြည်သူနှင့်အတူ ကားတိုးစီး၊ ရထားတိုးစီးခြင်း အငှားကားဖြင့် သွားလာခြင်းသာ ပြုလုပ်ခဲ့သည်။
လေယာဉ်စီးလျှင်လည်း ဈေးနှုန်းသက်သာသော ထိုင်ခုံများဖြင့်သာ စီးနင်းသွားလာပြီး သူ၏ စာအုပ်၊ စာရွက်စာတမ်းများကို ပလတ်စတစ်အိတ်များဖြင့် သယ်ဆောင်လေ့ရှိသည်။
ဘဝနောက်ဆုံးနှစ်များတွင်သာ ဒူးဝေဒနာ အပြင်းအထန်ခံစားရမှုကြောင့် သက်တောင့်သက်သာဖြစ်မည့် နေထိုင်မှုပုံစံမျိုး ပြောင်းလဲခဲ့ရကြောင်း ချပ်ခ်ဖီးနေးပြောခဲ့ဖူးသည်။
နယူးယောက်မြို့တွင် နေထိုင်ခဲ့စဉ်ကာလများအတွင်းတွင်လည်း ဈေးကြီးသော စားသောက်ဆိုင်များကို ရှောင်လေ့ရှိပြီး အရှေ့ ၅၇ လမ်းတွင်ရှိသော Tommy Makem တွင်ရောင်းသော ဘာဂါများကို သူက ကြိုက်နှစ်သက်သည်။
ချပ်ခ်ဖီးနေးကို နယူးဂျာစီပြည်နယ်၊ Elizabeth မြို့တွင် ၁၉၃၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် မွေးဖွားပြီး ဖခင်ဖြစ်သူမှာ အာမခံကုမ္ပဏီတွင် လုပ်ကိုင်သူဖြစ်ပြီး မိခင်မှာ သူနာပြုတစ်ဦး ဖြစ်သည်။
ချပ်ခ်ဖီးနေးသည် အမေရိကန်လေတပ်တွင် ၁၉၄၉ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုရီးယားစစ်ပွဲတွင် ရေဒီယိုအော်ပရေတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် Cornell ကောလိပ်သို့ တက်ရောက်ခဲ့ရာ သူ၏ မိသားစုတွင် ကောလိပ်သို့ ပထမဆုံး ရောက်ဖူးသူလည်း ဖြစ်သည်။
၁၉၅၆ ခုနှစ်တွင် ဟိုတယ်စီမံခန့်ခွဲမှုအဓိကဖြင့် ကျောင်းပြီးခဲ့သည်။
Danielle Morali-Daninos နှင့် လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် ကွာရှင်းပြတ်စဲခဲ့သည်။
ချပ်ဖီးနေးကွယ်လွန်ချိန်တွင် ဇနီး၊ ပထမအိမ်ထောင်မှ သားသမီး ၅ ဦး၊ မြေး ၁၆ ဦးတို့ ကျန်ရစ်ခဲ့သည်။
ချပ်ခ်ဖီးနေး ကွယ်လွန်မှုကို သူတည်ထောင်ခဲ့သော Atlantic Philanthropies ဖောင်ဒေးရှင်းက ကြေညာခဲ့သော်လည်း သေဆုံးရခြင်းအကြောင်းရင်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိချေ။
(ဆက်စပ်သတင်း)
သူရဲကောင်းတို့ နှလုံးသား (သို့မဟုတ်) ကြွယ်ဝချမ်းသာသမျှ ဒေါ်လာ သန်း ၈၀၀၀ မှ မိမိအတွက် ဒေါ်လာ ၁ သန်းသာ ချန်ထားပြီး အားလုံးလှူဒါန်းကာ တိုက်ခန်းငှားနေသည့် အမေရိကန်ဘီလျံနာ သူဌေးကြီး
https://www.imyanmarhouse.com/news/read/1057376
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Charles Feeney, philanthropist who gave away his billions, dies at 92 (washingtonpost)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
shwe-wutthmone
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service