အပင်ခုတ်ပေးသူနှင့် မိသားစုဝင် ၂ ဦးကို ခေတ္တတည်းခွင့်ပေးခဲ့ပြီး ဧည့်သည်များ အိမ်ပေါ်မှ ပြန်မဆင်းသောကြောင့် တရားရုံးတွင် တိုင်တန်းခဲ့ရသူ အမေရိကန်က အိမ်ရှင်အမျိုးသမီး

အပင်ခုတ်ပေးသူနှင့် မိသားစုဝင် ၂ ဦးကို ခေတ္တတည်းခွင့်ပေးခဲ့ပြီး ဧည့်သည်များ အိမ်ပေါ်မှ ပြန်မဆင်းသောကြောင့် တရားရုံးတွင် တိုင်တန်းခဲ့ရသူ အမေရိကန်က အိမ်ရှင်အမျိုးသမီး - Property News in Myanmar from iMyanmarHouse.com
6 Oct 2023 9:40 am တွင် တင်ခဲ့သည်
1142 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ တက္ကဆပ်ပြည်နယ်၏ မြို့တော် အော်စတင်မြို့တွင် အိမ်ရှင်တစ်ဦးသည် ခေတ္တနေထိုင်ရန် ၎င်းဖိတ်ခေါ်ခဲ့သော ဧည့်သည် ၃ ဦး အိမ်ပေါ်မှ ပြန်မဆင်းသောကြောင့် စိတ်ပျက် ခံပြင်း လျက် ရှိသည်။

ရှေရီ ဒူဗျု (Cherie Dubuque) အမည်ရှိ အိမ်ရှင်အမျိုးသမီးသည် သူ၏ ခြံအတွင်း အပင်ခုတ်ပေးသူတစ်ဦးမှာ အပူရှပ်သွားသည်ဟု ပြောလာသောကြောင့် အိမ်တွင် ရက်အနည်းငယ် နေခွင့်ပေးခဲ့သည်။

(ခြံအတွင်း အပင်ခုတ်ပေးသူတစ်ဦးမှာ အပူရှပ်သွားသည်ဟု ပြောလာသောကြောင့် အိမ်တွင် ရက်အနည်းငယ် နေခွင့်ပေးခဲ့သည်။ ဓာတ်ပုံ-KVUE)

(ဧည့်သည် ၃ ဦးမှာ အိမ်ပေါ်မှ ဆင်းပေးရန် ငြင်းပယ်ခဲ့သောကြောင့် အိမ်ရှင်အမျိုးသမီးမှာ တရားရုံးသို့ တိုင်တန်းခဲ့ရသည်။ ဓာတ်ပုံ-KVUE)

(Corey Luper ဆိုသူက ပြောသည်မှာ အိမ်ရှင်အမျိုးသမီးက အိမ်ရောင်းထွက်ချိန်အထိ မိမိအား နေထိုင်ခွင့် ပေးထားကြောင်း ပြောသည်။ဓာတ်ပုံ-KVUE)

အိုကလာဟိုးမားပြည်နယ်မှ လာသော ကိုရေး လူပါ အမည်ရှိ လူငယ်က အိမ်ရှင်အမျိုးသမီး၏ အိမ်ကို တံခါးခေါက်ကာ ခြံထဲမှ သစ်ပင်များ ခုတ်ပေးလျှင် ပိုက်ဆံပေးမည်လားဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။

“ကျွန်မအိမ်ကို တံခါးလာခေါက်ခဲ့တယ်။ တံခါးဖွင့်လိုက်တော့ အသက် ၃၀ ကျော် လူရွယ်တစ်ယောက် တွေ့တယ်။ သူက ကျွန်မအိမ်ခေါင်မိုးပေါ်က သစ်ကိုင်းတွေကို ခုတ်ပေးချင်တယ်လို့ ပြောပါတယ်။”ဟု ရှေရီက KVUE ABC News သတင်းဌာနသို့ ပြောသည်။

လူပါက သစ်ကိုင်းခုတ်ခြင်းအပြင် ခြံထဲရှိ အခြား ပြုလုပ်စရာများကိုလည်း လုပ်ကိုင်ပေးလိုရာ ရှေရီအတွက် လည်း ထိုနေ့က ခြံထဲတွင် လုပ်စရာများ ရှိနေခဲ့သည်။

လူပါသည် သစ်ပင်ခုတ်ရင်း ရုတ်တရက် နေမကောင်းဖြစ်ချိန်တွင် ဆိုးရွားသည့်အခြေအနေများ ဖြစ်ပေါ်လာ စေခဲ့သည်။

“သူက အပူရှပ်တယ်လို့ ပြောလာတာကြောင့် ကျွန်မသူ့ကို အုန်းရည် တိုက်ခဲ့ပါတယ်။”

ရှေရီသည် လူပါအား နေကောင်းသည့်အထိ အိမ်တွင် ရက်အနည်းငယ်နေရန် ခွင့်ပြုပေးခဲ့သည်။

တစ်ပတ်ခန့်အကြာတွင် လူပါ၏ အစ်ကိုနှင့် ဇနီးပါ ရောက်ရှိလာရာ ထိုသူများကိုလည်း ရှေရီက နေထိုင်ခွင့် ပေးခဲ့သည်။

၎င်းတို့မှာ မျှော်လင့်ထားသည်ထက် ပိုမိုကြာရှည်စွာ နေထိုင်လျက်ရှိကြသည်။

တစ်ညတွင် တည်းခိုနေသူများ အချင်းချင်း စကားများနေရာ ရှေရီမှာ အိပ်နေရာမှ လန့်နိုးလာခဲ့သည်။

ထို့နောက် သူမက ၎င်းတို့အား ထွက်သွားရန် ပြောသော်လည်း နားမထောင်ကြရာ ရှေရီက ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

ရဲအရာရှိများ ရောက်ရှိလာပြီးနောက် ၎င်းတို့အနေဖြင့် အရေးယူခွင့်မရှိကြောင်း ပြောသောအခါ ရှေရီမှာ များစွာ အံ့အားသင့်ခဲ့ရသည်။

“လူပါ ပြောတာက… ခင်ဗျား ကျွန်တော်တို့ကို မောင်းထုတ်လို့ မရဘူး။ တရားရုံးကနေပဲ နှင်ထုတ်လို့ ရမယ်။ ကျွန်တော်တို့ ဒီမှာ နေချင်သလောက် နေခွင့်ရတယ်လို့ ပြောပါတယ်။”

“သူအဲလို ပြောတဲ့အချိန်မှာ ရဲတွေရှိပါတယ်။ ရဲတွေကလည်း… ဟုတ်ပါတယ်။ အမကြီး သူတို့ကို ဖိတ်ခေါ်ထားတာဆိုရင် မောင်းထုတ်လို့မရပါဘူး လို့ပြောတယ်။”

ထိုသို့ မောင်းထုတ်၍ မရခြင်းမှာ ရာဇဝတ်မှုမြောက်သော ကျော်နင်းမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကြောင့် ဖြစ်ကြောင်း အော်စတင်မြို့မှ ရဲအရာရှိ ဒက်စ်တင်နီ ဆေးလ်ဗါးက ပြောသည်။

“ရာဇဝတ်မှုမြောက်တဲ့ ကျော်နင်းခြင်းဆိုတာ မြေယာတစ်ခုမှာ ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ ရှိနေတာ (ဒါမှမဟုတ်) နေထိုင်နေတာကို ပြောတာပါ။ ဧည့်သည်တစ်ဦးဆိုတာ အမရဲ့အိမ်ထဲမှာ နေထိုင်ဖို့ အမခွင့်ပြုထားတဲ့သူပါပဲ”ဟု ရဲအရာရှိက ရှင်းပြသည်။

လူပါက ပြောသည်မှာ မိမိ၏ နေထိုင်မှုအတွက် အလုပ်လုပ်ကာ ပေးချေရန် ရှေရီနှင့် မိမိကြား သဘောတူထား ကြောင်း ပြောခဲ့သည်။

ရှေရီက ပြောသည်မှာမူ လူပါပြောသည်များမှာ မှန်ကန်မှုမရှိကြောင်း ပြောသည်။

ရှေရီအနေဖြင့် တရားရုံးကို တိုင်တန်းကာ နှင်ထုတ်ရန်သာ နည်းလမ်းရှိတော့သည်။

တရားသူကြီးက ရှေရီ၏ တင်ပြမှုကို ချက်ချင်းခွင့်ပြုပေးခဲ့ရာ ယခုပြဿနာအဆုံးသတ်သွားမှုအတွက် များစွာ ဝမ်းမြောက်လျက် ရှိသည်။

(အလုပ်လုပ်ကာ နေထိုင်ခွင့်ပေးရန် အိမ်ရှင်နှင့် မိမိကြား သဘောတူထားကြောင်း လူပါက ပြောသည်။ ဓာတ်ပုံ-KVUE)

(မိမိဖိတ်ခေါ်ထားသော ဧည့်သည်များ အိမ်ပေါ်မှ မဆင်းပါက တရားရုံးသို့သာ တိုင်တန်းနိုင်ကြောင်း အိမ်ရှင်အများစု မသိကြချေ။ ဓာတ်ပုံ-KVUE)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HOME WRECKER I invited three guests to stay in my home a few nights – but they refused to leave and I was unable to kick them out (the-sun)

[Zawgyi]

အပင္ခုတ္ေပးသူႏွင့္ မိသားစုဝင္ ၂ ဦးကို ေခတၱတည္းခြင့္ေပးခဲ့ျပီး ဧည့္သည္မ်ား အိမ္ေပၚမွ ျပန္မဆင္းေသာေၾကာင့္ တရားရံုးတြင္ တိုင္တန္းခဲ့ရသူ အေမရိကန္က အိမ္ရွင္အမ်ဳိးသမီး

အေမရိကန္ျပည္ေထာင္စု ၊ တကၠဆပ္ျပည္နယ္၏ ျမဳိ႕ေတာ္ ေအာ္စတင္ျမဳိ႕တြင္ အိမ္ရွင္တစ္ဦးသည္ ေခတၱေနထိုင္ရန္ ၎ဖိတ္ေခၚခဲ့ေသာ ဧည့္သည္ ၃ ဦး အိမ္ေပၚမွ ျပန္မဆင္းေသာေၾကာင့္ စိတ္ပ်က္ ခံျပင္း လ်က္ ရွိသည္။

ေရွရီ ဒူဗ်ဳ (Cherie Dubuque) အမည္ရွိ အိမ္ရွင္အမ်ဳိးသမီးသည္ သူ၏ ျခံအတြင္း အပင္ခုတ္ေပးသူတစ္ဦးမွာ အပူရွပ္သြားသည္ဟု ေျပာလာေသာေၾကာင့္ အိမ္တြင္ ရက္အနည္းငယ္ ေနခြင့္ေပးခဲ့သည္။

(ျခံအတြင္း အပင္ခုတ္ေပးသူတစ္ဦးမွာ အပူရွပ္သြားသည္ဟု ေျပာလာေသာေၾကာင့္ အိမ္တြင္ ရက္အနည္းငယ္ ေနခြင့္ေပးခဲ့သည္။ ဓာတ္ပံု-KVUE)

(ဧည့္သည္ ၃ ဦးမွာ အိမ္ေပၚမွ ဆင္းေပးရန္ ျငင္းပယ္ခဲ့ေသာေၾကာင့္ အိမ္ရွင္အမ်ဳိးသမီးမွာ တရားရံုးသို႔ တုိင္တန္းခ့ဲရသည္။ ဓာတ္ပံု-KVUE)

(Corey Luper ဆိုသူက ေျပာသည္မွာ အိမ္ရွင္အမ်ဳိးသမီးက အိမ္ေရာင္းထြက္ခ်ိန္အထိ မိမိအား ေနထိုင္ခြင့္ ေပးထားေၾကာင္း ေျပာသည္။ဓာတ္ပံု-KVUE)

အိုကလာဟိုးမားျပည္နယ္မွ လာေသာ ကိုေရး လူပါ အမည္ရွိ လူငယ္က အိမ္ရွင္အမ်ဳိးသမီး၏ အိမ္ကို တံခါးေခါက္ကာ ျခံထဲမွ သစ္ပင္မ်ား ခုတ္ေပးလွ်င္ ပိုက္ဆံေပးမည္လားဟု ေမးျမန္းခဲ့သည္ဟု ဆိုသည္။

“ကၽြန္မအိမ္ကို တံခါးလာေခါက္ခဲ့တယ္။ တံခါးဖြင့္လုိက္ေတာ့ အသက္ ၃၀ ေက်ာ္ လူရြယ္တစ္ေယာက္ ေတြ႔တယ္။ သူက ကၽြန္မအိမ္ေခါင္မိုးေပၚက သစ္ကိုင္းေတြကို ခုတ္ေပးခ်င္တယ္လို႔ ေျပာပါတယ္။”ဟု ေရွရီက KVUE ABC News သတင္းဌာနသုိ႔ ေျပာသည္။

လူပါက သစ္ကိုင္းခုတ္ျခင္းအျပင္ ျခံထဲရွိ အျခား ျပဳလုပ္စရာမ်ားကိုလည္း လုပ္ကုိင္ေပးလိုရာ ေရွရီအတြက္ လည္း ထိုေန႔က ျခံထဲတြင္ လုပ္စရာမ်ား ရွိေနခဲ့သည္။

လူပါသည္ သစ္ပင္ခုတ္ရင္း ရုတ္တရက္ ေနမေကာင္းျဖစ္ခ်ိန္တြင္ ဆိုးရြားသည့္အေျခအေနမ်ား ျဖစ္ေပၚလာ ေစခဲ့သည္။

“သူက အပူရွပ္တယ္လို႔ ေျပာလာတာေၾကာင့္ ကၽြန္မသူ႔ကို အုန္းရည္ တုိက္ခဲ့ပါတယ္။”

ေရွရီသည္ လူပါအား ေနေကာင္းသည့္အထိ အိမ္တြင္ ရက္အနည္းငယ္ေနရန္ ခြင့္ျပဳေပးခဲ့သည္။

တစ္ပတ္ခန္႔အၾကာတြင္ လူပါ၏ အစ္ကိုႏွင့္ ဇနီးပါ ေရာက္ရွိလာရာ ထိုသူမ်ားကိုလည္း ေရွရီက ေနထိုင္ခြင့္ ေပးခဲ့သည္။

၎တို႔မွာ ေမွ်ာ္လင့္ထားသည္ထက္ ပိုမိုၾကာရွည္စြာ ေနထုိင္လ်က္ရွိၾကသည္။

တစ္ညတြင္ တည္းခိုေနသူမ်ား အခ်င္းခ်င္း စကားမ်ားေနရာ ေရွရီမွာ အိပ္ေနရာမွ လန္႔ႏိုးလာခဲ့သည္။

ထုိ႔ေနာက္ သူမက ၎တို႔အား ထြက္သြားရန္ ေျပာေသာ္လည္း နားမေထာင္ၾကရာ ေရွရီက ရဲတပ္ဖြဲ႔ထံ ဖုန္းဆက္ အေၾကာင္းၾကားခဲ့သည္။

ရဲအရာရွိမ်ား ေရာက္ရွိလာျပီးေနာက္ ၎တို႔အေနျဖင့္ အေရးယူခြင့္မရွိေၾကာင္း ေျပာေသာအခါ ေရွရီမွာ မ်ားစြာ အံ့အားသင့္ခဲ့ရသည္။

“လူပါ ေျပာတာက… ခင္ဗ်ား ကၽြန္ေတာ္တို႔ကို ေမာင္းထုတ္လုိ႔ မရဘူး။ တရားရံုးကေနပဲ ႏွင္ထုတ္လုိ႔ ရမယ္။ ကၽြန္ေတာ္တို႔ ဒီမွာ ေနခ်င္သေလာက္ ေနခြင့္ရတယ္လို႔ ေျပာပါတယ္။”

“သူအဲလို ေျပာတဲ့အခ်ိန္မွာ ရဲေတြရွိပါတယ္။ ရဲေတြကလည္း… ဟုတ္ပါတယ္။ အမၾကီး သူတို႔ကို ဖိတ္ေခၚထားတာဆိုရင္ ေမာင္းထုတ္လို႔မရပါဘူး လို႔ေျပာတယ္။”

ထိုသို႔ ေမာင္းထုတ္၍ မရျခင္းမွာ ရာဇဝတ္မႈေျမာက္ေသာ ေက်ာ္နင္းမႈ၏ အဓိပၸာယ္ဖြင့္ဆုိခ်က္ေၾကာင့္ ျဖစ္ေၾကာင္း ေအာ္စတင္ျမဳိ႕မွ ရဲအရာရွိ ဒက္စ္တင္နီ ေဆးလ္ဗါးက ေျပာသည္။

“ရာဇဝတ္မႈေျမာက္တဲ့ ေက်ာ္နင္းျခင္းဆိုတာ ေျမယာတစ္ခုမွာ ပိုင္ရွင္ရဲ႕ခြင့္ျပဳခ်က္မရွိဘဲ ရွိေနတာ (ဒါမွမဟုတ္) ေနထိုင္ေနတာကို ေျပာတာပါ။ ဧည့္သည္တစ္ဦးဆိုတာ အမရဲ႕အိမ္ထဲမွာ ေနထုိင္ဖို႔ အမခြင့္ျပဳထားတဲ့သူပါပဲ”ဟု ရဲအရာရွိက ရွင္းျပသည္။

လူပါက ေျပာသည္မွာ မိမိ၏ ေနထိုင္မႈအတြက္ အလုပ္လုပ္ကာ ေပးေခ်ရန္ ေရွရီႏွင့္ မိမိၾကား သေဘာတူထား ေၾကာင္း ေျပာခဲ့သည္။

ေရွရီက ေျပာသည္မွာမူ လူပါေျပာသည္မ်ားမွာ မွန္ကန္မႈမရွိေၾကာင္း ေျပာသည္။

ေရွရီအေနျဖင့္ တရားရံုးကို တိုင္တန္းကာ ႏွင္ထုတ္ရန္သာ နည္းလမ္းရွိေတာ့သည္။

တရားသူၾကီးက ေရွရီ၏ တင္ျပမႈကို ခ်က္ခ်င္းခြင့္ျပဳေပးခဲ့ရာ ယခုျပႆနာအဆံုးသတ္သြားမႈအတြက္ မ်ားစြာ ဝမ္းေျမာက္လ်က္ ရွိသည္။

(အလုပ္လုပ္ကာ ေနထိုင္ခြင့္ေပးရန္ အိမ္ရွင္ႏွင့္ မိမိၾကား သေဘာတူထားေၾကာင္း လူပါက ေျပာသည္။ ဓာတ္ပံု-KVUE)

(မိမိဖိတ္ေခၚထားေသာ ဧည့္သည္မ်ား အိမ္ေပၚမွ မဆင္းပါက တရားရံုးသုိ႔သာ တုိင္တန္းႏိုင္ေၾကာင္း အိမ္ရွင္အမ်ားစု မသိၾကေခ်။ ဓာတ္ပံု-KVUE)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HOME WRECKER I invited three guests to stay in my home a few nights – but they refused to leave and I was unable to kick them out (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service