တရုတ်ပြည်တွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော်လည်း လူမနေသောအိမ်ပေါင်း ၆၅ သန်းကျော်ရှိနေ

တရုတ်ပြည်တွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော်လည်း လူမနေသောအိမ်ပေါင်း ၆၅ သန်းကျော်ရှိနေ - Property News in Myanmar from iMyanmarHouse.com
2 Oct 2023 11:30 am တွင် တင်ခဲ့သည်
683 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တရုတ်ပြည် လူဦးရေမှာ ၁ ဒသမ ၄ ဘီလီယံရှိသော်လည်း လူမနေသော အိမ်အားလုံး ဖြည့်တင်းနေထိုင်ရန် မလုံလောက်သကဲ့သို့ ဖြစ်နေကြောင်း တရုတ်အစိုးရ အရာရှိဟောင်းတစ်ဦးက ပြောကြားသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

တရုတ်အစိုးရပိုင် သတင်းဌာနဖြစ်သော China News Service က ထုတ်လွှင့်ခဲ့သည့် ဗွီဒီယိုတစ်ခုကို ကိုးကား ရေးသားခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်အိမ်ခြံမြေလောက ရုန်းကန်နေရမှုမှာ ၂၀၂၁ ခုနှစ်တွင် သိသာထင်ရှားလာသည်။

တရုတ်ထိပ်သီး အိမ်ခြံမြေကုမ္ပဏီကြီး Evergrande သည် ကမ္ဘာပေါ်တွင် ကြွေးမြီအများဆုံး ကုမ္ပဏီဖြစ်လာခဲ့သည်။

ထိုအချိန်က တရုတ်ပြည်တွင် လူမနေသောအိမ်ပေါင်း အနည်းဆုံး ၆၅ သန်းခန့် ရှိနေသည်။

ထိုပမာဏမှာ ပြင်သစ်တစ်နိုင်ငံလုံးရှိ ပြည်သူအားလုံးနေထိုင်နိုင်သည့် ပမာဏဖြစ်ကြောင်း Business Insider သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

“ကမ္ဘာပေါ်မှာ လူမနေတဲ့အိမ်တွေ ဘယ်လောက်များ ရှိနေသလဲ။ ကျွမ်းကျင်ပညာရှင်တစ်ဦးစီက မတူညီတဲ့ ကိန်းဂဏန်းတွေ ပြောကြတယ်။ ဖြစ်နိုင်ဖွယ်အရှိဆုံးက လက်ရှိ လူမနေတဲ့ အိမ်လွတ်ပမာဏဟာ လူဦးရေ ၃ ဘီလီယံလောက် နေထိုင်နိုင်တဲ့ပမာဏ ဖြစ်တယ်လို့ ယူဆကြပါတယ်”ဟု စာရင်းအင်း ဗျူရိုမှ ဒုတိယ အကြီးအကဲဟောင်း He Keng က ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

တရုတ်ပြည်တွင် စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် အိမ်ခြံမြေကဏ္ဍတွင်သာ ရင်းနှီးမြှပ်နှံကြရာ ထိုအချက်ကြောင့် ရောင်းလိုအား ပိုလျှံနေပြီး လူမနေသော မိုးမျှော်တိုက် များစွာ ပေါ်ပေါက်လာစေခဲ့သည်။

“သူတို့ဟာ ရောင်းလိုအား များပြားတဲ့အထိ ဆောက်လုပ်ခဲ့ကြတယ်။ ဒါကြောင့် လူမရှိတဲ့ နေအိမ်တွေကို တွေ့နေကြရတာဖြစ်ပါတယ်”ဟု Texas A&M တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ Li Gan က Business Insider သတင်းဌာနသို့ ပြောသည်။

တရုတ်ပြည်တစ်ဝန်းတွင် ဆောက်လက်စတန်းလန်းဖြင့် ရပ်တန့်ကာ စွန့်ပစ်ထားခြင်းခံရသော အိမ်ရာစီမံကိန်း များစွာရှိနေပြီး ယင်းတို့ကို တရုတ်ဘာသာအားဖြင့် လန့်ဝေလုံဟု ခေါ်ကြသည်။

တရုတ်ပြည်အရှေ့ပိုင်း ရှန်းယန်ကဲ့သို့ မြို့များတွင် တရုတ်ပြည်မှ ကျိကျိတက်ချမ်းသာသူများအတွက် ရည်ရွယ် သည့် ဥရောပဟန်စံအိမ်စီမံကိန်းများ ဆောက်လုပ်ကြသည်။

ရှန်းယန်တွင် ထိပ်သီးဆောက်လုပ်ရေးကုမ္ပဏီကြီး Greenland Group က ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အိမ်ရာစီမံကိန်းမှာ ၂ နှစ်အကြာတွင် ဆောက်လက်စတန်းလန်းဖြင့် စွန့်ပစ်ခြင်း ခံခဲ့ရသည်။

ယနေ့အခါတွင် လူသူကင်းမဲ့လျက်ရှိသော အဆိုပါအိမ်ရာစီမံကိန်းဝန်းထဲသို့ လယ်သမားများ ဝင်ရောက်ကာ ထွန်ယက်စိုက်ပျိုးခြင်း၊ ကျွဲနွားကျောင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

 

 

(ရှန်ဟန်းမြို့ရှိ ဆောက်လက်စ လုံးချင်းအိမ်များ အကြား ကျွဲနွားများ လှည့်လည်သွားလာနေပုံ။ ဓာတ်ပုံ-Jade Gao/AFP)

 

မွန်ဂိုးလီယားနယ်စပ်အနီးတွင် တည်ရှိသော Ordos အမည်ရှိ မြို့သစ်ကြီးကို လူဦးရေ ၁ သန်းကျော် နေထိုင်နိုင် ရန် ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဗဟိုချက် ဖြစ်လာစေရန် ရည်ရွယ် ဆောက်လုပ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်အထိ မြို့လူဦးရေ ၁၀၀,၀၀၀ ဝန်းကျင်ခန့်သာရှိပြီး ကမ္ဘာ့အကြီးမားဆုံး တစ္ဆေမြို့ကြီးအဖြစ် သတ်မှတ်ခံထားရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China's 1.4 billion population isn't enough to fill the country's empty homes, former official says (businessinsider)

 

 

 

 

[Zawgyi]

 

တရုတ္ျပည္တြင္ လူဦးေရ ၁ ဒသမ ၄ ဘီလီယံရွိေသာ္လည္း လူမေနေသာအိမ္ေပါင္း ၆၅ သန္းေက်ာ္ရွိေန

 

တရုတ္ျပည္ လူဦးေရမွာ ၁ ဒသမ ၄ ဘီလီယံရွိေသာ္လည္း လူမေနေသာ အိမ္အားလံုး ျဖည့္တင္းေနထိုင္ရန္ မလံုေလာက္သကဲ့သု႔ိ ျဖစ္ေနေၾကာင္း တရုတ္အစိုးရ အရာရွိေဟာင္းတစ္ဦးက ေျပာၾကားသည္ဟု ရိုက္တာ သတင္းဌာနက ေဖာ္ျပသည္။

တရုတ္အစိုးရပိုင္ သတင္းဌာနျဖစ္ေသာ China News Service က ထုတ္လႊင့္ခဲ့သည့္ ဗြီဒီယိုတစ္ခုကို ကိုးကား ေရးသားခဲ့ျခင္း ျဖစ္သည္။ တရုတ္ျပည္အိမ္ျခံေျမေလာက ရုန္းကန္ေနရမႈမွာ ၂၀၂၁ ခုႏွစ္တြင္ သိသာထင္ရွားလာသည္။

တရုတ္ထိပ္သီး အိမ္ျခံေျမကုမၸဏီၾကီး Evergrande သည္ ကမၻာေပၚတြင္ ေၾကြးျမီအမ်ားဆုံး ကုမၸဏီျဖစ္လာခဲ့သည္။

ထုိအခ်ိန္က တရုတ္ျပည္တြင္ လူမေနေသာအိမ္ေပါင္း အနည္းဆံုး ၆၅ သန္းခန္႔ ရွိေနသည္။

ထိုပမာဏမွာ ျပင္သစ္တစ္ႏိုင္ငံလံုးရွိ ျပည္သူအားလံုးေနထိုင္ႏိုင္သည့္ ပမာဏျဖစ္ေၾကာင္း Business Insider သတင္းဌာနက ေဖာ္ျပခဲ့ဖူးသည္။

“ကမၻာေပၚမွာ လူမေနတဲ့အိမ္ေတြ ဘယ္ေလာက္မ်ား ရွိေနသလဲ။ ကၽြမ္းက်င္ပညာရွင္တစ္ဦးစီက မတူညီတဲ့ ကိန္းဂဏန္းေတြ ေျပာၾကတယ္။ ျဖစ္ႏုိင္ဖြယ္အရွိဆံုးက လက္ရွိ လူမေနတဲ့ အိမ္လြတ္ပမာဏဟာ လူဦးေရ ၃ ဘီလီယံေလာက္ ေနထုိင္ႏိုင္တဲ့ပမာဏ ျဖစ္တယ္လို႔ ယူဆၾကပါတယ္”ဟု စာရင္းအင္း ဗ်ဴရုိမွ ဒုတိယ အၾကီးအကဲေဟာင္း He Keng က ေျပာၾကားေၾကာင္း ရိုက္တာသတင္းတြင္ ေဖာ္ျပသည္။

တရုတ္ျပည္တြင္ စိတ္ခ်ရသည့္ ရင္းႏွီးျမွဳပ္ႏွံမႈအျဖစ္ အိမ္ျခံေျမက႑တြင္သာ ရင္းႏွီးျမွပ္ႏွံၾကရာ ထိုအခ်က္ေၾကာင့္ ေရာင္းလိုအား ပိုလွ်ံေနျပီး လူမေနေသာ မိုးေမွ်ာ္တုိက္ မ်ားစြာ ေပၚေပါက္လာေစခဲ့သည္။

“သူတုိ႔ဟာ ေရာင္းလိုအား မ်ားျပားတဲ့အထိ ေဆာက္လုပ္ခဲ့ၾကတယ္။ ဒါေၾကာင့္ လူမရွိတဲ့ ေနအိမ္ေတြကို ေတြ႔ေနၾကရတာျဖစ္ပါတယ္”ဟု Texas A&M တကၠသိုလ္မွ စီးပြားေရးပါေမာကၡ Li Gan က Business Insider သတင္းဌာနသို႔ ေျပာသည္။

တရုတ္ျပည္တစ္ဝန္းတြင္ ေဆာက္လက္စတန္းလန္းျဖင့္ ရပ္တန္႔ကာ စြန္႔ပစ္ထားျခင္းခံရေသာ အိမ္ရာစီမံကိန္း မ်ားစြာရွိေနျပီး ယင္းတို႔ကို တရုတ္ဘာသာအားျဖင့္ လန္႔ေဝလံုဟု ေခၚၾကသည္။

တရုတ္ျပည္အေရွ႕ပုိင္း ရွန္းယန္ကဲ့သို႔ ျမိဳ႕မ်ားတြင္ တရုတ္ျပည္မွ က်ိက်ိတက္ခ်မ္းသာသူမ်ားအတြက္ ရည္ရြယ္ သည့္ ဥေရာပဟန္စံအိမ္စီမံကိန္းမ်ား ေဆာက္လုပ္ၾကသည္။

ရွန္းယန္တြင္ ထိပ္သီးေဆာက္လုပ္ေရးကုမၸဏီၾကီး Greenland Group က ၂၀၁၀ ျပည့္ႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့သည့္ အိမ္ရာစီမံကိန္းမွာ ၂ ႏွစ္အၾကာတြင္ ေဆာက္လက္စတန္းလန္းျဖင့္ စြန္႔ပစ္ျခင္း ခံခဲ့ရသည္။

ယေန႔အခါတြင္ လူသူကင္းမဲ့လ်က္ရွိေသာ အဆိုပါအိမ္ရာစီမံကိန္းဝန္းထဲသို႔ လယ္သမားမ်ား ဝင္ေရာက္ကာ ထြန္ယက္စိုက္ပ်ဳိးျခင္း၊ ကၽြဲႏြားေက်ာင္းျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္။

(ရွန္ဟန္းျမဳိ႕ရွိ ေဆာက္လက္စ လံုးခ်င္းအိမ္မ်ား အၾကား ကၽြဲႏြားမ်ား လွည့္လည္သြားလာေနပံု။ ဓာတ္ပံု-Jade Gao/AFP)

မြန္ဂိုးလီယားနယ္စပ္အနီးတြင္ တည္ရွိေသာ Ordos အမည္ရွိ ျမဳိ႕သစ္ၾကီးကို လူဦးေရ ၁ သန္းေက်ာ္ ေနထုိင္ႏုိင္ ရန္ ၊ ယဥ္ေက်းမႈႏွင့္ စီးပြားေရးဗဟိုခ်က္ ျဖစ္လာေစရန္ ရည္ရြယ္ ေဆာက္လုပ္ခဲ့ေသာ္လည္း ၂၀၁၆ ခုႏွစ္အထိ ျမဳိ႕လူဦးေရ ၁၀၀,၀၀၀ ဝန္းက်င္ခန္႔သာရွိျပီး ကမၻာ့အၾကီးမားဆံုး တေစၦျမဳိ႕ၾကီးအျဖစ္ သတ္မွတ္ခံထားရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China's 1.4 billion population isn't enough to fill the country's empty homes, former official says (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service