မက္ကဆီကိုတွင် လက်သမားတစ်ဦးက ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ကျွန်းတစ်ကျွန်းဆောက်လုပ် နေထိုင်ကာ အလည်အပတ်လာသော ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရလျက်ရှိ
မက္ကဆီကိုတွင် လက်သမားတစ်ဦးက ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ကျွန်းတစ်ကျွန်းဆောက်လုပ် နေထိုင်ကာ အလည်အပတ်လာသော ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
2 Oct 2023 9:55 am တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လက်သမားတစ်ဦးသည် ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းဆောက်လုပ် နေထိုင်ကာ အလည်အပတ်လာသော ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရလျက်ရှိသည်။
ရစ်ချတ်ဆိုဝါ (Richart Sowa) အမည်ရှိ အမျိုးသားတစ်ဦးသည် လက်သမားတစ်ဦးအဖြစ် ၁၃ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်အဆောက်အအုံတစ်ခု ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် သူရွေးချယ်ခဲ့သည့် ဆောက်လုပ်ရေးပစ္စည်းမှာ လူအများ အံ့အားသင့်ဖွယ် ဖြစ်စေခဲ့သည်။
(ရစ်ချတ် ဆောက်လုပ်ခဲ့သော ရေပေါ်ကျွန်း။ ဓာတ်ပုံ-Coolest Thing/YouTube)
(ရစ်ချတ်က သူ၏ ကျွန်းဆီသို့သွားရန် လှေတစ်စင်းကိုလည်း ပလတ်စတစ်ဘူးများဖြင့်သာ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Coolest Thing/YouTube)
ရစ်ချတ်က ပလတ်စတစ်ဘူးပေါင်း ၁၅၀၀၀၀ ဖြင့် ရေမျောကျွန်းတစ်ခု ဆောက်လုပ်ခဲ့ပြီး ကျွန်းပေါ်တွင် ပန်းဥယျာဉ်နှင့် အိမ်တစ်လုံး ပါဝင်သည်။
Coolest Thing အမည်ရှိ YouTube ချန်နယ်သို့ သူက ပြောသည်မှာ “ကျွန်တော် ဒီကျွန်းကို လွန်ခဲ့တဲ့ ၆ နှစ် ခွဲလောက်က စတင်ဆောက်လုပ်ခဲ့တာပါ။ ဂေဟဗေဒလှေတစ်စင်းအဖြစ် ရေကြောင်းအရာရှိတွေဆီမှာ မှတ်ပုံတင် ထားပါတယ်”ဟု ပြောသည်။
ရေပေါ်ကျွန်းပေါ်တွင် လမုပင်များ စိုက်ပျိုးခဲ့ပြီးနောက် အမြစ်များ ထူထပ်စွာ စွဲမြဲလာမှုကြောင့် ရေပေါ်ကျွန်းကို ပိုမို၍ ခိုင်ခံ့လာစေခဲ့သည်။
သူ၏ ရေပေါ်ကျွန်းအနီးတွင် သန္တာကောင်နှင့် ငါးငယ်ကလေးများပင် ကျက်စားလာကြသည်။
ရစ်ချတ်က ကျွန်းပေါ်တွင် သုံးပန်လှ (Hibiscus ) ၊ ဂျင်းတို့အပြင် အခြားသစ်ပင်ပန်းမန်များ စိုက်ပျိုးထားသည်။
သူ၏ ကျွန်းသည် တဖြည်းဖြည်းချင်း မိမိဘာသာ ရပ်တည်လာနိုင်နေကြောင်း ပြောသည်။
သူ၏ ကျွန်းပေါ်သို့ လာရောက်လည်ပတ်သူများထံမှ ရရှိသော ဝင်ငွေဖြင့် လိုအပ်သည်များ သုံးစွဲသည်။
အမိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင်ထားပြီး ရေခဲသေတ္တာနှင့် မီးဖိုကဲ့သို့ အိမ်သုံးပစ္စည်းများအတွက် ဓာတ်အားရရှိသည်။
ရေကို မိုးရေစုဆောင်းအသုံးပြုပြီး မြေသြဇာအဖြစ် ပြောင်းလဲပေးသော အိမ်သာ ၊ ခရုခွံဖြင့် ပြုလုပ်ထားသည့် ရေပန်းတစ်ခု တပ်ဆင်ထားသည်။
သူ၏ ကျွန်းပေါ်တွင် သဘာဝတရား၏ စွမ်းအင်ကို အသုံးပြုကာ တမူထူးသော တီထွင်မှုအချို့လည်း ပြုလုပ်ထားသည်။
ယင်းတို့အနက်တစ်ခုမှာ နေစွမ်းအင်သုံး ဟင်းချက်အိုးတစ်ခုဖြစ်ပြီး နေရောင်ခြည်စွမ်းအင်ကို ရယူကာ အစားအစာများကို ဖြေးဖြေးချင်းကျက်စေသည်။
ထို့အပြင် ပလတ်စတစ်ဘူး ထောင်ပေါင်းများစွာကို အသုံးပြုကာ လှေတစ်စင်းလည်း ပြုလုပ်ထားသည်။
(ရစ်ချတ်၏ အံ့ဖွယ်ကျွန်းမှာ မက္ကဆီကို နိုင်ငံတွင် တည်ရှိသည်။ ဓာတ်ပုံ-Coolest Thing/YouTube)
(ပလတ်စတစ်ဘူးများကို အိတ်များတွင် ထည့်ကာ ရေပေါ်ကျွန်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Coolest Thing/YouTube)
(သူ၏ လှေပေါ်မှ ချစ်စဖွယ်ထိုင်ခုံ။ ဓာတ်ပုံ-Coolest Thing/YouTube)
(ခရုခွံ ရေပန်း။ ဓာတ်ပုံ-Coolest Thing/YouTube)
(လမုပင်များက ကျွန်းကို ပိုမိုခိုင်ခံ့စေသည်။ ဓာတ်ပုံ-Coolest Thing/YouTube)
(ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေရသည်။ ဓာတ်ပုံ-Coolest Thing/YouTube)
(နေစွမ်းအင်သုံး ဟင်းချက်အိုးဖြင့် ပြုလုပ်ထားသော ကိတ်မုန့်။ ဓာတ်ပုံ-Coolest Thing/YouTube)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I built my own island using 150,000 plastic bottles – I made an oven out of glass & live off cash from visiting tourists (the Sun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service