အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
28 Sep 2023 10:55 am တွင် တင်ခဲ့သည်
1014 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်တွင် ပန်းရောင်တစ်ခုတည်းကိုသာ အသုံးပြုပြီး မွမ်းမံထားသည့် အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အိပ်ခန်း ၂ ခန်းပါ နေအိမ်တွင် အရာအားလုံးကို ပန်းရောင်ဆေးသုတ်ထားရုံမျှမက ခြံဝန်းအတွင်း ပန်းခြံစည်းရိုးအထိ ပန်းရောင်ကိုသာ ဆေးသုတ်ထားသည်။

ပန်းရောင်အမျိုးသမီးဟု နာမည်ကြီးပြီး ပန်းရောင်ကိုသာ ရူးသွပ်စွဲလန်းသည့် အိမ်ရှင်အမျိုးသမီး ယခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့ပြီးနောက် ယခုအခါ သူ၏ နေအိမ် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

အိမ်ရှင်အမျိုးသမီး ကေသီချားလ်စ်သည် ပန်းရောင်ကို အလွန်နှစ်သက်ပြီး နေအိမ်တစ်ခုလုံးကို ပန်းရောင်ဆေး သုတ်ရုံမျှမက အဝတ်အစားဝတ်လျှင်လည်း ပန်းရောင်သာဝတ်ပြီး ဆံပင်ကိုလည်း ပန်းရောင်သာ ဆေးဆိုးထားသည်။

 

(တစ်အိမ်လုံး ပန်းရောင်ကိုသာ အသုံးပြုထားသော နေအိမ် ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ သည်။)

 

(နံရံ ၊ မျက်နှာကြက်နှင့် အတွင်းပိုင်းအားလုံးကို ပန်းရောင်သာ ဆေးသုတ်ထားသည်။)

 

 

 (မီးဖိုဆောင် မြင်ကွင်း)

 

(ဧည့်ခန်း မြင်ကွင်း။)

 

(ဝန်းကျင်မှ အိမ်များနှင့် တမူကွဲထွက်နေသည်။)

 

အင်္ဂလန်နိုင်ငံ နော့တင်ဟမ်ရှိုင်းယားခရိုင် ၊ Toton ကျေးရွာတွင် တည်ရှိသော အိပ်ခန်း ၃ ခန်းပါ နေအိမ်ဖြစ်ကာ Robert Ellis အိမ်ခြံမြေကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

 

(နေအိမ်ထဲမှ အိပ်ခန်း ၁ ခန်း။ ပိုင်ရှင်သစ်အနေဖြင့် ဆေးရောင်ပြောင်းလဲနိုင်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။)

 

(ဤအိမ်ကို ပိုင်ဆိုင်ခဲ့သူ ကေသီချားလ်စ်သည် ပန်းရောင်ကို ရူးသွပ်ပြီး ဆံပင်ကိုလည်း ပန်းရောင်ဆေးဆိုးကာ ပန်းရောင်သာ ဝတ်စားလေ့ရှိသည်။)

 

(ခြံဝန်းအတွင်း ပန်းရောင်ဂိုဒေါင်တစ်လုံးလည်း ပါဝင်သည်။)

ယခုစံအိမ်သည် ဒေသတွင်း စာသင်ကျောင်းများ ၊ ဈေးဝယ်စင်တာများနှင့် နီးနီးနားနားရှိပြီး သယ်ယူပို့ဆောင်ရေးအတွက် နော့တင်ဟမ် ရထားလိုင်းနှင့် နီးကြောင်း RightMove အိမ်ခြံမြေဝက်ဘ်ဆိုက် တွင် တင်ခဲ့သော ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

အိမ်ပိုင်ရှင် ကေသီသည် အသက် ၆၀ ကျော်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသတွင် သူ၏ ထူးထူးခြားခြား ပန်းရောင်စွဲလန်းမှုဖြင့် လူသိများသည့်အပြင် လူချစ်လူခင်များသူတစ်ဦး ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ စာရင်းကိုင်တစ်ဦးဖြစ်သူ ဂျူလီယို ဟာရဲယာက “ကျွန်တော်တို့ ဒီဒေသကို ၂၀၁၉ ခုနှစ်မှာ ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ ပန်းရောင်အိမ်ကို တွေ့လိုက်တော့ စိတ်ထဲမှာ တမျိုးတမည် ဖြစ်သွားခဲ့ တယ်။ ဒါပေမဲ့ သူနဲ့ တွေ့လိုက်ပြီးတဲ့နောက် သူဟာ အကောင်းဆုံး အိမ်နီးချင်းတစ်ယောက်ဆိုတာ သိလာပါ တယ်”ဟု ပြောသည်။

အခြားအိမ်နီးချင်းတစ်ဦးဖြစ်သူ အသက် ၂၁ နှစ်အရွယ်ရှိ အဲလက်စ် ကင်းက “ကေသီက ချစ်စရာကောင်း ပါတယ်။ ကျွန်တော့်အိမ်ကို လမ်းညွှန်ချင်ရင် ပန်းရောင်အိမ်ကြီး ရှိတဲ့လမ်းပဲ….လို့ လမ်းညွှန်လေ့ ရှိပါတယ်” ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A real-life Barbie house! House painted in bright PINK from top to bottom goes on the market for £230,000 (dailymail)

 

 

[Zawgyi]

အဂၤလန္တြင္ ေနအိမ္တစ္ခုလံုးကို ပန္းေရာင္ျဖင့္သာ မြမ္းမံထားသည့္ ထူးျခားေသာ အိမ္တစ္လံုး ေပါင္ ၂၃၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

အဂၤလန္တြင္ ပန္းေရာင္တစ္ခုတည္းကိုသာ အသံုးျပဳျပီး မြမ္းမံထားသည့္ အိမ္တစ္လံုး ေပါင္ ၂၃၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

အိပ္ခန္း ၂ ခန္းပါ ေနအိမ္တြင္ အရာအားလံုးကို ပန္းေရာင္ေဆးသုတ္ထားရံုမွ်မက ျခံဝန္းအတြင္း ပန္းျခံစည္းရိုးအထိ ပန္းေရာင္ကိုသာ ေဆးသုတ္ထားသည္။

ပန္းေရာင္အမ်ဳိးသမီးဟု နာမည္ၾကီးျပီး ပန္းေရာင္ကိုသာ ရူးသြပ္စြဲလန္းသည့္ အိမ္ရွင္အမ်ဳိးသမီး ယခုႏွစ္ မတ္လတြင္ ကြယ္လြန္ခဲ့ျပီးေနာက္ ယခုအခါ သူ၏ ေနအိမ္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။

အိမ္ရွင္အမ်ဳိးသမီး ေကသီခ်ားလ္စ္သည္ ပန္းေရာင္ကို အလြန္ႏွစ္သက္ျပီး ေနအိမ္တစ္ခုလံုးကို ပန္းေရာင္ေဆး သုတ္ရံုမွ်မက အဝတ္အစားဝတ္လွ်င္လည္း ပန္းေရာင္သာဝတ္ျပီး ဆံပင္ကုိလည္း ပန္းေရာင္သာ ေဆးဆိုးထား သည္။

(တစ္အိမ္လံုး ပန္းေရာင္ကိုသာ အသံုးျပဳထားေသာ ေနအိမ္ ေပါင္ ၂၃၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ သည္။)

(နံရံ ၊ မ်က္ႏွာၾကက္ႏွင့္ အတြင္းပိုင္းအားလံုးကို ပန္းေရာင္သာ ေဆးသုတ္ထားသည္။)

(ဧည့္ခန္း ျမင္ကြင္း။)

(ဝန္းက်င္မွ အိမ္မ်ားႏွင့္ တမူကြဲထြက္ေနသည္။)

အဂၤလန္ႏုိင္ငံ ေနာ့တင္ဟမ္ရိႈင္းယားခရုိင္ ၊ Toton ေက်းရြာတြင္ တည္ရွိေသာ အိပ္ခန္း ၃ ခန္းပါ ေနအိမ္ျဖစ္ကာ Robert Ellis အိမ္ျခံေျမကုမၸဏီက အေရာင္းေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

(ေနအိမ္ထဲမွ အိပ္ခန္း ၁ ခန္း။ ပိုင္ရွင္သစ္အေနျဖင့္ ေဆးေရာင္ေျပာင္းလဲႏိုင္ေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။)

(ဤအိမ္ကို ပိုင္ဆုိင္ခဲ့သူ ေကသီခ်ားလ္စ္သည္ ပန္းေရာင္ကို ရူးသြပ္ျပီး ဆံပင္ကိုလည္း ပန္းေရာင္ေဆးဆိုးကာ ပန္းေရာင္သာ ဝတ္စားေလ့ရွိသည္။)

(ျခံဝန္းအတြင္း ပန္းေရာင္ဂိုေဒါင္တစ္လံုးလည္း ပါဝင္သည္။)

ယခုစံအိမ္သည္ ေဒသတြင္း စာသင္ေက်ာင္းမ်ား ၊ ေစ်းဝယ္စင္တာမ်ားႏွင့္ နီးနီးနားနားရွိျပီး သယ္ယူပို႔ေဆာင္ေရးအတြက္ ေနာ့တင္ဟမ္ ရထားလိုင္းႏွင့္ နီးေၾကာင္း RightMove အိမ္ျခံေျမဝက္ဘ္ဆုိက္ တြင္ တင္ခဲ့ေသာ ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

အိမ္ပိုင္ရွင္ ေကသီသည္ အသက္ ၆၀ ေက်ာ္အရြယ္တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ျပီး ထုိေဒသတြင္ သူ၏ ထူးထူးျခားျခား ပန္းေရာင္စြဲလန္းမႈျဖင့္ လူသိမ်ားသည့္အျပင္ လူခ်စ္လူခင္မ်ားသူတစ္ဦး ျဖစ္သည္။

အသက္ ၃၆ ႏွစ္အရြယ္ရွိ စာရင္းကိုင္တစ္ဦးျဖစ္သူ ဂ်ဴလီယို ဟာရဲယာက “ကၽြန္ေတာ္တုိ႔ ဒီေဒသကို ၂၀၁၉ ခုႏွစ္မွာ ေျပာင္းေရႊ႕အေျခခ်ခဲ့ပါတယ္။ ပန္းေရာင္အိမ္ကို ေတြ႔လိုက္ေတာ့ စိတ္ထဲမွာ တမ်ဳိးတမည္ ျဖစ္သြားခဲ့ တယ္။ ဒါေပမဲ့ သူနဲ႔ ေတြ႔လိုက္ျပီးတဲ့ေနာက္ သူဟာ အေကာင္းဆံုး အိမ္နီးခ်င္းတစ္ေယာက္ဆိုတာ သိလာပါ တယ္”ဟု ေျပာသည္။

အျခားအိမ္နီးခ်င္းတစ္ဦးျဖစ္သူ အသက္ ၂၁ ႏွစ္အရြယ္ရွိ အဲလက္စ္ ကင္းက “ေကသီက ခ်စ္စရာေကာင္း ပါတယ္။ ကၽြန္ေတာ့္အိမ္ကို လမ္းညႊန္ခ်င္ရင္ ပန္းေရာင္အိမ္ၾကီး ရွိတဲ့လမ္းပဲ….လို႔ လမ္းညႊန္ေလ့ ရွိပါတယ္” ဟု ေျပာသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A real-life Barbie house! House painted in bright PINK from top to bottom goes on the market for £230,000 (dailymail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service