အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သာ
အိမ်လခ ဈေးတက်မှုကြောင့် လှေကလေးတစ်စင်းဖြင့် နေထိုင်သော လန်ဒန်သူ မိန်းကလေး တစ်နှစ်လျှင် ပေါင် ၉၀၀၀ နီးပါး ကုန်ကျစရိတ်သက်သာ - Property News in Myanmar from iMyanmarHouse.com
25 Sep 2023 10:02 am တွင် တင်ခဲ့သည်
1093 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လန်ဒန်မြို့သူ ရှန်နွန်လိန်း အမည်ရှိ မိန်းကလေး၏ အိမ်လခမှာ ပေါင် ၉၅၀ မှ ပေါင် ၁၀၂၀ သို့ မြင့်တက်သွား ခဲ့သည်။
အိပ်ခန်းတစ်ခန်းပါ အဆိုပါအိမ်တွင် အခြားတစ်ဦးထပ်တင်ရန် အိမ်ရှင်က ပြောခဲ့သည်ဟု ဆိုသည်။
ထိုအခါ ရှန်နွန်မှာ သူမအတွက် အခြားနည်းလမ်းတစ်ခုခု ရွေးချယ်ရန် အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သည်။
ရှန်နွန်သည် လန်ဒန်မြို့ရှိ တူးမြောင်းများတလျှောက် လမ်းလျှောက်နေရင်း ဘဝနေထိုင်မှု အခြားနည်းလမ်းကို အကြံရလာသည်ဟု ဆိုသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ရှန်နွန်သည် တူးမြောင်းတစ်နေရာတွင် ရောင်းမည်ဟု ဆိုင်းဘုတ်တင်ထားသော လှေကလေးတစ်စင်းကို တွေ့ရှိခဲ့ပြီးနောက် လှေပေါ်တွင် နေထိုင်ရန် အကြံပေါ်ခဲ့သည်။
ရှန်နွန်သည် အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဘက်ကင်ဟမ်ရှိုင်းယားခရိုင်မှ လာရောက်သူတစ်ဦးဖြစ်သည်။
“ကျွန်မက လန်ဒန်အရှေ့ပိုင်း Clapton ခရိုင်က တိုက်ခန်းတစ်ခန်းမှာ နေပါတယ်။ အိမ်လခက တစ်လကို ပေါင် ၉၅၀ လောက် ပေးရပြီး အိမ်ရှင်က ပေါင် ၇၀ လောက် ဈေးတင်ဖို့နဲ့ နောက်တစ်ယောက် ထပ်တင်ချင်နေ ပါတယ်။”
“သူတို့က အခန်းထဲမှာ နံရံတစ်ခုကန့်ပြီး နောက်တစ်ယောက်ကို ညစာစားခန်းထဲမှာ ပြတင်းပေါက်မပါတဲ့ အိပ်ခန်းလို အခန်းဖွဲ့ပြီး လူထပ်တင်ချင်နေပါတယ်။ ဒါက တရားမဝင်ဘူးဆိုတာ သေချာပါတယ်။”
“ကျွန်မ တူးမြောင်းတလျှောက် လမ်းလျှောက်ခဲ့တဲ့အချိန်မှာ အခုကျွန်မဝယ်လိုက်တဲ့လှေကို တွေ့ခဲ့ပါတယ်။ လှေမှာ ရောင်းမည်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတော့ ကျွန်မ ကြည့်လိုက်တဲ့အချိန်မှာ လှေကလေးကို ချစ်သွားတယ်။”
(ယခုအခါ ရှန်နွန်သည် တစ်လလျှင် ပေါင် ၃၅၀ ခန့်သာ ကုန်ကျတော့သည်။ ဓာတ်ပုံ-@thaweirdboatgirl/ Caters)
လှေပေါ်တွင် နေထိုင်ကြသူတို့အကြောင်း လုံးဝမသိသော်လည်း ရှန်နွန်က ချေးငွေထုတ်ယူကာ ဤလှေကို ယခုနှစ်အစောပိုင်းက ပေါင် ၂၄၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။
“တကယ်တော့ ကျွန်မက ငှားနေတဲ့သဘောပါပဲ။ ချေးငွေထုတ်ပြီး ဒီလှေကို ဝယ်ခဲ့တာပါ။ လှေပေါ်မှာ နေတဲ့ တခြားသူတွေကို ကျွန်မမသိပါဘူး။ တောပိုင်းမှာနေတဲ့လူ (ဒါမှမဟုတ်) သက်ကြီးရွယ်အိုတွေပဲ ဒီလိုမျိုး နေလိမ့်မယ်လို့ ထင်ခဲ့တယ်။ ကျွန်မအရွယ်တွေ ဒီလိုနေသလားဆိုတာ မသိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ လန်ဒန်က တူးမြောင်းတွေထဲမှာ ကျွန်မအရွယ်တွေ အများကြီးတွေ့လာတယ်။ သူတို့က ကျွန်မကို ကူညီကြ ပါတယ်။”
(လှေပေါ်တွင် နေထိုင်ရမှုဘဝနှင့် ပတ်သက်၍ ရှန်နွန် မည်သည်အရာမျှ သိမထားခဲ့။ ဓာတ်ပုံ-@thaweirdboatgirl/Caters)
ယခင် အိမ်ငှားနေခဲ့စဉ်က တစ်လလျှင် ပေါင်၁၁၀၀ ခန့် ကုန်ခဲ့ပြီး ယခုအခါ ပေါင် ၃၅၀ ခန့်သာ ကုန်ကျတော့သည်။
ရှန်နွန်သည် လန်ဒန်မြို့ရှိ တူးမြောင်းများတွင် သူ၏ လှေကလေးပေါ်၌ Gilbert ဟု အမည်ပေးထားသော အမွေးတို ခွေးကလေးတစ်ကောင်နှင့်အတူ နေထိုင်လျက်ရှိပြီး ခွေးကလေးမှာလည်း လှေပေါ်နေထိုင်ရမှု ဘဝကို နှစ်သက်လျက် ရှိသည်။
ရှန်နွန်၏ လှေကလေးသည် နှစ်စဉ် ဝမ်းပိုင်းကို ရေလုံစေရန် ကတ္တရာသုတ်ခြင်းအတွက် ပေါင် ၁၀၀ ခန့်နှင့် လိုင်စင်ကြေး ပေါင် ၈၀၀ ပေးဆောင်ရသည်။
(ရှန်နွန်၏ ခွေးကလေး Gilbert ။ ဓာတ်ပုံ-@thaweirdboatgirl/ Caters)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Londoner now saves nearly £9,000 every year after ditching rental flat for a narrowboat (metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service