အမေရိကန်ပြည် ၊ ကာရိုလိုင်းနားပြည်နယ်ရှိ တောကြီးထဲတွင် အမျိုးသားတစ်ဦး ရွှံ့ ၊ ကောက်ရိုးတို့ဖြင့် အိမ်ဆောက်နေထိုင်ရာ ၁၈၈ ဒေါ်လာသာ ကုန်ကျ

အမေရိကန်ပြည် ၊ ကာရိုလိုင်းနားပြည်နယ်ရှိ တောကြီးထဲတွင် အမျိုးသားတစ်ဦး ရွှံ့ ၊ ကောက်ရိုးတို့ဖြင့် အိမ်ဆောက်နေထိုင်ရာ ၁၈၈ ဒေါ်လာသာ ကုန်ကျ - Property News in Myanmar from iMyanmarHouse.com
14 Sep 2023 10:24 am တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပန်းချီဆရာတစ်ဦးသည် တောကြီးမျက်မည်းတစ်ခုထဲတွင် ရွှံ့ဖြင့် အိမ်တစ်လုံး ကိုယ်တိုင် ဆောက်လုပ်နေထိုင် ခဲ့ရာ ဆောက်လုပ်မှု စရိတ် ၁၈၈ ဒေါ်လာ (မြန်မာငွေ ၃၉၀,၀၀၀ ခန့်) သာ ကုန်ကျကြောင်း The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

(မှတ်ချက်။ စက်တင်ဘာ ၆ ရက်နေ့ သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၁၀၃ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

 

ဆေ့ဂျ် စတုန်းမန်း (Sage Stoneman) အမည်ရှိ အမျိုးသားက တောအတွင်းရှိ သူ၏ သဘာဝနေအိမ်တွင် တတ်နိုင်သမျှ ငွေသုံးစွဲမှု နည်းပါးရန် ပန်းတိုင်ချမှတ်ထားသည်။

 

(စတုန်းမန်း၏ အိမ်ကို ရွှံ့ ၊ ရေ ၊ ကောက်ရိုးတို့ဖြင့် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ- YouTube/Natural Building)

 

(စတုန်းမန်းက သူ၏ နေအိမ်အတွင်း တစ်ပတ်ရစ်ပစ္စည်းများသာ အသုံးပြုထားပြီး ဆောက်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ ၂၀၀ နီးပါးခန့်သာ ရှိသည်။ ဓာတ်ပုံ- Instagram)

 

“ဒါက ဆောက်လုပ်ဖို့အတွက် တော်တော်ကို အကုန်အကျသက်သာတဲ့ နည်းလမ်းပါပဲ။ဘာကြောင့်လဲ ဆိုတော့ ဒါတွေက အခမဲ့ရတာတွေပဲလေ”ဟု YouTube ချန်နယ်တစ်ခုဖြစ်သော Natural Building တွင် တင်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုတွင် စတုန်းမန်းက ပြောသည်။

“ကိုယ်တိုင်ခုတ်တဲ့ သစ်တွေကို သုံးတာကြောင့် အိမ်ရဲ့ ဘောင်တွေ တန်းတွေကလည်း ကုန်ကျစရိတ် မရှိပါဘူး”

“ကုန်ကျစရိတ် သက်သာမှုအပြင် ဒီအိမ်ဟာ ကိုယ်ရောက်တဲ့နေရာနဲ့ ထိတွေ့ဆက်နွှယ်မှုပေးပြီး သဘာဝ ပတ်ဝန်းကျင်ရဲ့ အခက်အလက်တစ်ခုသဖွယ်လည်း ဖြစ်ပါတယ်”

ရွှံ့နှင့် သစ်တို့ကိုသုံးကာ စတုန်းမန်းက ယခုအိမ်ကို ဆောက်လုပ်ရာတွင် တမူထူးသော ပြတင်းများနှင့် အခြားဖန်တီးမှုများ လုပ်ဆောင်နိုင်ခဲ့သည်။

ပြတင်းများအတွက် စတုန်းမန်းက အခမဲ့ရသော မှန်အပိုင်းအစများဖြင့် လက်ရာမြောက်စွာ ပုံဖော်ခဲ့သည်။

“ပစ္စည်းဟောင်းတွေနဲ့ သဘာဝကရတဲ့ ပစ္စည်းတွေပဲ သုံးဖို့ဆိုတဲ့ ရည်မှန်းချက်အပြင် ငွေသုံးစွဲမှုကိုလည်း နည်းနိုင်သမျှ နည်းအောင် သုံးမယ်လို့ ဆုံးဖြတ်ပြီး ဆောက်လုပ်ခဲ့တာပါ။ ကျွန်တော်ဒီအိမ်လေးကို ဒေါ်လာ ၂၀၀ လောက်နဲ့ ဆောက်နိုင်ခဲ့ပါတယ်”

စတုန်းမန်းသည် ယခုအိမ်ကို ဆောက်လုပ်ရာတွင် ကောင်းကင်အလင်းရစေမည့် ခေါင်မိုးအတွက် ဝက်အူ (Screw) များနှင့် ကော်အတွက်သာ ငွေသုံးစွဲခဲ့ရခြင်း ဖြစ်သည်။

စတုန်းမန်းက သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်နွှယ်မှုရှိစေရန် ဆုံးဖြတ်ထားရာ သူ့အိမ်တွင် တံခါးပေါက်ပင်လျှင် တပ်ဆင်ထားခြင်း မရှိချေ။

စတုန်းမန်း၏ နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်မှ တောကြီးတစ်ခုအတွင်း တည်ရှိပြီး ထိုဒေသမှာ စွတ်စိုသော မုတ်သုံတစ်ပိုင်း ရာသီဥတုမျိုး ရှိသည်။

တံခါးများမှာ အတားအဆီးတစ်ခုဖြစ်နေသောကြောင့် စိတ်ပျက်ဖွယ်ကောင်းကြောင်း စတုန်းမန်းက ပြောသည်။

ရာသီဥတုအေးလာပါက မီးဖိုမှ အပူဓာတ် အိမ်အတွင်း ထိန်းထားနိုင်ရန် စတုန်းမန်းက ပြတင်းနှင့် တံခါးဝများကို အထည်စများဖြင့် အုပ်ဆိုင်းကာရံထားလေ့ရှိသည်။

သူ၏အိပ်ရာမှာ ဖြုတ်သိမ်းနိုင်သော အမိုးအောက်ထပ်ခိုးအဖြစ် တည်ရှိပြီး အိပ်ရာဆီသို့ သွားမည်ဆိုလျှင် ပန်းကန်ဗီရိုပေါ်မှ တက်ကာ သွားရသည်။

သူ၏အိမ်တွင် အခန်းတစ်ခန်းသာရှိပြီး သားရေလက်တင်ကုလားထိုင်၊ မနက်စာစားသော သစ်သားကုလားထိုင်၊ ကော်ဇောများနှင့် မီးအိမ်များအပါအဝင် တစ်ပတ်ရစ်ပစ္စည်းများသာ ထားရှိသည်။

 

(စတုန်းမန်း၏ အိမ်အတွင်းရှိ ပစ္စည်းအားလုံးမှာ အဟောင်းများသာ ဖြစ်သည်။ ဓာတ်ပုံ- YouTube/Natural Building)

 

 

(စတုန်းမန်း၏ အိမ်မှ တွေ့မြင်ရသည့် သဘာဝရှုခင်း။ ဓာတ်ပုံ- YouTube/Natural Building)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I live debt-free in a tiny house made of mud I built for £150 – the only thing I spent cash on was glue and screws (thesun)

 

 

 

[Zawgyi]

 

အေမရိကန္ျပည္ ၊ ကာရိုလိုင္းနားျပည္နယ္ရွိ ေတာၾကီးထဲတြင္ အမ်ဳိးသားတစ္ဦး ရႊံ႕ ၊ ေကာက္ရိုးတို႔ျဖင့္ အိမ္ေဆာက္ေနထိုင္ရာ ၁၈၈ ေဒၚလာသာ ကုန္က်

 

ပန္းခ်ီဆရာတစ္ဦးသည္ ေတာၾကီးမ်က္မည္းတစ္ခုထဲတြင္ ရႊံ႕ျဖင့္ အိမ္တစ္လံုး ကိုယ္တိုင္ ေဆာက္လုပ္ေနထိုင္ ခဲ့ရာ ေဆာက္လုပ္မႈ စရိတ္ ၁၈၈ ေဒၚလာ (ျမန္မာေငြ ၃၉၀,၀၀၀ ခန္႔) သာ ကုန္က်ေၾကာင္း The Sun သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

(မွတ္ခ်က္။ စက္တင္ဘာ ၆ ရက္ေန႔ သတ္မွတ္ေငြလဲႏႈန္း ကန္ ၁ ေဒၚလာလွ်င္ ျမန္မာက်ပ္ေငြ ၂၁၀၃ ျဖင့္ တြက္ခ်က္ထားျခင္း ျဖစ္ပါသည္။)

ေဆ့ဂ်္ စတုန္းမန္း (Sage Stoneman) အမည္ရွိ အမ်ဳိးသားက ေတာအတြင္းရွိ သူ၏ သဘာဝေနအိမ္တြင္ တတ္ႏိုင္သမွ် ေငြသံုးစြဲမႈ နည္းပါးရန္ ပန္းတိုင္ခ်မွတ္ထားသည္။

 

(စတုန္းမန္း၏ အိမ္ကို ရႊံ႕ ၊ ေရ ၊ ေကာက္ရိုးတို႔ျဖင့္ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု- YouTube/Natural Building)

 

(စတုန္းမန္းက သူ၏ ေနအိမ္အတြင္း တစ္ပတ္ရစ္ပစၥည္းမ်ားသာ အသံုးျပဳထားျပီး ေဆာက္လုပ္မႈ ကုန္က်စရိတ္ ေဒၚလာ ၂၀၀ နီးပါးခန္႔သာ ရွိသည္။ ဓာတ္ပံု- Instagram)

“ဒါက ေဆာက္လုပ္ဖို႔အတြက္ ေတာ္ေတာ္ကို အကုန္အက်သက္သာတဲ့ နည္းလမ္းပါပဲ။ဘာေၾကာင့္လဲ ဆိုေတာ့ ဒါေတြက အခမဲ့ရတာေတြပဲေလ”ဟု YouTube ခ်န္နယ္တစ္ခုျဖစ္ေသာ Natural Building တြင္ တင္ခဲ့သည့္ ဗြီဒီယိုဖိုင္တစ္ခုတြင္ စတုန္းမန္းက ေျပာသည္။

“ကိုယ္တိုင္ခုတ္တဲ့ သစ္ေတြကို သံုးတာေၾကာင့္ အိမ္ရဲ႕ ေဘာင္ေတြ တန္းေတြကလည္း ကုန္က်စရိတ္ မရွိပါဘူး”

“ကုန္က်စရိတ္ သက္သာမႈအျပင္ ဒီအိမ္ဟာ ကိုယ္ေရာက္တဲ့ေနရာနဲ႔ ထိေတြ႔ဆက္ႏႊယ္မႈေပးျပီး သဘာဝ ပတ္ဝန္းက်င္ရဲ႕ အခက္အလက္တစ္ခုသဖြယ္လည္း ျဖစ္ပါတယ္”

ရႊံ႕ႏွင့္ သစ္တို႔ကိုသံုးကာ စတုန္းမန္းက ယခုအိမ္ကို ေဆာက္လုပ္ရာတြင္ တမူထူးေသာ ျပတင္းမ်ားႏွင့္ အျခားဖန္တီးမႈမ်ား လုပ္ေဆာင္ႏိုင္ခဲ့သည္။

ျပတင္းမ်ားအတြက္ စတုန္းမန္းက အခမဲ့ရေသာ မွန္အပိုင္းအစမ်ားျဖင့္ လက္ရာေျမာက္စြာ ပံုေဖာ္ခဲ့သည္။

“ပစၥည္းေဟာင္းေတြနဲ႔ သဘာဝကရတဲ့ ပစၥည္းေတြပဲ သံုးဖို႔ဆိုတဲ့ ရည္မွန္းခ်က္အျပင္ ေငြသံုးစြဲမႈကိုလည္း နည္းႏိုင္သမွ် နည္းေအာင္ သံုးမယ္လို႔ ဆံုးျဖတ္ျပီး ေဆာက္လုပ္ခဲ့တာပါ။ ကၽြန္ေတာ္ဒီအိမ္ေလးကို ေဒၚလာ ၂၀၀ ေလာက္နဲ႔ ေဆာက္ႏိုင္ခဲ့ပါတယ္”

စတုန္းမန္းသည္ ယခုအိမ္ကို ေဆာက္လုပ္ရာတြင္ ေကာင္းကင္အလင္းရေစမည့္ ေခါင္မိုးအတြက္ ဝက္အူ (Screw) မ်ားႏွင့္ ေကာ္အတြက္သာ ေငြသံုးစြဲခဲ့ရျခင္း ျဖစ္သည္။

စတုန္းမန္းက သဘာဝပတ္ဝန္းက်င္ႏွင့္ ထိေတြ႔ဆက္ႏႊယ္မႈရွိေစရန္ ဆံုးျဖတ္ထားရာ သူ႔အိမ္တြင္ တံခါးေပါက္ပင္လွ်င္ တပ္ဆင္ထားျခင္း မရွိေခ်။

စတုန္းမန္း၏ ေနအိမ္မွာ အေမရိကန္ျပည္ေထာင္စု၊ ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္မွ ေတာႀကီးတစ္ခုအတြင္း တည္႐ွိၿပီး ထိုေဒသမွာ စြတ္စိုေသာ မုတ္သုံတစ္ပိုင္း ရာသီဥတုမ်ိဳး ႐ွိသည္။

တံခါးမ်ားမွာ အတားအဆီးတစ္ခုျဖစ္ေနေသာေၾကာင့္ စိတ္ပ်က္ဖြယ္ေကာင္းေၾကာင္း စတုန္းမန္းက ေျပာသည္။

ရာသီဥတုေအးလာပါက မီးဖိုမွ အပူဓာတ္ အိမ္အတြင္း ထိန္္းထားႏိုင္ရန္ စတုန္းမန္းက ျပတင္းႏွင့္ တံခါးဝမ်ားကို အထည္စမ်ားျဖင့္ အုပ္ဆိုင္္းကာရံထားေလ့ရွိသည္။

သူ၏အိပ္ရာမွာ ျဖဳတ္သိမ္းႏိုင္ေသာ အမိုးေအာက္ထပ္ခိုးအျဖစ္ တည္ရွိျပီး အိပ္ရာဆီသို႔ သြားမည္ဆိုလွ်င္ ပန္းကန္ဗီရိုေပၚမွ တက္ကာ သြားရသည္။

သူ၏အိမ္တြင္ အခန္းတစ္ခန္းသာရွိျပီး သားေရလက္တင္ကုလားထုိင္၊ မနက္စာစားေသာ သစ္သားကုလားထုိင္၊ ေကာ္ေဇာမ်ားႏွင့္ မီးအိမ္မ်ားအပါအဝင္ တစ္ပတ္ရစ္ပစၥည္းမ်ားသာ ထားရွိသည္။

(စတုန္းမန္း၏ အိမ္အတြင္းရွိ ပစၥည္းအားလံုးမွာ အေဟာင္းမ်ားသာ ျဖစ္သည္။ ဓာတ္ပံု- YouTube/Natural Building)

(စတုန္းမန္း၏ အိမ္မွ ေတြ႔ျမင္ရသည့္ သဘာဝရႈခင္း။ ဓာတ္ပံု- YouTube/Natural Building)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I live debt-free in a tiny house made of mud I built for £150 – the only thing I spent cash on was glue and screws (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service