Delivery သမားများ မလာသော အင်္ဂလန်မှ အလွန်မတ်စောက်သောလမ်း

Delivery သမားများ မလာသော အင်္ဂလန်မှ အလွန်မတ်စောက်သောလမ်း - Property News in Myanmar from iMyanmarHouse.com
13 Sep 2023 10:02 am တွင် တင်ခဲ့သည်
601 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်၏ အမတ်စောက်ဆုံးလမ်းတွင် နေထိုင်သူတို့က ပြောသည်မှာ ၎င်းတို့၏လမ်းသို့ Delivery သမားများ ခေါ်ယူ၍ မရသည့်အပြင် ဆောင်းကာလများတွင် သံမှိုတပ်ဆင်ထားသော ဖိနပ်များစီးရသော်လည်း အခြားဒေသများသို့ ပြောင်းရွှေ့ နေထိုင်လိုခြင်းမရှိကြောင်း ပြောသည်။

အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုးလ်မြို့၊ Vale လမ်းသည် အင်္ဂလန်၏ အမတ်စောက်ဆုံးလမ်းဖြစ်ပြီး လမ်း၏ မတ်စောက်မှုမှာ ၂၂ ဒီဂရီရှိသော်လည်း ထိုလမ်းတွင်နေထိုင်သူတို့က ကျင့်သားရနေကြပြီဖြစ်ကြောင်း ပြောကြသည်။

(ဘရစ္စတိုးလ်မြို့ရှိ Vale လမ်းသည် အင်္ဂလန်၏ အမတ်စောက်ဆုံးလမ်းအဖြစ် သတ်မှတ်ခံထားရသည်။ ဓာတ်ပုံ- SWNS)

 

(Vale လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်သော အသက် ၄၅ နှစ်အရွယ်ရှိ ဘင်ဂျီ အက်ပဲလ်ဘီ တိုင်လာ။ ဓာတ်ပုံ-SWNS)

 

(လမ်းမှာ အလွန်မတ်စောက်လှသောကြောင့် Delivery သမားများ ခေါ်၍ မရကြောင်း ထိုလမ်းတွင် နေထိုင်သူ တို့က ပြောသည်။ ဓာတ်ပုံ-SWNS)

 

Delivery ယာဉ်မောင်းများက ဤလမ်းသို့ လာရန် ငြင်းဆိုကြသည့်အပြင် မိမိတို့၏ ကားများကို မောင်းတက်၍ မရနိုင်သော်လည်း ဤလမ်း၏ ရှုမျှော်ခင်းများ၊ ဒေသခံများကြောင့် နေရသည်မှာ ထိုက်တန်ကြောင်း လမ်းအတွင်း နေသူတို့က ပြောသည်။

Vale လမ်းတွင် နေထိုင်လာသည်မှာ ၉ နှစ်ရှိခဲ့ပြီဖြစ်သည့် အနုပညာရှင်တစ်ဦးဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ ဘင်ဂျီ အက်ပဲလ်ဘီ တိုင်လာက “အချိန်အများစုမှာ နေထိုင်ရအဆင်ပြေပါတယ်။ ဆောင်းတွင်းမှာတော့ ခက်ခဲပါတယ်”ဟု ပြောသည်။

“လမ်းက ချော်နေတာကြောင့် အပြင်ကို သွားချင်တယ်ဆိုရင် ဖိနပ်မှာ ရေခဲပြင်စီး ဖိနပ်တွေမှာတပ်တဲ့ သံဆူးပြားတွေ တပ်ရတယ်။ ကိုယ့်ဖိနပ်တွေမှာ သံမှိုတပ်တာမျိုးပေါ့”

“လမ်းထဲကို လာတဲ့သူတွေ အများကြီးရှိတယ်။ အထူးသဖြင့် ကိုဗစ် လော့ဒေါင်းကာလမျိုးမှာပေါ့။ ဆိုင်ကယ်စီးသူတွေနဲ့ လမ်းလျှောက်သူတွေဟာ ဒီလမ်းကို တက်လိုက်ဆင်းလိုက်လုပ်ကြတယ်။ ကျွန်တော်တို့ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး”

နေအိမ်သို့ ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲကြောင်း၊ အဝတ်လျှော်စက်ကဲ့သို့ စက်ပစ္စည်းများ ဝယ်ယူချိန်တွင် လမ်းအောက်ဘက်ဆီသို့ ဆင်းသွားရပြီး ကားပေါ်မှ ပစ္စည်းချကာ ကိုယ်တိုင်သယ်ယူရကြောင်း တိုင်လာက ပြောသည်။

“ပစ္စည်းပို့တဲ့ ယာဉ်မောင်းတွေက အိမ်ရှေ့အထိ မလာကြပါဘူး။ ကျွန်တော်တို့က လမ်းအောက်ဘက်ကို ဆင်းသွားပြီး သူတို့ကို သွားတွေ့ရပါတယ်”

Vale လမ်းတွင် နှစ်ပေါင်း ၂၀ အခြေချနေထိုင်လျက်ရှိသူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံဖြစ်သူ Kath Haddow က “တနည်းတဖုံအနေနဲ့တော့ ကျွန်တော်တို့ ကံကောင်းတာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းပေါ်မှာ ဘယ်သူမှ ကားမရပ်ချင်ကြဘူးလေ။ လမ်းထဲမှာ နေတဲ့သူတွေလောက်ပဲ ကားရပ်ကြတယ်” ဟု ပြောသည်။

“အပြင်မထွက်မီ ရာသီဥတု အခြေအနေကြည့်ဖို့ လိုပါတယ်။ နှင်းမကျမီ ကားကို ရွှေ့မထားဘူးဆိုရင် ကားဟာ နှင်းထုပြင်ထဲမှာ ရက်သတ္တပတ်နဲ့ချီပြီး မြုပ်နေတော့မှာဖြစ်ပါတယ်။ ရေခဲပြင်တွေက တော်တော်နဲ့ အရည်မပျော်ပါဘူး”

Vale လမ်းတွင် နှင်းလျှောစီးကြသူများ ရှိသည့်အပြင် နှစ်စဉ် ကြက်ဥလှိမ့် ပြိုင်ပွဲလည်း ရှိသည်။

ထိုဒေသဝန်းကျင်တွင် နေထိုင်သူတို့သည် ကြက်ဥလှိမ့်ပြိုင်ပွဲကာလသို့ ရောက်သောအခါ ကြက်ဥများကို ဆေးရောင်ခြယ်ကာ လမ်းပေါ်တောင်ကုန်းအမြင့်ဆီမှ လမ်းအောက်ဆီသို့ လှိမ့်ချကာ ကြက်ဥအပြေးပြိုင်ကြခြင်း ဖြစ်သည်။

Vale လမ်းတွင် တစ်ဦးအကြောင်းတစ်ဦးကောင်းစွာသိကြကြောင်း၊ နေထိုင်ကြသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း လမ်းသူလမ်းသားတို့က ပြောသည်။

Vale လမ်းတွင် နေထိုင်ခဲ့သည်မှာ ၈ နှစ်ရှိခဲ့ပြီဖြစ်သော ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သူ ရူစကာ လန်းဒင်က “ဒီမှာနေရတာ အရမ်းကောင်းပါတယ်။ ရှုခင်းတွေနဲ့တင် တန်နေပါပြီ။ အစားအသောက်မှာတယ်ဆိုရင်တော့ Delivery ယာဉ်မောင်းတွေက အိမ်ကိုမလာပါဘူး။ ဒီလမ်းကို မောင်းမတက်ဖို့ သူတို့ဆီမှာ သတိပေးချက်တွေ ရှိတယ်လို့ ပြောပါတယ်။”ဟု ဆိုသည်။

“ကျွန်မ ဒီနေရာလေးကို ချစ်ပါတယ်။ ဒီကလူတွေက တစ်ဦးအပေါ်တစ်ဦး အမြဲ နိုးနိုးကြားကြား စောင့်ရှောက်ကြတယ်။”

ရူစကာ၏ အိမ်နီးချင်းဖြစ်သူ ဆက်သွယ်ရေး မန်နေဂျာတစ်ဦးဖြစ်သော အသက် ၄၉ နှစ်အရွယ်ရှိ ဟယ်လင်လိုနီသည် Vale လမ်းတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိပြီ ဖြစ်သည်။

“ဒီလမ်းမှာ နေသူ အများစုဟာ ဘယ်တော့မှ ပြောင်းမသွားကြဘူး။ ဘာကြောင့်လဲဆိုတော့ ရှုခင်းကြောင့်ပဲ။ ရှုခင်းက အံ့မခန်းပါပဲ။”ဟု ဟယ်လင်လိုနီက ပြောသည်။

(ဤလမ်းတွင် ၈ နှစ်ကြာ နေထိုင်လျက်ရှိသူ ရူစကာ လန်းဒင်။ ဓာတ်ပုံ-SWNS)

 

(ဆောင်းတွင်းသို့ ရောက်လျှင် သံဆူးပါ ဖိနပ်များ စီးကြရသည်။ ဓာတ်ပုံ-SWNS)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:We live on England’s steepest street – we can’t get deliveries and have to wear special shoes but we LOVE it here (the-sun)

 

[Zawgyi]

 

Delivery သမားမ်ား မလာေသာ အဂၤလန္မွ အလြန္မတ္ေစာက္ေသာလမ္း

 

အဂၤလန္၏ အမတ္ေစာက္ဆံုးလမ္းတြင္ ေနထိုင္သူတို႔က ေျပာသည္မွာ ၎တို႔၏လမ္းသို႔ Delivery သမားမ်ား ေခၚယူ၍ မရသည့္အျပင္ ေဆာင္းကာလမ်ားတြင္ သံမႈိတပ္ဆင္ထားေသာ ဖိနပ္မ်ားစီးရေသာ္လည္း အျခားေဒသမ်ားသို႔ ေျပာင္းေရႊ႕ ေနထိုင္လိုျခင္းမရွိေၾကာင္း ေျပာသည္။

အဂၤလန္ႏိုင္ငံ၊ ဘရစၥတိုးလ္ျမိဳ႕၊ Vale လမ္းသည္ အဂၤလန္၏ အမတ္ေစာက္ဆံုးလမ္းျဖစ္ျပီး လမ္း၏ မတ္ေစာက္မႈမွာ ၂၂ ဒီဂရီရွိေသာ္လည္း ထိုလမ္းတြင္ေနထိုင္သူတို႔က က်င့္သားရေနၾကျပီျဖစ္ေၾကာင္း ေျပာၾကသည္။

(ဘရစၥတိုးလ္ျမိဳ႕ရွိ Vale လမ္းသည္ အဂၤလန္၏ အမတ္ေစာက္ဆံုးလမ္းအျဖစ္ သတ္မွတ္ခံထားရသည္။ ဓာတ္ပံု- SWNS)

(Vale လမ္းတြင္ ေနထိုင္သူတစ္ဦးျဖစ္ေသာ အသက္ ၄၅ ႏွစ္အရြယ္ရွိ ဘင္ဂ်ီ အက္ပဲလ္ဘီ တိုင္လာ။ ဓာတ္ပံု-SWNS)

(လမ္းမွာ အလြန္မတ္ေစာက္လွေသာေၾကာင့္ Delivery သမားမ်ား ေခၚ၍ မရေၾကာင္း ထိုလမ္းတြင္ ေနထိုင္သူ တို႔က ေျပာသည္။ ဓာတ္ပံု-SWNS)

Delivery ယာဥ္ေမာင္းမ်ားက ဤလမ္းသို႔ လာရန္ ျငင္းဆိုၾကသည့္အျပင္ မိမိတို႔၏ ကားမ်ားကို ေမာင္းတက္၍ မရႏိုင္ေသာ္လည္း ဤလမ္း၏ ရႈေမွ်ာ္ခင္းမ်ား၊ ေဒသခံမ်ားေၾကာင့္ ေနရသည္မွာ ထိုက္တန္ေၾကာင္း လမ္းအတြင္း ေနသူတို႔က ေျပာသည္။

Vale လမ္းတြင္ ေနထိုင္လာသည္မွာ ၉ ႏွစ္ရွိခဲ့ျပီျဖစ္သည့္ အႏုပညာရွင္တစ္ဦးျဖစ္သူ အသက္ ၄၅ ႏွစ္အရြယ္ရွိ ဘင္ဂ်ီ အက္ပဲလ္ဘီ တိုင္လာက “အခ်ိန္အမ်ားစုမွာ ေနထိုင္ရအဆင္ေျပပါတယ္။ ေဆာင္းတြင္းမွာေတာ့ ခက္ခဲပါတယ္”ဟု ေျပာသည္။

“လမ္းက ေခ်ာ္ေနတာေၾကာင့္ အျပင္ကို သြားခ်င္တယ္ဆိုရင္ ဖိနပ္မွာ ေရခဲျပင္စီး ဖိနပ္ေတြမွာတပ္တဲ့ သံဆူးျပားေတြ တပ္ရတယ္။ ကိုယ့္ဖိနပ္ေတြမွာ သံမႈိတပ္တာမ်ဳိးေပါ့”

“လမ္းထဲကို လာတဲ့သူေတြ အမ်ားၾကီးရွိတယ္။ အထူးသျဖင့္ ကိုဗစ္ ေလာ့ေဒါင္းကာလမ်ဳိးမွာေပါ့။ ဆိုင္ကယ္စီးသူေတြနဲ႔ လမ္းေလွ်ာက္သူေတြဟာ ဒီလမ္းကို တက္လိုက္ဆင္းလိုက္လုပ္ၾကတယ္။ ကၽြန္ေတာ္တို႔ စိတ္အေႏွာင့္အယွက္ မျဖစ္ပါဘူး” ေနအိမ္သို႔ ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ရန္ ခက္ခဲေၾကာင္း၊ အဝတ္ေလွ်ာ္စက္ကဲ့သို႔ စက္ပစၥည္းမ်ား ဝယ္ယူခ်ိန္တြင္ လမ္းေအာက္ဘက္ဆီသို႔ ဆင္းသြားရျပီး ကားေပၚမွ ပစၥည္းခ်ကာ ကိုယ္တိုင္သယ္ယူရေၾကာင္း တိုင္လာက ေျပာသည္။

“ပစၥည္းပို႔တဲ့ ယာဥ္ေမာင္းေတြက အိမ္ေရွ႕အထိ မလာၾကပါဘူး။ ကၽြန္ေတာ္တို႔က လမ္းေအာက္ဘက္ကို ဆင္းသြားျပီး သူတို႔ကို သြားေတြ႔ရပါတယ္”

Vale လမ္းတြင္ ႏွစ္ေပါင္း ၂၀ အေျခခ်ေနထိုင္လ်က္ရွိသူ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အတိုင္ပင္ခံျဖစ္သူ Kath Haddow က “တနည္းတဖံုအေနနဲ႔ေတာ့ ကၽြန္ေတာ္တို႔ ကံေကာင္းတာရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလမ္းေပၚမွာ ဘယ္သူမွ ကားမရပ္ခ်င္ၾကဘူးေလ။ လမ္းထဲမွာ ေနတဲ့သူေတြေလာက္ပဲ ကားရပ္ၾကတယ္” ဟု ေျပာသည္။

“အျပင္မထြက္မီ ရာသီဥတု အေျခအေနၾကည့္ဖို႔ လိုပါတယ္။ ႏွင္းမက်မီ ကားကို ေရႊ႕မထားဘူးဆိုရင္ ကားဟာ ႏွင္းထုျပင္ထဲမွာ ရက္သတၱပတ္နဲ႔ခ်ီျပီး ျမဳပ္ေနေတာ့မွာျဖစ္ပါတယ္။ ေရခဲျပင္ေတြက ေတာ္ေတာ္နဲ႔ အရည္မေပ်ာ္ပါဘူး” Vale လမ္းတြင္ ႏွင္းေလွ်ာစီးၾကသူမ်ား ရွိသည့္အျပင္ ႏွစ္စဥ္ ၾကက္ဥလိွမ့္ ျပိဳင္ပြဲလည္း ရွိသည္။

ထိုေဒသဝန္းက်င္တြင္ ေနထိုင္သူတို႔သည္ ၾကက္ဥလွိမ့္ျပိဳင္ပြဲကာလသို႔ ေရာက္ေသာအခါ ၾကက္ဥမ်ားကို ေဆးေရာင္ျခယ္ကာ လမ္းေပၚေတာင္ကုန္းအျမင့္ဆီမွ လမ္းေအာက္ဆီသို႔ လွိမ့္ခ်ကာ ၾကက္ဥအေျပးျပိဳင္ၾကျခင္း ျဖစ္သည္။ Vale လမ္းတြင္ တစ္ဦးအေၾကာင္းတစ္ဦးေကာင္းစြာသိၾကေၾကာင္း၊ ေနထိုင္ၾကသည္မွာလည္း ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ျပီျဖစ္ေၾကာင္း လမ္းသူလမ္းသားတို႔က ေျပာသည္။

Vale လမ္းတြင္ ေနထိုင္ခဲ့သည္မွာ ၈ ႏွစ္ရွိခဲ့ျပီျဖစ္ေသာ ကုမၸဏီဒါရုိက္တာတစ္ဦးျဖစ္သူ ရူစကာ လန္းဒင္က “ဒီမွာေနရတာ အရမ္းေကာင္းပါတယ္။ ရႈခင္းေတြနဲ႔တင္ တန္ေနပါျပီ။ အစားအေသာက္မွာတယ္ဆိုရင္ေတာ့ Delivery ယာဥ္ေမာင္းေတြက အိမ္ကိုမလာပါဘူး။ ဒီလမ္းကို ေမာင္းမတက္ဖုိ႔ သူတို႔ဆီမွာ သတိေပးခ်က္ေတြ ရွိတယ္လို႔ ေျပာပါတယ္။”ဟု ဆိုသည္။

“ကၽြန္မ ဒီေနရာေလးကို ခ်စ္ပါတယ္။ ဒီကလူေတြက တစ္ဦးအေပၚတစ္ဦး အျမဲ ႏိုးႏိုးၾကားၾကား ေစာင့္ေရွာက္ၾကတယ္။”

ရူစကာ၏ အိမ္နီးခ်င္းျဖစ္သူ ဆက္သြယ္ေရး မန္ေနဂ်ာတစ္ဦးျဖစ္ေသာ အသက္ ၄၉ ႏွစ္အရြယ္ရွိ ဟယ္လင္လိုနီသည္ Vale လမ္းတြင္ ေနထိုင္ခဲ့သည္မွာ ႏွစ္ေပါင္း ၂၀ ရွိျပီ ျဖစ္သည္။

“ဒီလမ္းမွာ ေနသူ အမ်ားစုဟာ ဘယ္ေတာ့မွ ေျပာင္းမသြားၾကဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ရႈခင္းေၾကာင့္ပဲ။ ရႈခင္းက အ့ံမခန္းပါပဲ။”ဟု ဟယ္လင္လိုနီက ေျပာသည္။

(ဤလမ္းတြင္ ၈ ႏွစ္ၾကာ ေနထိုင္လ်က္ရွိသူ ရူစကာ လန္းဒင္။ ဓာတ္ပံု-SWNS)

(ေဆာင္းတြင္းသို႔ ေရာက္လွ်င္ သံဆူးပါ ဖိနပ္မ်ား စီးၾကရသည္။ ဓာတ္ပံု-SWNS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com 

Ref: We live on England’s steepest street – we can’t get deliveries and have to wear special shoes but we LOVE it here (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service