ဆောင်းဟေကိုနှင့် လမ်းခွဲခဲ့ကာ အင်္ဂလန်မှ သာမန်အရပ်သူ မိန်းကလေးနှင့် လက်ထပ်ခဲ့သူ ကိုရီးယား သရုပ်ဆောင် Soong Joong Ki ၏ ဟာဝိုင်အီမှ ကွန်ဒိုခန်း

ဆောင်းဟေကိုနှင့် လမ်းခွဲခဲ့ကာ အင်္ဂလန်မှ သာမန်အရပ်သူ မိန်းကလေးနှင့် လက်ထပ်ခဲ့သူ ကိုရီးယား သရုပ်ဆောင် Soong Joong Ki ၏ ဟာဝိုင်အီမှ ကွန်ဒိုခန်း - Property News in Myanmar from iMyanmarHouse.com
12 Sep 2023 10:30 am တွင် တင်ခဲ့သည်
591 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Descendants of the Sun မှ သရုပ်ဆောင် Song Joong Ki နှင့် ဆောင်းဟေကိုတို့သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် လက်ထပ်ခဲ့ပြီးနောက် ၁ နှစ်နှင့် ၈ လမျှသာ ကြာမြင့်သေးချိန်တွင် ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ရုပ်ရှင်ပရိသတ်များအားလုံး အံ့အားသင့် မင်သက်ခဲ့ကြရသည်။

ဆောင်းဟေကိုနှင့် လက်မထပ်မီတွင် Song Joong Ki က ဆိုးလ်မြို့တော်၏ လူစည်ကားရာ၊ အိမ်ခြံမြေ တန်ဖိုးကြီးသည့်နေရာဖြစ်သော Itaewon အရပ်တွင် ဝယ်ယူခဲ့ပြီး နှစ်ဦးအတူနေထိုင်ရန် ရည်ရွယ်ခဲ့သည်။

Song Joong Ki သည် ဆောင်းဟေကိုနှင့် လမ်းခွဲပြီးနောက် အင်္ဂလန်မှ သာမန်အရပ်သူ မိန်းကလေး ကေတီ လူဝီ ဆောင်းဒါးစ်နှင့် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလတွင် လက်ထပ်ခဲ့ပြီး ဇွန်လတွင် ရင်သွေးတစ်ဦး ထွန်းကားခဲ့သည်။

Song Joong Ki နှင့် ကေတီတို့၏ ဟာဝိုင်အီကျွန်းမှ ချစ်ဗိမာန်ကို သတင်းမီဒီယာတို့က ဖော်ထုတ်ရေးသားလာခဲ့ကြသည်။

 

(Song Joong Ki ။ ဓာတ်ပုံ-News Culture)

 

 

(ကေတီ လူဝီ ဆောင်းဒါးစ်။ ဓာတ်ပုံ- Money Today )

 

ကလေးတစ်ယောက် ဖခင်ဖြစ်လာသော Song Joong Ki သည် ကိုရီးယားရုပ်ရှင်လောကကို လွှမ်းမိုးထားနိုင်သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ရှိခဲ့ပြီဖြစ်သည်။

ထိုနှစ်ကာလများအတွင်း Song Joong Ki သည် ကိုယ်တိုင်ကြိုးစားမှုနှင့် ဇွဲလုံ့လတို့ကြောင့် အတော်အတန်ကြွယ်ဝလာခဲ့ကာ ယခုအခါ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၀ ဒသမ ၃ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

Song Joong Ki သည် ကမ္ဘာတစ်လွှားတွင် တန်ဖိုးကြီးစံအိမ်များစွာ ပိုင်ဆိုင်ထားသည်။

နောက်ဆုံးသတင်းများအရ Song Joong Ki နှင့် ကေတီတို့သည် ဟာဝိုင်အီတွင် ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းတန် ခမ်းနားသော အိမ်တစ်လုံးရှိသည်ဟု ဆိုသည်။

 

တောင်ကိုရီးယား ရုပ်သံလိုင်းတစ်ခုဖြစ်သော tvN ၏ Free Doctor ရုပ်သံအစီအစဉ်တွင် မကြာသေးမီက အကျော်အမော်တို့၏ ရေမြေခြားအိမ်ခြံများဟူသော ကဏ္ဍကို ထုတ်လွှင့်ခဲ့သည်။

ထိုကဏ္ဍတွင် Song Joong Ki အပါအဝင် တောင်ကိုရီးယား အကျော်အမော်များစွာ၏ ပြည်ပမှ အိမ်ခြံမြေများအကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။

Song Joong Ki ၏ အိမ်ခြံမြေများအကြောင်း အစီအစဉ်တင်ဆက်သူက ပြောကြားရာတွင် Song Joong Ki သည် အီတလီ ၊ ဆိုးလ်မြို့တော်နှင့် ဟာဝိုင်အီတို့အပါအဝင် ကမ္ဘာတစ်လွှားတွင် အိမ်ခြံမြေအများအပြား ပိုင်ဆိုင်ထားကြောင်း ပြောသည်။

 

ဟာဝိုင်အီမှ အိမ်မှာ ကွန်ဒိုခန်းဖြစ်ပြီး အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၂ ခန်းနှင့် ထည်ဝါသော ဧည့်ခန်းနေရာတစ်ခု ပါဝင်သည်ဟု ဆိုသည်။

အခန်းအကျယ်အဝန်းမှာ ၄၆ စတုရန်းမီတာခန့်ရှိပြီး Diamond Head နှင့် Waikiki ကမ်းခြေတို့၏ အံ့မခန်းရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

အိမ်ခြံမြေလောကသားတို့၏ ပြောကြားချက်အရ Song Joong Ki သည် ဟာဝိုင်အီမှ အခန်းကို ၂၀၁၉ ခုနှစ် ၊ဒီဇင်ဘာလတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Song Joong Ki သည် ဆောင်းဟေကိုနှင့် ကွာရှင်းပြီးကတည်းက ထင်ထင်ပေါ်ပေါ်နေထိုင်ခဲ့ခြင်း မရှိရာ ဇွန်လတွင် ကလေးရသည့် သတင်းမှာ သူ၏ ပရိသတ်များအတွက် Surprise တစ်ခုဖြစ်ခဲ့သည်။

 

 

(ဆက်စပ်သတင်းများ)

 

အင်္ဂလန်သူ မိန်းကလေးနှင့် ချစ်ကြိုက်လျက်ရှိသော ကိုရီးယားမင်းသား (သို့မဟုတ်) ဆောင်းဟေကိုနှင့် လမ်းခွဲပြီး နှစ်ဦးအတူနေခဲ့သည့်အိမ်ကို ဖြိုချခဲ့သူ Song Joong Ki

https://www.imyanmarhouse.com/news/read/1050987

 

ဆောင်းဟေကို (သို့မဟုတ်) အွန်စော၏ စံအိမ်

https://www.imyanmarhouse.com/news/read/1010331

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Song Joong Ki & Katy Louise Saunders’ $2.28 Million Hawaii Home With Picturesque Beach View Shows The Descendants Of The Sun Actor’s Exquisite Taste In Luxury! (koreaboo, koimoi)

 

 

 

[Zawgyi]

 

ေဆာင္းေဟကိုႏွင့္ လမ္းခြဲခဲ့ကာ အဂၤလန္မွ သာမန္အရပ္သူ မိန္းကေလးႏွင့္ လက္ထပ္ခဲ့သူ ကိုရီးယား သရုပ္ေဆာင္ Soong Joong Ki ၏ ဟာဝိုင္အီမွ ကြန္ဒိုခန္း

 

Descendants of the Sun မွ သရုပ္ေဆာင္ Song Joong Ki ႏွင့္ ေဆာင္းေဟကိုတို႔သည္ ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္တြင္ လက္ထပ္ခဲ့ျပီးေနာက္ ၁ ႏွစ္ႏွင့္ ၈ လမွ်သာ ၾကာျမင့္ေသးခ်ိန္တြင္ ကြာရွင္းျပတ္စဲေတာ့မည္ျဖစ္ေၾကာင္း ေၾကညာလိုက္ရာ ရုပ္ရွင္ပရိသတ္မ်ားအားလံုး အံ့အားသင့္ မင္သက္ခဲ့ၾကရသည္။

ေဆာင္းေဟကိုႏွင့္ လက္မထပ္မီတြင္ Song Joong Ki က ဆိုးလ္ျမိဳ႕ေတာ္၏ လူစည္ကားရာ၊ အိမ္ျခံေျမ တန္ဖိုးၾကီးသည့္ေနရာျဖစ္ေသာ Itaewon အရပ္တြင္ ဝယ္ယူခဲ့ျပီး ႏွစ္ဦးအတူေနထုိင္ရန္ ရည္ရြယ္ခဲ့သည္။

Song Joong Ki သည္ ေဆာင္းေဟကိုႏွင့္ လမ္းခြဲျပီးေနာက္ အဂၤလန္မွ သာမန္အရပ္သူ မိန္းကေလး ေကတီ လူဝီ ေဆာင္းဒါးစ္ႏွင့္ ၂၀၂၃ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ လက္ထပ္ခဲ့ျပီး ဇြန္လတြင္ ရင္ေသြးတစ္ဦး ထြန္းကားခဲ့သည္။

Song Joong Ki ႏွင့္ ေကတီတို႔၏ ဟာဝိုင္အီကၽြန္းမွ ခ်စ္ဗိမာန္ကို သတင္းမီဒီယာတို႔က ေဖာ္ထုတ္ေရးသားလာခဲ့ၾကသည္။

(Song Joong Ki ။ ဓာတ္ပံု-News Culture)

(ေကတီ လူဝီ ေဆာင္းဒါးစ္။ ဓာတ္ပံု- Money Today )

ကေလးတစ္ေယာက္ ဖခင္ျဖစ္လာေသာ Song Joong Ki သည္ ကိုရီးယားရုပ္ရွင္ေလာကကို လႊမ္းမိုးထားႏိုင္သည္မွာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ ရွိခဲ့ျပီျဖစ္သည္။

ထိုႏွစ္ကာလမ်ားအတြင္း Song Joong Ki သည္ ကိုယ္တိုင္ၾကိဳးစားမႈႏွင့္ ဇြဲလံု႔လတို႔ေၾကာင့္ အေတာ္အတန္ၾကြယ္ဝလာခဲ့ကာ ယခုအခါ သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၄၀ ဒသမ ၃ သန္းခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

Song Joong Ki သည္ ကမၻာတစ္လႊားတြင္ တန္ဖိုးၾကီးစံအိမ္မ်ားစြာ ပိုင္ဆိုင္ထားသည္။

ေနာက္ဆံုးသတင္းမ်ားအရ Song Joong Ki ႏွင့္ ေကတီတို႔သည္ ဟာဝိုင္အီတြင္ ကန္ေဒၚလာ ၂ ဒသမ ၂၈ သန္းတန္ ခမ္းနားေသာ အိမ္တစ္လံုးရွိသည္ဟု ဆိုသည္။

ေတာင္ကိုရီးယား ရုပ္သံလိုင္းတစ္ခုျဖစ္ေသာ tvN ၏ Free Doctor ရုပ္သံအစီအစဥ္တြင္ မၾကာေသးမီက အေက်ာ္အေမာ္တို႔၏ ေရေျမျခားအိမ္ျခံမ်ားဟူေသာ က႑ကို ထုတ္လႊင့္ခဲ့သည္။

ထိုက႑တြင္ Song Joong Ki အပါအဝင္ ေတာင္ကိုရီးယား အေက်ာ္အေမာ္မ်ားစြာ၏ ျပည္ပမွ အိမ္ျခံေျမမ်ားအေၾကာင္း ေဖာ္ထုတ္တင္ျပခဲ့သည္။

Song Joong Ki ၏ အိမ္ျခံေျမမ်ားအေၾကာင္း အစီအစဥ္တင္ဆက္သူက ေျပာၾကားရာတြင္ Song Joong Ki သည္ အီတလီ ၊ ဆိုးလ္ျမိဳ႕ေတာ္ႏွင့္ ဟာဝိုင္အီတို႔အပါအဝင္ ကမၻာတစ္လႊားတြင္ အိမ္ျခံေျမအမ်ားအျပား ပိုင္ဆိုင္ထားေၾကာင္း ေျပာသည္။

ဟာဝုိင္အီမွ အိမ္မွာ ကြန္ဒိုခန္းျဖစ္ျပီး အိပ္ခန္း ၂ ခန္း ၊ ေရခ်ဳိးခန္း ၂ ခန္းႏွင့္ ထည္ဝါေသာ ဧည့္ခန္းေနရာတစ္ခု ပါဝင္သည္ဟု ဆိုသည္။

အခန္းအက်ယ္အဝန္းမွာ ၄၆ စတုရန္းမီတာခန္႔ရွိျပီး Diamond Head ႏွင့္ Waikiki ကမ္းေျခတို႔၏ အံ့မခန္းရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

အိမ္ျခံေျမေလာကသားတုိ႔၏ ေျပာၾကားခ်က္အရ Song Joong Ki သည္ ဟာဝိုင္အီမွ အခန္းကို ၂၀၁၉ ခုႏွစ္ ၊ ဒီဇင္ဘာလတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Song Joong Ki သည္ ေဆာင္းေဟကိုႏွင့္ ကြာရွင္းျပီးကတည္းက ထင္ထင္ေပၚေပၚေနထုိင္ခဲ့ျခင္း မရွိရာ ဇြန္လတြင္ ကေလးရသည့္ သတင္းမွာ သူ၏ ပရိသတ္မ်ားအတြက္ Surprise တစ္ခုျဖစ္ခဲ့သည္။

(ဆက္စပ္သတင္းမ်ား)

အဂၤလန္သူ မိန္းကေလးႏွင့္ ခ်စ္ၾကိဳက္လ်က္ရွိေသာ ကိုရီးယားမင္းသား (သို႔မဟုတ္) ေဆာင္းေဟကိုႏွင့္ လမ္းခြဲျပီး ႏွစ္ဦးအတူေနခဲ့သည့္အိမ္ကို ျဖိဳခ်ခဲ့သူ Song Joong Ki

https://www.imyanmarhouse.com/news/read/1050987

 

ေဆာင္းေဟကို (သို႔မဟုတ္) အြန္ေစာ၏ စံအိမ္

https://www.imyanmarhouse.com/news/read/1010331

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Song Joong Ki & Katy Louise Saunders’ $2.28 Million Hawaii Home With Picturesque Beach View Shows The Descendants Of The Sun Actor’s Exquisite Taste In Luxury! (koreaboo, koimoi)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service