အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ ပေါင် ၁ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက် တင်လာရ

အင်္ဂလန်အဆိုတော် Cheryl Baker စီးပွားရေး ကျပ်တည်းသောကြောင့် ကားနှင့် အဝတ်အစားများ eBay တွင် ရောင်းရသည့်အပြင် စံအိမ်ကိုပါ ပေါင် ၁ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက် တင်လာရ - Property News in Myanmar from iMyanmarHouse.com
5 Sep 2023 10:25 am တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်ပေါ့ပ်ကြယ်ပွင့် ရှရဲလ် ဘေကာ (Cheryl Baker) သည် ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းကာလ ဖြတ်သန်းခဲ့ရပြီးနောက် စီးပွားရေးကျပ်တည်းသွားကာ အခွန်ငွေများ ပေးဆောင်ရန် ရုန်းကန်ရလျက်ရှိပြီး ယခုအခါ ကန့်ခရိုင်ရှိ ကျေးလက်စံအိမ်ကို ပေါင် ၁ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက် တင်လာရသည်။

ရှရဲလ် ဘေကာသည် ၁၉၈၁ ခုနှစ်က Eurovision သီချင်းပြိုင်ပွဲတွင် Bucks Fizz အဖွဲ့နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ယင်းနောက်ပိုင်း ထိုအဖွဲ့နှင့်အတူ ထုတ်လုပ်ခဲ့သည့် သီချင်းများမှာ လူကြိုက်အများဆုံး သီချင်းများစာရင်းတွင် ပါဝင်ခဲ့သည်။

ယခုအခါ ရှရဲလ် ဘေကာက သူမ၏ ငွေကြေးကျပ်တည်းမှုကို ဖြေရှင်းရန် နောက်ဆုံးကြိုးပမ်းသည့်အနေဖြင့် အိပ်ခန်း ၆ ခန်းပါ နေအိမ်ကို အရောင်းဈေးကွက် တင်လာရခြင်း ဖြစ်သည်။

အသက် ၆၉ နှစ်အရွယ်ရှိ ရှရဲလ် ဘေကာက ထုတ်ဖော်ပြောကြားသည်မှာ ကိုဗစ်ကပ်ဘေးကြောင့် နေ့ချင်းညချင်း အလုပ်အကိုင်မရှိတော့သောကြောင့် ငွေကြေးပြတ်လပ်ကာ မိမိ၏ ပိုင်ဆိုင်မှုများကို eBay တွင် ရောင်းချခဲ့ရကြောင်း ပြောသည်။

သူမ၏ အဝတ်အစားများ ၊ သားနားသောပွဲတက်ဝတ်စုံများနှင့် ကားတို့ကို ရောင်းချခဲ့ရပြီး ပန်းဥယျာဉ်အတွင်းမှ မြေကွက်တစ်နေရာတွင် ကုန်ကျစရိတ်သက်သာစေရန် ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုး စားသောက်နေရကြောင်း ရှရဲလ် ဘေကာက ပြောသည်။

“အခွန်တွေဆောင်ဖို့ အကြွေးတွေ အများကြီးတင်နေတယ်။ ကျွန်မမှာ ဘယ်သူ့ကိုမှ ပေးစရာ ပိုက်ဆံမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မ မွဲနေပါပြီ”ဟု ရှရဲလ်က ပြောသည်။

 

(ရှရဲလ် ဘေကာ၏ ၂၀၁၉ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံ)

 

(ခင်ပွန်းဖြစ်သူ ဘေ့စ်ဂစ်တာသမား Steve Stroud နှင့်အတူ ဤစံအိမ်ကို ၂၀၁၁ ခုနှစ်အတွင်းက ပေါင် ၇၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ကန့်ခရိုင် ၊Tonbridge မြို့အနီးတွင် တည်ရှိသည်။)

 

(ခမ်းနားသော အဝင်ခန်းမ ၊ ကြီးမားသော မီးဖိုဆောင် ၊ နားနေခန်း ၊ ညစာစားခန်း ၊ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါဝင်သည်။ )

 

ခင်ပွန်းဖြစ်သူ Steve Stroud မှာ ဆာကလစ်ဖ်ရစ်ချတ်၏ တီးဝိုင်းတွင် တီးခတ်နေသူ ဖြစ်သည်။

Tonbridge မြို့အနီး လူအများ သဘောကျသည့် သာယာလှပသော ကျေးရွာကလေး၏ အစွန်းတွင် တည်ရှိကာ ITV ရုပ်သံ၏ The Larkins အစီအစဉ်တွင် ဤစံအိမ်ကို ဖော်ပြခဲ့ဖူးသည်။

စံအိမ်အကျယ် ၂၈၀၀ စတုရန်းပေရှိပြီး ရှရဲလ် ဘေကာတို့စုံတွဲက အပိုဝင်ငွေရရန် ခြံဝန်းအတွင်းရှိ အဆောက်အအုံတစ်ခုကို အားလပ်ရက်အပန်းဖြေလိုသူများအား အငှားချထားရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။

 

(ရှရဲလ် ဘေကာတို့ ဝယ်ယူပြီးနောက်ပိုင်း မီးဖိုဆောင်ကို အသစ်ဆောက်လုပ်ခဲ့သည်။)

 

(နေအိမ်အတွင်းမှ အိပ်ခန်းတစ်ခန်း)

 

(နေအိမ်အတွင်းမှ အိပ်ခန်းတစ်ခန်း)

 

 

 

 

 

စံအိမ်အနီးဝန်းကျင်တွင် ယာတောများက ဝန်းပတ်ထားပြီး ခြံဝန်းအကျယ် ၁ ဧကနီးပါးရှိကာ ခြံဝန်းအတွင်း မြက်ခင်းတစ်ခုနှင့် ကောင်းစွာ မွမ်းမံထားသော ပန်းခင်းများ ရှိသည်။

ထို့အပြင် ရှရဲလ် ဘေကာ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ခင်း ၊ သစ်ခွခြံ ၊ ပန်းသီးပင်များ ၊ သစ်တော်သီးပင်များလည်း ရှိသည်။

ရှရဲလ် ဘေကာသည် လန်ဒန်မြို့အရှေ့ပိုင်း Bethnal Green အရပ်မှ တိုက်ခန်းတစ်ခန်းတွင် မွေးဖွားပြီး မွေးချင်း ၅ ယောက်ရှိသည်။

သူမတို့ငယ်စဉ်က စီးပွားရေး ကျပ်တည်းခဲ့ပြီး အဝတ်အစားများ ၊ ပရိဘောဂများနှင့် ကစားစရာ အရုပ်များမှာ တစ်ပတ်ရစ်များသာ ဖြစ်ကြောင်း ၊ ဆင်းရဲသောကြောင့် ကျောင်းတွင် လှောင်ပြောင်ခံရကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bucks Fizz singer Cheryl Baker is selling her £1.4million Kent cottage after the pandemic left her 'broke' and struggling to pay her taxes, forcing her to flog car and clothes (dailymail)

 

 

 

[Zawgyi]

အဂၤလန္အဆိုေတာ္ Cheryl Baker စီးပြားေရး က်ပ္တည္းေသာေၾကာင့္ ကားႏွင့္ အဝတ္အစားမ်ား eBay တြင္ ေရာင္းရသည့္အျပင္ စံအိမ္ကိုပါ ေပါင္ ၁ ဒသမ ၄ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္လာရ

 

အဂၤလန္ေပ့ါပ္ၾကယ္ပြင့္ ရွရဲလ္ ေဘကာ (Cheryl Baker) သည္ ကိုဗစ္ကပ္ေဘးေၾကာင့္ ေလာ့ေဒါင္းကာလ ျဖတ္သန္းခဲ့ရျပီးေနာက္ စီးပြားေရးက်ပ္တည္းသြားကာ အခြန္ေငြမ်ား ေပးေဆာင္ရန္ ရုန္းကန္ရလ်က္ရွိျပီး ယခုအခါ ကန္႔ခရိုင္ရွိ ေက်းလက္စံအိမ္ကို ေပါင္ ၁ ဒသမ ၄ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္လာရသည္။

ရွရဲလ္ ေဘကာသည္ ၁၉၈၁ ခုႏွစ္က Eurovision သီခ်င္းျပဳိင္ပြဲတြင္ Bucks Fizz အဖြဲ႔ႏွင့္အတူ ဝင္ေရာက္ယွဥ္ျပဳိင္ခဲ့ရာ အႏိုင္ရရွိခဲ့ျပီး ယင္းေနာက္ပိုင္း ထိုအဖြဲ႔ႏွင့္အတူ ထုတ္လုပ္ခဲ့သည့္ သီခ်င္းမ်ားမွာ လူၾကိဳက္အမ်ားဆံုး သီခ်င္းမ်ားစာရင္းတြင္ ပါဝင္ခဲ့သည္။

ယခုအခါ ရွရဲလ္ ေဘကာက သူမ၏ ေငြေၾကးက်ပ္တည္းမႈကို ေျဖရွင္းရန္ ေနာက္ဆံုးၾကိဳးပမ္းသည့္အေနျဖင့္ အိပ္ခန္း ၆ ခန္းပါ ေနအိမ္ကို အေရာင္းေစ်းကြက္ တင္လာရျခင္း ျဖစ္သည္။

အသက္ ၆၉ ႏွစ္အရြယ္ရွိ ရွရဲလ္ ေဘကာက ထုတ္ေဖာ္ေျပာၾကားသည္မွာ ကိုဗစ္ကပ္ေဘးေၾကာင့္ ေန႔ခ်င္းညခ်င္း အလုပ္အကိုင္မရွိေတာ့ေသာေၾကာင့္ ေငြေၾကးျပတ္လပ္ကာ မိမိ၏ ပိုင္ဆိုင္မႈမ်ားကို eBay တြင္ ေရာင္းခ်ခဲ့ရေၾကာင္း ေျပာသည္။

သူမ၏ အဝတ္အစားမ်ား ၊ သားနားေသာပြဲတက္ဝတ္စံုမ်ားႏွင့္ ကားတို႔ကို ေရာင္းခ်ခဲ့ရျပီး ပန္းဥယ်ာဥ္အတြင္းမွ ေျမကြက္တစ္ေနရာတြင္ ကုန္က်စရိတ္သက္သာေစရန္ ဟင္းသီးဟင္းရြက္မ်ား ကိုယ္တုိင္စိုက္ပ်ဳိး စားေသာက္ေနရေၾကာင္း ရွရဲလ္ ေဘကာက ေျပာသည္။

“အခြန္ေတြေဆာင္ဖုိ႔ အေၾကြးေတြ အမ်ားၾကီးတင္ေနတယ္။ ကၽြန္မမွာ ဘယ္သူ႔ကိုမွ ေပးစရာ ပိုက္ဆံမရိွေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မ မြဲေနပါျပီ”ဟု ရွရဲလ္က ေျပာသည္။

(ရွရဲလ္ ေဘကာ၏ ၂၀၁၉ ခုႏွစ္က ရုိက္ကူးခဲ့ေသာ ဓာတ္ပံု)

(ခင္ပြန္းျဖစ္သူ ေဘ့စ္ဂစ္တာသမား Steve Stroud ႏွင့္အတူ ဤစံအိမ္ကုိ ၂၀၁၁ ခုႏွစ္အတြင္းက ေပါင္ ၇၅၀၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။ ကန္႔ခရိုင္ ၊Tonbridge ျမဳိ႕အနီးတြင္ တည္ရွိသည္။)

(ခမ္းနားေသာ အဝင္ခန္းမ ၊ ၾကီးမားေသာ မီးဖိုေဆာင္ ၊ နားေနခန္း ၊ ညစာစားခန္း ၊ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္း ပါဝင္သည္။ )

ခင္ပြန္းျဖစ္သူ Steve Stroud မွာ ဆာကလစ္ဖ္ရစ္ခ်တ္၏ တီးဝိုင္းတြင္ တီးခတ္ေနသူ ျဖစ္သည္။

Tonbridge ျမဳိ႕အနီး လူအမ်ား သေဘာက်သည့္ သာယာလွပေသာ ေက်းရြာကေလး၏ အစြန္းတြင္ တည္ရွိကာ ITV ရုပ္သံ၏ The Larkins အစီအစဥ္တြင္ ဤစံအိမ္ကုိ ေဖာ္ျပခဲ့ဖူးသည္။

စံအိမ္အက်ယ္ ၂၈၀၀ စတုရန္းေပရွိျပီး ရွရဲလ္ ေဘကာတုိ႔စံုတြဲက အပိုဝင္ေငြရရန္ ျခံဝန္းအတြင္းရွိ အေဆာက္အအံုတစ္ခုကို အားလပ္ရက္အပန္းေျဖလိုသူမ်ားအား အငွားခ်ထားရန္ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။

(ရွရဲလ္ ေဘကာတို႔ ဝယ္ယူျပီးေနာက္ပိုင္း မီးဖိုေဆာင္ကို အသစ္ေဆာက္လုပ္ခဲ့သည္။)

(ေနအိမ္အတြင္းမွ အိပ္ခန္းတစ္ခန္း)

စံအိမ္အနီးဝန္းက်င္တြင္ ယာေတာမ်ားက ဝန္းပတ္ထားျပီး ျခံဝန္းအက်ယ္ ၁ ဧကနီးပါးရွိကာ ျခံဝန္းအတြင္း ျမက္ခင္းတစ္ခုႏွင့္ ေကာင္းစြာ မြမ္းမံထားေသာ ပန္းခင္းမ်ား ရွိသည္။

ထုိ႔အျပင္ ရွရဲလ္ ေဘကာ စိုက္ပ်ဳိးထားေသာ ဟင္းသီးဟင္းရြက္ခင္း ၊ သစ္ခြျခံ ၊ ပန္းသီးပင္မ်ား ၊ သစ္ေတာ္သီးပင္မ်ားလည္း ရွိသည္။

ရွရဲလ္ ေဘကာသည္ လန္ဒန္ျမဳိ႕အေရွ႕ပိုင္း Bethnal Green အရပ္မွ တုိက္ခန္းတစ္ခန္းတြင္ ေမြးဖြားျပီး ေမြးခ်င္း ၅ ေယာက္ရွိသည္။

သူမတို႔ငယ္စဥ္က စီးပြားေရး က်ပ္တည္းခဲ့ျပီး အဝတ္အစားမ်ား ၊ ပရိေဘာဂမ်ားႏွင့္ ကစားစရာ အရုပ္မ်ားမွာ တစ္ပတ္ရစ္မ်ားသာ ျဖစ္ေၾကာင္း ၊ ဆင္းရဲေသာေၾကာင့္ ေက်ာင္းတြင္ ေလွာင္ေျပာင္ခံရေၾကာင္း ေျပာသည္။

 

Ref: Bucks Fizz singer Cheryl Baker is selling her £1.4million Kent cottage after the pandemic left her 'broke' and struggling to pay her taxes, forcing her to flog car and clothes (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service